(004SS) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ တီးတိန်-ကလေး ကားလမ်းမပေါ်တွင် လမ်းပြုပြင်ရေးအလုပ် လုပ်ကိုင်နေသည့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိကာ ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဖြစ်စဉ်မှာ မတ်လ ၃၀ ရက်နေ့က တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာအနီး လမ်းပြုပြင်ရေးလုပ်ငန်းခွင်တွင် နေ့စားအလုပ်သမား အဖြစ် လုပ်ကိုင်နေစဉ် မတော်တဆ မိုင်းနင်းမိခဲ့ခြင်းဟု သိရသည်။ သေဆုံးသူမှာ အသက် ၂၆ နှစ်အရွယ် Lia Dim Suan Nem (ခ) Di Neam ဖြစ်ပြီး ၎င်းသည် တီးတိန်မြို့နယ်၊ ထေးဇန်ရွာမှ ခိုင်ကမ်းမြို့သို့ စစ်ဘေးရှောင်နေရသူတစ်ဦး ဖြစ်သည်။ “သူက ထေးဇန်ရွာသူပေါ့နော် ကလေးဘက်မှာ စစ်ဘေးရှောင်နေတာ။ စားဝတ်နေရေးအတွက် လမ်းပြုပြင်တဲ့အလုပ်မှာ နေ့စားဝင်လုပ်နေတာလို့ သိရတယ်။သူတို့က အလုပ်လုပ်နေတာက မွှာလ်ပီး နားမှာလို့ ပြောတယ်၊ ကားလမ်းမကြီးနဲ့လည်း တော်တော်နီးတယ် ဆိုပဲ။ အဲ့ဒီမိုင်းက အရင်တုန်းက အဲ့ဒီနားမှာ စစ်သားတွေ ရှိနေတုန်းက သူတို့ထောင်ထားခဲ့တာလို့ ပြောနေကြတာပဲ။” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုပ်ဖော်ကိုင်ဖက်များနှင့် ဒေသခံများက နီးစပ်ရာပြည်သူ့ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင် ကူညီခဲ့ကြသော်လည်း ရရှိထားသော ဒဏ်ရာများမှာ ပြင်းထန်လွန်းသဖြင့် ဆေးရုံသို့ရောက်ရှိချိန်တွင် ကွယ်လွန်သွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မိုင်းနင်းမိ၍ သေဆုံးသွားသူ Lia Dim Suan Nem ၏ ရုပ်အလောင်းကို ယနေ့ မတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် သင်္ဂြိုဟ်ပြီးစီးခဲ့ကြောင်း သိရသည်။ မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားရာ တီးတိန်-ကလေး…
Author: Editor
(004SS) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ခရစ်ယာန်ဘာသာဝင်များ မြေမြုပ်သဂြိုလ်သော ခရစ်ယာန်သုသာန်တွင် သင်္ချိုင်းအုတ်ဂူများ ကျပ်ငွေ ၅ သောင်းစီဈေးတက်သွားသည်ဟု သိရသည်။ ခရစ်ယာန်သုသာန် ကော်မတီသည် ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းနှင့် လုပ်အားခ များ မြင့်တက်လာမှုကြောင့် သုသာန် အသုံးပြုခနှုန်းထားများကိုလည်း လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်ကာ အမျိုးအစား အလိုက် ကျပ် ၅ သောင်းစီ တိုးမြှင့်ကောက်ခံတော့မည်ဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့က ပြုလုပ်သော ခရစ်ယာန်သုသာန်ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ ယခင်နှုန်း ထားများအပေါ် အခြေခံကာ အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်ခဲ့ခြင်းဟု သိရပြီး ကလေးသင်္ချိုင်းအုတ်ဂူ- ၂ သိန်းကျပ်၊ လူကြီးသင်္ချိုင်း- ၂ သိန်းခွဲကျပ်နှင့် အထူးသင်္ချိုင်း (Special)- ၅ သိန်းခွဲကျပ် စသည်ဖြင့် တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။ အဆိုပါ နှုန်းထားများကို ၆ လကြာ စမ်းသပ်ကောက်ခံသွားမည်ဖြစ်ပြီး၊ အခြေအနေပေါ်မူတည်၍ ပြန်လည်သုံးသပ်မည်ဟု လည်း သိရသည်။ ယခုကဲ့သို့ သုသာန်အသုံးပြုခများ တိုးမြှင့်လိုက်ခြင်းသည် ဒေသတွင်း အဘက်ဘက်မှ ကုန်ဈေးနှုန်းကြီးမြင့်နေမှု၏ ရိုက်ခတ်မှုတစ်ခုဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။ ကလေးမြို့ရှိ ချင်းအမျိုးသားဒေသခံတစ်ဦးက “အခု သုသာန်ခက တက်တယ်ဆိုတာ ဟုတ်ပါတယ်။ အရင် ၂ သိန်းတန်ဆို အခု ၂ သိန်းခွဲပေါ့။ ကလေး၊ လူကြီး၊ အထူး အကုန်လုံး ၅ သောင်းစီ တက်သွားတာ။ အခု ကျွန်တော်တို့က ဆီတစ်ဂါလံကို ၅ သောင်းနဲ့ ဝယ်နေရပြီဆိုတော့ သုသာန်တင်မကဘူး၊ ကလေးမြို့မှာ…
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်ဖွဲ့သည် စစ်မှုထမ်းဥပဒေအကြောင်းပြုကာ လမ်းသွားလမ်းလာလူငယ်များကို နေ့စဉ်နေ့တိုင်း ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု ကလေးမြို့ဒေသခံ များ ထံမှသိရသည်။ ပြီးခဲ့သည့် မတ်လ (၂၈) ရက်နေ့က ဗိုလ်ချုပ်လမ်းမကြီး၊ မင်းကြီးဟိုတယ်ရှေ့တွင် လူငယ် အမျိုးသား (၇) ဦး ဖမ်းဆီးခံခဲ့ရကာ ၎င်းတို့ထဲတွင် လသားအရွယ်ရှိသည့် ကလေးဖခင်တစ်ဦးနှင့် လူငယ် အမျိုးသားတစ်ဦးသာ ကျပ်ငွေ သိန်း (၄၀) နီးပါးဖြင့် ပြန်လည်ရွေးယူကာ လွတ်မြောက်လာခဲ့ကြသည်ဟု သိရသည်။ယနေ့ မတ်လ (၃၁) မနက်ပိုင်းတွင်လည်း မင်းကြီးဟိုတယ်ရှေ့တွင် စစ်ကော် မရှင်တပ်က စစ်မှုထမ်းအတွက် အတင်းအဓမ္မလူသစ်စုဆောင်းမှုပြုလုပ်ခဲ့ပြီး လူငယ်အမျိုးသား (၃) ဦး ဖမ်းဆီးခံခဲ့ရ သည်ဟု သိရသည်။ကလေးမြို့ပေါ်တွင် လူငယ်များသည် နေ့စဉ်နေ့တိုင်း စစ်မှုထမ်းအတွက် ဖမ်းဆီးခံနေရပြီး အဖမ်းခံရသူထဲက အနည်းစုကိုသာ မိသားစုဝင်များက ငွေကြေးဖြင့် ပြန်လည်ရွေးယူနိုင်ကြသည်ဟု သိရသည်။ ထိုသို့ရွေးယူရာမှာ စစ်ကော်မရှင်တပ်နှင့်နီးစပ်သော ပွဲစားများမှတဆင့် ချိတ်ဆက်ကြပြီး လူတစ်ဦးလျင် အနည်းဆုံး ကျပ်ငွေသိန်း ၂၀ မှ သိန်း ၁၀၀ အထိ ကုန်ကျလေ့ရှိသည်ဟု သိရသည်။ယခုနောက်ပိုင်းတွင် အဖမ်းခံရသူများကို ကလေးမြို့ စုပေါင်းရုံးတွင် ခဏထားရှိကာ တပ်စစ်ဆေးရုံမှာ ဆေးစစ်ချက်များရယူပြီး ဆေးအောင်သည့် လူငယ်များကို အခြားဒေသရှိ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်လေ့ရှိသည်ဟု သိရသည်။ စစ်ကော်မရှင်တပ်ဖွဲ့သည် ကလေးမြို့ရှိ ဗိုလ်ချုပ်လမ်းမကြီး နှင့် စံပြလမ်းထောင့်၊ မင်းကြီးဟိုတယ်ရှေ့၊ စမ်းမြို့ ဘုန်းကြီးကျောင်းအနီး၊ ဆိပ်ကမ်းသာ တံတား နေရာတို့တွင် နေ့စဉ်နေ့တိုင်း လုံခြုံရေးအစောင့်တပ်ဖွဲ့များဖြင့် လူဖမ်းပွဲပြုလုပ်လေ့ရှိပြီး မြို့ပေါ်နေထိုင်သူများအနေဖြင့်…
