Author: Editor
Read More
#Unicode ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းကြီးမာစွာကွာခြားသည်ဟုဆိုကာ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာအရပ်ရပ်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့အပ်နှင်းကြောင်း ယနေ့မနက် ၈း၄၅ က အမိန့်ထုတ်ပြန်ခဲ့သည်။ အမိန့်အပြည့်အစုံမှာ .. ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ၁/၂၀၂၁ ကို ၁၃၈၂ ခုနှစ် ပြာသိုလပြည့်ကျော် ၅ ရက်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် ဒီကနေ့ ရက်စွဲဖြင့်ထုတ်ပြန်ရန် အပိုဒ် ၁ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အခြေခံအသုံးပြုခဲ့သော မဲစာရင်းများမှာ ကြီးမားစွာကွာခြားမှုများရှိနေသဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပျက်ကွက်ခဲ့ပါသည်။ အပိုဒ် ၂ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှဆင်းသက်ရမည်ဖြစ်သော်လည်း ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆိုးရွာစွာ လွဲမှားနေသည့် မဲစာရင်းများဖြစ်ခဲ့သည်။ ဒီမိုကရေစီစနစ်ခိုင်မာစေရန်နှင့် ပြည်သူ့ထံမှ ဆင်းသက်ရမည်ဆိုသည့်အချက်နှင့် ဆန့်ကျင်ခဲ့ပါသည်။ အပိုဒ် ၃ မဲစာရင်းပြသနာများကို ဖြေရှင်းရန်ငြင်းပယ်ခြင်း၊ အရေးယူဆောင်ရွက်မှုမပြုခြင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များကို ရွှေ့ဆိုင်းပေးရန်တောင်းဆိုမှုအပေါ် ရွှေ့ဆိုင်းပေးခြင်းမရှိသည့်အပြင် ပြည်သူ့လွှတ်တော်အစီအစဉ်များထုတ်ပြန်ကာ အစီအစဉ်အတိုင်းဆက်လက်လုပ်ဆောင်ရန် ဆောင်ရွက်ခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပုဒ်မ ၄၁၇ ပါ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူရန်ဆောင်းရွက်ခြင်းဖြစ်သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေပါသည်။ ၎င်းကဲ့သို့ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ဒေသအသီးသီးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မယုံကြည်သဖြင့်ဆန္ဒပြမှုများ များစွာဖြစ်ပေါ်လျက်ရှိသည်။ အခြားပါတီအဖွဲ့အစည်း လူပုဂ္ဂိုလ်များကလည်း ထောက်ခံသည့်အလံများ လွှင့်ထူခြင်းအပါအဝင် လှုံ့ဆော်မှုမျိုးစုံ ပြုလုပ်နေကြောင်းတွေ့ရသည်။ နိုင်ငံတော်တည်ငြိမ်မှုကို များစွာထိခိုက်လျက်ရှိသည်။…
Read More
