Author: Editor

(004SS) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသည့် PDF Zoland တပ်ဖွဲ့က စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင် ထားသူများအနက် ကင်းလွတ်ခွင့်နှင့် ကိုက်ညီသည့် လူငယ် အယောက် ၂၀ ကို နေရပ်အသီးသီးသို့ ပြန်လွှတ်ပေးလိုက်သည် ဟု ZFU/PDF Zoland က ယမန်နေ့ မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည်။ မတ်လ ၃၁ ရက်နေ့က အဖွဲ့အစည်းမှ သတ်မှတ်ထားသော ကင်းလွတ်ခွင့်ဆိုင်ရာ မူဝါဒ ၄ ချက်နှင့် ကိုက်ညီသူ လူငယ် ၁၄ ဦးကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ပြန်လည်လွှတ်ပေးခဲ့သူ စုစုပေါင်း အယောက် ၂၀ ရှိပြီဟု PDF Zoland တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။ “ အဓိကတော့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ ညှိတဲ့လူတွေကို ကင်းလွှတ်ခွင်းပေးထားတယ်။ အတတ်နိုင် ဆုံးပေါ့နော်။ တစ်ချို့ဟာတွေကတော့ အသက်မပြည့်တော့ မပြည့်ဘူးပေါ့နော် ဒါပေမဲ့ သူတို့မှာ ဆန္ဒရှိတယ် အဲလိုဟာတွေ ကျတော့ ဒီတိုင်းထားပါတယ်။ ကျွန်တော်တို့သတ်မှတ်ထားသလို မိသားစုထဲမှာ တစ်ဦးတည်းဖြစ်တဲ့သူတွေ အသက်မပြည့် တဲ့သူတွေကိုတော့ လွှတ်တယ်။ အယောက် ၂၀ ဟုတ်ပါတယ်။” ဟု PDF-Zoland မှ တာဝန်ရှိသူက ပြောသည်။ PDF Zoland ၏ ထုတ်ပြန်ချက်အရ စစ်မှုထမ်း ကင်းလွှတ်ခွင့် မူဝါဒ ၄ ချက်တွင် အသက်မပြည့်သေးသူများနှင့် ပညာသင် ကြားဆဲ ကျောင်းသားများ၊ မိသားစုအတွင်း တော်လှန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသူ ရှိနှင့်ပြီးသူများ၊ စိတ်ပိုင်းဆိုင်ရာနှင့်…

Read More

(004SS) ချင်းလဲန်းကောင်စီ နှင့် မီဇိုရမ်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော ZORO နှင့် MZP တို့တွေ့ဆုံကာ ချင်းအမျိုးသားစည်း လုံးညီညွတ်ရေး၊ စစ်ဘေး‌ရှောင်အရေးများ ဆွေးးနွေးခဲ့ကြသည်ဟု သိရသည်။ ချင်းပြည်ကောင်စီ ဒုတိယဥက္ကဌ (၁) ဆလိုင်းမင်းညိုနှင့် ချင်းပြည်(Chinland) အစိုးရ ဝန်ကြီးချုပ် ဆလိုင်း မျိုးထိုက်တို့သည် Zo Re-unification Organization (ZORO) နှင့် Mizo Zirlai Pawl (MZP) တို့အား မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် သီးခြားစီတွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ မတ်လ (၃၁) ရက်နေ့တွင် ZORO အဖွဲ့နှင့်တွေ့ဆုံကာ စစ်ဘေးရှောင်ပြည်သူများအား ဘေးကင်းလုံခြုံစွာ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ချင်းအမျိုးသားများအကြား စည်းလုံးညီညွတ်မှု ခိုင်မာစေရန်နှင့် အမျိုးသားပြန်လည်ပေါင်းစည်းရေး (Re-unification) လုပ်ငန်းစဉ်များတွင် နှစ်ဖက်ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းသွားမည့် အခြေအနေများကို အလေးပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ မတ်လ ၃၀ ရက်နေ့ကလည်း မီဇိုးကျောင်းသားသမဂ္ဂ MZP ဥက္ကဌနှင့် အဖွဲ့ဝင်များကို တွေ့ဆုံခဲ့ပြီး မီဇိုရမ်ပြည်သို့ ခိုလှုံနေရသည့် စစ်ဘေးရှောင်များအတွက် အထောက်အပံ့များ ရရှိရေး၊ အထူးသဖြင့် စစ်ဘေးရှောင် ကျောင်း သား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်အဆင့် မြင့်ပညာရပ်များကို ဆက်လက်သင်ကြားခွင့်ရရှိရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု ချင်းပြည် (Chinland) အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

