Author: Editor

(004SS) ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ ချယ်ရီတည်းခိုခန်းပိုင်ရှင် ဦးထန်ခန်းဒါလ်သည် ဖမ်းဆီးထိန်းသိမ်းခြင်းခံရစဉ်အတွင်း ရောဂါ အခံဖြင့် သေဆုံးခဲ့သည်ဟု ZFU/PDF Zoland က ထုတ်ပြန်ခဲ့သော်လည်း ရုပ်အလောင်းတွင် နှိပ်စက်ခံထားရသည့် ဒဏ်ရာ များတွေ့ရှိရမှုအပေါ် ဒေသခံများအကြား ဝေဖန်မှုများ မြင့်တက်နေသည်။ ဦးထန်ခန်းဒါလ်သည် စစ်ကော်မရှင် (စကမ) နှင့် ဆက်သွယ်သတင်းပေးသည်ဟုဆိုကာ မေလ ၁၁ ရက်နေ့က ZFU/PDF Zoland လက်အောက်ခံ People’s Police Force- Zoland က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်အတွင်း ဦးထန်ခန်းဒါလ်သည် ၎င်း၏ ရောဂါအခံများဖြစ်သည့် ဆီးချိုရောဂါ/ သွေးချို ရောဂါနှင့် သွေးတိုးရောဂါ တို့ကြောင့် မေလ ၁၃ ရက်နေ့မှာ ဦးနှောက်သွေးကြောပေါက်ပြီး ကွယ်လွန်ခဲ့သည်ဟု ZFU/PDF Zoland က ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ယနေ့ မေလ ၁၅ ရက်နေ့တွင် လူမှုကွန်ရက်ပေါ်၌ ပျံ့နှံ့လာသည့် ဓာတ်ပုံမှတ်တမ်းများအရ ဦးထန်ခန်းဒါလ်၏ မျက်နှာ၊ နား၊ ရင်ဘတ်၊ လက်မောင်း၊ လက်ကောက်ဝတ်၊ ဒူးနှင့် ခြေသလုံး နေရာများတွင် ရိုက်နှက်ဒဏ်ရာများ၊ ပွန်းပဲ့ ဒဏ်ရာများနှင့် ညိုမဲစွဲဒါဏ်ရာများ ထင်ထင်ရှားရှား တွေ့မြင်နေရသည်။ ထိုအထောက်အထားများကြောင့် ဦးထန်ခန်းဒါလ်သည် ထိန်းသိမ်းခံထားရစဉ်အတွင်း ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်ဟု ပြောဆိုမှုများ ရှိနေသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ဒလန်ဟု သံသယရှိ၍ ဖမ်းဆီးခြင်းကို လက်ခံနိုင် သော် လည်း အသက်သေဆုံးသည်အထိ ပြုလုပ်ခြင်းကိုမူ လက်မခံနိုင်ကြောင်း တီးတိန်မြို့က ဒေသခံလူငယ်တစ်ဦးကပြောသည်။ “ဦးဒါလ်…

Read More

(006SV) ဟားခါးမြို့မှာ လူထုထံ ငွေညစ်တောင်းခံခြင်း၊ နေအိမ်များ ဖောက်ထွင်းဓါးပြတိုက်ခြင်း စသည့် လုပ်ရပ်များ ကျူးလွန်နေသော အာဏာသိမ်းစစ်တပ်၏ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးရမိကြောင်း CDF – ဟားခါးထံမှ သိရသည်။ ချင်းပြည်နယ် စစ်အစိုးရ ရုံးစိုက်ရာ ဟားခါးမြို့အတွင်း ဒေသခံပြည်သူများထံ ငွေညစ်တောင်းခြင်း၊ နေအိမ်များကို ဖောက်ထွင်း ဓါးပြတိုက်ခြင်း စသည့် ပြည်သူ့လုံခြုံရေး ထိခိုက်စေသော လုပ်ရပ်များကို ကျူးလွန်နေသော စစ်တပ်၏ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးကို မေလ ၁၃ ရက်က ဟားခါးမြို့အတွင်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်ဟု CDF – ဟားခါးက ယနေ့မှာ ထုတ်ပြန်သည်။ လက်ရှိမှာ စစ်ရေးအခြေအနေများကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှု ဖြစ်ပွားနိုင်သော နေရာများနှင့် လူသွားလာမှု နည်းပါးသော ဒေသ၊ နေရာများကို ဒေသခံပြည်သူများအနေဖြင့် လုံခြုံရေးအရ မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန်လည်း CDF – ဟားခါးက အသိပေးသည်။ ဒေသခံပြည်သူများ၏ အသက်အိုးအိမ် လုံခြုံရေးကို ဦးစားပေး ဆောင်ရွက်ရှိပြီး ပြည်သူအပေါ် အန္တရာယ်ပြု လုပ်များကိုလည်း ဆက်လက်ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု CDF – ဟားခါးထံမှ သိရသည်။ ပြည်သူများအနေဖြင့် သံသယဖြစ်ဖွယ် လှုပ်ရှားမှုများ တွေ့ရှိပါက နီးစပ်ရာ တာဝန်ရှိသူများထံ အချိန်မီသတင်း ပေးပို့၊ ပူးပေါင်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