#Unicode By လားနွန် – အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီနှင့် တွေ့ဆုံမည်ဆိုပါက တည်နေရာထက် ဆွေးနွေးမည့်ခေါင်းစဉ်ကိုသာ အဓိကထားသည်ဟု ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (ZCD) ပါတီအတွင်းရေးမှူး ပူးဂင်ကမ်းလျန်ကပြောသည်။ “အရင်က စာနဲ့ပို့ထားတယ် အနာဂတ်ပြည်ထောင်စုတည်ထောင်ဖို့အတွက်ပေါ့နော် အဲဒါရတယ် တွေ့ဆုံဖို့တော့ မရသေးဘူး တွေ့ဆုံမယ်ဆိုရင် တီးတိန်ကတော့ Positive များတော့ သိပ်အဆင်မပြေဘူး ကလေးမြို့မဟုတ်ရင် သူတို့ ချင်းပြည်နယ် သူတို့ရုံးရှိရာ ဟားခါးပဲရှိမယ်၊ ကျနော်တို့ကတော့ နေရာအဓိကမထားပါဘူး ဆွေးနွေးရမယ့် အနာဂတ်ပြည်ထောင်စုအတွက်ဆိုရင် ဘယ်နေရာမဆိုရပါတယ် နှစ်ဖက်စလုံးစဉ်းစားမယ် နေရာအဓိကမဟုတ်ဘူး ဆွေးနွေးမယ့်ခေါင်းစဉ်ကအဓိက” ဟု ပူးဂင်ကမ်းလျန်ကပြောသည်။ အမျိူးသားညီညွတ်ရေးအစိုးရဖွဲ့စည်းရေးအတွက်ဟူသည့်ခေါင်းစဉ်ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲဲ့ချုပ် (NLD) ပါတီသည် ပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေး မှုလုပ်ဆောင်ရာတွင် မွန်ပြည်နယ်နှင့် ကယားပြည်နယ်တွ င် တွေ့ဆုံမည့်နေရာညှိနှိုင်း၍အဆင်မပြေသည့်အတွက် ဆွေးနွေးပွဲပျက်ခဲ့ရသည်။ ဒေါက်တာအောင်မိုးညို ဦးဆောင်သော NLD ကိုယ်စားလှယ်ဖွဲ့သည် ရှမ်းပြည်နယ် တောင်ကြီးမြို့ NLD ရုံးတွင် ဇန်နဝါရီလ ၁၃ ရက်ညနေပိုင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချူပ်(PNO) ၊ တအောင်း (ပလောင်) အမျိုးသားပါတီ(TNP) တို့နှင့်တွေ့ဆုံဆွေး နွေးခဲ့ကြပြီး ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချူပ်(SNLD)၊ လားဟူအမျိူးသားဖွံ့ဖြိုးတိုး တက်ရေးပါတီ(LNDP)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ/ကျားဖြူ(SNDP) တို့နှင့်အသီးသီးတွေ့ဆုံဆွေးနွေးခဲ့ကြ သည်။ ဝါရင့်နိုင်ငံရေးသမား ပူးကျင့်ရှင်းထန်ဦးဆောင်သော ဇိုမီိးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ZCD ပါတီ ၁၉၉၀ ခုနှစ်ကတည်းက NLD ပါတီနှင့် မဟာမိတ်ပါတီးများဖြစ်ကြပြီး ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်မှာ မဲဆန္ဒနယ်မြေ (၂) နေရာ အနိုင်ရရှိထားသည့်ပါတီဖြစ်သည်။ #Zawgyi By လားနွန်…
Read More
