Author: Editor

(006SV) စစ်အာဏာသိမ်းပြီး ၄ နှစ်ဝန်းကျင်အကြာ ချင်း၊ ကရင်၊ စစ်ကိုင်းနှင့် တနင်္သာရီတို့တွင် လူငယ်များ ကျောက်ထွက်နှုန်း အမြင့်ဆုံး ဖြစ်နေသည်ဟု ကမ္ဘာ့ကုလ သမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ယနေ့မှာ ထုတ်ပြန်ကြေညာသည်။ ယနေ့ အောက်တိုဘာလ ၆ ရက်တွင် မြန်မာ့လူငယ်များ၏ အလုပ်အကိုင်နှင့် ပညာရေးအခြေအနေနှင့်ပတ်သက်၍ နိုင်ငံလုံးဆိုင်ရာ သုတေသနပြုလုပ်မှုဖြစ်သည့် မြန်မာလူငယ် သဘောထား စစ်တမ်း ၂၀၂၄ ကို အခြေခံပြီး အနာဂါတ်ရပ်တန့်ခံ မျိုးဆက်သစ် အမည်ဖြင့် ထုတ်ပြန်သော စာတမ်းတွင် UNDP က ပြောဆိုသည်။ အသက် ၁၈ – ၂၄ နှစ်ကြား လူငယ် ၄ ဦးတွင် ၃ ဦးသည် ပညာရေး သို့မဟုတ် သင်တန်းတစ်ခုခုမှာ တက်ရောက်ခြင်း မရှိတော့ကြောင်း၊ အဆိုပါအရေအတွက်မှာ လူငယ် ငါးသန်းဖြစ်သည်ဟု UNDP ထံမှ သိရသည်။ အထူးသဖြင့် ကျေးလက်နေ လူငယ်များသည် အတားအဆီးအမျိုးမျိုးကို ပိုမိုရင်ဆိုင်နေရပြီး တနင်္သာရီ၊ ချင်း၊ ကရင်နှင့် စစ်ကိုင်းတို့တွင် လက်ရှိမှာ ကျောင်းထွက်နှုန်း အမြင့်ဆုံး အခြေအနေဖြစ်နေသည်ဟု သိရသည်။ မြန်မာ့လူငယ်စစ်တမ်းကို ဖြေဆိုထားသော လူငယ်အမျိုးသမီး လေးပုံ၊ တစ်ပုံနီးပါးသည် အိမ်တွင်းတာဝန်များ လုပ်ဆောင်ရခြင်းမှာ ပညာရေးမှ ကျောင်းထွက်ရသော အကြောင်းအရင်းဖြစ်ကြောင်း၊ အမျိုးသားလူငယ်များတွင် ယင်းအခြေအနေမျိုး ငါးရာခိုင်နှုန်း ရှိကြောင်း သိရသည်။ စီးပွားရေးဆိုင်ရာ လိုအပ်ချက်များ၊ ပဋိပက္ခများကြောင့် လုံခြုံမှုမရှိခြင်း၊ ပညာရေး လက်လှမ်းမီဖြစ်ခြင်းနှင့် လူမှုရေးဆိုင်ရာ စံနှုန်းများသည် လူငယ်…