လိုင်စင်မရှိသော ယာဉ်များဖမ်ဆီးးမည်ဟုဆို (004SS) စစ်ကိုင်းတိုင်း၊ ကလေးမြို့အတွင်း လောင်စာဆီပြတ်လပ်မှု အခက်အခဲကြောင့် မော်တော်ယာဉ်နှင့် ဆိုင်ကယ် များကို နံပါတ်ပြားနောက်ဆုံးဂဏန်းအပေါ် မူတည်ပြီး စုံ/မ စနစ်ဖြင့်သာ သွားလာခွင့်ပြုတော့မည်ဟု ဒေသခံများထံမှ သိရသည်။ ကလေးမြို့တွင် ဧပြီလ ၁ ရက်နေ့မှစတင်ကာ ကျင့်သုံးမည်ဟု ယမန်နေ့ မတ်လ ၃၀ ရက်နေ့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့များ သည် မြို့ထဲ့သို့ ကွင်းဆင်းကာ အသိပေးခဲ့ကြောင်း ဆိုသည်။ “မနေ့က RTC ရပ်ကွက် ပြည်လမ်းမှာ မော်တော်ပီကယ်တွေက ကားတွေ၊ ဆိုင်ကယ်တွေရပ်ခိုင်း စုဝေးခိုင်းပြီးတော့ ဘယ်နံပါတ်တွေ ဘယ်နေ့ထွက်ရမယ်၊ ဆိုင်ကယ်လိုင်စင်မရှိရင် ဖမ်းမယ်ဆိုပြီး ကွင်းဆင်းပြီး အသိပေးတာပါ။ လောလောဆယ်တော့ ကလေးမြို့မှာ စမှာပေါ့နော်။ ကြားရသလောက် တနိုင်ငံလုံးမှာ အဲလိုလုပ်မယ်ထင်ပါတယ်။ ” ဟု ကလေးမြို့နေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ယာဉ်ထိန်းရဲများ၏ ပြောကြားချက်အရ ဧပြီ ၁ ရက်နေ့မှစတင်ကာ အဆိုပါ စုံ/မ စနစ်ကို စတင်စစ်ဆေးမည်ဖြစ်ပြီး ဆိုင်ကယ်လိုင်စင်မရှိသူများကိုလည်း တင်းကျပ်စွာ ဖမ်းဆီးအရေးယူသွားမည်ဟု သတိပေးခဲ့ကြောင်း ဆိုသည်။ ဘက်ထရီဆိုင်ကယ်များကိုမူ လောင်စာဆီအသုံးမပြုသည့်အတွက် ယခုကန့်သတ်ချက်တွင် အကျုံးမဝင်ဘဲ ပုံမှန်အတိုင်း သွားလာနိုင်ကြောင်း သိရသည်။ စစ်ကော်မရှင်၏ထုတ်ပြန်ချက်အရ လစဉ် “စုံ” ရက်များတွင် စုံနံပါတ် အက္ခရာပါသော ယာဉ်များ၊ “မ” ရက်များ၌ မ နံပါတ်ပါသည့်ယာဉ်များ မောင်းနှင်အသုံးပြုရမည်ဟု ဆိုထားသည်။ ယာဉ်မောင်းနှင်သူများအနေဖြင့် မိမိ ယာဉ်နံပါတ်ပြား နောက်ဆုံးဂဏန်း (ဉပမာ- ၁၃ ယ ဆိုပါက) မဂဏန်း…
(006SV) ကလေး- ကဘော်- ဂန့်ဂေါဒေသရှိ အရွယ်ရောက်ပြီးသူအားလုံးသည် ပြည်သူ့တော်လှန်ရေး ဆောလျင်စွာ အောင်မြင်နိုင်ရေးအတွက် စစ်မှုထမ်းတာဝန်တွင် ပူးပေါင်းပါဝင်ကြရန် CDF – KKG က တိုက်တွန်းသည်။ CDF – KKG ၏ ဒုတိယအကြိမ် အထွေထွေညီလာခံနှင့်ပတ်သက်၍ မတ်လ ၂၉ ရက်က ထုတ်ပြန်ရာတွင် ယင်းသို့ တိုက်တွန်းနှိုးဆော်ခြင်းဖြစ်သည်။ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးအတွက် လက်ရှိ ဆင်နွှဲနေသော ပြည်သူ့တော်လှန်ရေး ဆောလျင်စွာ ပြီးမြောက်အောင်မြင်နိုင်ရေးအလို့ငှာ ကလေး- ကဘော်- ဂန့်ဂေါဒေသရှိ အရွယ်ရောက်ပြီးသူ အားလုံး စစ်မှုထမ်းတာဝန်မှာ ပူးပေါင်းပါဝင်ကြရန် CDF – KKG တိုက်တွန်းသည်။ နွေဦးပြည်သူ့ တော်လှန်ရေး ၅ နှစ်တာအတွင်း CDF – KKG မှ ရဲဘော် ရဲမေ ၉၂ ဦး ကျဆုံးခဲ့ရပြီး ကိုယ်လက်အင်္ဂါ စွန့်လွှတ်သူများအပါအဝင် ထိခိုက်ဒဏ်ရာရ ရဲဘော် စုစုပေါင်း ၂၀၀ ကျော် ရှိသည်ဟု သိရသည်။ “တော်လှန်ရေးအတွက် အသက်နှင့် ခန္ဓာ ပေးလှူခဲ့ကြကုန်သော အာဇာနည်အပေါင်းကို အစဉ်အောက်မေ့လျက် ဂုဏ်ပြုဦးညွတ်အလေးပြုပါကြောင် ဖော်ပြအပ်ပါသည်” ဟု CDF – KKG က ဆိုသည်။ လက်ရှိတွင် စစ်အုပ်စုသည် အတုအယောင်ရွေးကောက်ပွဲမှတဆင့် အမည်ခံအစိုးရတစ်ရပ် ဖွဲ့စည်းပြီး နိုင်ငံတကာနှင့် ပြည်တွင်းမျက်နှာစာတွင် တရားဝင်မှု ရရှိနိုင်ရေးအတွက် မသမာမှု နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းလျက်ရှိကြောင်း၊ စစ်အုပ်စု၏ အာဏာတည်မြဲရေးနှင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်မှ မှန်သမျှကို ဆန့်ကျင်…
(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကြောင်ချောင်းရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ရာ ကလေးငယ် ၄ ဦးအပါအဝင် ဒေသခံပြည်သူ ၇ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦးအပါအဝင် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိကြောင်း ULA/AA နှင့် ပလက်ဝဒေသခံများထံမှ သိရသည်။ မတ်လ ၂၉ ရက် ညနေ ၄ နာရီခန့်က ပလက်ဝမြို့နယ်၊ ကုလားတန်မြစ်အထက်ပိုင်းရှိ ကြောင်ချောင်းရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်၊ ရောကတ်တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသည်။ “လေကြောင်းကနေ မနေ့က ၄ နာရီ ဝန်းကျင်လောက်မှာ ဂျက်ဖိုက်တာ ၂ စီးလာပြီး ဗုံးကြဲသွားတာပါ။ အရင်တုန်းက အဲဒီဘက်မှာ ဗုံးကြဲတာမျိုး မရှိခဲ့ဘူး။ အရင်တုန်းကတော့ ပလက်ဝမှာ ကြဲတာမျိုး ရှိတယ်။ ဆမီးဘက်မှာ ကြဲတာ ရှိတယ်ပေါ့နော်။ အခုက ပလက်ဝရဲ့ အထက်ပိုင်း၊ ကုလားတန်းမြစ်ရဲ့ အထက်ပိုင်းမှာ အဲဒီရွာက ရှိတာပေါ့နော်။ အကြောင်းမဲ့ ဗုံးကြဲသွားတဲ့ ပုံစံပါပဲ”ဟု ပလက်ဝမြို့နယ်ဒေသခံတစ်ဦးက ပြောသည်။ မည်သည့် ထိတွေ့တိုက်ပွဲမှ ဖြစ်ပွားခြင်း မရှိဘဲ ကြောင်ချောင်းရွာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ သည်ဟုလည်း ULA/ AA က ယနေ့ မတ်လ ၃၀ ရက်မှာ ထုတ်ပြန်သည်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အသက် ၈ နှစ်အရွယ် မောင်စိုးပိုင်လင်း၊…
(004SS) အိန္ဒိယနိုင်ငံ၊ မီဇိုရမ်တက္ကသိုလ် (MZU) နှင့် ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affairs – ICA) တို့ ပူးပေါင်းဖွင့်လှစ် သည့် မြန်မာဘာသာစကားနှင့် ဆက်သွယ်ရေးကျွမ်းကျင်မှု ဒီပလိုမာသင်တန်း (Diploma in Burmese Language and Communication Skills) ၏ တတိယအသုတ်ကို လာမည့် ဧပြီလအတွင်း စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် သင်တန်းသားသစ်များအတွက် ဝင်ခွင့် (Admission) လက်ခံနေပြီဖြစ်ကာ သင်တန်းစတင်မည့် ရက်အတိအကျ ကိုမူ မကြာမီ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းသည် မြန်မာလူမျိုးများအတွက် မဟုတ်ဘဲ မြန်မာစကားကို