Read More

မေလလယ်မှ ဇွန်လအထိ သားငှက်တိရစ္ဆာများကို သတ်ဖြတ်၊ အမဲလိုက်ခြင်း ကန့်သတ်ထား (006SV) ချင်းပြည်နယ်၊ မရာနယ်မြေက ကျေးရွာနှင့်ဒေသအတွင်းမှာ စိုက်ပျိုးရေးသုံး အဆိပ်ပါဓါတုဆေးဝါးများ အသုံးပြုခြင်း၊ ရောင်းဝယ်ခြင်းတို့ကို မေလ ၁၃ ရက်မှစတင်၍ လုံးဝ တားမြစ်လိုက်ကြောင်း မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီက ယမန်နေ့က ကြေညာသည်။ မရာနယ်မြေအတွင်း ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ရေမြေသယံဇာတများ ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် အဆိပ်ဓါတုဆေးဝါးများ ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် အသုံးပြုခြင်းတို့ကို လုံးဝ တားမြစ်သည့် အမိန့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ တားမြစ်ချက်ကို သိရှိလိုက်နာကြရန်နှင့် ဖောက်ဖျက်ကျူးလွန်သူ မည်သူမဆို သက်ဆိုင်ရာ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့က စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဟု အသိပေးထားသည်။ ဒေသခံပြည်သူများအနေဖြင့်လည်း စိုက်ပျိုးရေး ဓါတုဆေးဝါး တားမြစ်ချက်များကို ပူးပေါင်းကူညီ၍ လိုက်နာဆောင်ရွက်ပေးကြပါရန် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက မေတ္တာရပ်ခံသည်။ မရာနယ်မြေမှာ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် အဆိပ်ပါ ဓါတုဆေးဝါးများ အသုံးပြုမှုကြောင့် ဒေသခံလူထု၏ ကျန်းမာရေး ထိခိုက်မှု၊ မြေဆီလွှာ ပျက်စီးမှု၊ သောက်သုံးရေး အဆိပ်သင့်မှု၊ မွေးမြူရေး တိရစ္ဆာန်များ သေဆုံးမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ ဖြစ်ပေါ်လာနေကြောင်း တွေ့ရှိရသည်ဟု ကြေညာချက်မှာ ဖော်ပြထားသည်။ အဆိုပါ ဓါတုဆေးဝါးများသည် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးအပေါ် ဆိုးရွားသော ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်သည့်အပြင် ရေရှည်မှာ ဒေသခံလူထု၏ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာနိုင်သည်ဟု ဆိုသည်။ ဧပြီလ ၁၀ ရက်မှ ဇွန်လကုန်အထိလည်း…