#Unicode By လားနွန် – ဟားခါးမြို့တွင် Nawi ချောင်းဆည်တည်ဆောက်မည့်စီမံကိန်းနှင့်ပတ်သက်၍ ပြည်သူများ သိရှိအပ်သော အချက်အ လက်များအား တိကျရှင်းလင်းစွာချပြခြင်း မပြုနိုင်သေးသရွေ့ စီမံကိန်းအစမပြုရန် ချင်းအရပ်ဘက်မှုအဖွဲ့အစည်းများနှင့် ကျောင်းသားအဖွဲ့အစည်းပေါင်း ၄၈ ဖွဲ့က ချင်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ဇန်နဝါရီလ ၁၄ ရက်နေ့က အိတ်ဖွင့်ပေးစာပေးပို့ခဲ့ကြသည်။ Nawi ဆည်စီမံကိန်းသည် ရေရှည်တွင်ဒေသခံများအတွက် ကောင်းကျိုးထက် ဆိုကျိုးဖြစ်လာမည်ကို စိုးရိမ်ရသောကြောင့် အစိုးရအဖွဲ့ထံသို့ အိတ်ဖွင့်စာပေးရခြင်းဖြစ်သည်ဟု ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ကျောင်းသားအဖွဲ့ အစည်းများမှ ပြောရေးဆိုခွင့်ရှိ ဆလိုင်းဗျက်လျန်ထန်ကပြောသည်။ “ကျနော်တို့ ရည်ရွယ်ချက်ကတော့ အကောင်းဖက်ကိုရည်ရွယ်ပေမဲ့ ဒီ Nawl Dam တည်ဆောက်ခြင်းအားဖြင့် ကျနော်တို့ နောင်နှစ် ၁၀ – ၂၀ မှာ ကျနော်တို့အတွက် ကောင်းကျိုးမဟုတ်ဘဲနဲ့ ဆိုးကျိုးများဖြစ်ပေါ်လာစေမလား ကျနော်တို့ စိုးရိမ်တယ် အဲဒါကြောင့် ကျနော်တို့ ပြောတဲ့အချက်အလက်တွေကို အတိအကျ မချပေးသရွေ့ ဒီစီမံကိန်းကို မဖော်ဆောင်ပေးဖို့ ကျနော်တို့ အိတ်ဖွင့်စာပေးရခြင်းဖြစ်ပါတယ် ကန့်ကွက်တယ်ဆိုတာတော့မပါသေးဘူး သူတို့ Nawl Dam ကလုပ်သင့်မလုပ်သင့်ကို ကျနော်တို့ ပြည်သူအစိုးရလို့ အားကိုးပြီးသဘောထားတဲ့အစိုးရက ဒီစီမံကိန်းကို ဖော်ဆောင်တဲ့ အခါမှာ ပြည်သူနဲ့ ဆန့်ကျင်ဖက်မဟုတ်ဘဲနဲ့ ပြည်သူနဲဲ့အတူ ပြည်သူရဲ့ အသံကို ဆင်ခြင်ပြီးတော့မှ သူတို့လုပ်ဆောင်မယ်လို့ကျနော်တို့ယုံကြည်တယ်” ဟု ဆလိုင်းဗျက်လျန်ထန်ကပြောသည်။ ဟားခါးမြို့၏ မြေခိုင်မာမှုအနေအထားနှင့် မြေမျက်နှာသွင်ပြင် အပြောင်းအလဲများ ၂၀၁၅ ခုနှစ် ကိုမန်ဆိုင်ကလုန်းကြောင့် ဖြစ်ပေါ်ခဲ့သည့် မြေပြိုမှုအနေအထားကို ထောက်ရှုသော်လည်းကောင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာပညာရှင်များ၏ ဆန်းစစ်အကြံပြုချက်များကို ထောက်ရှုလျှင်သော်လည်းကောင်း၊ Nawi Dam စီမံကိန်းကြောင့်…
Read More
#Unicode နှင်းနှင်း – ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ မီးဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် အလှူငွေများ ကောက်ခံရာ မြန်မာငွေ ကျပ်သိန်း (၈၀) နှင့် အမေရိကန်ဒေါ်လာ (၂၅၀၀၀) ဝန်းကျင်လက်ခံရရှိထားပြီဖြစ် ကြောင်း ဖလမ်းမြို့၊ မီးဘေးသင့်ကူညီရေးကော်မတီမှကိုငယ်ပီးကပြောသည်။ “ဆုံးရှုံးနစ်နာရတဲ့သူတွေကို ကူညီထောက်ပံနိုင်ဖို့နှင့်ပြန်လည်ထူထောင်လာနိုင်စေရေးအတွက် တတ်နိုင်သေ လာက်နဲ့ပါဝင်ကြဖို့အတွက် အားလုံးဆော်သြထားပါတယ်။ အခုကျွန်တော့်စီမှာတော့ ကျပ်သိန်း (၈၀) ကျော်ကျော် လောက်ရရှိသွားပါပြီ၊ Gofundme ကနေရရှိတာက ဒေါ်လာ နှစ်သောင်းခွဲဝန်း ကျင်တော့ရှိနေပြီ၊ လက်ထဲမှာမေ ရာက်ရှိသေးတာလဲရှိပါတယ်၊ အားလုံးကလည်းသူ့နေရာနဲ့သူ ကောက်ခံနေဆဲဖြစ်တယ်” ဟု ကိုငယ်ပီးက ပြောသည်။ ဖလမ်းမြို့တွင် ဇန်နဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်း ၃ နာရီခွဲခန့်တွင်မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါမီးလောင်မှုကြောင့် လူနေအိမ် (၆) လုံးလောင်ကျွမ်းပြာကျသွားပြီး၊ အမျိုးသမီး (၂) ဦး သေဆုံးသွားကြောင်းသိရသည်။ ဆောင်းရာသီကာလအတွင်း ချင်းပြည်နယ်တွင်ရာသီဥတုအေးသောကြောင့် ဒေသခံပြည်သူများသည် ညအချိန်တွင် မီးလှုံခြင်း၊ လျှပ်စစ်အပူးပေးစက် (Heater) များအသုံးပြုလေ့ရှိကြသည့်အတွက်ထိုမှတ ဆင့်မီးလောင်ကျွမ်းမှု လည်းဖြစ်ပွားခြင်းဖြစ်ကြောင်းသိရသည်။ ဖလမ်းမြို့ရှိ မီးဘေးသင့် အိမ်ထောင်စုများကို ၎င်းတို့၏ စ္စည်းဆုံးရှုံးမှုပမာဏနှင့် အလှူငွေကောက်ခံရရှိမှုအပေါ် တွက်ချက်ပြီးထောက်ပံ့ကူညီမှုတွေပြုလုပ်သွားမည်ဖြစ်ကြောင်းဖြစ်ကြောင်းသိရှိရသည်။ ဖလမ်းမြို့မှ တာဝန်ရှိသူများမှ တစ်အိမ်တက်ဆင်းဖြင့်အလှူငွေများကောက်ခံ ခြင်း၊ မီးဘေးသင့်ကူညီရေးကော်မတီအဖွဲ့၊ ပြည်တွင်းပြည်ပမှ ချင်းဖလမ်းလူမျိုးအဖွဲ့အစည်းတို့ ပူးပေါင်းပြီးဆောင်ရွက်နေကြောင်းသိရသည်။ ၁၉၈၃ ခုနှစ်တွင် ဖလမ်းမြို့မစျေးကြီးမှာ မီးလောင်ပြာကျခဲ့၍ ဆုံးရှုံးမှုအကြီိးမားဆုံးဖြစ်ခဲ့ပြီး နှစ်ပေါင်း ၃၇ နှစ်အကြာမှ ယခုကဲ့သို့ကြီးမားပြီးဆုံးရှုံးမှုများသည့် မီးလောင်မှုမျိုးထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖလမ်းမြို့၊ မီးဘေးသင့် ကူညီရေးကော်မတီမှ ကိုငယ်ပီးကပြောသည်။ #Zawgyi နှင်းနှင်း – ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ မီးဘေးသင့်ပြည်သူများ…
Read More
#Unicode By လားနွန် – ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအကြား အင်္ဂလိပ်ခေတ်က စိုက်ထူခဲ့သော နယ်နိမိတ်ဘုတ်တိုင်များ ပြန်လည်ရှာ ဖွေလျှက်ရှိရာ နယ်နိမိတ်ဘုတ်တိုင် BP အမှတ် ၁ မှ ၁၀ အထိ ကွင်းဆင်းအတည်ပြုနိုင်ပြီဟု စုံစမ်းသိရှိရသည်။ ၁၉၃၈ ခုနှစ်အင်္ဂလိပ်ခေတ်က ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအကြား နယ်နိမိတ်ဘုတ်တိုင် စုစုပေါင်း ၂၁ တိုင်စိုက်ထူခဲ့ ကြပြီး