Author: Editor

(006SV) ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်ဘုန်လေဆိပ်တို့ကို ယနေ့တွင် ချင်းပူးပေါင်းတပ်များက လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုသည်။ ယနေ့ ဧပြီလ ၂၅ ရက် နံနက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်သည် လေကြောင် ပစ်ကူအများအပြား အသုံးပြု၍ ထိုးစစ်ဆင်မှုများကြောင့် ချင်းပူးပေါင်းတပ်များသည် ဖလမ်းမြို့နှင့် ဆူရ်ဘုန်လေဆိပ်မှ ဆုတ်ခွာခဲ့ရကာ မြို့သိမ်းတိုက်ပွဲအပြီး တစ်နှစ်ခန့်အကြာတွင် စစ်အုပ်စုလက်ထဲကို ပြန်လည် ကျရောက်သွားခြင်းဖြစ်သည်။ “အဓိကက သူတို့ လေဆိပ်နဲ့ တပ်ကုန်းခွင်နေရာကို ပြန်ယူသွားပါတယ်။ လေကြောင်းနဲ့ ဝေဟင်နဲ့ တော်တော်လေး ပစ်တာ များတဲ့အတွက်ကြောင့် ကျနော်တို့ဘက်ကနေ ဆုတ်ခွာပေးရတာ ဖြစ်ပါတယ်။ လေကြောင်းနဲ့ ပစ်ကူတာတွေ တော်တော်လေး လုပ်လာလို့ပါ။ သူတို့ တမြို့လုံးကိုတော့ ထိန်းချုပ်နိုင်တာမျိုး မရှိသေးဘူး။ တချို့နေရာတွေမှာ တိုက်ပွဲ ဆက်လက် ရှိနေသေးတယ်။ အလုံးစုံတော့ မဝင်နိုင်သေးပါဘူး။ ဒါပေမယ့် အဓိက အချက်က လေယာဉ်ကွင်းနဲ့ တပ်ကုန်းကို ဝင်ပြီးပြီဆိုရင်တော့ ဒါဟာ အလုံးစုံလို့တောင် ပြောလို့ ရတဲ့ အခြေအနေမျိုးမှာ ရှိနေပါတယ်” ဟု ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ လက်ရှိတွင် အာဏာသိမ်းစစ်တပ်သည် ဖလမ်မြို့ အမှတ် ၂၆၈ ခြေလျင်တပ်ရင်းစခန်းကုန်းကို ထိန်းချုပ်သွားနိုင်ပြီဖြစ်ကာ မြို့ပေါ် နေရာတချို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေသည်ဟု သိရသည်။ အာဏာသိမ်းစစ်တပ်သည် ဖလမ်းမြို့ကို ပြန်လည်း ရရှိရေးအတွက် စစ်အင်အားထောင်ချီဖြင့် စစ်ကြောင်းများ ဖြန့်ခွဲပြီး လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးပစ်ကူအများအပြားဖြင့်…

