(006SV) စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ကြမည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီထိပ်ပိုင်းခေါင်းဆောင် ၄ ဦးသည် CNLD ပါတီဝင်အဖြစ်မှ ရပ်စဲခံထားရသူနှင့် နှုတ်ထွက်ထားသူများဖြစ်ပြီး ပါတီနှင့် သက်ဆိုင်မှုမရှိတော့ကြောင်း ယင်းပါတီက ယနေ့မှာ ကြေညာသည်။ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အမျိုးသားတန်တူးရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးတွင် ပြည်သူလူထု၏ ဆန္ဒနှင့်အညိ ရပ်တည်လျက် တစိုက်မတ်မတ် ဆောင်ရွက်နေသည့် ပါတီဖြစ်သည်ဟု ယနေ့ အောက်တိုဘာလ ၃၀ ရက်မှာ ထုတ်ပြန်သည်။ Pu No Than Kap၊ Pu Zozam (ခေါ်) Zam Cin Pau၊ Salai Nhagepi (ခေါ် ) Thian Uk Thang နှင့် Pu Van Hmun Lian တို့သည် CNLD ပါတီနှင့် သက်ဆိုင်ခြင်း မရှိတော့ကြောင်း ပြည်သူလူထုကို အသိပေးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ Pu No Than Kap နှင့် Pu Zozam တို့သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက ကျင်းပပြုလုပ်သည့် ပါတီညီလာခံတွင် ဒီမိုကရေ စီနည်းလမ်းဖြင့် ရွေးကောက်ဖွဲ့စည်းသည် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် ပါဝင်ခြင်း မရှိတော့ကြောင်း CNLD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Pu No Than Kap သည် ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်တွင် CNLD ပါတီဝင်အဖြစ်မှ နှုတ်ထွက်စာ…
Author: Editor
(002MG) စစ်ကိုင်းတိုင်း တမူးမြို့နယ်အတွင်း စစ်ဘေးတိမ်းရှောင်နေကြသည့် လူဦးရေ (၅၀၀) ကျော်ထံ စားနပ်ရိက္ခာအပါအဝင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် လိုအပ်သည့် အသုံး အဆောင်ပစ္စည်းများကို ကူကီးအမျိုးသမီးများ ဆိုင်ရာ လူ့အခွင့်အရေးအစည်းရုံး မှ ကူညီထောက်ပံ့ခဲ့သည်ဟု သိရသည်။အောက်တိုဘာလ ၁၀ ရက်နေ့မှ ၂၃ ရက်နေ့အတွင်း တမူးမြို့နယ် ကူကီး ဒေသက ကျေးရွာ (၈)ရွာတွင် နေထိုင် ကြသော ပြည်သူများအား အခြေခံစား နပ်ရိက္ခာများဖြစ်သည့် ဆန်၊ ဆီ၊ ပဲ၊ အားလူး များအား ထောက်ပံ့ ပေးသည့်အပြင် ကိုယ်ဝန် ဆောင်အမျိုးသမီးများ မီးဖွား ရာတွင်လိုအပ်သည့် အသုံးအဆောင်(Kits) ပစ္စည်း များအား အဓိကထား ထောက်ပံ့ပေးခဲ့ ခြင်းဖြစ် ကြောင်း သိရသည်။ “အခုလက်ရှိကတော့ စစ်ရှောင်တဲ့ကာလကြာလာပြီဆိုတော့ စားဝတ်နေရေးခက်ခဲမူ၊ ကျန်းမာရေး စောင့်ရှောက်ခံယူခွင့် ခက်ခဲမူ၊ စစ်ရှောင်နေရတဲ့ ကျေးရွာတွေရဲ့ နေရပ်အတင်းအကျပ် ပြန်စေမူတို့ ကြုံတွေ့နေရတယ်၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေက (၃၀၀) ဝန်းကျင်ဆိုတော့ အဓိက လိုအပ် ချက်ကတော့ ကာကွယ်ဆေး အကြိမ်ပြည့်ရေး ထိုးနှံနိုင်ရန်အတွက် လိုအပ်ချက်အဓိကဖြစ်တယ်” ဟု ကူကီး အမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းရုံးမှာ တာဝန်ရှိသူက ပြောသည်။ အဆိုပါ စစ်ဘေးတိမ်းရှောင်များသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလက တမူးခရိုင်၊ မြို့သစ်မြို့နယ် မြို့သိမ်းတိုက်ပွဲဖော်ဆောင်ချိန်တွင် စစ်ဘေးတိမ်းရှောင်ခဲ့သူများဖြစ် ပြီး စစ်ရှောင်ကာလ ကြာမြင့် လာသောကြောင့် စားနပ်ရိက္ခာများ လိုအပ်မှုကြုံတွေ့နေကြရသည်ဟု ကူကီးအမျိုးသမီးများ ဆိုင်ရာလူ့အခွင့်အရေးမှ တာဝန်ရှိသူက ပြောသည်။ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးသည် သက္ကရာဇ်…
(006SV) မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်အနီးရှိ နတ်ရေကန်တောင်ခြေ ကာကင်းစခန်းကို ထိုးစစ်ဆင်တိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ် – အရှိုက ရဲဘော်တစ်ဦး ကျဆုံးသွားသည်ဟု သိရသည်။ အောက်တိုဘာလ ၂၈ ရက်က နတ်ရေကန်တောင်ခြေ ကာကင်းစခန်းကို ထိုးစစ်ဆင်စဉ် ရှေ့တန်းတစ်နေရာတိုက်ပွဲတွင် CDF – အရှို ရဲဘော် ဆလိုင်းအာရှယ်ပါသည် ကျဆုံးရခြင်းဖြစ်သည်ဟု CDF – အရှိုမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။ “နတ်ရေကန်အနီး နတ်ရေကန်တောင်ခြေ ကာကင်းစခန်း ထိုးစစ်ဆင် တိုက်ပွဲမှာ ကျတာပါ” ဟု ဆလိုင်းရိုးချင်းက ပြောသည်။ ရဲဘော် ဆလိုင်းအာရှယ်ပါသည် တော်လှန်ရေး ရဲဘော်ကောင်း တစ်ဦးဖြစ်သောကြောင့် ယခုလို ဆုံးရှုံးမှုသည် အစားထိုးမရသော ဆုံးရှုံးမှု ဖြစ်သကဲ့သို့ ပေးအပ်လာသော အမိန့်နှင့် တာဝန်ကို အသက်နှင့် ခန္ဓာစွန့်၍ တာဝန်ထမ်းဆောင်ခဲ့သောကြောင့် ချင်းကာကွယ်ရေးတပ် – အရှိုက များစွာ ဂုဏ်ယူမိပါသည်ဟု ထုတ်ပြန်သည်။ ဆက်လက်ပြီး အပြီးပြတ်သေးသော တော်လှန်ရေးတာဝန်များကို CDF – အရှိုက ဆက်လက်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း ကျဆုံးရဲဘော်၏ ဝိညဉ်ရှေ့မှောက်တွင် ကတိစ္စာပြုသည်ဟု ထုတ်ပြန်ထားသည်။ နတ်ရေကန်ဗျူဟာကုန်းရှိ စစ်ကော်မရှင်တပ်များ၏ အနည်းငယ် ကျန်ရှိနေရာတချို့ကို အာရက္ခတပ်တော် ULA/ AA နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေသကဲ့သို့ ကစဉ့်ကလျား ထွက်ပြေးနေသော စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့နှင့် တော်လှန်ရေးတပ်တို့သည် နေရာတချို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု အောက်တိုဘာလ ၁၇ ရက်မှာ ULA/ AA က ထုတ်ပြန်ထားသည်။…