Read More

ပိုကျယ်ပြန်သည့် နိုင်ငံရေးကိုယ်စားပြုမှုဖြစ်အောင် မဟာမိတ် အင်အားစုများနှင့် ဆက်လက်ပူးပေါင်းညှိနှိုင်းမည်ဟုဆို (006SV) တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများဖြစ်ကြသော CNF ၊ KIO၊ KNU ၊ Karenni နှင့် CRPH၊ NUG တို့သည် နိုင်ငံရေး အခင်းအကျင်း အသစ်တစ်ခုကို စုစည်းညီညွတ်စွာ စတင်နိုင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်ရေး ဦးဆောင်ကောင်စီ (SCEF) ကို ပူးပေါင်းဖွဲ့စည်းလိုက်ပြီးဟု မတ်လ ၃၀ ရက်က ကြေညာသည်။ SCEF ကို ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ EROs ကိုယ်စားပြုမဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြု မဏ္ဍိုင်နှင့် အမျိုးသမီးကိုယ်စားပြု/ ကိုယ်စား လှယ်များ မဏ္ဍိုင်တို့ကို အခြေခံပြီး ပူးပေါင်းဖွဲ့စည်းသည်ဟု သိရသည်။ “ဒီလို SCEF ဖွဲ့စည်းခြင်းဟာ လွတ်လပ်ရေးနဲ့အတူ ထွက်ပေါ်လာတဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကနေ ဒီကနေ့အထိ ဖြစ်ပွားနေတဲ့ အာဏာရှင်စနစ် တိုက်ဖျက်ရေး တိုက်ပွဲစဉ် ကာလများထဲက အဓိပ္ပါယ်အရှိဆုံးနဲ့ အချိန်အခါရဲ့ လိုအပ်ချက်အရ ထွက်ပေါ်လာတဲ့ ဖွဲ့စည်းမှုတစ်ခုဖြစ်ပါတယ်။ ယခင်က မျဉ်းပြိုင်လို တချိန်လုံး သွားနေတဲ့ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်နဲ့ အကြမ်းမဖက် တော်လှန်ရေး လမ်းစဉ်ဟာ ယခုအခါ တစ်ခုတည်း၊ တစ်ထပ်တည်းအဖြစ် အသွင်းပြောင်းလဲသွားပါပြီ။ မြန်မာနိုင်ငံရေး ပြသနာကို ဖြေရှင်းရာမှာ စစ်အာဏာရှင်များက လက်နက်ကိုင် တိုက်ပွဲကိုပဲ နားလည်ကြတဲ့အတွက် မြန်မာတနိုင်ငံလုံး လက်နက်ကိုင်တိုက်ပွဲကို မဟာဗျူဟာ အဖြစ် ကိုင်စွဲကာ တနိုင်ငံလုံးအနှံ့ တိုက်ပွဲ ဝင်ခဲ့ကြတာဖြစ်ပါတယ်။ ပြည်သူ့အားလုံးပါဝင်တဲ့ ပြည်သူ့လှုပ်ရှားမှဒဟာ အောင်မြင်စမြဲဖြစ်တဲ့အတွက် နွေဦးတော်လှန်ရေးဟာလည်း အောင်မြင်မှုဆီကို အရှိန်အဟုန်နဲ့…