Read More

(006SV) စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ် အခြေစိုက်သတင်းဌာနကြီးများဖြစ်သည့် ခိုနူမ်းသုန် (Khonumthung Media Group) နှင့် ချင်းဝေါလ်အပါအဝင် သတင်းဌာနသုံးခုကို ပိတ်သိမ်းကြောင်း အသွင်းပြောင်းစစ်အစိုးရသစ်၊ ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာသည်။ ခိုနုမ်းသုန် (Khonumthung)၊ ချင်းဝေါလ် (Chin World) နှင့် မျက်မှောက်ခေတ် သတင်းအေးဂျင်စီလုပ်ငန်းတို့ကို ၂၀၂၆ ခုနှစ် ဧပြီလ ၉ ရက်မှ စတင်၍ ပိတ်သိမ်းလိုက်ကြောင်း ယနေ့ ဧပြီလ ၂၄ ရက်တွင် အာဏာသိမ်း စစ်အစိုးရသစ်၊ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အာဏာသိမ်းစစ်အုပ်စုအနေဖြင့် သတင်းမီဒီယာလုပ်ငန်း လိုင်စင်များကို မည်ကဲ့သို့ ပိတ်သိမ်းသည်ဖြစ်စေ Khonumthung သတင်းဌာနသည် အမှန်တရားနှင့် ပြည်သူလူထုဘက်မှ ဆက်လက်ရပ်တည်ပြီး သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ မှန်ကန်သည့် သတင်းအချက်အလက်များကို လူထုထံအချိန်နှင့် တပြေးညီ ရရှိနိုင်ရေး ဆက်လက်လုပ်သွားမည်ဟု ခိုနုမ်းသုန်သတင်းဌာန တာဝန်ခံအယ်ဒီတာ ဆလိုင်း ရောဘတ်က ပြောသည်။ “ဒီဟာက အထူးအဆန်းလို့ မမြင်မိဘူး။ ဘာကြောင့်လို့လဲဆို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားတဲ့ နောက်ပိုင်းကစလို့ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေကလည်း လုံးဝကို မရှိတော့ဘူး။ အာဏာသိမ်း စစ်တပ်ကိုယ်၌ကိုက ကျနော်တို့လို လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ရန်သူလို ပစ်မှတ်ထားပြီး ထုတ်ဝေခွင့်လိုင် စင်တွေပိတ်သိမ်းခဲ့တယ်၊ သတင်းသမားတွေကို ဖမ်းဆီးထောင်ချခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါကြောင့် အာဏာသိမ်း စစ်တပ်က သူတို့အတွက် အနှောက်အယှက်ဖြစ်စေနိုင်တဲ့၊ သူတို့ကို ဆန့်ကျင်တယ်ထင်တဲ့…

Read More

ကျန်ရစ်သူကလေးငယ်များကို UNHCR မှ အကာအကွယ်ပေးမည် (004SS) မလေးရှားနိုင်ငံ၊ Satapak အရပ်တွင် ဇနီးဟောင်းဖြစ်သူကို ဓားဖြင့်ထိုးသတ်ခဲ့သည့် ချင်းအမျိုးသားကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားဆဲဖြစ်ကာ လက်ရှိတွင် အမှုဖွင့်ဆိုနိုင်ရေး ဆောင်ရွက်နေကြောင်း Alliance of Chin Refugees ဉက္ကဌ ထံမှသိရသည်။ “သူတို့က ကွာရှင်းထားပြီးသား။ ကွားရှင်းတာက တစ်လကြာပြီ။ ဒါပေမယ့် သူကအရမ်းသ၀န်တိုတယ်၊ ပြန်ပေါင်း ဖို့အမြဲတောင်းပန်တယ်လို့ပြောတာဘဲ။ တစ်ခြားရည်းစားရှိတယ်ဆိုပြီးသတ်လိုက်တာ။ အခုကအချုပ်ထဲမှာပေါ့နော်။ ဒီနေ့မှာပဲ ရဲတွေကတော့ အမှုတည်ဆောက်နေတယ်” ဟု ACR ဥက္ကဋ္ဌ James ကပြောသည်။ ဖြစ်စဉ်မှာ ဧပြီလ ၂၃ ရက် နေ့လည် ၂ နာရီခန့်က ကွာရှင်းထားသည့် လင်မယား ၂ ယောက် လမ်းခွဲထားသည်မှာ မကြာသေးသော်လည်း အမျိုးသားဖြစ်သူက ဇနီးဟောင်းကို သဝန်တိုမှုကြောင့် ဓါးဖြင့်ထိုးသတ်သည်အထိ ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။ အသက် ၃၃ နှစ်ရှိ လီဆူအမျိုးသမီး ဒေါ် အားခူနှင့် အသက် ၂၆ နှစ်ရှိ အရှိုချင်းအမျိုးသားအဖြစ် ACR ကဒ်ကိုင်ဆောင်ထားသူ ဦးအောင်ထွန်းငွါတို့မှာ ကွာရှင်းပြတ်ဆဲသည်မှာ တစ်လခန့်ကြာပြီဖြစ်သော်လည်း အမျိုးသားဖြစ်သူက လမ်းခွဲမှုကို လက်မခံနိုင်ဘဲ ပြန်လည်ပေါင်းစည်းရန် အမြဲတောင်းဆိုနေခဲ့သည်ဟု သိရသည်။ သို့သော်လည်း ဇနီးဟောင်းဖြစ်သူ လက်မခံသည့်အတွက် နောက်ယောင်ခံလိုက်ကာ အစဉ်တစိုက် ခြိမ်းခြောက်နှောက် ယှက်နေခဲ့ခြင်းကြောင့် လီဆူလူမှုအဖွဲ့အစည်းများကလည်း ဒေါ်အားခူတို့သားအမိ၏ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ထံ တိုင်ကြားခြင်းအပါအဝင် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းကူညီပေးခဲ့ဖူးကြောင်း သိရသည်။ မျက်မြင်သက်သေများ၏ ပြောပြချက်အရ ဇနီးဟောင်းမှာ အလုပ်သွားရန် ကားစောင့်နေစဉ်…