လေ့လာလိုသည့် နိုင်ငံခြားသားများအတွက် သီးသန့်ရည်ရွယ်၍ ပြင်ဆင်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။ ICA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဗန်ဆွီးစံက “MZU ကတော့ ဧပြီလအတွင်းမှာ စမယ်လို့ပြောတယ်။ ရက်အတိအကျတော့ မသိရသေးဘူး။ အခု admission လက်ခံနေတယ်။ လောလောဆယ်တော့ လျှောက်ထားတဲ့သူ ၆ ယောက်လောက်ထိရှိ တယ်။ သူတို့က ဒီအိန္ဒိယ မီဇိုရမ်အစိုးရမှာ တာဝန်ထမ်းဆောင်နေတဲ့ အကြီးပိုင်းတွေဖြစ်ကြတယ်” ဟု ပြောသည်။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ကီလိုမီတာ ၁,၆၀၀ ခန့် ထိစပ်နေသည့် နယ်စပ်ဒေသများရှိခြင်းကြောင့် အစိုးရ အချင်း ချင်း ဆက်သွယ်မှုများနှင့် သတင်းအချက်အလက် (Intelligence) ပိုင်းဆိုင်ရာ လုပ်ငန်းများတွင် မြန်မာဘာသာစကား ကျွမ်းကျင်မှုသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ “အခုလို နိုင်ငံခြားမှာ မြန်မာဘာသာစကားကို Diploma course အနေနဲ့…
(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မိသားစုကိစ္စဖြင့် သွားလာနေသည့် လူငယ် ၃ ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးကာ လူမဆန်စွာ ရိုက်နှက်သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ ပြင်းထန်စွာ ရှုတ်ချကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF-Hakha) က ယနေ့ မတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့တွင် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်နေ လူငယ် ၃ ဦးသည် လေသေနတ် (Air Gun) တွင် အသုံး ပြုသည့် မှန်ပြောင်း(Scope) တစ်ခုနှင့်အတူ မိသားစုကိစ္စဖြင့် မြို့ပြင်သို့ ထွက်ခွာလာစဉ် GTI ကျောင်းအောက်ဘက်ရှိ စစ်တပ်ခန့် လွှတ်တော်ဥက္ကဌသစ် ဦးကောလ်လျန်ထန်း၏ နေအိမ်အနီး၌ ဖမ်းဆီးခံခဲ့ကြရကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ CDF-Hakha တာဝန်ရှိသူတစ်ဦးက “ သူတို့က နှီလ်လောန်းရွာဘက်သွားမယ်၊ ငှက်လဲပစ် မယ် ဆိုပြီးတော့ Air gun မှာသုံးတဲ့ Scope တစ်ခုပါတယ်။ စစ်တပ်ဘက်က စစ်ဆေးတဲ့အခါ အိတ်ထဲကနေ Scope ကို တွေ့ သွားလို့ သတ်ပစ်တာဖြစ်မယ်လို့ ယူဆရတယ်။ ဦးကောလ်လျန်ထန်းအိမ်နားကနေ ဖမ်းတာဆိုတော့ အဲဒီမှာ လုံခြုံရေး တာဝန်ကျတဲ့သူတွေ ဖမ်းတာပဲဖြစ်ဖို့များပါတယ်” ဟု ပြောသည်။ ဖမ်းဆီးခံရသည့် လူငယ်များကို စစ်ကော်မရှင်တပ်က တရားဥပဒေနှင့်အညီ စစ်ဆေးမေးမြန်းခြင်းမျှ မပြုလုပ်ဘဲ ရိုက်နှက် သတ်ဖြတ်ခဲ့သည့်အပြင် လက်ရှိအချိန်ထိ ရုပ်အလောင်းများကို မိသားစုထံ ပြန်လည်ပေးအပ်ခြင်း မရှိသေးကြောင်း သိရသည်။ “အခုထိ အလောင်းပြန်မရသေးဘူး။ ဟားခါးက…