(004SS) ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့မှာ စစ်ကော်မရှင်က ရဟတ်ယာဉ်ဖြင့် လေးရက်ဆက်တိုက် စစ်အင်အားများ ဖြည့်တင်းခဲ့သည်ဟု PDF- Zoland ထံမှ သိရသည်။ အောက်တိုဘာ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ တီးတိန်မြို့ပေါ်ရှိ ခလရ (၂၆၉) တပ်ရင်းသို့ စစ်ဘက်သုံး ရဟတ်ယာဉ် စုစုပေါင်း ၂၆ ကြိမ်အထိ ဆင်းသက်ခဲ့ပြီး စစ်အင်အားအများအပြားပို့ဆောင်ခဲ့သည်ဟု သိရသည်။ ယမန်နေ့အောက်တိုဘာ ၂၉ တစ်ရက်တည်းတွင်ပင် ရဟတ်ယာဉ် ၉ ကြိမ်အထိ ဆင်းသက်ခဲ့ရာ တပ်သားအင်အား၊ လက်နက်ခဲယမ်းနှင့် စစ်သုံးပစ္စည်းများ ပို့ဆောင်ခဲ့သည်ဟု သိရသည်။ ထို့အပြင် အောက်တိုဘာ ၂၉ ရက်နေ့တွင် တီးတိန်မြို့မှ တီးတိန်-ကလေးလမ်းမပေါ်ရှိ ဆဲဇန် (Sezang) ကျေးရွာဘက်သို့ စစ်မျက်နှာသစ် ဖွင့်လှစ်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်းလည်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဖြစ်သော PDF-Zoland က အတည်ပြုထုတ်ပြန်သည်။ ထို့ကြောင့် ဒေသခံ ပြည်သူများနှင့် ခရီးသွားများအနေဖြင့် လုံခြုံရေးအရ အသက်အန္တရာယ် မကြုံစေရေး သတိရှိစွာ သွားလာကြရန်နှင့် ဖြစ်နိုင်ပါက ခရီးသွားလာခြင်း လုံးဝရှောင်ရှားရန် PDF-Zoland က အလေးအနက် တိုက်တွန်းထားသည်။ လက်ရှိတွင်လည်း တီးတိန်မြို့နယ်၊ စီးယင်ဒေသ၊ သိုင်းငင်းကျေးရွာကို စစ်ကော်မရှင်တပ်က အင်အားရာချီဖြင့် ကလေးနှင့် တီးတိန်ကနေ နှစ်ဖက် ညှပ်ပြီး စစ်ကြောင်းထိုးလာသောကြောင့် မွာလ်ပီးကျေးရွာအနီးတွင် ယမန်နေ့က ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲစတင်ဖြစ်ပွားနေကြောင်း သိရသည်။
(006SV) ချင်းပြည်သူများအနေဖြင့် စစ်ကော်မရှင်က ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲများကို ပူးပေါင်းဆောင်ရွက်မှု မပြုဘဲ အဓမ္မဆန္ဒမဲပေးရန် စေခိုင်းခြင်းအပေါ် ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ရွေးချယ်ခွင့်ကို ကျင့်သုံးပြီး မဲပေးခြင်းမပြုရန် ချင်းပြည်ကောင်စီက ကြေညာသည်။ ချင်းပြည်ကောင်စီသည် အာဏာသိမ်းစစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲအပေါ် ကန့်ကွက်ကြောင်းကို အောက်တိုဘာလ ၂၉ ရက် ထုတ်ပြန်ရာတွင် ထည့်သွင်းအကြံပြုထားခြင်းဖြစ်သည်။ စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲ အစီအစဉ်အားလုံးနှင့် ထွက်ပေါ်လာမည့် ရလဒ်များကို လုံးဝဆန့်ကျင် ကန့်ကွက်ကြောင်း၊ ချင်းပြည်အတွင်းရှိ Non-CDM ဝန်ထမ်းများ ရွေးကောက်ပွဲတွင် ပါဝင်ခြင်းသည် စစ်တပ် အုပ်ချုပ် ရေးကို သက်ဆိုးရှည်စေမည့် အထောက်အကူပေးမှုဖြစ်ကြောင်းကို သိရှိနားလည်ထားရန် ထပ်မံ သတိပေး ထုတ်ပြန် သည်၊၊ ချင်းပြည်နယ်တွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲများအပေါ် အတင်းအဓမ္မ ဆန္ဒမဲပေးရန် စေခိုင်းခြင်းအပေါ် ချင်းလူထု အနေဖြင့် မိမိ၏ ကိုယ်ပိုင် လွတ်လပ်ခွင့်နှင့် ရွေးချယ်ခွင့်ကို ကျင့်သုံးကာ ဆန္ဒမဲပေးခြင်း မပြုရန်၊ ပူးပေါင်းဆောင်ရွက် ခြင်း မပြုရန် ချင်းပြည်ကောင်စီက တိုက်တွန်းနှိုးဆော်သည်။ စစ်ကော်မရှင်၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲသည် စစ်တပ်အုပ်ချုပ်ရေးနှင့် စစ်အာဏာရှင်စနစ် ဆက်လက်တည်တံ့ရေးကိုသာ ဦးတည်နေ၍ နိုင်ငံရေး ပဋိပက္ခကို ပိုကြန့်ကြာစေမည်ဟု ချင်းပြည်ကောင်စီက ဆိုသည်။ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် စစ်တပ်ဦးဆောင်ကျင်းပသည့် ရွေးကောက်ပွဲကို အသိအမှတ် မပြုရန်နှင့် မည်သည့် ပံ့ပိုးမှုမျှ မပြုလုပ်ရန်လည်း ချင်းလန်းကောင်စီက တောင်းဆိုသည်။ စစ်ကော်မရှင်သည် နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများကို လိမ်လည်လှည့်ဖြားကာ ရွေးကောက်ပွဲ…
(006SV) စစ်ကော်မရှင်က လာမည့်နှစ် ဇန်နဝါရီလထဲမှာ ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၂ တွင် ချင်းပြည်နယ်ရှိ မြို့များတွင် ကျင်းပနိုင်မည်မဟုတ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၂၈ ရက်မှာ ကြေညာသည်။ ယခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် နိုင်ငံတဝန်းက မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပပြီးနောက် ၂ ပတ်အကြာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်တွင် ရွေးကောက်ပွဲ အပိုင်း ၂ ကို ကချင်၊ ကယား၊ ကရင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူးနှင့် မကွေးက မြို့နယ် ၁၀၀ တွင် ကျင်းပမည်ဟု ကြေညာသော်လည်း ချင်းနှင့် ရခိုင်က မြို့နယ်များ ပါဝင်လာခြင်း မရှိပေ။ “ထန်တလန်၊ တွန်းဇံ၊ ဖလမ်းက သူတို့ အပိုင်း ၂ လုပ်မယ့် ဇန်နဝါရီလ ၁၁ အထိ အသင့်မဖြစ်သေးဘူးလို့ ယူဆတဲ့အတွက် နောက်ဆုံးတတိယအသုတ်မှာ ထည့်မယ်လို့ တွက်ချက်ရပါတယ်၊၊ စစ်တပ်ကော်မရှင်က အဲဒီမြို့တွေကို အပိုင်း ၂ မှာ လုပ်မယ် လို့လည်း မကြေညာဘူး။ လုပ်လို့ မရဘူးဆိုတဲ့ မြို့နယ်တွေထဲကနေ ချန်ထားခဲ့တာပေါ့နော်။ သူက ရွေးကောက်ပွဲကို ၃ ပိုင်းလုပ်မှာ ဆိုတဲ့အတွက် နောက်ဆုံးအသုတ်မှာ လုပ်မယ့် အနေအထားပါဗျ” ဟု စစ်ရေးလေ့လာသုံးသပ် ဗိုလ်ကြီးဇင်ယော်က ပြောသည်။ စစ်တပ်က မြို့ပေါ်သာ ထိန်းချုပ်ထားနိုင်သည့် ဟားခါး၊…