Read More

(006SV) ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ-ICNCC က အုပ်ချုပ်ရေးမဏ္ဍိုင် ဖော်ဆောင်နိုင်ရန်အတွက် ဌာန ၉ ခု ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်သည်။ ချင်းပြည်တွင် အုပ်ချုပ်ရေးမဏ္ဍိုင် ဖော်ဆောင်နိုင်ရန် ချင်းအမျိုးသား ပဋိညာဉ်အပိုင်း (၅၀) (ည) အရ နှင့် မတ်လ ၂၇ ရက်က ကျင်းပသော ကောင်စီ၏ ၂/ ၂၀၂၆ အစည်းအဝေး ဆုံးဖြတ်ချက် အပိုဒ် (၁)(ခ) အရ ဌာန ၉ ခုကို တရားဝင် ဖွဲ့စည်းလိုက်သည်ဟု ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ဧပြီလ ၂၂ ရက်မှာ ထုတ်ပြန်သည်။ ယင်းဌာန ၉ ခုတို့မှာ အုပ်ချုပ်ရေးဌာန၊ တရားရေးဌာန၊ ကာကွယ်ရေးဌာန၊ ပြည်ပရေးရာဌာန၊ ဘဏ္ဍာရေးဌာန၊ သတင်းနှင့် ပြည်သူ့ဆက်ဆံရေးဌာန၊ ပညာရေးဌာန၊ ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထေားရေးဆိုင်ရာ ဌာန၊ ချင်းပြည် ပြည်သူ့ရဲတပ်ဖွဲ့ဌာနတို့ဖြစ်သည်။ ယခုကိစ္စနှင့်ပတ်သက်၍ ICNCC/CB တာဝန်ရှိသူများကို အသေးစိတ်သိရှိနိုင်ရန် ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်းမရှိသေးပေ။ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ကို ချင်းညီနောင်၊ ချင်းလွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီကိုယ်စားလှယ်၊ CDMers များ၊ အမျိုးသမီးနှင့်လူငယ်များ၊ သပိတ်အဖွဲ့များနှင့် နိုင်ငံခြား‌ရှိ ပါဝင်သင့်ပါဝင်ထိုက်သူများဖြင့်ဖွဲ့စည်းခဲ့ကြသည်ဟု ယခုနှစ်ဇန်နဝါရီ ၉ ရက်နေ့မှာထုတ်ပြန်သော ICNCC ၏ ပထမအကြိမ် ညီလာခံကြေညာချက်မှာ ဖော်ပြထားသည်။ တဖက်မှာလည်း ချင်းအမျိုးသားတပ်ဦး CNF/ CNA နှင့် ၂၀၂၀ ရွေးကောက်ခံ ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)များ စသည့်အစုအဖွဲ့ ၃ ဖွဲ့ဖြင့် ချင်းလဲန်းကောင်စီကို ပူးပေါင်းတည်ထောင်ပြီး…