Read More

(004SS) အမေရိကန်အခြေစိုက် မြန်မာသုတေသနဌာန (Burma Research Institute – BRI) မှကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံက ခရစ်ယာန်ဘာသာဝင်များ နှိပ်စက်ညှဉ်းပန်းခံနေရမှုအပါအဝင် အချက် ၃ ချက်ကို တင်ပြတောင်းဆိုခဲ့ကြောင်းသိရသည်။ မြန်မာသုတေသနဌာန(BRI) ကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၂၅ ရက်နေ့က ဝါရှင်တန်ဒီစီမြို့ရှိ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနတွင် ကမ္ဘာလုံးဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အဓိကအကြံပေးပုဂ္ဂိုလ် Mark Walker နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ယင်းတွေ့ဆုံမှုတွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလက ထုတ်ပြန်ခဲ့သည့် ” ခရစ်ယာန်ဘာသာဝင်များအပေါ် ပြင်းထန်သော ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုများ” အစီရင်ခံစာကို တင်ပြဆွေးနွေးခဲ့ကြပြီး BRI အဖွဲ့မှ အဓိကအချက် ၃ ချက်ကို ထရန့်အစိုးရအဖွဲ့ ထံ အထူးတိုက်တွန်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ အဆိုပါအထူးတိုက်တွန်းချက် ၃ ချက်မှာ စစ်ကော်မရှင်မှ ခရစ်ယာန်ဘာသာဝင်များအပေါ် ကျူးလွန်ခဲ့သည့် ရက်စက် ကြမ်းကြုတ်မှုများသည် “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု (Crimes against humanity)” နှင့် “စစ်ရာဇဝတ်မှု (War crimes)” မြောက်ကြောင်း ဆုံးဖြတ်သတ်မှတ်ရန်၊ မြန်မာနိုင်ငံကို အထူးစိုးရိမ်ရသည့် နိုင်ငံ (CPC) အဖြစ် ပြန်လည်သတ်မှတ်ကာ စစ်ကော်မရှင်တပ်၏ ခရစ်ယာန်ဘာသာဝင်များအပေါ် နှိပ်စက်ညှဉ်းပန်းမှုများကို လူသိရှင်ကြား ပြစ်တင်ရှုတ်ချရန်နှင့် နှိပ်စက်မှုများရပ်တန့်ရန်ဖိအားပေးရန်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် နှင့် မတရားဖမ်းဆီးခံထားရသူများ အပါအဝင် ဘာသာရေးနှင့် နိုင်ငံရေးအကျဉ်း သားအားလုံးကို ချက်ချင်းလွှတ်ပေးနိုင်ရေးအတွက် အမေရိကန်အစိုးရအနေဖြင့်…

Read More

(004SS) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ တီးတိန်-ကလေး ကားလမ်းမပေါ်တွင် လမ်းပြုပြင်ရေးအလုပ် လုပ်ကိုင်နေသည့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိကာ ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဖြစ်စဉ်မှာ မတ်လ ၃၀ ရက်နေ့က တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာအနီး လမ်းပြုပြင်ရေးလုပ်ငန်းခွင်တွင် နေ့စားအလုပ်သမား အဖြစ် လုပ်ကိုင်နေစဉ် မတော်တဆ မိုင်းနင်းမိခဲ့ခြင်းဟု သိရသည်။ သေဆုံးသူမှာ အသက် ၂၆ နှစ်အရွယ် Lia Dim Suan Nem (ခ) Di Neam ဖြစ်ပြီး ၎င်းသည် တီးတိန်မြို့နယ်၊ ထေးဇန်ရွာမှ ခိုင်ကမ်းမြို့သို့ စစ်ဘေးရှောင်နေရသူတစ်ဦး ဖြစ်သည်။ “သူက ထေးဇန်ရွာသူပေါ့နော် ကလေးဘက်မှာ စစ်ဘေးရှောင်နေတာ။ စားဝတ်နေရေးအတွက် လမ်းပြုပြင်တဲ့အလုပ်မှာ နေ့စားဝင်လုပ်နေတာလို့ သိရတယ်။သူတို့က အလုပ်လုပ်နေတာက မွှာလ်ပီး နားမှာလို့ ပြောတယ်၊ ကားလမ်းမကြီးနဲ့လည်း တော်တော်နီးတယ် ဆိုပဲ။ အဲ့ဒီမိုင်းက အရင်တုန်းက အဲ့ဒီနားမှာ စစ်သားတွေ ရှိနေတုန်းက သူတို့ထောင်ထားခဲ့တာလို့ ပြောနေကြတာပဲ။” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုပ်ဖော်ကိုင်ဖက်များနှင့် ဒေသခံများက နီးစပ်ရာပြည်သူ့ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင် ကူညီခဲ့ကြသော်လည်း ရရှိထားသော ဒဏ်ရာများမှာ ပြင်းထန်လွန်းသဖြင့် ဆေးရုံသို့ရောက်ရှိချိန်တွင် ကွယ်လွန်သွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မိုင်းနင်းမိ၍ သေဆုံးသွားသူ Lia Dim Suan Nem ၏ ရုပ်အလောင်းကို ယနေ့ မတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် သင်္ဂြိုဟ်ပြီးစီးခဲ့ကြောင်း သိရသည်။ မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားရာ တီးတိန်-ကလေး…