ယင်းဘုတ်တိုင်များကိုပြန်လည်ရှာဖွေကြရာ ယခုအခါ ဘုတ်တိုင် BP အမှတ် ၁၀ အထိ ပြန်လည်ရှာဖွေ အတည်ပြု ပြီဖြစ်ကာ တစ်လ ၅ တိုင်နှုန်းဖြင့်စိုက်ထူသွားကြမည်ဟု ကလေးခရိုင်အုပ်ချူပ်ရေးမှူး ဦးခင်မောင်ချိူကပြောသည်။ “ အခုက ဒီဇင်ဘာ ဇန်နဝါရီ ဖေဖော်ဝါရီ မတ်လ အထိ တစ်လကို (၅) တိုင်စိုက်ထူမှာ မတ်လကျတော့ (၆) တိုင် အခုလုပ်တာက နစ်နာစရာမရှိဘူး ကောင်းမှုပဲလေ ရှေ့လျှောက်ကောင်းသွားမှာပေါ့ ဘာကောင်းမလဲဆိုတော့ တရားဥပဒေစိုးမိုးရေးတို့ နယ်မြေအေးချမ်းသာယာရေးတို့မှာလည်း ကောင်းသွားမှာ” ဟု ဦးခင်မောင်ချိုကပြောသည်။ အဆိုပါနယ်နိမိတ်ဘုတ်တိုင်ပြန်လည်ရှာဖွေရေးလုပ်ငန်းကို နေပြည်တော်မြေတိုင်းဦးစီးဌာနမှဦးဆောင်၍ ချင်းပြည်နယ်အ စိုးရအဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အုပ်ချူပ်ရေးအဖွဲ့၊ သစ်တောဦးစီးဌာနနှင့် ဒေသခံကျေးရွာ အုပ်ချူပ်ရေး မှူးတို့မှ ပြန်လည်ရှာဖွေခဲ့ကြခြင်းဖြစ်သည်။ ချင်းနှင့် စစ်ကိုင်းတိုင် နယ်နိမိတ်ဘုတ်တိုင် BP အမှတ် ၁ မှ ၅ အထိကို ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ကွန်ဂရစ်တိုင်ဖြင့် စိုက်ထူခဲ့ကြပြီးဖြစ်ကာ ယခု BP အမှတ် ၆ မှ ၁၀ အထိကို ဇန်နဝါရီလအတွင်း စိုက်ထူကြမည်ဟု…
Read More
#Unicode By လားနွန် – ၂၀၂၀ ရွေးကောက်ပွဲတုန်းက ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေေသာမဲစာရင်းနှင့် မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်းပေါင်း ၃၀၀၀ ကျော််ရှိသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေ းအဖွဲ့က ဇန်နဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်ချက်အရသိရသည်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတုန်းက တပ်မတော်သားများဆန္ဒမဲပေးခဲ့သော မြို့နယ်များနှင့် စပ်လျဉ်း၍ မဲစာရင်းစီစစ်မှုများကို ပြုလုပ်လျက်ရှိပြီး ဇန်နဝါရီလ (၁၂) ရက်နေ့က (၁၆) ကြိမ်မြောက် ထုတ်ပြန်ချက်တွင် ချင်းပြည်နယ် ပလက်ဝမြို့နယ် မဲစာရင်း ပုံစံ (၁) တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း (၁၄၄၇) ရှိပြီး မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်းပေါင်း (၂၁၁၁) ရှိပြီး စုစုပေါင်း (၃၅၅၈) ရှိသည်ဟု ဖော်ပြထားသည်။ ယင်းထုတ်ပြန်ချက်တွင် နိုင်ကတ်အမှတ်တူနေသူများ (ကျန်အချက်အားလုံးလွဲဲ) မဲစာရင်းတွင် ပါဝင်နေသူ အများဆုံးဖြစ်ပြီး (၇၇၈) ဦး၊ နိုင်ကတ်တူ အမည်တူ ဖခင်တူ (မိခင်မည်လွဲ၊ အသက်လွဲသူများ) (၁၁၂) ဦး၊ နိုင်ကတ်တူ အမည်တူ (အသက်လွဲ၊ မိဘအမည်လွဲသူများ) (၉၄) ဦး ၊ နိုင်ကတ်အမှတ် (၁) ခုတည်းဖြင့် မဲစာရင်း (၃) ကြိမ်ပါဝင်နေသူများ (၉၃) စသည်ဖြင့် ရှိကြောင်းထုတ်ပြန်ထားသည်။ ယခုကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးစံသာကျော်က “သူတို့ဘယ်စာရင်း ကိုကြည့်ရတာလည်း ကျနော်တို့ မသိဘူးဗျာ သူတို့ထုတ်ပြန်တာ ဘယ်ကစာရင်းနဲ့ထုတ်ပြန်တာလည်းမသိဘူး ကျနော်တို့ကတော့ ရပ်ကျေးကနေလာတဲ့ မဲစာရင်းထဲကနေအတည်လုပ်တာပဲလေ ကျနော်တို့ကော်မရှင်ကတော့ မဲမသမာမှုဆိုတာမရှိဘူးလို့သတ်မှတ်တာပဲလေ ကျနော်သိသလောက်တော့…
Read More
#Unicode By လားနွန် – အမျိုးသားဒီမိုကရေစီအဖွဲဲ့ချုပ် (NLD) ပါတီအနေဖြင့် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်ရာတွင် ပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီများ၏ ဆန္ဒကိုအသိမှတ်ပြုပြီး သဘောထားကြီးရန်လိုအပ်ဟု ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီမှ ပူးတွဲဥက္ကဌ ပူးနိုးထန်ကပ်ကပြောဆိုလိုက်သည်။ “အချင်းချင်းအသိမှတ်ပြုပြီးတော့ ပါတီကြီး အနေနဲ့လည်း သူ့ပြည်နယ်မှာ သွားရောက်သွားတဲ့ အခြေအနေဖြစ်နေတဲ့ အခါမှာ ပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီတွေရဲ့ဆန္ဒကို အသိမှတ်ပြုပြီး လုပ်လိုက်ရင်ဘာခက်သွားလို့လဲ ပြေလည်မယ် ကျနော်တို့အနှစ် (၇၀) ကျော်ခံစားချက်နဲ့ရှိလာတဲ့တိုင်းရင်းသားတွေအနေနဲ့ အကုန်လုံးက Sensitive (ထိလွယ်ရှလွယ်) ဖြစ်သွားပြီဆိုတော့ ဒီဟာကို ပေါ့ပေါ့တန်တန်သွားလုပ်လို့မရဘူး” ဟု CNLD ပါတီမှ ပူးတွဲဥက္ကဌ ပူးနိုးထန်ကပ်ကပြောသည်။ အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီသည် နောင်အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေးကိစ္စ နှင့်ပတ်သက်၍တွေ့ဆုံဆွေးနွေးရန် ပြည်နယ်အခြေစိုက်တိုင်းရင်းသားနိုင်ငံရေးပါတီ (၄၈) ထံသို့ ၂၀၂၀ ရွေးကောက်ပွဲ အပြီးတွင် ဖိတ်စာပေးပို့ခဲ့ပြီး ၂၀၂၁ ခုနှစ်ဇန်နဝါရီလ ၁ နေ့ကစ၍ တိုင်ရင်းသားပါတီများနှင့်တွေ့ဆုံဆွေးနွေးမှုကို စတင်ခဲ့ သည်။ ဒေါက်တာအောင်မိုးညိုဦးဆောင်သော NLD ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ ၁ ရက်နေ့ကပြုလုပ်သော ကချင်ပြည်န ယ်အခြေစိုက် တိုင်းရင်းသားရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးမှုမှာ အဆင်ပြေသည်ဟု ဆိုနိ်ုင်သော်လည်း ဇန်နဝါရီလ ၄ ရက်နေ့ ၁၂ ရက်နေ့က မွန်ပြည်နယ်နှင့် ကယားပြည်နယ်တွင်ပြုလုပ်သော တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးမှုမှာမူ နေရာညှိနိုင်း မရ၍ အသီးသီးပွဲပျက်ခဲ့ရသည်။ NLD ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ပါတီဗဟိုဆုံးဖြတ်ချက်အရ ဆွေးနွေးပွဲများကို သက်ဆိုင်ရာပြည်နယ် NLD ပါတီရုံးတွင် ပြုလုပ်ရန်စီစဉ်ပြီး တိုင်းရင်းသားများဘက်ကမူ သီးခြားတစ်နေရာရာတွင် တွေ့ဆုံဆွေးနွေးကြရန်ဆန္ဒရှိနေသည့်အတွက် နှစ်ဖက်ညှိနှိုင်းမရကြသောကြောင်း ပွဲပျက်ခဲ့ကြရခြင်းဖြစ်သည်။ CNLD…
Read More
#Unicode နှင်းနှင်း – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် တောထဲသို့ ဝါးခုတ်ရန်သွားသည့် အမျိုးသမီးတစ်ဦးသည် မြေမြုပ်မိုင်းနင်းမိပြီး ဘယ်ခြေထောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပလက်ဝမြို့ နယ်၊ တိုက်ပွဲရှောင်နှင့်သဘာဝဘေးကူညီရေးအဖွဲ့မှ ဦးဇာနီ ကပြောသည်။ “သူ့အမျိုးသားက ၂၈၉ တပ်ဖက်ကပါ၊ မနေ့ကနေ့လယ် (၁း၃၀) ပတ်ဝန်းကျင်လောက်ကဖြစ်တာ၊ သူတို့က ဝါးခုတ်ဖို့ အသွားမှာမိုင်းနင်းတာ၊သူဖြစ်ဖက်တဲ့နေရာက ကုလာတန်းမြစ်အရှေ့ဖက်ခြမ်း ၂၈၉ တပ်ရင်း ဖက်ခြမ်းမှာဖြစ်တာ၊ ဘယ်ဖက်ခြေသလုံး ထိခိုက်သွားတယ်လို့ပြောတယ်၊ ခုလောလောဆယ် တပ်ဆေးရုံမှာကုပေးတယ် ဒီနေ့တော့ စစ်တွေဆေးရုံကို ပို့ဆောင်သွားမယ်လို့သိရတယ်” ဟု ဦးဇာနီကပြောသည်။ မြေမြုပ်မိုင်းနင်းမိပြီး ဒဏ်ရာရသွားသူမှာ ပလက်ဝမြို့ ခလရ အမှတ်(၂၈၉) တပ်ရင်းတွင်နေထိုင်သူ ကလေးငါးယောက်မိ ခင် ဒေါ်တိုးတိုးဝင်း (အသက် ၃၈နှစ်) ဖြစ်ပြီး ၎င်း၏အမျိုးသားဖြစ်သူမှာ အမှတ် ၂၈၉ တပ်ရင်းတွင် တပ်မတော်သား အဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်းသိရသည်။ ဒဏ်ရာရသွားသူ ဒေါ်တိုးတိုးဝင်းအား လက်ရှိတွင် ပလက်ဝမြို့ရှိ အမှတ် ၂၈၉ တပ်ရင်းတွင် ဆေးကုသပေးလျက်ရှိပြီး စစ်တွေမြို့သို့ ရဟတ်ယာဉ်ဖြင့်ပို့ဆောင်ကာ ဆေးကုသပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ပလက်ဝမြို့နယ်တွင် မြေမြုပ်မိုင်းကြောင့် ပြည်သူများ သေဆုံးဒဏ်ရာရနေမှုအပေါ် ချင်းလူ့အခွင့်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဆလိုင်းဆန်နှင်းလျန်က “တိုက်ပွဲမှာ မြေမြုပ်မိုင်းတွေသုံးနေတာက နိုင်ငံတကာ စစ်ရာဇဝတ်မှု ရောက်တယ်၊ မသုံးသင့်တဲ့ဟာဖြစ်တယ်၊ ပြည်သူတွေသွားလာတဲ့နေရာမျိုးမှာ မြေမြုပ်မိုင်းမြုပ်တာကို အတတ်နိုင်ဆုံးရှောင်သင့်တယ်လို့ပြောချင်တယ်၊ နှစ်ဘက်တပ်အနေနဲ့ လိုက်နာရမယ့်ဟာလည်းဖြစ်တယ်၊ မြေမြုပ်မိုင်းဆိုတာက တိုက်ပွဲပြီးသွားရင်တောင် အန္တရာယ်ရှိတဲ့ဟာဖြစ်တဲ့အတွက် လုံးဝမသုံးသင့်ဘူး” ဟုပြောသည်။ မြန်မာ့တပ်မတော့နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ ပလက်ဝမြို့နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၁၅ ခုနှစ်မှ လက်ရှိအချိန်ထိ မြေမြုပ်မိုင်းနင်းမိသည့်ဖြစ်စဉ်…
Read More
#Unicode နှင်းနှင်း – ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ တစ်ရက်ထဲတွင် ကိုဗစ်ပိုးတွေ့လူနာ (၂၂) ဦးထပ်မံပိုးတွေ့ရှိပြီး တီးတိန်မြို့ကို Stay At Home ပြုလုပ်ရန် ပြည်ထောင်စု ကိုဗစ်ထိန်းချုပ်ရေးကော်မတီထံ တင်ပြထားကြောင်း ချင်းပြည်နယ်၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။ “ မနေ့ကစစ်လိုက်တော့ Positive အများကြီးထွက်လာတာကြည့်ခြင်းအားဖြင့်ပြည်ပကနေပြန်လာ တာမဟုတ်ပဲနဲ့ ပြည်တွင်းကူးစက်မှုအစုလိုက်ကူးစက်မှုလို့ နာမည်တပ်ပါတယ်၊ ဒီအရာကို ကြည့်ခြင်း အားဖြင့် ကျွန်တော်တို့ ပိုဂရုစိုက်ရတော့မယ်။ အခုတီးတိန်ကိုလည်းကျွန်တော်တို့ Stay At Home ပုံစံလုပ်ဖို့ ဟိုနေ့ကဆွေးနွေးကြပါတယ်၊ ကူးစက်မှုကအဝင်အထွက်မပိတ်ဘူးဆိုရင် အများကို ကူးနိုင်ဖို့အတွက် အရမ်းမြန်ဆန်လာမှာ ဒီ Stay At Home ကို ကျွန်တော်တို့ အမျိုးသားကော်မတီကို တင်ပြပြီးတော့၊ အမျိုးသားကော်မတီရဲ့လမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။ ခွင့်ပြု ချက်ရရင် အမိန့်ထုတ်မှာ ဒီ ၁၊ ၂ ရက် အတွင်းပေါ့” ဟု ဦးပေါင်လွန်မင်းထန်ကပြောသည်။ ဇန်နဝါရီလ ၁၁ ရက်နေ့ တစ်ရက်ထဲ ချင်းပြည််နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ (၂၆) ဦးအထိရှိခဲ့ပြီး တီးတိန်မြို့နယ်တွင် (၂၂) ဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ တီးတိန််မြို့နယ်မှ ပိုးတွေ့ရှိသူများမှာ တီးတိန််မြို့နယ်၊ ဆွောင်းဖေကျေးရွာမှ အသက် (၃၇) နှစ်အရွယ်အမျိုးသားတစ်ဦး၊ တီးတိန်မြို့၊လွယ်ဘွာလ်းရပ်ကွက်မှ အသက် (၅၆) နှစ်အရွယ်အမျိုးသမီး တစ်ဦး၊ အသက် (၇) နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ အသက် (၉) နှစ်အရွယ်အမျိုးသားတစ်ဦး၊ စကော လမ်းရပ်ကွက်မှ အသက် (၄၄) နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ အသက် (၃၃)…
Read More