Read More

(006SV) ဖလမ်းမြို့- ဗာရ်းရွာအကြားနှင့် ဆူရ်ဘုန်လေဆိပ်- လှောင်မွလ်ရွာအကြားတို့တွင် ချင်းတော်လှန်ရေး ပူးပေါင်းတပ် များနှင့် အာဏာသိမ်းစစ်တပ်တို့သည် ယနေ့တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်ဟု ချင်းအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (CNO/ CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။ ယနေ့ ဧပြီလ၂၃ ရက်တွင် နံနက်ပိုင်းကတည်းက ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်နှင့် CC/ CB ချင်းပူးပေါင်းတပ်တို့သည် ဖလမ်းမြို့အနီးနှင့် ဆူရ်ဘုန်လေဆိပ်အနီးတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခြင်းဖြစ်သည်။ “တိုက်ပွဲတွေက မိုးမလင်းခင်ကတည်းက ဗာရ်းရွာနဲ့ ဖလမ်းကြားမှာ ဖြစ်ပွားနေပါတယ်။ နောက်တစ်ခုက လှောန်မွလ် နဲ့ ဆူရ်ဘုန်လေဆိပ်ကြားမှာလည်း ကျနော်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဒါပေမယ့် တိုက်ပွဲတွေက တော်တော်လေး ပြင်းထန်နေပါတယ်” ဟု ဆလိုင်းတင်မီက ပြောသည်။ စစ်တပ်သည် ဖလမ်းမြို့ကို ပြန်လည်သိမ်းနိုင်ရေးအတွက် ယနေ့ ထိုးစစ်ဆင်နေမှုတွင် မနက်ကတည်းမှ နေ့လယ် ၁၂ နာရီခန့်အတွင်း လေယာဉ် ၆ စီးမှ ၁၀ စီးခန့်အထိ ရောက်ရှိလာပြီး လေကြောင်းတိုက်ခိုက်မှုကို အလွန်အကျွံ အသုံးပြုနေသည်ဟု သိရသည်။ လက်ရှိတွင် ဖလမ်းမြို့ကို စစ်တပ်စစ်ကြောင်းများ ရောက်ရှိနေပြီဟု သတင်းများ ထွက်ပေါ်နေမှုကို CNO/ CNDF ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပြီး စစ်တပ်စစ်ကြောင်းများကို အကောင်းဆုံး ခုခံတွန်းလှန်လျက်ရှိသည်ဟု သိရသည်။ “ဖလမ်းမြို့ကို စစ်တပ်က မရောက်သေးပါဘူး။ ဒရုန်းနဲ့ရော၊ လက်နက်ကြီးနဲ့ရော Y- 12 လေယာဉ်နဲ့ရော လေယာဉ်တွေပါ သုံးပါတယ်။ တကယ့်ကို…

Read More

(006SV) ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို ဖွဲ့စည်းတည်ထောင်ပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို စုပေါင်းခေါင်းဆောင်မှုဖြင့် ဖော်ဆောင်သွားတော့မည်ဟု မတူပီကောင်စီထံမှ သိရသည်။ ဧပြီလ ၁၇ ရက်မှ ၁၈ ရက်အထိ ချင်းပြည်နယ်၊ မတူပီမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် မတူပီကောင်စီ ညီလာခံကို အောင်မြင်စွာ ကျင်းပပြီးနောက် မတူပီကောင်စီ၏ ဥပဒေကို ပြင်ဆင်အတည်ပြုကာ ရှေ့လုပ်ငန်းစဉ်များကို ရေးဆွဲနိုင်ခြင်းဖြစ်သည်။ “အဓိကတော့ စနစ်တကျ အစိုးရ ယန္တရာများ လည်ပတ်နိုင်အောင်ရယ်၊ ကာကွယ်ရေးကိုလည်း ပိုမိုအားကောင်းအောင် လက်တွေ့ လုပ်ဆောင်တော့မှာပါ။ ဒေသန္တရအစိုးရရဲ့ ဂုဏ်အင်္ဂါပြည့်စုံအောင် ကျနော်တို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒေသန္တရအစိုးရ အနေနဲ့ လုပ်သင့် လုပ်ထိုက်တဲ့အရာ အားလုံးကို ကျနော်တို့ ဆောင်ရွက်ပေးဖို့ ဦးစီး ဦးဆောင်ပေးဖို့ ဖွဲ့စည်းရခြင်းဖြစ်တယ်။ ဒီကောင်စီ အောက်မှာပဲ တည်ဆောက်မယ့်ပုံစံတွေကို ကောင်းမွန်စွာ ရေးဆွဲနိုင်ခဲ့တယ်” ဟု မတူပီကောင်စီ/ CDF – မတူပီမှ ပြောရေးဆိုခွင့်ရှိ သူ ဆလိုင်းနိုင်ဂျွန်ကင်းက ပြောသည်။ ဒေသန္တရ အစိုးရယန္တရာများ လည်ပတ်နိုင်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ၊ မတူပီမြို့နယ်လုံးဆိုင်ရာ ကိစ္စအဝဝကို စုပေါင်းခေါင်းဆောင်မှုဖြင့် အတူတကွ ပူးပေါင်းပြီး ယန္တရားများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သိရသည်။ မတူပီကောင်စီ၏ ယန္တရာများကို ကောင်းမွန်စွာ လည်ပတ်နိုင်စေရန် တော်လှန်ရေးကို အားပေးထောက်ခံနေသော ပြည်တွင်း/ပြည်ပမှ ပြည်သူများက မိမိရာကျ အခန်းကဏ္ဍတွင် အစွမ်းကုန် ဆက်လက်ပါဝင်ပေးပါရန် ဧပြီလ ၂၂ ရက်က အသိပေးထုတ်ပြန်သည်။ မတူပီကောင်စီ ညီလာခံကို ချင်းပြည်အစိုးရအဖွဲ့မှ…

Read More

(004SS) မလေးရှားနိုင်ငံကို ထိုင်းနယ်စပ်ကတဆင့်သွားရာမှာ အသက်ရှူကျပ်၍ ကွယ်လွန်သွားခဲ့သည့် ချင်းလူငယ် Tg. Pau Lam Kim ၏ ရုပ်အလောင်းအား နေရပ်သို့ ပြန်လည်သယ်ဆောင်ရန်အတွက် ယနေ့ ဧပြီလ ၂၃ ရက် (ထိုင်းစံတော်ချိန်) ညနေ ၅ နာရီတွင် ထိုင်းနိုင်ငံမှ မြဝတီဘက်သို့ စတင်သယ်ဆောင်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။ ရုပ်အလောင်းထုတ်ယူရေးလုပ်ငန်းစဉ်တွင် ကွယ်လွန်သူနှင့် ဆွေမျိုးတော်စပ်ကြောင်း အထောက်အထား ခိုင်လုံစွာ မပြနိုင် ခြင်းနှင့် ရဲစခန်း၏ စာရင်းဇယားလိုအပ်ချက်များကြောင့် ၁၀ ရက်ကျော်ကြာမြင့်ခဲ့ရသော်လည်း ယနေ့တွင် ဆရာဝန် ဆေးစာနှင့် ရဲစခန်း၏ ခွင့်ပြုချက်လက်မှတ်များ အားလုံးရရှိခဲ့ပြီးနောက် ရုပ်အလောင်းအား ပြန်လည်သယ်ယူနိုင်ခြင်းဖြစ်သည်။ ဖြစ်စဉ်အား ကူညီဆောင်ရွက်ပေးနေသူ ဆရာအာဒမ်က “အလောင်းကတော့ ဒီနေ့ ထိုင်းစံတော်ချိန် ၅ နာရီမှာ မြဝတီဘက် သယ်ဖို့ ထွက်ခွါသွားပါပြီ။ မြဝတီကနေ မြန်မာပြည် နာရေးအဖွဲ့က လာကြိုပေးမှာပါ။ ကျွန်တော့်အနေနဲ့ လိုက်မသွားနိုင် ပေမယ့် မြဝတီအထိ တာဝန်ယူပြီးတော့ ဆက်သွယ်ပေးထားပါတယ်” ဟု ပြောသည်။ Tg. Pau Lam Kim ၏ ရုပ်အလောင်းကို ထိုင်းရဲတပ်ဖွဲ့က ၁၃ ရက်ကြာ ထိန်းသိမ်းထားခဲ့ရပြီးနောက် ယခုကဲ့သို့ နေရပ်ပြန်နိုင်ရန် စီစဉ်နိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်တွင် သေဆုံးသူနှင့်အတူ လိုက်ပါလာပြီး ဆေးရုံ၌ ဆေးကုသမှု ခံယူခဲ့ရသည့် Tg. Kap Lian မှာလည်း ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီးနောက် ဧပြီလ ၂၀ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။ ပြီးခဲ့သည့်…

