မြန်မာနိုင်ငံမှာ တပ်မတော်မှ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်း စစ်ဘေးရှောင်ရသူ ၄သောင်းကျော်ရှိလားပြီး စစ်ဘေးရှောင်များအနေဖြင့် စားနပ်ရိက္ခာပိုင်းတွင် အဓိက အခက်အခဲကြုံနေရ ကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ “မင်းတပ်ဘက်ဘဲဖြစ်ဖြစ် တစ်ခြားနေရာဘဲဖြစ်ဖြစ် အများစုပြောကြတာက စားစရာလိုချင်တယ် ခက်ခဲတယ်လို့ပြောကြတယ်၊ ရေရှည်အတွက်က စားစရာကို မသယ်ယူနိုင်ကြတော့၊ သူတို့သယ်နိုင်တာက တစ်ပတ်စာလောက်ဘဲရှိတယ်၊ ဆေးဝါးတွေလည်းမရှိဘူး၊ ပြီးတော့ ကျန်းမာရေးပိုင်းကျွမ်းကျင်သူလည်းမရှိဘူး၊ နောက်ပြီး မိုးကအမြဲရွာနေတော့ နေရေးထိုင်ရေးမှာလည်းအဆင်မပြေဘူး၊ မိုးကာရှိရင်တောင် မြေကြီးက စိုနေတော့အဆင်မပြေဘူး၊ အဲဒါတွေမှာ အခက်အခဲကြုံနေရတယ်”ဟု ချင်းလူ့အခွင့်ရေးအဖွဲ့မှ Program Director Salai Van Biak Thang က ပြောသည်။ ချင်းပြည်နယ်ရှိ မြို့နယ်အလိုက် စစ်ဘေးရှောင်နေရသူ စာရင်းမှာ ဟားခါးမြို့နယ်တွင် ၇၀၀၀ ဝန်းကျင်၊ မင်းတပ်-ကန်ပက်လက်-မတူပီ သုံးမြို့နယ်ပေါင်း ၁၅၀၀၀ ကျော်၊ ထန်တလန်မြို့နယ်တွင် ၅၀၀၀ ဝန်းကျင်၊ မီဇိုရမ်ပြည်နယ်သို့ရောက်ရှိနေသူ ၁၅၀၀၀ ကျော်ရှိကာ စုစုပေါင်း ၄၂၀၀၀ကျော်ရှိလာပြီဖြစ်သည်။ အထက်ပါဖော်ပြထားသည့်စာရင်းမှာ ချင်းလူ့အခွင့်ရေးအဖွဲ့မှ အနီးစပ်ဆုံး လိုက်လံကောက်ယူထားသည့်စာရင်းဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စာရင်းသာဖြစ်ကာ အာဏာမသိမ်းခင်ကတည်းက စစ်ဘေးရှောင်နေရသည့် ပလက်ဝမြို့နယ်မှ စစ်ရှောင် ၁၀၀၀၀ကျော်အား ထည့်တွက်ထားခြင်းမရှိသေးပေ။ ဒုက္ခသည်ကူညီကယ်ဆယ်ရေးနှင့်ပတ်သတ်ပြီး “ချင်းမြောက်ပိုင်းမှာတော့ နိုင်ငံတကာအကူအညီနှင့် တစ်ခြားအကူအညီတွေလည်း ဘာမှမရှိဘူး၊ တောင်ပိုင်းဘက်မှာလည်းအဲလိုဘဲ ကြက်ခြေနီအဖွဲ့ဘဲ နည်းနည်းပါးပါးဝင်နိုင်တယ်၊ ဒါတောင် အဖွဲ့လိုက် တရားဝင် ဝင်နိုင်တာမျိုးမဟုတ်ဘူး၊ နိုင်ငံတကာအဖွဲ့တွေဖြစ်တဲ့ UN လိုမျိုးတွေလည်း တရားဝင် ဝင်ဖို့လုပ်ပေမယ့်ခုထိမဝင်နိုင်သေးဘူး၊ UNHCR နဲ့လည်း ကျနော်တို့ အမြဲတမ်းအဆက်အသွယ်ရှိတယ် သူတို့လည်း ဝင်ဖို့အဆင်သင့်လုပ်ထားပေမယ့် မဝင်နိုင်ဘူးလို့ပြောတယ်”ဟု Salai…
Author: Editor
