ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ သြဂုတ်လ ၁ ရက်နေ့ကစပြီး ပလက်၀-ကျောက်တော် ဆက်သွယ်သည့် ရေကြောင်းနှင့် ကုန်းလမ်းသွားလာမှုကို ပိတ်ထားသောကြောင့် ဆန်နှင့် အခြေခံကုန်ပစ္စည်းအချို့ ပြတ်တောက်နေသည့်အပြင် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေသည်ဟု ပလက်ဝမြို့က အိမ်ရှင်မတစ်ဦးက ပြောသည်။ “ဆန်တွေဈေးတက်နေတယ် ဈေးထဲမှာတော့ ရောင်းတာမရှိဘူး ဒီလမ်းပိတ်တဲ့နောက်၊ ဈေးထဲမှာတော့ ရောင်းတာ မတွေ့ဘူး၊ အခုချိန်မှာ ကိုယ့်အဆက်အသွယ်နဲ့ ကိုယ်ဖြရှင်းကြတယ် တချို့က လှောင်ထားတာရှိမှာ။ အခုက ကြက်ဥတောင် ၃ လုံးတစ်ထောင်ပေးရတယ်၊ အကုန်လုံး ဈေးတက်တယ်၊ ဆီဈေးကအစ အသားငါးအစတက်တယ်” ဟု ပလက်ဝမြို့က အိမ်ရှင်မတစ်ဦးက ပြောသည်။ ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲ ပြန်လည်ဖြစ်ပွားကာ စစ်ရေးတင်းမာနေသောကြောင့် စစ်ကောင်စီတပ်က ကျောက်တော်နှင့် ပလက်ဝမြို့ဆက်သွယ်သော ရေလမ်းများ ပိတ်ထားခြင်းဖြစ်ပြီး ကုန်စည်စီးဆင်းမှုမရှိတာကြောင့် အခြေခံစားသောက်ကုန်များ ပြတ်လပ်သည်အထိ ဖြစ်လာခြင်းဖြစ်သည်။ ပလက်ဝမြို့ပေါ်တွင် ကုန်စည်တင်သွင်းမှုမရှိခြင်းနှင့် ကုန်ပစ္စည်းများ ပြတ်လပ်နေသောကြောင့် မျစ်နှင့် ဒေသထွက် စိုက်ပျိုးသီးနှံများကိုသာ လှည့်ပတ်ဝယ်ယူစားသုံးကြရသည် သိရသည်။ ယခုလက်ရှိ ပလက်ဝမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ပေါဆန်းမွေး ဆန်တအိတ်လျှင် ၆၀၀၀၀ ကျပ်မှ ၉၀၀၀၀ ကျပ်အထိ ဈေးထိုးတက်သွားပြီး ဝယ်ယူရန်လည်းမရှိသည့်အတွက် နီးစပ်ရာဆွေမျိုးအသိုင်းဝန်းထံမှ လှည့်ပတ်ချေးငှါး စားသောက်နေရသည်ဟု ပလက်ဝမြို့ဒေသခံကပြောသည်။ ဒါ့အပြင် ပလက်ဝမြို့ပေါ်တွင် ရဲ၊ စစ်ကောင်စီတပ်ဖွဲ့၊ မီးသတ်အပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့မှ တအိမ်တက်ဆင်းကာ အိမ်ထောင်စုစာရင်းများလည်း လိုက်လံစစ်ဆေးနေသည်ဟုလည်း သိရသည်။ ယမန်နေ့ကလည်း ပလက်ဝမြို့နယ်တွင် AA နှင့် စစ်ကောင်စီတပ်ဖွဲ့တို့…
Author: Editor
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ကလေးမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများအတွက် အလှူငွေရှာဖွေရေး “Mobile Charity Concert” ကျင်းပပြုလုပ်ခဲ့ကြရာတွင် အလှူငွေ ရူပီးငွေ ၅ သိန်းကျော်ရရှိခဲ့ကြသည်ဟု သိရသည်။ Mobile Charity Concert ရန်ပုံငွေရှာဖွေပွဲကို မီဇိုးကျောင်းသားသမဂ္ဂအဖွဲ့၊ NGO united for Democratic Myanmar နှင့် မီဇိုးအဆိုတော်ဖြင့်စုဖွဲ့ထားသော MZI, MDM, PUMP တို့မှ ဦးဆောင်ကျင်းပခြင်းဖြစ်သည်။ ယင်းရန်ပုံငွေရှာဖွေပွဲတွင် မီဇိုးအဆိုတော်များက သီချင်းအားဖြင့်သီဆိုဖျော်ဖြေကြပြီး မြို့ထဲကပြည်သူများထံ အလှူခံပုံးများဖြင့် အလှူငွေများ ကောက်ခံခဲ့ကြခြင်းဖြစ်သည်။ ရန်ပုံငွေရှာဖွေသည့်ပွဲများကို အိုင်ဇောလ်မြို့၏ အချက်အချကျသော လမ်းဆုံများတွင် ဇူလိုင်လ ၂၉၊ သြဂုတ်လ ၆ နှင့် သြဂုတ်လ ၁၅ ရက်နေ့တို့တွင် သုံးကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသားများသည် စစ်ကောင်စီ၏ ဘေးရန်မှလွတ်မြောက်နိုင်ရန် အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရသည်။ ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူ ၄ သောင်းဝန်းကျင်ခန့်ရှိသည်ဟု ခန့်မှန်းရပြီး ၎င်းတို့ကို မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများက စစ်ဘေးရှောင်စခန်းများဖွင့်လှစ်ကာ လက်ခံစောင့်ရှောက်ကူညီလျက်ရှိသည်။
ချင်းပြည်နယ် တီးတိန်မြို့နယ် ဟိုင်မွာလ်ရွာသစ်က ဆယ်ကျော်သက်အရွယ် မောင်နှမကို စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်ကာ တောတွင်းတနေရာတွင် အလောင်းမြုပ်ထားခဲ့ကြသည်ဟု သိရသည်။ အသတ်ခံရသူနှစ်ဦးမှာ အသက် ၁၇ နှစ်အရွယ်ရှိသော မ Lalnunpuii နှင့် မောင်ဖြစ်သူ အသက် ၁၅ နှစ်အရွယ် Lalruat mawia တို့ဖြစ်ကြသည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့က ၎င်းတို့နှစ်ဦးကို သြဂုတ်လ ၁၄ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းက တောတွင်းတနေရာတွင် မြုပ်နှံထားသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ အိန္ဒိယ-မြန်မာနယ်စပ်အမှတ် ၂ ကုန်သွယ်ရေးစခန်း ရိခေါဒါရ်မြို့အနီး ဟိုင်မွာလ်ရွာသစ်တွင် စစ်ကောင်စီတပ်ဖွဲ့များ သြဂုတ်လ ၁၄ ရက်နေ့က ဝင်ရောက်ကာ လူနေအိမ်ခြေ ၁၅ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားတချိူကို ဖမ်းဆီး၍ ပြန်လွတ်ပေးခဲ့သော်လည်း ၎င်းတို့နှစ်ဦးကိုဆက်လက်ဖမ်းဆီးပြီး သတ်ဖြတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။
ဒီသတင်းအမှားကို www.kolome71.com ဆိုတဲ့ ဝက်ဆိုဒ်စာမျက်နှာမှာ “ရန်ကုန်ဆိပ်ကမ်းကို အခုပဲ အင်အားသုံးသောင်း (၃၀,၀၀၀) နဲ့ PDF များဝင်စီးနေပါတယ်။ ၈ ရက် August ရန်ကုန်ဆိပ်ကမ်းကို PDF တွေဝင်စီးလိုက်ပြီ။ ကြည့်ကြပါအုံး” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ရန်ကုန်ဆိပ်ကမ်းနဲ့ နီးစပ်ရာမှာနေထိုင်တဲ့ ဒေသခံပြည်သူတစ်ဦးက “ကျနော်တို့ဒီမှာတော့ အေးအေးဆေးဆေးပဲ..ဘာအသံမှမကြားရဘူး။ ပြီးတော့ရန်ကုန်မြို့ကြီးမှာ ဒီလိုမျိုးကိစ္စကြီးဖြစ်ပွားရင် ကျနော်တို့လည်းမသိပဲမနေဘူး၊ ကြားရမှာပဲ သိမှာပဲ” လို့ ပြောဆိုခဲ့ပါတယ်။ www.kolome71.com ဆိုတဲ့ ဝက်ဆိုဒ်စာမျက်နှာမှာဖော်ပြထားတဲ့ သတင်းနဲ့ပတ်သက်ပြီး ကျန်တဲ့သတင်းဌာနကြီးများမှာလည်း ဖော်ပြထားတာမျိုးမရှိပါဘူး။ ဒါကြောင့် ရန်ကုန်ဆိပ်ကမ်းကို PDF များ ဝင်စီးလိုက်ပြီဆိုတာ သတင်းအမှားတစ်ပုဒ်ဖြစ်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဟိုင်မွာလ်ရွာသစ်ကို စစ်ကောင်စီတပ်ဖွဲ့က သြဂုတ်လ ၁၄ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲကျော်ကျော်ခန့်က မီးရှို့ခဲ့ရာတွင် လူနေအိမ်ခြေ ၁၅ လုံးခန့် လောင်ကျွမ်းခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့များ ရွာထဲသို့ဝင်ရောက်လာပြီးနောက် ပြည်သူတချိူ့ကို ဖမ်းဆီးကာ ပြန်လွှတ်ပေးခဲ့သော်လည်း အသက် ၁၇ နှစ်အရွယ်ရှိသော မ Lalnunpuii နှင့် မောင်ဖြစ်သူ အသက် ၁၅ နှစ်အရွယ် Lalruatmawia တို့နှစ်ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဟု ဟိုင်မွာလ်ဒေသခံတစ်ဦးက ပြောသည်။ ဟိုင်မွာလ်ရွာသစ်သည် အိန္ဒိယ-မြန်မာနယ် နယ်စပ်ကုန်သွယ်ရေးလမ်း ကလေး-တီးတိန်-ရိ ကားလမ်းမပေါ်တွင်တည်ရှိသော ကျေးရွာဖြစ်ပြီး ယခုလက်ရှိတွင် ရွာသားအားလုံးသည် တဖက်မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု သိရသည်။ အင်အား ၃၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ဟိုင်မွာလ်ကျေးရွာသို့ ယနေ့တိုင် စခန်းချရှိနေသေးကြောင်း သိရသည်။ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် CDF-Hualngoram တပ်ဖွဲ့ကလည်း ယနေ့ သြဂုတ်လ ၁၅ ရက်နေ့ကစ၍ ကလေးမြို့နှင့် ရိခေါဒါရ်မြို့အကြား မော်တော်ယာဉ်လိုင်းပြေးဆွဲမှုကို နယ်မြေလုံခြုံရေးအရ ခေတ္တပိတ်ပင်လိုက်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ချင်းပြည်နယ် မင်းတပ်မြို့တွင် အခြေခံစားသောက်ကုန်ဖြစ်သော ဆန်ကို စစ်ကောင်စီဘက်က ထိန်းချုပ်ကန့်သတ်ထားပြီး ဒေသခံပြည်သူများအနေဖြင့် ကိုယ်ဝယ်ယူထားသည့်ဆန်ကိုတောင် စစ်နယ်မြေမှူး၏ ခွင့်ပြုချက်ရမှသာ စားခွင့်ရသည့်အခြေအနေ ရောက်နေသည်ဟု သိရသည်။ စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် မင်းတပ်မြို့တွင် နယ်မြေခံတပ်ရင်းဖြစ်သည့် ခလရ ၂၇၄ တပ်ရင်းက ဆန်ကို ထိန်းချုပ်ကန့်သတ်ထားပြီး မြို့ပေါ်တွင် လွတ်လပ်စွာ ဆန်သယ်ယူရောင်းချခွင့်မပြုသည်မှာ တစ်နှစ်ကျော်ရှိလာပြီဟု သိရသည်။ ထိုအခြေအနေတွင် မင်းတပ်မြို့ပေါ်ရှိ ဘာသာရေးဆရာတော်၊ ဘုန်းကြီးများက အသင်းသူ/အသင်းသား ဒေသခံပြည်သူများ စားသုံးရန်အတွက် စစ်နယ်မြေမှူး၏ ခွင့်ပြုချက်ရမှသာ မကွေးတိုင်း ပခုက္ကူမြို့သို့ ဆန်ကို သွားရောက်ဝယ်ကြရသည်ဟု မင်းတပ်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။ “ကျွန်တော်တို့ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘာသာပေါင်းစုံကနေ ကိုယ့်ဘာသာဝင်တွေကို နှိုးဆော်ပြီးမှ မိုးတွင်း ရိက္ခာစုဆောင်းဖို့ စစ်နယ်မြေမှုးစီမှာ ခွင့်တောင်းကြတယ်၊ ခွင့်တောင်းတဲ့အတိုင်း စစ်နယ်မြေမှူးကနေ ကျနော်တို့ကို ဘုရားကျောင်းအလိုက် ဘုန်းကြီးကျောင်းအလိုက်ခွင့်ပြုပြီးမှ ပခုက္ကူမှာ ဆန်သွားဝယ်ကြတယ်၊ ပြည်သူတွေကလည်း မရှိ ရှိတဲ့အထဲက ပိုက်ဆံစုပြီးမှ ပိုင်ဆံချေးငှါးပြီးမှ ပခုက္ကူမှာ စုတဲ့ပိုက်ဆံနဲ့ မိသားစုများလို့ရှိရင် များတဲ့အလိုက် နည်းရင်လည်း နည်းတဲ့အလိုက် ဥပမာ မိသားစု ၁၀ ယောက်ကျော်ဆိုရင်တော့ ၆ အိတ် ၇ အိတ်အထိ မှာတယ် နည်းတဲ့လူကတော့ တစ်အိတ် ၂ အိတ်မှာတယ် အဲလိုမှာကြတယ်” ဟု မင်းတပ်မြို့ဒေသခံက ပြောသည်။ ထိုကဲ့သို့ ဝယ်ယူလာသည့်ဆန်များကို မင်းတပ်မြို့ပေါ်ရှိ ဘာသာရေးအသင်းတော်နှင့် ဘုန်းကြီးကျောင်းဝန်များတွင် ထားရှိကာ စစ်နယ်မြေမှူး၏ ခွင့်ပြုချက်နှင့် အသင်းသူအသင်းသား ဒေသခံပြည်သူများထံ တစ်လလျှင် တစ်အိမ်ထောင်…
စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း စစ်ဘေးဒဏ်ခံနေရသော စစ်ဘေးရှောင်ပြည်သူများအတွက် ရန်ပုံငွေရှာဖွေသည့်အနေဖြင့် အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ယနေ့ သြဂုတ်လ ၁၅ ရက်နေ့တွင် တတိယအကြမ်မြောက် “Mobile Charity Concert” ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။ ယနေ့ပြုလုပ်သော ယင်းရန်ပုံငွေဂီတပွဲအစီစဉ်ကို အိုင်ဇောလ်မြို့၏ အချက်အချာကျသော နေရာများဖြစ်သည့် Chanmari, Zawrkawt, Dawpui စသည့်နေရာများတွင် ကျင်းပခဲ့ကြသည်။ ယင်း Mobile Charity Concert ရန်ပုံငွေရှာဖွေပွဲကို အိုင်ဇောလ်မြို့အခြေစိုက် မီဇိုးကျောင်းသားသမဂ္ဂအဖွဲ့၊ NGO united for democratic Myanmar အဖွဲ့များနှင့် တေးဂီတအဆိုတော်များဖြင့် ဖွဲ့စည်းထားကြသော MZI, MDM, PUMP တို့မှ ဦးဆောင်ကျင်းပခြင်းဖြစသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းအနီးတွင် ဩဂုတ်လ ၈ ရက် ညပိုင်းက အမျိုးသား ၂ ဦး ဆိုင်ကယ်ဖြင့်သွားလာစဉ် စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အသက် ၂၁ နှစ်အရွယ် ကိုလင်းလင်းနိုင် သေဆုံးခဲ့သည်ဟု သိရသည်။ ကိုလင်းလင်းနိုင် (ခ) ကိုငယ်လေးသည် ယင်းနေ့ ည ၇ နာရီအကျော်အချိန်ခန့်က သူငယ်ချင်းအချို့နှင့် ၎င်း၏ ဆွေမျိုးနေအိမ်သို့ ညအိပ်ရန်သွားရောက်စဉ် ကလေးမြို့၊ အ.ထ.က (၈) ကျောင်းအနီးတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု Voice of Kalay ကဖော်ပြသည်။ အဆိုပါကျောင်းဝန်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်က ၎င်းတို့မောင်းနှင်လာသည့် ဆိုင်ကယ်မီးအား မြင်၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းနေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။ ကိုလင်းလင်းနိုင်သည် ကလေးမြို့တွင် ဆံသပညာကို ၄ နှစ်ခန့် သင်ယူခဲ့ပြီးနောက် ရန်ကုန်မြို့၌ သင်တန်းထပ်မံတက်ရောက်ကာ ကလေးမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ၅ ရက်ခန့်အကြာတွင် ယခုလို စစ်ကောင်စီတပ်၏ ပစ်ခတ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။ ၎င်းသည် ကလေးမြို့တွင် ကိုယ်ပိုင်ဆံသဆိုင်ဖွင့်လှစ်နိုင်ရန် ကြိုးစားနေသူဖြစ်ပြီး ဆိုင်ခန်းငှားရမ်းခြင်းနှင့် လိုအပ်သည့်ပစ္စည်းများလည်း ဝယ်ယူပြီးအခြေအနေတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု Voice of Kalay တွင် ဖော်ပြထားသည်။
ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်ရှိ ချောင်းခွကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့သြဂုတ်လ ၁၂ ရက်နေ့က တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့သည်ဟု PDF (Kalay) ကထုတ်ပြန်သည်။ ကလေးနည်းပညာတက္ကသိုလ်မှ ၁၀ မိုင်ခန့်အကွာ ချောင်းခွကျေးရွာအနီးသို့ ဦးတည်ရွေ့လျား လာသော စစ်ကောင်စီတပ်ဖွဲ့ကို သြဂုတ်လ ၁၂ ရက်နေ့နံနက်ပိုင်း ၁၁ နာရီခန့်ကစ၍ PDF (Kalay) တပ်ရင်း (၁) ၊ (၂) ၊ (၅) ၊ (၆) ၊ (၇) ၊ ပ.က.ဖ (ကလေး) နှင့် CNDF အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ ရာ ညနေ ၅ နာရီအချိန်ထိ တိုက်ပွဲပြင်းထန်ခဲ့သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၃ ဦးသေဆုံးပြီး PDF (Kalay) မိုင်းတပ်ဖွဲ့၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့်လည်း စစ်ကောင်စီတပ်သားများ ထိခိုက်မှုများပြားနိုင်ကြောင်း PDF (Kalay) က ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့သည် သြဂုတ်လ ၁၂ ရက်နေ့ညနေ ၅ နာရီခန့်တွင် ချောင်းခွကျေးရွာသို့ဝင်ရောက်ပြီး လူနေအိမ်ခြေ ၁၂ လုံးကို မီးရှိုဖျက်ဆီးခဲ့သည်ဟုသိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့သြဂုတ်လ ၁၃ ရက်နေ့တွင် ချောင်းခွကျေးရွာမှတဆင့် ကလေးမြို့နယ်တောင်ပိုင်းသို့ ဆက်လက်ဦးတည်ရွေ့လျားသွားကြောင်း သိရသည်။
အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ ကုန်သွယ်ရေးစခန်း ရိခေါဒါရ်မြို့အနီး ဟိုင်မွာလ်ရွာသစ်တွင် ယနေ့ညနေပိုင်း ၃ နာရီခွဲခန့်က သေနတ်ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက် လူနေအိမ်များ မီးလောင်မှုဖြစ်ပွားကာ ယခုချိန်ထိ လောင်ကျွမ်းနေဆဲဖြစ်သည်။ မီးလောင်ကျွမ်းမှုကို တဖက်မီဇိုရမ်ပြည်နယ်ဘက်မှ လှမ်းမြင်နေရပြီး စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက်တောင်ကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့က သြဂုတ်လ ၁၀ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ကာ စစ်ကောင်စီဘက်က တပ်ရင်းမှူး ဗိုလ်ကြီးတစ်ဦးအပါအဝင် ၅ ဦးသေဆုံးကာ ၄ ဦးမွာ ချင်းကာကွယ်ရေးဘက်သို့ လက်နက်မပါပဲ ထွက်ပြေးအလင်းဝင်ခဲ့ကြသည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာသောကြောင့် ယနေ့ညနေပိုင်းတွင် ဟိုင်မွလ်ရွာသစ်သို့ဝင်ရောက်ကာ လူနေအိမ်များကို မီးရှို့ခြင်းဖြစ်နိုင်သည်ဟု နယ်စပ်ဒေသခံတစ်ဦးက ပြောသည်။ ဟိုင်မွာလ်ရွာသစ်သည် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်း (ကလေး-တီးတိန်-ရိ) ပေါ်တွင်တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ရိခေါဒါရ်မြို့နှင့် တစ်မိုင်ခန့်ကွာဝေးကြောင်း သိရသည်။