Read More

(005MK) ချင်းပြည်နယ် ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ်အမှတ် ၂ ကုန်သွယ်ရေး စခန်းတည်ရှိရာ ရိခေါဒါရ်မြို့ဘက်ကို ဆက်လက်ထိုးစစ်ဆင်လာမည်ဆိုသည့်သတင်းကြောင့် မီဇိုရမ်ပြည်နယ်ဘက်သို့ စစ်ဘေးရှောင် ၈၀၀ ကျော်ထပ်မံဝင်ရောက်လာကြောင်းသိရသည်။ ရိခေါဒါရ်မြို့နှင့် အနီးတဝိုက်ကကျေးရွာများမှ ဒေသခံပြည်သူ ၈၂၀ ဝန်းကျင်သည် မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာ ဘက်သို့ မေလ ၁၂ ရက် နှင့် ၁၃ ရက်နေ့များတွင် အသီးသီးဝင်ရောက်လာကြသည်ဟု မီဇိုရမ်ဒေသတွင်းသတင်းမှာ ဖော် ပြသည်။ မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်လာကြသော မြန်မာနိုင်ငံကစစ်ဘေးရှောင်များကို နယ်စပ်မှာရှိနေသော အာသံရိုင်ဖယ် နှင့် မီဇိုရမ်ရဲတပ်ဖွဲ့တို့က သေချာစာရင်းပြုစုကာ လက်ခံကြိုဆိုခဲ့သည်ဟုသိရသည်။ စစ်ဘေးရှောင်အများစုသည် ၎င်းတို့၏ မိသားစုဝင်၊ ဆွေမျိုးများထံ ခေတ္တခိုလုံနေကြပြီး တချို့မှာလည်း အိမ်ငှါးလိုက် ရှာကာ နေထိုင်သူများလည်းရှိသည်ဟု သိရသည်။ ယခုလက်ရှိ ဇိုခေါထာရ်ကျေးရွာမှာ ယခင်ကတည်းက နေထိုင်သူ မြန်မာစစ်ရှောင် ၇,၀၀၀ ခန့်ရှိပြီး ယခုအသစ်ဝင် ရောက်လာသူအများစုနှင့် မိသားစုတော်စပ်သူများဖြစ်ကြသည့်အတွက် သီးခြားနေရာထိုင်ခင်းအတွက်စီစဉ်ပေးရန် မလိုအပ်သေးကြောင်း ဇိုခေါထာရ်ကျေးရွာ YMA တာဝန်ရှိသူများကပြောသည်။ စစ်ဘေးရှောင်များသည် ယခင်လို အစုလိုက်ဖြင့်အများအပြားဝင်ရောက်လာခြင်းမဟုတ်သေးသည့်အတွက် လော လောဆယ်တွင် အခက်အခဲမရှိသေးသော်လည်း ချင်းပြည်နယ်ဘက်တွင် ယခုထက်တိုက်ပွဲများပိုမိုပြင်းထန်လာပါက စစ်ဘေးရှောင်များ အစုလိုက်အပြုံလိုက်ဝင်ရောက်လာနိုင်သောကြောင့် နေရာထိုင်ခင်းအတွက် ခန်းမ၊ အဆောက်အအုံ များကိုမူ ကြိုတင်ပြင်ဆင်ထားသည်ဟု ဇိုခေါထာရ် YMA ကပြောသည်။ အာဏာသိမ်းစစ်တပ်သည် ပြီးခဲ့သည့်ဧပြီလ ၂၅ ရက်နေ့မှာ ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက် ဖလမ်း-ဟားခါးလမ်းဘက်ကို ဆက်လက်ထိုးစစ်ဆင်ခဲ့သည်။ ထို့အပြင် တီးတိန်မြို့မှတဆင့် တွန်းဇံမြို့ကိုလည်း စစ်တပ်နှင့် ZRA ပူးပေါင်းတပ်များက ထိုးစစ်ဆင်လျက်ရှိသည်။…