Read More

(006SV) မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၂၇ ဦးကို ဖမ်းဆီးရမိ ကြောင်း လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA – မကွေး) က အောက်တိုဘာလ ၂ ရက်မှာ ထုတ်ပြန်သည်။ စစ်ကော်မရှင်၏ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းကို အာရက္ခတပ်တော် ULA/ AA နှင့် PDF ပူးပေါင်းတပ် များက ဝိုင်းဝန်းတိုက်ခိုက်လျက်ရှိရာ စစ်မှုထမ်းဥပဒေအရ အဓမ္မ စစ်မှုထမ်းရသော အပတ်စဉ် ၇ မှ ၁၂ အထိ သင်တန်းဆင်း တပ်သားများဖြစ်သည့် တပ်မ ၉၉ နှင့် စကခ ၁၇ လက်အောက်ခံ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးရမိခြင်းဖြစ်သည်။ အဆိုပါ စစ်သုံ့ပန်းများကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေ၊ စည်းမျဉ်းများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားသည်ဟု သိရသည်။ PRA – မကွေးတပ်ဖွဲ့သည် ငဖဲမြို့နယ်၊ ပဒါန်းလမ်းမတလျှောက်နှင် ပုသိမ်း-မုံရွာလမ်းဝန်းကျင်တွင် စစ်ဆင်ရေးများကို မဟာမိတ် များနှင့် ပူးပေါင်းဖော်ဆောင်နေပြီး လက်ရှိတွင် ရန်သူထိုးစစ်ကို ကြံ့ကြံ့ခံ ခုခံလျက်ရှိကာ စစ်နောက်ပိုင်းဒေသများတွင်လည်း ပြောက်ကျားဒေသများ တိုးချဲ့ဖော်ဆောင်နေသည်ဟု သိရသည်။ ယနေ့အချိန်သည် တော်လှန်ရေး အင်အားစုအသီးသီး၏ တပ်ပေါင်းစု မူဝါဒကို လက်တွေ့ကျကျ ကျင့်သုံးအကောင် အထည် ဖော်ရမည့် ကာလဖြစ်သည်ဟု PRA – မကွေးက သတိပေးထုတ်ပြန်လာသည်။ လူထုတော်လှန်ရေး ၅ နှစ်တာ ကာလအတွင်း ဖိနှိပ်မှု ပေါင်းစုံကို ခါးစည်းခံလာရသော လူထုမျက်နှာကို ငဲ့ကာ…

Read More

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ချင်းဒုက္ခသည်များအရေးဆွေးနွေးသည့် ချင်း Consultation အစည်းအဝေးတရပ်ကို နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့ကြသည်ဟု Alliance of Chin Refugees (ACR)က ထုတ်ပြန်သည်။ အောက်တိုဘာလ ၁ ရက်မှ ၂ ရက်နေ့အထိ နှစ်ရက်ကြာကျင်းပပြုလုပ်သော ချင်း Consultation အစည်းအဝေးမှာ လတ်တလော ဖြစ်ပေါ်နေသည့် အထောက်ပံ့များလျှော့ချခံနေရသည့် UNHCR ၏ အခြေနေများနှင့် ချင်းဒုက္ခသည် များအရေးအဖြေရှာပြင်ဆင်မှုများအား အဓိကထားဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ အဆိုပါအစည်းအဝေးတွင် ဗြိတိန် (UK) မှ ဆရာ Jeremy Hoipangs နှင့် အမေရိကန် (USA) မှ Dr Ro Dinga တို့ ကိုယ်တိုင်တက်ရောက်ခဲ့ကြသည့်အပြင် USA နိုင်ငံမှ BACI CEO ဆရာ Elaisa Vahnie၊ BAG မှ ဆရာ Van Kio နှင့် ကနေဒါ (Canada) နိုင်ငံမှ ဆရာ Plato Van Rung Mang တို့သည်လည်း အွန်လိုင်းမှတစ်ဆင့် ပါဝင်ဆွေးနွေးခဲ့ကြသည်ဟုသိရ သည်။ ချင်း Consultation အစည်းအဝေးမှ ရရှိသော ဒုက္ခသည်အရေးနှင့်ပတ်သက်သည့်သဘောတူညီချက်များကိုလည်း UNHCR ထံ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ ပြီးခဲ့သည် စက်တင်ဘာလ ၈ ရက်နေ့ကလည်း အမေရိကန်အခြေစိုက် BACI ၏ CEO ဖြစ်သူ Mr. Elaisa Vahnie နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်း/အသင်းတော် ခေါင်းဆောင်များသည် ၂၀၂၆…

Read More

(006SV) ချင်း၊ ရခိုင်၊ ကချင် အပါအဝင် လွတ်မြောက်ဒေသများကို အခြေခံပြီး စစ်အာဏာရှင် တော်လှန်ရေးအားကောင်းအောင် စီစဉ်ဆောင် ရွက်ကြရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောသည်။ ယနေ့ အောက်တိုဘာလ ၃ ရက်က NUG အစိုးရ၏ သတင်းဌာနတစ်ခုဖြစ်သော Public Voice TV နှင့် သီးသန့် အင်တာဗျူးတွင် NUG အစိုးရ၏ ဝန်ကြီးက ပြောကြားခြင်းဖြစ်သည်။ “ကျနော်တို့တစ်တွေ အခုချိန်မှာ လွတ်မြောက်ဒေသတွေ ရှိပါတယ်။ ရခိုင်မှာလည်း ရှိတယ်၊ ချင်းမှာလည်း ရှိတယ်၊ ကချင်မှာလည်း ရှိတယ်၊ ရှမ်းမြောက်မှာလည်း ရှိတယ်၊ ကရင်နီမှာလည်း ရှိတယ်၊ ကရင်မှာလည်း ရှိတယ်။ စစ်ကိုင်း၊ မကွေး၊ မန္တလေးမှာလည်း ရှိတယ်။ ဒီလွတ်မြောက်ဒေသတွေကို အခြေခံပြီး ကျနော်တို့ တော်လှန်ရေးကို အားကောင်းတဲ့ တော်လှန်ရေးအနေနဲ့ ဆက်တက်နိုင် အောင် စီစဉ်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီဒေသတွေရဲ့ စိုက်ရေး၊ ပျိုးရေး၊ မွေးမြူးရေး၊ သယံဇာတအရေးတွေကနေ ရရှိလာတဲ့ ဘဏ္ဍာငွေနဲ့ တော်လှန်ရေးကို နောက်တစ်ဆင့်တက်ရမှာ ဖြစ်ပါတယ်။ ဒီဒေသတွေမှာ ခိုင်မှာတဲ့ အခြေခံကောင်းတွေ တည်ဆောက်ကြရမှာဖြစ်ပါတယ်” ဟု NUG အစိုးရ၏ ဝန်ကြီးတစ်ဦးဖြစ်သူ ဒေါက်တာဇော်ဝေစိုးက ပြောသည်။ လက်ရှိတွင် NUG အစိုးရနှင့် တော်လှန်ရေးအင်အားစုများက ထိန်းချုပ်စိုးမိုးထားသော နယ်မြေများသည် မလေးရှားနိုင်ငံ၏ အကျယ်အဝန်းနီးပါး ရှိနေပြီးဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။ အဆိုပါဒေသများတွင် သယံဇာတတွေ ၊…

Read More

(006SV) ချင်းအမျိုးသားတပ်ဦး (CNF) တာဝန်ရှိသူများနှင့် နယူးဇီလန်လွှတ်တော် ကိုယ်စားလှယ် (MPs) အဖွဲ့တို့ ထိုင်းနိုင်ငံတစ်နေရာမှာ လူသားစာနာမှု အကူအညီကိစ္စအပါအဝင် အချက် ၃ ချက်ကို အဓိကထား တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်က ထိုင်းနိုင်ငံတစ်နေရာမှာ နယူးဇီလန်လွှတ်တော်ကိုယ်စားလှယ် (MPs) ၃ ဦး နှင့် ချင်းအမျိုး သားတပ်ဦး (CNF) ၏ နိုင်ငံခြားဆက်ဆံရေးဌာန တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်သည်။ တွေ့ဆုံမှုတွင် စစ်ကော်မရှင်က ကျင်းပမည့်ရွေးကောက်ပွဲနှင့် ရလဒ်များကို ချင်းတော်လှန်ရေး အင်အားစုများက လက်ခံ အသိအမှတ်ပြုမည်မဟုတ်သည့်အပြင် နိုင်ငံတကာကလည်း လက်မခံရန် တောင်းဆိုဆွေးနွေးသည်ဟု သိရသည်။ “ဒီဟာက မြန်မာနိုင်ငံရဲ့ ပဋိပက္ခကို ပိုပြီးတော့ ရှုပ်ထွေးစေမယ်။ ဒီဟာက ငြိမ်းချမ်းစေမယ့် အဖြေလည်း မဟုတ်ဘူး။ ဒီရွေးကောက်ပွဲကိစ္စဟာ မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံက သဘောတူထုတ်ပြန်ထားတဲ့ ငါးချက်မှာလည်း မပါတဲ့ ဟာဖြစ်တယ်။ တကယ်ဆိုရင် အဲဒီ ငါးချက်ကို အရင်ဦးဆုံး အကောင်အထည်ဖော်သင့်တယ်ဆိုတာတွေ ဆွေးနွေးတယ်။ ပြီးတော့ ဒီရွေးကောက်ပွဲက ထွက်လာတဲ့ ရလဒ်တွေကို ကျနော်တို့ အသိအမှတ် လက်ခံမှာ မဟုတ်ဘူး။ အဲဒီအတိုင်း နိုင်ငံတကာကနေလည်း အသိအမှတ်ပြု လက်မခံဖို့ ဆွေးနွေးတာတွေ ရှိတယ်” ဟု CNF ပြောရေးဆိုခွင့်ရှိသူ Salai Van က ပြောသည်။ ဒုတိယအချက်မှာ တိုင်းနှင့်ပြည်နယ်များတွင် ပြည်နယ်/ဖက်ဒရယ်ယူနစ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom – up Federalism) ချဉ်းကပ်မှုဖြင့်…