Read More

(004SS) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ခရစ်ယာန်ဘာသာဝင်များ မြေမြုပ်သဂြိုလ်သော ခရစ်ယာန်သုသာန်တွင် သင်္ချိုင်းအုတ်ဂူများ ကျပ်ငွေ ၅ သောင်းစီဈေးတက်သွားသည်ဟု သိရသည်။ ခရစ်ယာန်သုသာန် ကော်မတီသည် ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းနှင့် လုပ်အားခ များ မြင့်တက်လာမှုကြောင့် သုသာန် အသုံးပြုခနှုန်းထားများကိုလည်း လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်ကာ အမျိုးအစား အလိုက် ကျပ် ၅ သောင်းစီ တိုးမြှင့်ကောက်ခံတော့မည်ဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့က ပြုလုပ်သော ခရစ်ယာန်သုသာန်ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ ယခင်နှုန်း ထားများအပေါ် အခြေခံကာ အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်ခဲ့ခြင်းဟု သိရပြီး ကလေးသင်္ချိုင်းအုတ်ဂူ- ၂ သိန်းကျပ်၊ လူကြီးသင်္ချိုင်း- ၂ သိန်းခွဲကျပ်နှင့် အထူးသင်္ချိုင်း (Special)- ၅ သိန်းခွဲကျပ် စသည်ဖြင့် တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။ အဆိုပါ နှုန်းထားများကို ၆ လကြာ စမ်းသပ်ကောက်ခံသွားမည်ဖြစ်ပြီး၊ အခြေအနေပေါ်မူတည်၍ ပြန်လည်သုံးသပ်မည်ဟု လည်း သိရသည်။ ယခုကဲ့သို့ သုသာန်အသုံးပြုခများ တိုးမြှင့်လိုက်ခြင်းသည် ဒေသတွင်း အဘက်ဘက်မှ ကုန်ဈေးနှုန်းကြီးမြင့်နေမှု၏ ရိုက်ခတ်မှုတစ်ခုဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။ ကလေးမြို့ရှိ ချင်းအမျိုးသားဒေသခံတစ်ဦးက “အခု သုသာန်ခက တက်တယ်ဆိုတာ ဟုတ်ပါတယ်။ အရင် ၂ သိန်းတန်ဆို အခု ၂ သိန်းခွဲပေါ့။ ကလေး၊ လူကြီး၊ အထူး အကုန်လုံး ၅ သောင်းစီ တက်သွားတာ။ အခု ကျွန်တော်တို့က ဆီတစ်ဂါလံကို ၅ သောင်းနဲ့ ဝယ်နေရပြီဆိုတော့ သုသာန်တင်မကဘူး၊ ကလေးမြို့မှာ…