Read More

(004SS) ချင်းပြည် (Chinland) အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဆောင်သော ဝန်ကြီးများအဖွဲ့သည် မတူပီမြို့နယ်နှင့် ဇိုတုန်ဒေသများရှိ ဒေသန္တရ အစိုးရရုံးစိုက်ရာ နေရာများသို့ သွားရောက်ကာ ဒေသန္တရအစိုးရယန္တရား အားကောင်းစေရေးနှင့် ဒေသဖွံ့ဖြိုး ရေးဆိုင်ရာ ကိစ္စရပ်များကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ၄ ရက်ကြာ အဆိုပါခရီးစဉ်တွင် ဝန်ကြီးချုပ်ဆလိုင်းမျိုးထိုက်နှင့်အတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ လူမှုဖွံ့ဖြိုးရေးဝန်ကြီးများသည် မတူပီကောင်စီ (Matupi Council) နှင့် ဇိုတုန်ဒေသဆိုင် ရာကောင်စီ (Zotung Regional Council) တို့မှ တာဝန်ရှိသူများနှင့် ဒေသအသီးသီးတွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ချင်းပြည်အစိုးရအဖွဲ့က ဖော်ပြထားသည်။ ချင်းပြည်အစိုးရ ဝန်ကြီးများ ကွင်းဆင်းခရီးစဉ်သည် ၎င်းအဖွဲ့၏ အုပ်ချုပ်မှုယန္တရား ပိုမိုခိုင်မာလာစေရန် နှင့် ဒေသန္တရအစိုးရ အားကောင်းလာစေန် ရည်ရွယ်ကြောင်း သိရသည်။ အဆိုပါကွင်းဆင်းမှုအတွင်း ဒေသန္တရအုပ်ချုပ်ရေးအတွက် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများ၊ ပညာရေးနှင့် ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဒေသခံများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှာများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် မတူပီကောင်စီညီလာခံ ကျင်းပနေသည့် အစီအစဉ်သို့လည်း ဝန်ကြီးချုပ်နှင့် စီမံ/ဘဏ္ဍာဝန်ကြီးတို့ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။ အဆိုပါ ညီလာခံတွင် ချင်းအမျိုးသားတပ်ဦး (CNF) မှ အကြီးအကဲများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း ချင်းပြည်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Read More