Read More

(006SV) စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်အတွင်း ချင်းပြည်နယ်မှာ စစ်ကော်မရှင်တပ်သည် အရပ်သားပြည်သူများကို စစ်ရေးပစ်မှတ်အဖြစ် လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ ၁၀၁ ဦး သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်း AAPP က ကြေညာသည်။ ချင်းအပါအဝင် နိုင်ငံတဝန်း လေကြောင်းနှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၃၀၂၃ ဦး သေဆုံးရ သည်ကို အမည်စာရင်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အတည်ပြုနိုင်ရန် လိုအပ်နေသော သေဆုံးသူ အနည်းဆုံး ၂၆၉၀ ဦးခန့်ကိုလည်း သီးခြားကောက်ယူ ပြုစုထားသည်ဟု AAPP ထံမှ သိရသည်။ သေဆုံးသူပြည်သူများတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၆၄၇ ဦးအပါအဝင် အမျိုးသမီး ၁၃၇၀ ဦး၊ အမျိုးသား ၁၆၅၃ ဦးတို့ ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က အောက်တိုဘာလ ၁ ရက်မှာ ထုတ်ပြန်သည်။ စစ်အာဏာသိမ်း ၄ နှစ်ကျော်တွင် စစ်တပ်သည် နိုင်ငံတဝန်းမှာ ကလေးငယ် ၆၀၀ ကျော် ပါဝင်သည့် ပြည်သူ ၂၉, ၀၀၀ ခန့်ကို နိုင်ငံရေးအကျဉ်းသားအဖြစ် ဖမ်းဆီးထားပြီး ၎င်းတို့ထဲတွင် ချင်းပြည်နယ်မှ ပြည်သူ ၃၆၅ ဦး ပါဝင်သည်ဟု AAPP စာရင်းအရ သိရသည်။ စစ်ကော်မရှင်တပ်သည် လက်ရှိတွင် ကလေးငယ် ၂၄၈ ဦးအပါအဝင် ၂၂, ၀၀၀ ကျော်ကို ထိန်းသိမ်းချုပ်နှောင် ထားဆဲဖြစ်သည်ဟု သိရသည်။ ချင်းပြည်နယ်မှ…