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဒုအရာခံဗိုလ်တစ်ဦး နှင့် တပ်သားတစ်ဦးကို ကလေးမြို့ပြပျောက်ကျားစီမံချက်- UG အဖွဲ့က ပစ်ခတ်လင်းရှင်းခဲ့သည်ဟုသိရသည်။ မေလ ၁၂ ရက်နေ့က ကလေးမြို့ စက်မူဇုန် လိူင်သာယာရပ်ကွက် (နယ်မြေ/၆) တွင် ကလေးမြို့ မြို့ပြ ပျောက်ကျား စီမံချက်- UG တပ်ဖွဲ့က နယ်မြေ လုံခြုံရေး ဆောင်ရွက်နေစဥ်မှာ နောက်ကနေလိုက်ပါလာသော ဆိုင်ကယ်တစ်စီးဖြင့် လူနှစ်ဦးကို စစ်ဆေးရာမှာ ၈ မိုင် ကလေးတက္ကသိုလ်ကျောင်းဝန်းတွင် တပ်စွဲထားသည့် စစ်တပ်မှ ဒုအရာခံဗိုလ် အောင်ကျော်ဇော နှင့် တပ်သား၁ ဦး ဖြစ်ကြောင်း သိရှိရပြီး ဖမ်းဆီးခေါ်ဆောင်ရန် အခြေအနေအရ မဖြစ်နိုင်သော ကြောင့် နှစ်ဦးစလုံးကို နေရာမှာပင် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ကလေးမြို့ပျောက်ကျားစီမံချက်- UG က ယနေ့မှာ သတင်းထုတ်ပြန်သည်။ အဆိုပါ ဒုအရာခံဗိုလ် အောင်ကျော်ဇော နှင့် တပ်သား (၁) ဦးတို့မှာ ကလေးမြို့ ဒေသကွက်ကဲမှုစစ်ဌာနချုပ် – ဒကစ ထောက်ပို့တပ်မှဖြစ်ပြီး ကလေးတက္ကသိုလ်စစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများထံမှ ငွေညစ်ခြင်း၊ လူငယ်များ အား ပေါ်တာစွဲဖမ်းဆီး ငွေညစ်ရာတွင် နာမည်ဆိုးများဖြင့် ကျော်ကြားနေသူများ ဖြစ်သည်ဟုဆိုသည်။ ကလေးမြို့တွင်းနေမိဘပြည် သူများအ နေဖြင့် စစ်ကော်မရှင်တပ်ထိုင်ထားသည့်နေရာများ၊ စစ်ဆေးရေး ပြုလုပ်နေ သည့်နေရာများတွင် မလိုအပ်ဘဲ အသွားအလာ မပြုလုပ်ကြရန် နှင့် အချိန်မရွှေး ပစ်ခတ်မူများဖြစ်ပွား နိုင်သောကြောင့် ကလေးမြို့ UG တပ်ဖွဲ့က အသိပေးသည်။

Read More

(005MK) အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် ကန်ပေါ့ပီ (Kangpokpi) ခရိုင်တွင် ချင်းအနွယ် ကူကီးခရစ်ယာန်ဘာသာရေးခေါင်းဆောင် ၃ ဦး သတ်ဖြတ်ခံရမှုအပေါ် မီဇိုရမ်ပြည်နယဝန်ကြီးချုပ်နှင့် မီဇိုရမ်ပြည်နယ် အသင်းတော်များကောင်စီက ပြင်းထန်စွာရှုတ်ချသည်။ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက “ ကူကီး (Kuki) ခရစ်ယာန်အသင်းတော် ခေါင်းဆောင်တွေ ရက်ရက်စက်စက် သတ်ဖြတ်ခံရမှုအပေါ် အလွန်အမင်း စိတ်မကောင်းဖြစ်ရသလို တုန်လှုပ်ချောက်ချားမိပါတယ်။ဒီလို ရွံရှာဖွယ်ကောင်းတဲ့ အကြမ်းဖက်မှုမျိုးဟာ လုံးဝ လက်ခံနိုင်စရာမရှိသလို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချရမယ့် လုပ်ရပ်ဖြစ်ပါတယ်။ ကျန်ရစ်သူ မိသားစုဝင်၊ အသင်းတော်တွေနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရတယ်” ဟု ပြောသည်။ မီဇိုရမ်ပြည်နယ်က အသင်းတော်များကောင်စီ( Council of Churches in Mizoram-CCM) ကလည်း အဆိုပါဖြစ်ရပ် အပေါ် မိသားစုဝင်များနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲကြောင်း အကြမ်းဖက်သည့်လုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချသည်ဟု သတင်းထုတ်ပြန်သည်။ အဆိုပါဖြစ်ရပ်သည် ဒေသတွင်းမှာနေထိုင်ကြသော လူမျိုးအားလုံးအတွက် စိုးရိမ်ထိတ်လန့်မှု၊ နာကျင်ခံစားမှုဖြစ် စေပြီး၊ အရှေ့မြောက်ဒေသက ယုံကြည်သူခရစ်ယာန်ဘာသာဝင်များကလည်း ဝမ်းနည်းပူဆွေးနေကြသည်ဟု (Council of Churches in Mizoram-CCM) ကပြောသည်။ မဏိပူရ်ပြည်နယ်တွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းမှုပြန်လည်ရရှိစေရေးအတွက် ခရစ်ယာန်ဘာသာဝင်များအားလုံး အနေဖြင့် ဆုတောင်းပေးကြရန်လည်း CCM ကတိုက်တွန်းသည်။ မဏီပူရ်ပြည်နယ်တွင် ယမန်နေ့ မေလ ၁၃ ရက်နေ့က Thadou Baptist Association (TBA) နှင့် United Baptist Council (UBC) တို့မှ ဘာသာရေးခေါင်းဆောင်များသည် ချူရာချန်ပူ (Churachandpur) မြို့မှ…