(006SV) မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မန်းချောင်း ကြောင်နွားသိုးဆည်အနီးတွင် ယာယီတပ်စွဲထားသော စစ်ကော်မရှင်တပ်ကို CDF – အရှိုနှင့် လူ့ဘောင်သစ်တပ်မတော်တို့ ပူးပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံးကြောင်း သိရသည်။ မတ်လ ၂၅ ရက် သန်းခေါင်ယံ ၁၂ နာရီခန့်က မန်းချောင်းဆည် (ကြောင်နွားသိုး) ရေပိုလွှဲ အရှေ့ဘက် မီတာ ၉၀၀ ကျော်အတွင်း ယာယီတပ်စွဲထားသော စစ်ကော်မရှင်တပ်ကို ချင်းကာကွယ်ရေးတပ် – အရှို နှင့် လူ့ဘောင်သစ် တပ်မတော် (NSA) တို့ ပူးပေါင်း၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု CDF – အရှို့က မတ်လ ၂၆ ရက်က ထုတ်ပြန်သည်။ ငဖဲမြို့အနောက်ဘက် တောရကျောင်းတွင် တပ်စွဲထားသော အင်အား ၅၀ ကျော်ပါသော စစ်ကော်မရှင် စစ်ကြောင်းသည် ငဖဲမြို့နယ်၊ မန်းချောင်း (ကြောင်နွားသိုး) ဆည်သို့ စစ်ကြောင်းထိုးလာပြီး ယာယီတပ်စွဲစဉ် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။ တိုက်ပွဲတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း စုံစမ်းသိရရှိရသည်ဟု CDF – အရှိုက ထုတ်ပြန်သည်။ မတ်လအတွင်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် CDF – အရှိုမှ ရဲဘော် ၃ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားနေသော ဒေသများ ပါဝင်နေသည့် မကွေးတိုင်းအနောက်ခြမ်း၊ နတ်ရေကန် ဗျူဟာနှင့် အမ်း- ပဒါန်းက စစ်မြေပြင်မှာ…
(006SV) စစ်အာဏာသိမ်း ၅ နှစ်ကျော်ရှိလာချိန်မှာ ချင်းပြည်နယ်တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းဗုံးကြဲမှုအပါအဝင် နည်းအမျိုးမျိုးဖြင့် သတ်ဖြတ်မှုကြောင့် ကလေးငယ် ၁၀၀ ကျော် သေဆုံးရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ယနေ့မှာ ကြေညာသည်။ ၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၆ မတ်လအထိ စစ်ကော်မရှင်တပ်သည် ချင်းပြည်နယ်တွင် နို့စို့အရွယ်ကလေးငယ်မှ အသက် ၁၈ နှစ်အတွင်းရှိ ကလေးငယ် ၁၀၆ ဦးကို သတ်ဖြတ်မှု ကျူးလွန်ခဲ့ပြီး ၎င်းတို့ထဲက ထက်ဝက်နီးပါးဖြစ်သော ၅၃ ဦးသည် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသည်ဟု မတ်လ ၂၇ ရက်မှာ CHRO က ထုတ်ပြန်သည်။ ချင်းကလေးငယ် ၃၈ ဦးသည် စစ်ကော်မရှင်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုနှင့် ပေါက်ကွဲစေတတ်သော ဗုံးများကြောင့် သေဆုံးရပြီး ကလေးငယ် ၁၅ ဦးသည် စစ်ကော်မရှင်တပ်ဖွဲ့၏ ပစ်ခတ်မှုနှင့် သတ်ဖြတ်မှုကြောင့် သေဆုံးရသည်ဟု သိရသည်။ လက်ရှိတွင် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်တွင် စစ်ကော်မရှင်တပ်ဖွဲ့များနှင့် ချင်းပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေရာ လေးလကျော်ကြာတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သည် ဖလမ်းမြို့နှင့် ကျေးရွာတချို့ကိုလည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