Read More

(004SS) ချင်းပြည်နယ်မြောက်ပိုင်းရှိ ဟားခါးနှင့် တီးတိန်မြို့များတွင် စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများကို စတင်ကြေညာနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ မဲစာရင်းများကို ဟားခါးနှင့် တီးတိန်မြို့ပေါ်ရှိ အဓိကနေရာများတွင် ယမန်နေ့ (စက်တင်ဘာ ၃၀) က စတင်ကပ်ထားခဲ့သည် ဟု သိရသည်။ ဟားခါးဒေသခံအမျိုးသားတစ်ဦးက “ မဲစာရင်းကို မြို့ပေါ် နေရာ‌တော်တော်များများမှာ ကပ်ထားတယ်။ လူဦးရေဘယ် လောက်ဆိုတာတော့ ကျွန်တော်လဲ မသိရသေးဘူး။ ဟားခါးထာရ် ‌ခြောက်လမ်းဆုံမှာ မဲဆန္ဒနယ် ၁၊၂ ဆိုပြီးစာရင်းတွေ ကပ်ထားတယ်။ ပြီးရင် ကျွန်တော်သိရသလောက်ကတော့ GTI, အထက (၂)၊ အစိုးရရုံးရှေ့တို့၊ စုပေါင်းရုံး၊ သစ်တောရုံးတို့ ရုံးကားပါကင်တွေမှာရော နောက်သူတို့ စစ်တပ်ကုန်းထဲမှာရော မဲစာရင်းတွေ ကပ်ထားတယ်။” ဟု ပြောသည်။ အလားတူ တီးတိန်မြို့တွင်လည်း စစ်ကော်မရှင်တပ်က စကောလ်လမ်းရပ် ကွက်ဈေးနှင့် ရပ်ကွက်တိုင်းတွင် မဲစာရင်းများကို ကပ်ထားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ စစ်ကော်မရှင်တပ်သည် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိနေပြီး ပြီးခဲ့သည့် ဩဂုတ်လ လလယ်ပိုင်းတွင် စစ်တပ်ရဟတ်ယာဉ်သည် တစ်ရက်အတွင်း ၄ ကြိမ်အထိ ဆင်းသက်ကာ မဲပုံးများကို ဟားခါး သို့ လာရောက်ချထားခဲ့ပြီးဖြစ်သည်။ သို့သော် ဟားခါးမြို့အပြင် တီးတိန်မြို့ပေါ်တွင် မဲပေးခြင်းနှင့်ပတ်သက်သည့် သင်တန်းပေးမှုများ၊ အသိပေးလုပ်ငန်းများကိုမူ ပို့ချပေးခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကော်မရှင်တပ်၏ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပပြုလုပ်ရန် ပြင်ဆင်နေသော ရွေးကောက်ပွဲတွင် ပြည် သူ့လွှတ်တော်…

Read More

(004SS) အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ ဟတ်စတိုလ်းရပ်ကွက်တွင် အသက်မပြည့်သေးသည့် ချင်းလူငယ် ၄ ဦးအပါအဝင် စုစုပေါင်း လူငယ် ၅ ဦးသည် သက်ငယ်အလုပ်သမားအမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရကြောင်း သိရသည်။ ဖမ်းဆီးခံရသူများမှာ အသက် ၁၅ နှစ်မှ ၁၇ နှစ်ဝန်းကျင်ရှိ လူငယ်များဖြစ်ကြပြီး၊ ချင်းလူငယ် ၄ ဦးမှာ တီးတိန်မြို့နယ်မှ နယူးဒေလီမြို့သို့ စစ်ဘေးရှောင်အဖြစ်ရောက်ရှိလာသူများဖြစ်ကာ ကျန် ၁ ဦးမှာ ဒေသခံလူငယ်တစ်ဦးဖြစ် သည်။ အဆိုပါ လူငယ်များသည် ကြွေပန်းကန်ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်နေကြသူများဖြစ်ပြီး စက်တင်ဘာလ ၁၉ ရက်နေ့က အကောက်ခွန်ဌာနအဖွဲ့မှ ၎င်းကုမ္ပဏီအား ဝင်ရောက်စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု Zomi Community အဖွဲ့ဝင်တစ်ဦးက ပြောသည်။ “ဒီလူငယ်တွေက ကြွေပန်းကန်ထုတ်လုပ်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ကြတာ။ သူတို့ အလုပ်ဝင်တာလဲ မကြာသေးဘူး။ သူတို့က တစ်လကို ရူပီး ၇၀၀၀ လောက်ရကြတယ်တဲ့။ အစကတော့ သူတို့ကို ဖမ်းဖို့ မဟုတ်ဘဲနဲ့ custom အဖွဲ့ကနေ ကုမ္ပဏီကို အခွန်နဲ့ ပါတ်သက်ပြီး ဝင်ရောက် စစ်ဆေးတဲ့ အချိန်မှာ အလုပ်သမားတွေကိုလဲ စစ်ဆေးခံရပြီးတော့ အဲမှာ အသက်မပြည့်သေးကြောင်း ပေါ်လာပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ဒေသခံလူငယ် ၁ ဦးနှင့် ချင်းလူငယ် ၂ ဦး စုစုပေါင်း ၃ ဦးသည် ကုမ္ပဏီမှ တည်ဆဲဥပဒေနှင့်အညီ လျော်ကြေး ပေးဆောင်ပြီးနောက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီဟု သိရပြီး SLIC…