Read More

(002MG) စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်ရှိသော ကူကီး လူမျိုး များနေထိုင်သည့် မော်နွမ်း(Molnol) ကျေးရွာအား မီးရှို့ခံရမှုအပေါ် ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးမှ အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း မေလ (၁၃) ရက်နေ့တွင် သတင်းထုတ်ပြန် သည်။မေလ (၁၂) ရက်နေ့တွင် မော်နွမ်း(Molnoi) ကျေးရွာအား အိန္ဒိယနိုင်ငံခွဲထွက်၊ နာဂလက်နက်ကိုင် NSCN-IM အဖွဲ့က တိုက်ပွဲဖြစ်ပွားခြင်းတစ်စုံတစ်ရာမရှိဘဲ လူနေအိမ် (၁၃) လုံးကို မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။အဆိုပါ NSCN-IM ၏ လုပ်ရပ်သည် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ Ukhul ခရိုင်၊ Litan ကျေးရွာတွင် ဖြစ်ပျက်ခဲ့သည့် အရက်သေစာ သောက်စားမှုးယစ်နေသူ နှစ်ဦး ခိုက်ရန်ဖြစ်ပွားရာမှ စတင်ခဲ့သော လူမျိုး စု နှစ်စုအ ကြားဖြစ်ပွားသည့် အခြေအနေအားအခြေပြုကာ မြန်မာပြည်တွင် နေထိုင်သည့် ကူကီးကျေး ရွာများအား ပစ်မှတ်ထားလုပ်ဆောင်မှုဖြစ် သည်ဟု ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးကဆိုသည်။ ယင်းသည် ဒေသအတွင်းအတူယှဉ် တွဲနေထိုင်သည့် လူမျိုးစုနှစ်စု အ ကြား လူမျိုးရေးပဋိပက္ခ ဖြစ်ပေါ်စေရန် ရည်ရွယ် ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည့်အပြင် အိန္ဒိယနိုင်ငံ မဏိပူရ် ပြည် နယ်တွင် ဖြစ်ပွားသည့် ပြဿနာအား မြန်မာနိုင်ငံ အထိ ပြန့်ပွားစေရန် မီးမွေးခြင်း ဖြစ် ကြောင်း ထင်ရှားစွာ တွေ့ရှိရသည်ဟု ဖော်ပြသည်။ ကူကီးလူမျိုးများနှင့် နာဂလူမျိုးများသည် မြန်မာနိုင်ငံတွင်ဖြစ်စေ အိန္ဒိယနိုင်ငံတွင်ဖြစ်စေ တစ်ဆက် တည်း အတူအတွယှဉ်တွဲနေထိုင်ကြသည့် လူမျိုးများဖြစ်ပြီး နေ့တဓူဝ ကူးလူးဆက်ဆံလျက် ရှိနေကြသည့် လူမျိုးများဖြစ်ကြသည်ဟု ဆိုသည်။…