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံဘက် အထူးသဖြင့် အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်း အခြေစိုက်ရာမြို့ ချင်းပြည်နယ် ရိခေါဒါရ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အဆမတန်မြင့်တက်လာမှုကြောင့် နယ်စပ်ဒေသတလျှောက်ရှိ ဝင်ပေါက်များကို မီဇိုရမ်ဘက်မှ လုံခြုံရေးတင်းကြပ်သွားမည်ဟု သိရသည်။ အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူ အရှိန်မြင့်တက်လာသည့်အတွက် ဇွန်လ ၂၂ ရက်နေ့က Champhai District Bawrhsap (ခရိုင်အုပ်ချုပ်ရေးမှူး) Maria C.T Zuali နှင့် တာဝန်ရှိသူများ အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့ရာ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ် လုံခြုံရေးတင်းကြမည့်ကိစ္စ ဆွေးနွေးခဲ့ကြကြောင်း ဒေသထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။ အဆိုပါဆွေးနွေးပွဲတွင် ကာလကြာရှည်စွာ နယ်စပ်ဂိတ်ပိတ်ပင်ထားသော်လည်း တရားမဝင် ကုန်ပစ္စည်းများ သယ်ဆောင်လာခြင်း၊ တရားမဝင် မူးယစ်ဆေးဝါးများသယ်ဆောင်လာခြင်းအပြင် နယ်စပ်ဂိတ်မဟုတ်သည့် အခြား သောဝင်ပေါက်လမ်းကြောင်းမှတဆင့် လူဝင်လူထွက်များရှိနေကြောင်းသိရပြီး ယင်းကိစ္စများကို တင်းကြပ်စွာ ကိုင်တွယ်ဖြေရှင်းရမည်ဟု Maria C.T Zuali က ပြောသည်။ ထို့အပြင် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းသည်လည်း နယ်စပ်ဒေသတွင်တည်ရှိသောမြို့ဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုမြင့်တက်လာ နိုင်သောနေရာဖြစ်ကာ အားလုံးသတိရှိကြရန်လည်း သူမက ပြောကြားခဲ့သည်။ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်သည် ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး မြန်မာစစ်ဘေး ရှောင်အများစုဝင်ရောက်တိမ်းရှောင်နေသော ဒေသတစ်ခုဖြစ်သည်။ ချင်းပြည်နယ်တွင် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) နှင့် အာဏာသိမ်းစစ်ကောင်စီတို့ တိုက်ပွဲများဖြစ်ပြီးနောက် ယခုရက်ပိုင်းအတွင်း မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်း ထွက်ပြေးတိမ်းရှောင်လာသူ စစ်ဘေးရှောင် ၅၀၀ ကျော် ရှိနေပြီဖြစ်ကြောင်းနှင့် နယ်စပ်ဒေသတွင် သောင်တင်နေသူ…