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်ဖွဲ့သည် စစ်မှုထမ်းဥပဒေအကြောင်းပြုကာ လမ်းသွားလမ်းလာလူငယ်များကို နေ့စဉ်နေ့တိုင်း ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု ကလေးမြို့ဒေသခံ များ ထံမှသိရသည်။ ပြီးခဲ့သည့် မတ်လ (၂၈) ရက်နေ့က ဗိုလ်ချုပ်လမ်းမကြီး၊ မင်းကြီးဟိုတယ်ရှေ့တွင် လူငယ် အမျိုးသား (၇) ဦး ဖမ်းဆီးခံခဲ့ရကာ ၎င်းတို့ထဲတွင် လသားအရွယ်ရှိသည့် ကလေးဖခင်တစ်ဦးနှင့် လူငယ် အမျိုးသားတစ်ဦးသာ ကျပ်ငွေ သိန်း (၄၀) နီးပါးဖြင့် ပြန်လည်ရွေးယူကာ လွတ်မြောက်လာခဲ့ကြသည်ဟု သိရသည်။ယနေ့ မတ်လ (၃၁) မနက်ပိုင်းတွင်လည်း မင်းကြီးဟိုတယ်ရှေ့တွင် စစ်ကော် မရှင်တပ်က စစ်မှုထမ်းအတွက် အတင်းအဓမ္မလူသစ်စုဆောင်းမှုပြုလုပ်ခဲ့ပြီး လူငယ်အမျိုးသား (၃) ဦး ဖမ်းဆီးခံခဲ့ရ သည်ဟု သိရသည်။ကလေးမြို့ပေါ်တွင် လူငယ်များသည် နေ့စဉ်နေ့တိုင်း စစ်မှုထမ်းအတွက် ဖမ်းဆီးခံနေရပြီး အဖမ်းခံရသူထဲက အနည်းစုကိုသာ မိသားစုဝင်များက ငွေကြေးဖြင့် ပြန်လည်ရွေးယူနိုင်ကြသည်ဟု သိရသည်။ ထိုသို့ရွေးယူရာမှာ စစ်ကော်မရှင်တပ်နှင့်နီးစပ်သော ပွဲစားများမှတဆင့် ချိတ်ဆက်ကြပြီး လူတစ်ဦးလျင် အနည်းဆုံး ကျပ်ငွေသိန်း ၂၀ မှ သိန်း ၁၀၀ အထိ ကုန်ကျလေ့ရှိသည်ဟု သိရသည်။ယခုနောက်ပိုင်းတွင် အဖမ်းခံရသူများကို ကလေးမြို့ စုပေါင်းရုံးတွင် ခဏထားရှိကာ တပ်စစ်ဆေးရုံမှာ ဆေးစစ်ချက်များရယူပြီး ဆေးအောင်သည့် လူငယ်များကို အခြားဒေသရှိ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်လေ့ရှိသည်ဟု သိရသည်။ စစ်ကော်မရှင်တပ်ဖွဲ့သည် ကလေးမြို့ရှိ ဗိုလ်ချုပ်လမ်းမကြီး နှင့် စံပြလမ်းထောင့်၊ မင်းကြီးဟိုတယ်ရှေ့၊ စမ်းမြို့ ဘုန်းကြီးကျောင်းအနီး၊ ဆိပ်ကမ်းသာ တံတား နေရာတို့တွင် နေ့စဉ်နေ့တိုင်း လုံခြုံရေးအစောင့်တပ်ဖွဲ့များဖြင့် လူဖမ်းပွဲပြုလုပ်လေ့ရှိပြီး မြို့ပေါ်နေထိုင်သူများအနေဖြင့်…