(006SV) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး ပြန်လွတ် နိုင်ရေးအတွက် တိုင်းရင်းသားပြည်သူလူထုအားလုံးနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားမည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) က ကြေညာသည်။ ၅ နှစ်ကျော်အကြာ အာဏာသိမ်းစစ်တပ်၏ မတရားဖမ်းဆီးအကျဉ်းချခံရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မိသားစုထံ ပြန်လည် ရောက်ရှိခြင်းအတွက် ယနေ့ ဧပြီလ ၂၂ ရက်မှာ SCEF က ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ရာတွင် ယင်းသို့ ထုတ်ပြန်ခြင်းဖြစ်သသည်။ “ကျွန်ုပ်တို့အနေဖြင့် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက် တိုင်းရင်းသားပြည်သူလူထု အားလုံးနှင့်အတူ အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်” ဟု SCEF က ထုတ်ပြန်သည်။ ဧပြီလ ၁၇ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် မိသားစုထံ ပြန်လည်ရောက်ရှိခဲ့သည့်အတွက် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီအနေဖြင့် မိသားစုနှင့်ထပ်တူ ၊ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးနှင့်ထပ်တူ ဝမ်းမြောက်ဝမ်းသာဖြစ်ရသည်ဟု ဆိုသည်။ သမ္မတ ဦးဝင်းမြင့်သည် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိနေချိန် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်တွင် အာဏာသိမ်းစစ်တပ်၏ မတရားဖမ်းဆီးအကျဉ်းချခြင်းကို ခံရပြီး စွပ်စွဲသော ပုဒ်မအမျိုးမျိုးဖြင့် ၅ နှစ်ကျော်ကြာ အကျဉ်းကျနေခဲ့ရသည်ဟု သိရသည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေဖြင့် ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ခိုင်မာခြင်းတို့ကို ပိုင်ဆိုင်ကာ နိုင်ငံအကျိုး၊ နိုင်ငံသူ နိုင်ငံသားတို့၏ အကျိုးကို ဘေးအန္တရာယ်ကင်းစွာဖြင့်…

Read More

(006SV) ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA) နှင့် IKACC / ပလက်ဝကောင်စီ (PC) တို့ ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များ ဆွေးနွေးနိုင်ခဲ့ကြောင်း IKACC ထံမှ သိရသည်။ မတ်လ ၂၅ ရက်က မတူပီမြို့တွင် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA) တာဝန်ရှိသူများနှင့် ကြားကာလ ခူမီးချင်းမျိုးနွယ်စုများ ရေးရာ အတိုင်ပင်ခံကောင်စီ/ ပလက်ဝကောင်စီ (IKACC/ PC) ၏ မဟာမိတ်ဆက်ဆံရေးအဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံ၍ အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သည်ဟု IKACC က ယနေ့ ဧပြီလ ၂၂ ရက်မှာ ထုတ်ပြန်သည်။ တွေ့ဆုံမှုတွင် တော်လှန်ရေးကာလအတွင်း ချင်းတောင်ပိုင်းတလျှောက် နယ်မြေချင်း ထိစပ်နေသည့် နည်းတူ ထောက်ပို့လမ်းကြောင်း အသုံးပြုရေးကိစ္စ အပါအဝင် အခြားပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အပြုသဘောဆောင် ဆွေးနွေး ပေါင်းစည်းနိုင်ခဲ့သည်ဟု IKACC/ PC မဟာမိတ်ဆက်ဆံရေးအဖွဲ့ခေါင်းဆောင် ဆလိုင်းပေါလ်က ပြောကြောင်း IKACC က ထုတ်ပြန်သည်။ တော်လှန်ရေး လိုအပ်ချက်အရ CPU/ CPA အပါအဝင် အခြားချင်းတော်လှန်ရေးအဖွဲ့အစည်းများအပြင် အိမ်နီးချင်း တော်လှန်ရေးအဖွဲ့အစည်းများနှင့် ကောင်းမွန်သည့် မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ထားသည်ဟု IKACC / PC ထံမှ သိရသည်။ တချိန်တွင် ချင်းအမျိုးသားတော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်းပြီး တပ်ပေါင်းစုဖြစ်နိုင်ရေးကိုလည်း မျှော်လင့်ထားကြောင်း IKACC/ PC မဟာမိတ်ဆက်ဆံရေးအဖွဲ့ခေါင်းဆောင် ဆလိုင်းပေါလ်က ပြောသည်။ CPU/ CPA နှင့်…

Read More