Read More

(006SV) မကွေးတော်လှန်ရေးအင်အားစုများ အကောင်အထည်ဖော်နေသည့် မကွေးဖက်ဒရယ်ယူနစ်၏ ကြားကာလအစီအမံ ဥပဒေ ပြဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းရှိ ချင်းတိုင်းရင်းသားပြည်သူများသည် အကြံပြုချက်များ ပေးပို့နိုင်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်း ကြားကာလအစီအမံ (ဒုတိယမူကြမ်း) ထွက်ရှိနိုင်ရန် ပြည်ထောင်စုအဖွဲ့အစည်း၊ မိတ်ဖက် အဖွဲ့အစည်း၊ လူငယ်များ၊ ပြည်သူများ၏ အကြံပြုချက်များ ရယူပြီး ဆောင်ရွက်လျက်ရှိသည်ဟု မကွေးဖက်ဒရယ်ယူနစ်၊ ကြားကာလအစီအမံ ရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ကော်မရှင်၊ ချင်းတိုင်းရင်းသားများ အစုအဖွဲ့ထံမှ သိရသည်။ “အခုက မကွေးတိုင်းမှာ စစ်ရေး၊ နိုင်ငံရေးကို အခြေခံတဲ့ အုပ်ချုပ်ရေး ဖေါ်ဆောင်ဖို့က ခက်ခဲတဲ့ ကာလဖြစ်တယ်၊ တော်လှန်ရေး အောင်မြင်ဖို့လည်းလိုတယ်၊ ဒီကာလ ချင်းပြည်သူတွေ စစ်ပွဲဒဏ်ကြောင့် ထွက်ပြေး ရသူတွေ၊ ဖမ်းဆီးသတ်ခံရသူတွေ၊ ရွာလုံးကျွတ် မီးရှို့ခံရမှုနဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်နေတာပါ။ ဒါပေမယ့် စစ်ပွဲအောင်နိုင်ရေး မကွေးဖက်ဒရယ်ယူနစ်ကို တည်ဆောက်ပြီး စစ်ရေး၊ နိုင်ငံရေးအရ စစ်အာဏာရှင်စနစ်ကို မဖြစ်မနေ တော်လှန်ဖို့ ဒီကြားကာလ အစီအမံ ပေါ်ပေါက်ရေး အားသွန်ခွန်စိုက် ဆောင်ရွက်နေချိန်မှာ ချင်းပြည်သူတွေလည်း တတ်နိုင်သလောက် အကြံပြုခြင်း၊ ကူညီခြင်း၊ ဝေဖန်ခြင်း၊ သုံးသပ်ခြင်းတွေ အရေးတကြီး လိုအပ်လာလို့ အကြံပြုချက်တွေ တောင်းခံရခြင်းဖြစ်ပါတယ်” ဟု ချင်းတိုင်းရင်းသားများ အစုအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးဆလိုင်းက ပြောသည်။ ချင်းပြည်သူများအနေဖြင့် အကြံပြုချက်များကို ချင်းတိုင်းရင်းသားများ အစုအဖွဲ့ – မကွေးဖက်ဒရယ်ယူနစ် ဖေ့ဘွတ်စာမျက်နှာမှ တစ်ဆင့် ပေးပို့နိုင်သည်ဟု သိရသည်။ မကွေးဖက်ဒရယ်ယူနစ်၊ ကြားကာလ အစီအမံ…

Read More