(006SV) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စီးယင်ဒေသ၊ သိုင်းငင်းကျေးရွာကို စစ်ကော် မရှင်တပ်က အင်အားရာချီဖြင့် နှစ်ဖက်ညှပ်ပြီး စစ်ကြောင်းထိုးလာသောကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။ ကလေး-တီးတန် လမ်းမပေါ်မှာ တည်ရှိသည့် သိုင်းငင်းသို့ မွှာလ်ပီးဘက်မှ အင်အား ၂၀၀ ဝန်းကျင်နှင့် တီးတိန်မှ သိုင်းငယ်သို့ အင်အား ၂၀၀ ဝန်းကျင်တို့ဖြင့် စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး မွှာလ်ပီးဘက်တွင် ယနေ့ အောက်တိုဘာလ ၂၉ ရက် နေ့လည် ၂ နာရီခွဲမှစတင်၍ တိုက်ပွဲဖြစ်ပွားနေသည်ဟု CDF CDM – စီးယင်မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “အခု က စစ်ကြောင်း နှစ်ကြောင်းနဲ့ သိုင်းငင်းကို ထိုးလာပါတယ်။ စစ်ကြောင်း ၁ ခုက မွာလ်ပီး မှသိုင်းငင်း၊ နောက်စစ်ကြောင်း တစ်ခုက တီးတိန် မှ သိုင်းငင်းပါ၊ မွာလ်ပီးဘက်မှ ထိတွေ့မှုတော့ ၂:၃၀ ဝန်းကျင်ကနေ စဖြစ်နေပါပြီ” ဟု CDF CDM – စီးယင်မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ယနေ့မှာ စစ်ကော်မရှင်တပ်က စစ်ကြောင်းမထိုးမီ ယမန်နေ့ အောက်တိုဘာလ ၂၈ ရက် ည ၁၁ နာရီခွဲခန့်တွင် သိုင်းငင်းကို ပေါင် ၅၀၀ ဗုံး၊ ၂ လုံးဖြင့် လေကြောင်းတိုက်ခိုက်ရာ ဒေသခံအမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အအုံတချို့ ပျက်စီးမှု ရှိသည်ဟု သိရသည်။ “နှစ်လုံးချတယ်၊၊ အရပ်သားပြည်သူ အမျိုးသမီးတဦး…
ကျား၊မ ရေးရာ တန်းတူညီမျှမှုဆိုတာ ဘာလဲ? • ကျား၊မ ရေးရာ တန်းတူညီမျှမှုဆိုတာ အမျိုးသမီးရော အမျိုးသားများပါ မိမိ ရပိုင်ခွင့်နဲ့ အခွင့်အရေးကို တန်းတူညီမျှ ရရှိခြင်းဖြစ်တယ်။ • ကျား-မ တန်းတူညီမျှရေးဟာ လူသားတိုင်းရဲ့ အခွင့်အရေးပါ။ အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ခွဲခြားဆက်ဆံမှုများအားလုံး အဆုံးသတ်ခြင်းသည် အခြေခံလူ့အခွင့်အရေးတစ်ခုတင်မကပါ၊ ဤကဲ့သို့ပြုလုပ်ခြင်းသည် ရေရှည်တည်တံ့သော အနာဂတ်အတွက် လွန်စွာအရေးကြီးပါသည်။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဏများတွင် အထောက်အကူပြုကြောင်း သက်သေပြခဲ့ပါသည်။ ကျား၊မ တန်းတူညီမျှမှုက ဖွံ့ဖြိုးတိုးတတ်မှုကို အားပေးပါတယ်။ • ကျား-မ တန်းတူညီမျှရေးက ဖွံ့ဖြိုး တိုုးတတ်ရေးကို အားပေးပြီး ဆင်းရဲမွဲတေမှုကို ကျဆင်းစေပါတယ်။ • အမျိုးသမီးနှင့် မိန်းကလေးငယ်များ ပညာရေးကို တန်းတူညီမျှရရှိပါက လူမှုအဖွဲ့အစည်းတစ်ခုလုံး အကျိုးဖြစ်ထွန်းနိုင်မယ်။ • အမျိုးသမီး အများအပြား လုပ်ငန်းခွင် ဝင်ရောက်နိုင်ပါက မြန်မာ့စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုုးတက်လာပါမယ်။ • အမျိုးသမီးများ ကောင်းမွန်တဲ့ အလုပ်အကိုင်နှင့် ဦးဆောင်ဦးရွက်ပြုရတဲ့ ရာထူးတွေကို ပိုမိုလက်လှမ်းမှီဖို့ လိုအပ်ပါတယ်။ ကျား၊မ တန်းတူညီမျှမှုက လူတိုင်းကို အကျိုးပြုတယ်… • ကျား၊မ တန်းတူညီမျှမှုက အမျိုးသမီးနဲ့ အမျိုးသား၊ မိန်းကလေးနဲ့ ယောကျာ်းလေး အားလုံးကို အကျိုးကျေးဇူးဖြစ်ထွန်းစေပါတယ်။ • အပေး၊ အယူ တန်းတူညီမျှမှုရှိတဲ့ စုံတွဲတွေက ပိုမို ပျော်ရွှင်ကြတယ်။ ပိုမို ကျေနပ်မှုရှိကြပါတယ်။ • အမျိုးသမီးတွေ အလုပ် နဲ့ မိသားစု အကြား ရွေးချယ်နေရတာမျိုး…
Khonumthung Radio Program (2025-10-28) ဒီနေ့တင်ဆက်ပေးမဲ့ သတင်းတွေကတော့ • လေကြောင်းတိုက်ခိုက်မှုများကြောင့် ကန်ပက်လက်မှာ ပွဲအခမ်းအနား ကျင်းပခြင်း မလုပ်ရန် ကြေညာ • စစ်ကော်မရှင်တပ်များ အင်အားဖြည့် စစ်ကြောင်းထိုးလာ၍ ကလေး-တီးတိန်ကြား ဆိုင်ကယ်လမ်းများ ခေတ္တပိတ် • ဂန့်ဂေါမြို့ပေါ်၌ စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း အသံတိတ် ဆန္ဒပြမှု ပြုလုပ် စတဲ့သတင်းတွေကို တင်ဆက်ပါမယ်။
(006SV) ကလေးမြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကို အခြေပြု၍ စစ်ရေးလှုပ်ရှားနေသော စစ်ကော်မရှင်တပ်သည် ရွေကောက်ပွဲ ဒုတိယပိုင်းအဖြစ် ကျင်းပမည့် ထန်တလန်၊ ဖလမ်းနှင့် တွန်းဇန်မြို့တို့ကို ဦးတည်ကာ ချင်းပြည်ဘက်ကို ထိုးစစ်ဆင်ရန် လုပ်ဆောင်လာနေသည်ဟု သိရသည်။ လက်ရှိတွင် စစ်ကော်မရှင်တပ်များသည် ကလေးမြို့ တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် အင်အားအများအပြားဖြင့် စစ်ဆင်ရေးများ လုပ်ဆောင်လျက်ရှိရာမှ ချင်းပြည်နယ်ကို ဦးတည်ကာ စစ်ရေးပြင်ဆင်မှု လုပ်ဆောင်လာနေသည်ဟု ချင်းအင်အားစုများနှင့် စစ်ရေးလေ့လာသုံးသပ်သူများက ပြောသည်။ “အဓိကက ချင်းပြည်ထဲကို ပြန်ပြီးတော့ တိုက်ခိုက်နိုင်ဖို့၊ ပြီးရင် ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ မြို့ ၃ မြို့လည်း ရှိတယ်၊ ထန်တလန်အပါအဝင်ပေါ့နော်။ အဲဒါတွေကို သူတို့ ပြန်ပြီးတော့ တိုက်စစ်ဆင်မယ့် အနေအထားရှိတယ်။ အဲဒီ ၃ မြို့နယ်က စစ်ရေးအရ အတော်လေး အလေးထားရမယ်။ ချင်းပြည်နယ်ကို ကလေးဘက်က တစ်ကြောင်း၊ မကွေးတိုင်း ထီးလင်းနဲ့ ဂန့်ဂေါဘက်ကနေလည်း ပြန်ကိုင်ဖို့တွေ ရှိနေတယ်။ အဓိကက အဲဒီရွေးကောက်ပွဲ ၃ မြို့နယ်ကို အဓိကထားပြီး စစ်ကြောင်းထိုးမယ့် အနေအထားလို့ သုံးသပ်ရပါတယ်” ဟု စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။ ကလေးမြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကို တပ်မ ၉၉ နှင့် တပ်မ ၃၃ ၏ နောက်ချန်အင်အားများကို ဖြည့်တင်းထားပြီး ကလေး – တမူးလမ်းပိုင်းကို တဝက်၊ ကလေးတောင်ပိုင်း နှင့် ချင်းပြည်နယ်ဘက်ကို စစ်အင်အားတဝက်လွှတ်ကာ စစ်ကြောင်းထိုးနေသည်ဟု သိရသည်။ ကလေးမြို့နှင့်…