Read More

(006SV) ပြည်တွင်းပြည်ပ ချင်းလူငယ်များအကြား ပိုမိုခိုင်မာသော ချိတ်ဆက်မှုနှင့် စုစည်းမှုတစ်ရပ် တည်ဆောက်နိုင်ရန်အတွက် ချင်းလူငယ်ကွန်ကရက် (Chin Youth Congress – CYC) ကို မကြာမီ ဖွဲ့စည်းသွားမည်ဟု သိရသည်။ Chin Youth Forum – Aizawl ကို ပြည်တွင်း၊ ပြည်ပရှိ ချင်းလူငယ်အရေး တက်ကြွလှုပ်ရှားသူများနှင့် လူငယ့်အရေး စိတ်အား ထက်သန်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် မေလ ၈ ရက်မှ ၉ ရက်အထိ အောင်မြင်စွာ ကျင်းပခဲ့ပြီးနောက် ချင်းလူငယ်ကွန်ကရက် ဖွဲ့စည်းနိုင်ရေး အတည်ပြုနိုင်ခဲ့သည်ဟု သိရသည်။ “ချင်းလူငယ်ကွန်ကရက်သည် ချင်းလူငယ်များကို ပြန်လည်စုစည်းပေးမည့် ဘုံပလက်ဖောက်းတစ်ခုအဖြစ် ရပ်တည်သွားမည်ဖြစ်ပြီး လူငယ်များ၏ အခက်အခက်၊ စိန်ခေါ်မှုများကို စုပေါင်းဖြေရှင်းရန်နှင့် လူငယ်ထု၏ ရည်မှန်းချက်များကို ဖော်ဆောင်သွားရန် ရည်ရွယ်သည်” ဟု CYC အလုပ်အမှုဆောင် ကော်မတီက ထုတ်ပြန်သည်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ချင်းလူငယ်များ၏ နိုင်ငံရေး၊ လူမှုရေးနှင့် တော်လှန်ရေးကဏ္ဍများတွင် ပါဝင်မှု မြင့်တက်လာခဲ့ သော်လည်း လူငယ်အဖွဲ့အစည်းများ အားနည်းပြိုကွဲခဲ့ရပြီး လူငယ်များ၏ အသံနှင့် အခန်းကဏ္ဍများ လျော့နည်းပျောက်ဆုံး လာရသည်ဟု Chin Youth Forum – Aizawl ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။ ချင်းလူငယ်များအကြား ခိုင်မာသော ချိတ်ဆက်မှုနှင့် စုစည်းမှုတစ်ရပ် တည်ဆောက်နိုင်ရန် လက်ရှိ Forum မှ ထွက်ပေါ်လာသော အကြံပြုချက်များနှင့် သဘောတူညီချက်များကို အခြေခံ၍ ချင်းလူငယ်ကွန်ကရက်ကို ဖွဲ့စည်းသွားမည်ဟု သိရသည်။ Forum မှ…