ချင်းပြည်နယ်နှင့်နယ်နမိတ်ချင်းထိစပ်နေသော အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် မြန်မာနိုင်ငံမှ သယ်ဆောင်လာသည့် ရူပီး သိန်း (၂၀၀) ကျော်တန်ဖိုးရှိ Methamphetamine ခေါ် မူးယစ်ဆေးဝါးကို ဇွန်လ ၂၂ ရက်နေ့ညက ဒေသတွင်းမူးယစ်တပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ အလုံးရေ ၇ သောင်းကျော်ခန့်ရှိသော အဆိုပါ Methamphetamine မူးယစ်ဆေးဝါးကို မီဇိုရမ်ပြည်နယ်သား Vanlalruata ဆိုသူမှ မြန်မာနိုင်ငံမှ အိန္ဒိယ-မြန်မာနယ်စပ်ကို ဖြတ်ကျော်ကာ ဆိုင်ကယ်ဖြင့် သယ်ဆောင်လာခြင်းဖြစ်ပြီး ကျန်ဖိုင်းခရိုင် စစ်ဆေးရေးဂိတ်တွင် ရဲများက စစ်ဆေးခဲ့ရာမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းနှင့်အတူ ဆက်နွယ်သည့် လူ ၃ ဦးကိုလည်း ထပ်မှန်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။ အလားတူ ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ကလည်း အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Farkawn ကျေးရွာတွင် အာသံရိုင်ဖယ်တပ်က ဖောက်ခွဲရေးတွင်အသုံးပြုသည့် ပစ္စည်းကိရိယာအမြောက်အများ အိတ် ၆၃ အိတ်၊ ကျောက်ခွဲမိုင်း ၃၇ ဖာ၊ ပြင်းအားကောင်းသည့်မိုင်း (Special Detonator) ၆ ဖာ နှင့် ဝါယာကြိုးခွေ ၄ ထုတ်အား ဖမ်းဆီးခဲ့သည်။ Rc
ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရပြီး ရခိုင်ပြည်နယ် စစ်တွေမြို့သို့ အာဏာသိမ်းစစ်ကောင်စီက ပို့ဆောင်ခဲ့သည့် ချင်းပြည်နယ် ပလက်ဝမြို့မှ ချင်းလူငယ် ၅ ဦးသည် ယနေ့ချိန်ထိ ရဲလက်ထဲသို့မရောက်သေးဘဲ စစ်တပ်လက်ထဲတွင်ရှိနေဆဲဟု ယူဆရသည့်အတွက် မိသားစုဝင်များက စိုးရမ်နေကြသည်။ “သူတို့ကို ပလက်ဝမြို့ရဲစခန်းမှူးကနေ အမှုဖွင့်တာလေ ၅၀၅ (က) နဲ့ စစ်တွေမြို့ကိုလွှဲလိုက်တယ်ဆိုတော့ စစ်တွေက ရဲလက်ထဲကို အပ်ရတော့မှာလေးသဘောက ဒါပေမယ့်အခုဟာက စစ်တပ်ထဲမှာပဲထိန်းသိမ်းထားတဲ့သဘောဖြစ်နေတယ် မိသားစုဝင်တွေနဲ့လည်း တွေ့လို့မရကြတော့ စိတ်ပူနေကြတယ်’’ ဟု ၎င်းတို့နှင့်နီးစပ်သည့် ဒေသခံတစ်ဦးကပြောသည်။ ပလက်ဝမြို့တွင် မေလ ၂၈ ရက်နေ့က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းများတွင်အလုပ်လုပ်ကိုင်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၃ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ချင်းလူငယ် ၅ ဦးကို ဇွန်လ ၁၇ ရက်နေ့က ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံခဲ့ရပြီး ဇွန်လ ၁၈ ရက်နေ့က ပလက်ဝမြ်ို့ ၂၈၉ တပ်ရင်းကနေ စစ်တွေမြို့သို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ချင်းလူငယ် (၅) ဦးမှာ ကိုအိုက်မင်း(အဆိုတော်)၊ အိုက်ထွန်းမင်း(ကုမ္ပဏီ)၊ အိုက်ထွန်းမင်း(သစ်တော)၊ ကိုအောင်ထွန်းစိုး (ခ) အာလူး နှင့် အဂ္ဂပေလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးရာကျော်တို့ဖြစ်ကြသည်။ ၎င်းတို့ ၅ ဦးသည် မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့ရန်အတွက် အလှူငွေကောက်ခံပြီး ပလက်ဝမြို့မြန်မာ့စီးပွားရေးဘဏ်မှတဆင့် မင်းတပ်မြို့ မြန်မာ့စီးပွားရေးဘဏ်သို့ ငွေလွှဲအပ်ခဲ့ကြောင်း စစ်ဆေးတွေ့ ရှိသည့်အတွက်ကြောင့်ဟုဆိုကာ ပုဒ်မ…
မင်းတပ်မြ်ို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက် စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ ထောင်နှှင့်ချီသော စစ်ဘေးရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့မှုများ ရရှိနိုင်ရေး၊ စစ်ဘေးရှောင်ပြည်သူများနေရပ်ပြန်နိုင်ရေး နှင့် မင်းတပ်မြို့နယ်အတွင်း တည်ငြိမ်းအေးချမ်းမှုရှိလာစေရေးအတွက် မင်းတပ်မြို့မိမြိုဖအဖွဲ့က စစ်ကောင်စီနှင့် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) အကြား ကြားဝင်စေ့စပ်ညှိနှိုင်းမှုများဆောင်ရွက်ခဲ့သည်။ မြို့မိ/မြိုဖအဖွဲ့၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုက ဘယ်လောက်ထိ ခရီးပေါက်ရောက်နေပြီလဲ။ ဘယ်အခြေအနေရောက်ရှိနေပြီလဲ။ ယခုကိစ္စနှင့်ပတ်သက်၍ မင်းတပ်မြို့မိ/မြို့ဖအဖွဲ့ဝင်တစ်ဦးကို ဆက်သွယ်မေးမြန်းထားသည်။ မေး။ ။ မင်းတပ်မြို့အရေးနဲ့ပတ်သက်ပြီး မင်းတပ်မြို့မိ/မြို့ဖတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ဇွန်လ ၂၀ ရက်ကစပြီိး ဆွေးနွေးမှုတွေ လုပ်ကြတယ်လို့ သိရပါတယ်။ အဲဒီအခြေအနေလေး အရင်ရှင်းပြစေချင်ပါတယ်။ ဖြေ။ ။ အဓိက ကတော့ စစ်ကောင်စီရဲဲ့ ဆန္ဒပေါ့၊ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဆန္ဒလည်းပါတယ်၊ နောက်ပြီးတော့ မြိုသူမြို့သား လူထုတွေကလည်း အိမ်ပျက်၊ အိမ်ဖောက်ခံရတယ် ဒီလိုနဲ့ ကျွန်တော်တို့ နည်းလမ်းရှာပြီးမှ ဒီကိစ္စကို ရှေ့ဆက်ပြီးမှ အမျိုးသားနိုင်ငံရေးနဲ့သွားမယ်ဆိုရင်လည်း ဘယ်လိုသွားမလဲ၊ မြို့ကိုဘယ်လိုပြန်တည်ဆောက်မလဲ၊ ဒီတပ်မတော်ဖက်ကရောဘယ်လိုဖြေလျှော့နိုင်မလဲ၊ အဖြေရှာတာပေါ့။ ဟိုဖက်ဒီဖက်အဖြေရှာပြီးမှ နှစ်ဖက်စလုံး ပေါင်းဖက်မှုနဲ့သွားလာနိုင််တယ်၊ တစ်နိုင်ငံလုံးမှာလည်း