Read More

လိုင်စင်မရှိသော ယာဉ်များဖမ်ဆီးးမည်ဟုဆို (004SS) စစ်ကိုင်းတိုင်း၊ ကလေးမြို့အတွင်း လောင်စာဆီပြတ်လပ်မှု အခက်အခဲကြောင့် မော်တော်ယာဉ်နှင့် ဆိုင်ကယ် များကို နံပါတ်ပြားနောက်ဆုံးဂဏန်းအပေါ် မူတည်ပြီး စုံ/မ စနစ်ဖြင့်သာ သွားလာခွင့်ပြုတော့မည်ဟု ဒေသခံများထံမှ သိရသည်။ ကလေးမြို့တွင် ဧပြီလ ၁ ရက်နေ့မှစတင်ကာ ကျင့်သုံးမည်ဟု ယမန်နေ့ မတ်လ ၃၀ ရက်နေ့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့များ သည် မြို့ထဲ့သို့ ကွင်းဆင်းကာ အသိပေးခဲ့ကြောင်း ဆိုသည်။ “မနေ့က RTC ရပ်ကွက် ပြည်လမ်းမှာ မော်တော်ပီကယ်တွေက ကားတွေ၊ ဆိုင်ကယ်တွေရပ်ခိုင်း စုဝေးခိုင်းပြီးတော့ ဘယ်နံပါတ်တွေ ဘယ်နေ့ထွက်ရမယ်၊ ဆိုင်ကယ်လိုင်စင်မရှိရင် ဖမ်းမယ်ဆိုပြီး ကွင်းဆင်းပြီး အသိပေးတာပါ။ လောလောဆယ်တော့ ကလေးမြို့မှာ စမှာပေါ့နော်။ ကြားရသလောက် တနိုင်ငံလုံးမှာ အဲလိုလုပ်မယ်ထင်ပါတယ်။ ” ဟု ကလေးမြို့နေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ယာဉ်ထိန်းရဲများ၏ ပြောကြားချက်အရ ဧပြီ ၁ ရက်နေ့မှစတင်ကာ အဆိုပါ စုံ/မ စနစ်ကို စတင်စစ်ဆေးမည်ဖြစ်ပြီး ဆိုင်ကယ်လိုင်စင်မရှိသူများကိုလည်း တင်းကျပ်စွာ ဖမ်းဆီးအရေးယူသွားမည်ဟု သတိပေးခဲ့ကြောင်း ဆိုသည်။ ဘက်ထရီဆိုင်ကယ်များကိုမူ လောင်စာဆီအသုံးမပြုသည့်အတွက် ယခုကန့်သတ်ချက်တွင် အကျုံးမဝင်ဘဲ ပုံမှန်အတိုင်း သွားလာနိုင်ကြောင်း သိရသည်။ စစ်ကော်မရှင်၏ထုတ်ပြန်ချက်အရ လစဉ် “စုံ” ရက်များတွင် စုံနံပါတ် အက္ခရာပါသော ယာဉ်များ၊ “မ” ရက်များ၌ မ နံပါတ်ပါသည့်ယာဉ်များ မောင်းနှင်အသုံးပြုရမည်ဟု ဆိုထားသည်။ ယာဉ်မောင်းနှင်သူများအနေဖြင့် မိမိ ယာဉ်နံပါတ်ပြား နောက်ဆုံးဂဏန်း (ဉပမာ- ၁၃ ယ ဆိုပါက) မဂဏန်း…