Read More

(002MG) ချင်း-မကွေးအစပ် ယောဒေသ ဆောမြို့ နှင့် ကျောက်ထုမြို့ဘက်ကို စစ်တပ်က ရက် ၁၀၀ စီမံချက်ဖြင့် စစ်ကြောင်းထိုး လာသောကြောင့် လောင်းရှည်-ဆော-ကျောက်ထုလမ်းပိုင်းများအသုံးမပြုကြရန် ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ယနေ့မေလ ၁၃ ရက်နေ့မှာ အရေးပေါ်သတိပေးချက်ထုတ်ပြန်သည်။ မင်းအောင်လှိုင်ဦးဆောင်သော အသွင်းပြောင်စစ်အစိုးရသည် ၎င်းတို့၏ ရက် ၁၀၀ စီမံကိန်းကိုအကောင်အထည်ဖော် ဆောင်ရန် ယောဒေသဘက်ကို စစ်အင်အား ၁၀၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာပြီး ယနေ့မေလ ၁၃ ရက်နေ့တွင် လောင်းရှည်မြို့မှ ဆော-ကျောက်ထုမြို့ဘက်ကို ဦးတည်လာသည်ဟု သိရသည်။ ထို့ကြောင့် လောင်းရှည်မှ ဆောလမ်းပိုင်းတစ်လျှောက်နှင့် တပြင်းနှင့်ကျောက်ထုလမ်းပိုင်းတစ် လျှောက်တွင် နေထိုင်ကြ သော မိဘပြည်သူများ အားလုံးဘေးလွတ်ရာ၊ လုံခြုံရာနေရာများတွင်သတိရှိရှိနေထိုင်ကြရန်၊ အရေးပေါ် လိုအပ်ခြင်း မရှိဘဲ၊ လမ်းကြောင်းအသုံးပြု ခရီးသွားလာခြင်းများ မပြုလုပ်ကြရန် ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေး ထုတ်ပြန်သည်။ ထို့အပြင် လေကြောင်းရန်မှကာကွယ်ရန် လေယဉ်သံကြားလျှင် ပုံးခိုကျင်းများတွင် နေထိုင်ကြရန် နှင့် စစ်ရေးအခြေ အနေများကို နားစွင့်စောင့်ကြည့်ကြရန်လည်း သတိပေးထားသည်။ ယနေ့မနက်ပိုင်းကလည်း ကျောက်ထုမြို့နယ်တွင် Jet Fighter နှင့် Y-12 လေယာဉ်များ အသုံးပြုကာ အပြင်းအထန် ဗုံးကြဲတိုက် ခိုက်ခဲ့သည့်အပြင် ကျောက်ထုအခြေစိုက် အမြောက်တပ် (အမတ -၃၆၈) အတွင်းသို့ Y-12 လေယာဉ်ပေါ်မှ တစ်ဆင့် paramotor ခေါ် အင်ဂျင်ပါဝင်သည့် လေထီး (၃) စီးထက်မနည်းအား ချပေးခဲ့သည်ဟု သိရသည်။

Read More

(004SS) ချင်းအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးက ကလေးငယ်များသည် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ပြောသည်။ ကျောင်းသားကလေးငယ် ၂၀ ကျော်သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အိုးထိန်းကွင်းကျေးရွာစာသင် ကျောင်းလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ် တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း မြန်မာနိုင်ငံက ကလေးငယ်များသည် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုဒဏ်ကိုဆက်လက်ရင်ဆိုင်ခံစားနေရသည်ဟု မေလ ၁၂ ရက်နေ့က IIMM ကသတင်း ထုတ်ပြန်သည်။ ယခုလအစောပိုင်းတွင် ချင်းပြည်နယ်ရှိ ရွာတစ်ရွာမှ ကလေးကစားကွင်းတစ်ခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ရာမှာ အသက် ၅ လမှ ၁၀ နှစ်ကြားရှိ ကလေးငယ် အနည်းဆုံး ၅ ဦး သေဆုံးခဲ့ရသည်ဟု IIMM ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။ ယင်းဖြစ်စဉ်သည် ချင်းပြည်နယ် ဖလမ်းမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်အနီး ခေါပွီချစ်ပ်ရွာကို မေလ ၁ ရက်နေ့က စစ်တပ်က ဗုံးကြဲခဲ့သည့်ဖြစ်စဉ်ဖြစ်ပြီး ကလေး ၆ ဦး နှင့် လူကြီးတစ်ဦးသေဆုံးခဲ့သည်။ အရပ်သားများကို မခွဲခြားသော သို့မဟုတ် ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်သည်ဟု IIMM ကပြောသည်။ “ကလေးငယ်တွေ ရှိနေနိုင်တဲ့နေရာတွေကို လေကြောင်းက တိုက်ရိုက်တိုက်ခိုက်တယ်လို့ ယူဆရတဲ့ ဖြစ်ရပ်တွေကို ယန္တရားက အထူးပြု စုံစမ်းစစ်ဆးနေပါတယ်။ ဒီဖြစ်ရပ်တွေက စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်ကို ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်နိုင်ပါတယ်။ မြန်မာ့လေတပ်ရဲ့ ဖွဲ့စည်းပုံ၊ အမိန့်ပေးကွင်းဆက်အပါအဝင် ကျူးလွန်သူတွေကို ဖော်ထုတ် နိုင်မယ့် အထောက်အထားတွေကို ကျွန်တော်တို့ စုဆောင်းပြီး…

Read More