ပစ်ခတ်တာလည်းမဟုတ်ဘူး၊ မင်းတပ်တစ်ခုပဲဖြစ်တာ ဒုက္ခရောက်ကြတာ မင်းတပ်မြို့သူမြို့သားတွေပဲ၊ ကျွန်တော်တို့ မြို့မိ/မြို့ဖတွေရဲ့အကြံတခုကို ဟိုဖက်ဒီဖက်ကို ညှိနှိုင်းစေချင်တာပေါ့၊ ဒါကတော့ စစ်ကောင်စီတပ်ဖွဲ့ ဖက်လည်း သဘောတူမှ CDF ဖက်ကလည်းသဘောတူမှပဲ အောင် မြင်မှာ၊ ဒါပေမယ့် သူတို့နှစ်ဖွဲဲ့က ဘာမှ သဘောထားတူညီမှုမရှိသေးတော့၊ ဒါပေမယ့် ကြားကနေဖြေလျှော့တဲ့သူရှိမှ ရန်ပွဲက ငြိမ်းနိုင်မှာအဲ့သဘောပါ။ မေး။ ။ ဆွေးနွေးပွဲကဘယ်လိုပုံစံပြုလုပ်ကြလဲ။ ဖြေ။ ။ တနေရာထဲမှာဆုံပြီးမှ ပြောတာတော့မဟုတ််ဘူး၊ မြို့မိ/မြိုဖကနေ စစ်ကောင်စီတပ်ဖွဲ့နဲ့…
အိန္ဒိယ – မြန်မာနယ်စပ် အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းအခြေစိုက်ရာမြို့ ချင်းပြည်နယ် ရိခေါဒါရ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၀ နီးပါးရှိပြီဖြစ်ကြောင်း ရိဒ်ပြန်ဆက်ဦးစီးမှူး ဦးပက်လောမ်မာကပြောသည်။ “ကျနော်တို့ စတင်စစ်ဆေးတဲ့နေ့ကနေ ယနေ့ထိက ရောဂါကူးစက်သူက ၁၆၂ ဦးရှိပြီ ကူးစက်ခံရတဲ့သူတွေက အခုထိတော့ အဲလောက်ထိ ကျန်းမာရေးဆိုးဆိုးရွားရွားရှိတဲ့သူတွေတော့ဖြစ်တဲ့သူတွေတော့မရှိဘူး ကျန်းမာရေး အခြေအနေကောင်းကြပါတယ် ၁ ယောက် ၂ ယောက် ၃ ယောက်လောက်တော့ ဆေးရုံတင်ထားတာတော့ရှိတယ် အဲဒီတစ်ယောက်နှစ်ယောက်လောက်တော့ အောက်ဆီဂျင်တော့ပေးရတယ် ကျနော်တို့ဘက်ကူးစက်တဲ့သူတွေက လူလတ်ပိုင်းဘက်ပိုများတယ် ကျနော်မှတ်တမ်းအရဆိုရင် အသက် ၃၀ နဲ့ ၄၀ ပတ်ဝန်းကျင်တွေပိုများတယ်” ဟု ရိဒ်ပြန်ဆက်ဦးစီးမှူး ဦးပက်လောမ်မာကပြောသည်။ ရိဒ်ခေါ်ဒါရ်မြို့တွင် ကွာရန်တင်းစင်တာ သီးသန့်မရှိသည့်အတွက် လက်ရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်သူများကို မိမိအိမ်များတွင် Home Quarantine အဖြစ်ထားရှိကာ ကုသုမှုဆောင်ရွက်နေကြောင်း သူကဆက်ပြောသည်။ အိန္ဒိယ – မြန်မာနယ်စပ်မြို့ ရိဒ်ခေါ်ဒါရ်မြို့တွင် အမှတ် (၁) နှင့် အမှတ် (၂) ရပ်ကွက် ၂ ခုရိပြီး ကိုဗစ်ကူးစက်ခံရသူ အမှတ် (၂) ရပ်ကွက်တွင် (၁၄၂) အမှတ် (၁) ရပ်ကွက်တွင် (၂၀) ဦးရှိကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် သေဆုံးသူ တစ်ဦးရှိပြီဟုသိရပြီး သေဆုံးသူမှာ နယ်ခံမဟုတ်ဘဲ ကလေးမြို့ကဖြစ်ကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများ ကုသရေးပိုင်းတွင် ရိဒ်ခေါ်ဒါရ်မြို့၌ တိုက်နယ်ဆေးရုံအဆင့်သာရှိခြင်းကြောင့် အောက်ဆီဂျင်၊ ဆေးဝါးနှင့် ကုသပေးမည့် သူနာပြုဆရာ/ဆရာမများ မလုံလောက်ကြောင်း…