Read More

(006SV) ကလေး- ကဘော်- ဂန့်ဂေါဒေသရှိ အရွယ်ရောက်ပြီးသူအားလုံးသည် ပြည်သူ့တော်လှန်ရေး ဆောလျင်စွာ အောင်မြင်နိုင်ရေးအတွက် စစ်မှုထမ်းတာဝန်တွင် ပူးပေါင်းပါဝင်ကြရန် CDF – KKG က တိုက်တွန်းသည်။ CDF – KKG ၏ ဒုတိယအကြိမ် အထွေထွေညီလာခံနှင့်ပတ်သက်၍ မတ်လ ၂၉ ရက်က ထုတ်ပြန်ရာတွင် ယင်းသို့ တိုက်တွန်းနှိုးဆော်ခြင်းဖြစ်သည်။ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးအတွက် လက်ရှိ ဆင်နွှဲနေသော ပြည်သူ့တော်လှန်ရေး ဆောလျင်စွာ ပြီးမြောက်အောင်မြင်နိုင်ရေးအလို့ငှာ ကလေး- ကဘော်- ဂန့်ဂေါဒေသရှိ အရွယ်ရောက်ပြီးသူ အားလုံး စစ်မှုထမ်းတာဝန်မှာ ပူးပေါင်းပါဝင်ကြရန် CDF – KKG တိုက်တွန်းသည်။ နွေဦးပြည်သူ့ တော်လှန်ရေး ၅ နှစ်တာအတွင်း CDF – KKG မှ ရဲဘော် ရဲမေ ၉၂ ဦး ကျဆုံးခဲ့ရပြီး ကိုယ်လက်အင်္ဂါ စွန့်လွှတ်သူများအပါအဝင် ထိခိုက်ဒဏ်ရာရ ရဲဘော် စုစုပေါင်း ၂၀၀ ကျော် ရှိသည်ဟု သိရသည်။ “တော်လှန်ရေးအတွက် အသက်နှင့် ခန္ဓာ ပေးလှူခဲ့ကြကုန်သော အာဇာနည်အပေါင်းကို အစဉ်အောက်မေ့လျက် ဂုဏ်ပြုဦးညွတ်အလေးပြုပါကြောင် ဖော်ပြအပ်ပါသည်” ဟု CDF – KKG က ဆိုသည်။ လက်ရှိတွင် စစ်အုပ်စုသည် အတုအယောင်ရွေးကောက်ပွဲမှတဆင့် အမည်ခံအစိုးရတစ်ရပ် ဖွဲ့စည်းပြီး နိုင်ငံတကာနှင့် ပြည်တွင်းမျက်နှာစာတွင် တရားဝင်မှု ရရှိနိုင်ရေးအတွက် မသမာမှု နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းလျက်ရှိကြောင်း၊ စစ်အုပ်စု၏ အာဏာတည်မြဲရေးနှင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်မှ မှန်သမျှကို ဆန့်ကျင်…

Read More

(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကြောင်ချောင်းရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ရာ ကလေးငယ် ၄ ဦးအပါအဝင် ဒေသခံပြည်သူ ၇ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦးအပါအဝင် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိကြောင်း ULA/AA နှင့် ပလက်ဝဒေသခံများထံမှ သိရသည်။ မတ်လ ၂၉ ရက် ညနေ ၄ နာရီခန့်က ပလက်ဝမြို့နယ်၊ ကုလားတန်မြစ်အထက်ပိုင်းရှိ ကြောင်ချောင်းရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်၊ ရောကတ်တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသည်။ “လေကြောင်းကနေ မနေ့က ၄ နာရီ ဝန်းကျင်လောက်မှာ ဂျက်ဖိုက်တာ ၂ စီးလာပြီး ဗုံးကြဲသွားတာပါ။ အရင်တုန်းက အဲဒီဘက်မှာ ဗုံးကြဲတာမျိုး မရှိခဲ့ဘူး။ အရင်တုန်းကတော့ ပလက်ဝမှာ ကြဲတာမျိုး ရှိတယ်။ ဆမီးဘက်မှာ ကြဲတာ ရှိတယ်ပေါ့နော်။ အခုက ပလက်ဝရဲ့ အထက်ပိုင်း၊ ကုလားတန်းမြစ်ရဲ့ အထက်ပိုင်းမှာ အဲဒီရွာက ရှိတာပေါ့နော်။ အကြောင်းမဲ့ ဗုံးကြဲသွားတဲ့ ပုံစံပါပဲ”ဟု ပလက်ဝမြို့နယ်ဒေသခံတစ်ဦးက ပြောသည်။ မည်သည့် ထိတွေ့တိုက်ပွဲမှ ဖြစ်ပွားခြင်း မရှိဘဲ ကြောင်ချောင်းရွာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ သည်ဟုလည်း ULA/ AA က ယနေ့ မတ်လ ၃၀ ရက်မှာ ထုတ်ပြန်သည်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အသက် ၈ နှစ်အရွယ် မောင်စိုးပိုင်လင်း၊…

Read More