ကလေးမြို့တွင် ယနေ့ဇွန်လ ၂၁ ရက်နေ့၌ ကိုဗစ် သံသယလူနာ ၅ ဦးအပါအဝင် ကိုဗစ် ၁၉ ရောဂါကြောင့် စုစုပေါင်း ၆ ဦးသေဆုံးမှုရှိခဲ့သည်ဟု သိရသည်။ “ဒီနေ့ကတော့ Positive (၁) ဦးနဲ့ သံသယလူနာ နေအိမ်အတွင်း ကုသမှုခံယူဆဲ (၅) ဦး ဆုံးသွားတယ်၊ လက်ရှိမှာ ကျနော်တို့ရင်ဆိုင်နေရတဲ့ ဆိုင်ခေါ်မှုလို့ ပြောရမှာပေါ့ အစိုးရနဲ့ ကျနော်တို့ကြားမှာ သံသယလူနာမှာ အခက်အခဲအနည်းငယ်ရှိတယ် အဓိကတော့ ဆေးရုံမှာကုသမှုပိုင်းမှာ အနည်းငယ်အားနည်းချက်ရှိတယ် ဆေးရုံမှာကုလို့အားနည်းချက်ကြောင့် အိမ်မှာအချို့တွေကကုသကြတယ်” ဟု ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကလေးမြို့တွင် ကိုဗစ်ပိုးတွေလူနာများကို အိပ်စွပ်ကျေးရွာရှိ အစိုးရအိမ်ယာတွင် ယခင်ကထားရှိသော်လည်း ပိုးတွေ့လူနာများပြားလာသည့်အတွက် ယခုနောက်ပိုင်း ကိုဗစ်ပိုးတွေ့လူနာများသည် မိမိနေအိမ်တွင် ကုသမှုခံယူနေကြရသည့်အခြေအနေဖြစ်နေသည်။ ကလေးမြို့ဒေသခံတစ်ဦးက “အခုက ကိုဗစ်ပိုးတွေ့လူနာထားတဲ့ စင်တာမှာလည်း လူနာကအရမ်းများနေပြီ၊ ကြည့်ရှုစောင့်ရှောက်ပေးတဲ့သူကလည်း အရမ်းနည်းတယ်၊ လူမလောက်တော့ဘူး၊ အာဏာသိမ်းတဲ့စစ်ကောင်စီကလည်း ဘာမှလာပြီး ဂရုစိုက်ပေးနိုင်တာမရှိဘူး၊ ပြည်သူတွေက ကိုဗစ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကာကွယ်နေကြတဲ့သဘောဖြစ်နေပြီ” ဟု ပြောသည်။ ကလေးမြို့အတွင်းရှိ ပရဟိတအသင်းများအနေဖြင့်လည်း ကိုဗစ်ကြောင့်သေဆုံးသည့် ကိစ္စများအပါအဝင် အခြားကဏ္ဍများတွင်လည်း (PPE ဝတ်စုံ၊ သယ်ယူပို့ဆောင်ရေး၊ ဆေးဝါး) ကုန်ကျစရိတ်အား မိမိဘာသာ ကျခံနေရသည့်အတွက် ရေရည်တွင် အခက်အခဲရင်ဆိုင်ရနိုင်သည်ဟု သိရသည်။ L
မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့ Muanna Veng ရပ်ကွက်တွင်တည်ရှိသော မိဘမဲ့ကလေးများနှင့် မူးယစ်ဆေးသုံးစွဲသူများ ပြုစုထိန်းသိမ်းရာဂေဟာ Thutak Nunpuitu Team (TNT) တွင် ကိုဗစ်ရောဂါပိုးပြန့်နှံ့နေကြောင်းသိရပြီး ပြည်နယ်အစိုးရဦးဆောင်မှုဖြင့် ဇွန်လ ၂၀ ရက်နေ့က စမ်းသပ်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ ၅၀၀ ကျော်တွေ့ရှိခဲ့ကြောင်း သိရသည်။ Thutak Nunpuitu Team (TNT) ဂေဟာတွင်ရှိသော လူဦးရေ ၁၀၉၉ ဦးကို စစ်ဆေးခဲ့ရာတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ ၅၄၇ ဦးတွေ့ရှိခဲ့ကြသည်။ Thutak Nunpuitu Team (TNT) ဂေဟာတွင် မသန်စွမ်းသူ ၂၈၀ ကျော်ရှိပြီး မူးယစ်ဆေးစွဲသူနှင့် မိဘမဲ့ကလေးငယ်များအပြင် ၄င်းအဂေဟာရှိ ဝန်ထမ်းများ စုစုပေါင်း တစ်ထောင်ကျော်နေထိုင်ကြသည်။ မီဇိုရမ်ပြည်နယ်တွင် ဇွန်လ ၂၀ ရက်နေ့က တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူ လူနာသစ် ၆၆၂ ဦးတွေ့ရှိခဲ့ပြီး ၄င်းမှာ မီဇိုရမ်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူ စတင်တွေ့ရှိခဲ့သည့်အချိန်ကစပြီး တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူ အများဆုံးတွေ့ရှိသည့်ရက်အဖြစ် စံချိန်တင်ခဲ့သည်။ လက်ရှိတွင် မီဇိုရမ်ပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရပြီး ကုသမှုခံယူနေသူ ၄၁၃၂ ဦးရှိပြီး အဆိုပါရောဂါကြောင့် သေဆုံးသူ ၈၃ ဦးအထိ ရှိနေပြီဖြစ်သည်။ Rc
ချင်းပြည်နယ်အတွင်းဖြစ်ပွားသည့် တိုက်ပွဲများကြောင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်း ထွက်ပြေးတိမ်းရှောင်လာကြသော မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် မီဇိုရမ်ပြည်နယ် အားကစားဝန်ကြီး Pu Robert Romawia Royte မိသားစုက လိုအပ်သောစားနပ်ရိက္ခာများကို ဇွန်လ ၂၁ ရက်နေ့က ကူညီထောက်ပံ့ခဲ့သည်။ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်းရှိ မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် Pu Robert Romawia Royte မိသားစုမှ ထောက်ပံ့သော ဆန်အိတ် ၃၀၊ အာလူး အိတ် ၃၀၊ သကြား အိတ် ၁၀၊ ပဲ အိတ် ၂၀ နှင့် ကြက်သွန်နီ ၅ အိတ် ကို ဇွန်လ ၂၁ ရက်နေ့မနက်က အိုက်ဇောလ်မြို့ကနေ ကုန်တင်ကားဖြင့် ကျန်းဖိုင်းခရိုင်ဘက်ကို ထွက်ခွာခဲ့ကြောင်း သိရသည်။ အလားတူ ပြီးခဲ့သည့်ရက်ပိုင်းအနည်းငယ်က Mizo Students’ Union (MSU) နှင့် Myanmar Refugee Relief Committee (MRRC) အဖွဲ့တို့ ပူးပေါင်းပြီး အိန္ဒိယ-မြန်မာနယ်စပ်ဒေသတလျောက်တွင် ရောက်ရှိနေထိုင်ကြသော စစ်ဘေးရှောင်များထံ သွားရောက်ပြီး ကူညီထောက်ပံ့ခဲ့ကြသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ CDF နှင့် အာဏာသိမ်းစစ်ကောင်စီတို့ ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီးနောက် မီဇိုရမ်ပြည်နယ်တွင်တိမ်းရှောင်လာကြသူ စစ်ဘေးရှောင် ရာနဲ့ချီ ယခုရက်ပိုင်းအတွင်း ရှိနေပြီဖြစ်ကြောင်းသိရပြီး မီဇိုရမ်ပြည်နယ်အတွင်း ဝင်လို့မရဘဲ နယ်စပ်ဒေသတွင် သောင်တင်နေကြသောသူများစွာလည်းရှိနေကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်က ပြည်သူ့အစိုးရထံ အာဏာသိမ်းယူခဲ့ပြီးနောက် ယခုလက်ရှိအခြေအနေအထိ မီဇိုရမ်ပြည်နယ်တွင် ထွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ရှိနေပြီဖြစ်သည်။…
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် မေလ ၂၀ ရက်နေ့ကစတင်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာခဲ့ပြီး လက်ရှိတွင်လည်း ကိုဗစ်ကူးစက်ခံရမှုနှင့် သေဆုံးမှုများလာခြင်းကြောင့် ဇွန်လ ၂၃ ရက်နေ့မှ စတင်ပြီး ၈ ရက်အကြာ အိမ်ပြင်မထွက်ကြဘဲ အိမ်ထဲတွင်သာနေထိုင်ကြရန် ဖလမ်းမြို့ ခရစ်ယာန်ဂိုဏ်ပေါင်းစုံအမှုတော်ဆောင်များအဖွဲ့ (FCMF) က ယနေ့ထုတ်ပြန်လိုက်သည်။ FCMF အဖွဲ့ ဥက္ကဌ သိက္ခာတော်ရ ဆရာ Rev. Daniel Vai Lian Zul က “Stay At Home လောက်ပါပဲ၊ တခြားတော့ ဘာမှကျွန်တော်တို့ လုပ်နိုင်စရာမရှိသေးပါဘူး၊ ပြင်ဆင်ခြင်းကာလက ဒီနေ့နဲ့၊နက်ဖြန် စားစရာလေးတွေ ပြင်ဆင်စရာလေးတွေပြင်ဆင်မယ်၊ တဖက်ခါကြရင်စမယ်၊ ၈ ရက်ပါ ဒီလကုန်အထိပေါ့၊ အဲ့တာပြီးရင် ပြန်ကြည့်ပြီးတော့ ရောဂါပိုးတွေ့တဲ့သူ ပိုများသလား၊ နည်းနည်းကျသလား၊ အသေပျောက်ရော နည်းနည်းကျသလား ကျွန်တော်တို့ကြည့်ပြီးတော့ ထပ်ပြီးတော့ အကူအညီတောင်းဖို့သင့်တယ်ဆိုရင်လည်း ပြန်ပြီးတော့ ချဖို့ကျွန်တော်တို့စီစဉ်ထားတယ်” ဟု ပြောသည်။ ဖလမ်းမြို့တွင် ကိုဗစ်ရောဂါပိုးတွေ့ လူနာများပြားလာခြင်း၊ ယခုလက်ရှိ အချိန် ပြည်သူ့ဆေးရုံတွင်လည်း လူနာယောက် ၇၀ ကျော်ကုသမှုခံယူနေရသည့်အပြင် တရက်ခြား သေဆုံးမှုရှိလာသောကြောင့် ကာကွယ်မှုမပြုလုပ်ထားပါက ယခုထက်ပိုမိုများပြား လာမည်ဖြစ်သောကြောင့် ယခုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်သည်ဟု သိရသည်။ ဖလမ်းမြို့နယ်တွင် ယခုချိန်ထိ ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၁၂ ယောက်သေဆုံးသွားပြီဟုသိရသည်။ ဖလမ်းမြို့တွင် ကိုဗစ်လူနာများလာသည့်အပြင် အောက်ဆီဂျင် မလုံလောက်မှုကြောင့် အရေးပေါ်လူနာများ အသက်ဆုံးရူံးရသည့်အပြင် လက်ရှိတွင်လည်း ဖလမ်းအောက်ဆီဂျင်စက်ရုံပျက် နေခြင်းတို့ကြောင့် အခက်ကြုံနေရကြောင်းလည်း ၎င်းကပြောသည်။ ဖလမ်းမြို့ရှိ…
