Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီးနေရာယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းနှစ်ဦးကြား တိုင်တန်းမှုဖြစ်ပွား

စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီးနေရာယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းနှစ်ဦးကြား တိုင်တန်းမှုဖြစ်ပွား

0
By Editor on November 5, 2020 Khonumthung

#Unicode

By လားနွန် – ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းသာလိုတော့သည့်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး ချင်းလူမျိူးတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းနှစ်ဦးအကြား တိုင်တန်းမှုဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလ ၄ ရက်နေ့က ကလေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ဖြေရှင်းညှိနှိုင်းပေးခဲ့ရသည်ဟု သိရသည်။

ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီ၏ ချင်းလူမျိူးတိုင်းရင်းသားရေးရာကိုယ်စားလှယ်လောင်း ဦးဆန်ထောင်း ထန်က မဲဆွယ်စည်းရုံးရေးဆင်းသည့်အချိန်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးလာထန်ကြွမ်းသည် အသက် ၃၅ နှစ်မပြည့်သေးသည့်အတွက် ချင်းရေးရာဝန်ကြီးမဖြစ်နိုင်ကြောင်း လူထုအနေဖြင့် မဲပေးလျင်လည်း အရာရောက်မည်မ ဟုတ်ကြောင်း ပြောဆိုမှုများရှိသည့်အတွက် ကလေးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ထံသို့ ဦးလားထန်ကြွမ်းက တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဦးလားထန်ကြွမ်းက “ ကျနော်တို့က ဘာကြောင့် တိုင်ကြားတာလည်းဆိုတော့ ကျနော်ရဲ့ အသက်ကိစ္စနဲ့ပတ်သက်ပြီးတော့ အပြင်မှာ အရမ်းပြန့်နေတယ် လားထန်ကြွမ်းက အသက်သုံးဆယ့်ငါးနှစ်မပြည့်လို့ ရွေးကောက်ပွဲမှာ မဲထည့်လို့ နိုင်ခဲ့ရင်လည်း မင်းတို့မဲက အလားကားဖြစ်မယ် ဆိုတဲ့သတင်းအရမ်းပြန့်နေတဲ့အခါကျတော့ အဲဒီသတင်းကိုလိုက်လံစုံစမ်းမေးမြန်းတဲ့အခါမှာ ကိုယ်စားလှယ်လောင်းကိုယ်တိုင်(ဦးဆန်ထောင်းထန်)က အမေးအဖြေ ကဏ္ဍမှာ ကျနော်နာမည်ကိုခေါ်ပြီးတော့ လားထန်ကြွမ်းက အသက်မပြည့်ဘူးဆိုတော့ ဘယ်လိုဖြစ်မလဲပြောတဲ့အခါမှာ သူဝန်ကြီးဖြစ်မှာမဟုတ်ဘူး စသဖြင့် အဓိပ္ပာယ်နှစ်ခွ သုံးခွမျိုးရှိတဲ့စကားနဲ့ပြောတော့ မဲဆန္ဒရှင်ပြည်သူတွေရဲ့စိတ်ထဲမှာ သို့လောသို့လောစိတ်မျိုးဖြစ်လာတဲ့အခါကျတော့ ကျနော်တို့ကို စိစပ်ညှိုနှိုင်းပေးနိုင်တဲ့ ကော်မရှင်ဆီမှာ ပထမဆုံးအနေနဲ့ သတင်းပေးရတဲ့သဘော ကျနော်တို့ကို ညှိုနှိုင်းပေးပါ ပြောလိုက်တဲ့သဘောမျိုးပါ” ဟုပြောသည်။

ဦးလားထန်ကြွမ်းသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ချင်းလူမျိူးတိုင်းရင်းသားရေးရာ ဝန်ကြီးအတွက် တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ယခုလက်ရှိတွင် အသက် ၃၄ နှစ်ရှိသည်ဟု သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး CNLD ပါတီ ကိုယ်စားလှယ်လောင်း ဦးဆန်ထောင်းထန် “ကျနော်က လားထန်ကြွမ်း အကြောင်းကို တစ်ခါမှမပြောဘူး ကျနော်ဟောပြောပွဲလုပ်တဲ့အခါမှာ ကျနော်တို့အမြဲတမ်းပေ့ါနော် ဟောပြောပွဲလုပ်ပြီးမှ အမေးအဖြေခွင့်ပေးတာပေါ့နော် အဲဒီအချိန်ပေးတဲ့အချိန်မှာ တချို့တွေက အခြေခံဥပဒေမှာ (၃၅) နှစ်မပြည့်တဲ့သူက ဝန်ကြီးမရနိုင်ဘူး ဆိုတဲ့ဟာမျိုးလေးတွေရှိတဲ့အတွက်ကြောင့် ဘယ်လိုလဲ ကျနော်တို့ ချင်းတိုင်းရင်းသားရေးရာကိုယ်စား လှယ်လောင်းမှာ နှစ်ယောက် (၃၅) နှစ်မပြည့်တဲ့သူ နှစ်ယောက်ရှိတဲ့အတွက်ကြောင့်မို့ အဲဒါဘယ်လိုဖြစ်မလဲ သူတို့က တကယ်လို့ရွေးခံတယ်ဆိုရင် အနိုင်ရခဲ့ရင် ရေးရာဝန်ကြီးရနိုင်မလားဆိုတဲ့ဟာကို တစ်ချို့တွေကလာမေးလို့လေ အဲလိုမေးတဲ့အချိန်မှာ ကျနော်က အခြေခံဥပဒေအရပေါ့နော် အဲဒါလေးကို ကျနော်ကဖော်ပြခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းတိုင်တန်းသည့်ကိစ္စနှင့်ပတ်သက်၍ နိုဝင်ဘာလ ၄ ရက်နေ့မွန်းလွဲပိုင်းက ကလေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ဖြေရှင်းညှိနှိုင်းပေးကာ ပြေလည်မှုရသွားပြီဟု ကလေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးဂင်ခန့်ပေါင်ကပြောသည်။

“ကျနော်တို့ကတော့ ဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့အခါကျတော့ ကာယကံရှင် နှစ်ဦးနှစ်ဖက် သဘောတူညီချက်ကိုရယူတဲ့ သဘောပါ ပါတီကိုယ်စားလှယ်တွေရယ် သြဇာတက္ကမရှိတဲ့ ပုဂ္ဂိုလ်များရှိမောက်မှာ သူတို့နှစ်ယောက်ရဲ့အငြင်းပွားမှုကို ပြေလည်အောင်ညှိုနှိုင်းတဲ့သဘောမျိုးဖြစ်ပါတယ် အခုအနေအထားမှာတော့ ဆွဲဆိုတဲ့လူကလည်းပဲ မနစ်နာအောင် ပြောပြတာပေ့ါ အဆွဲခံရတဲ့လူကလည်းပဲ သူပြောတာတွေကို ဥပဒေနဲ့ ညီတယ်လို့ပြောတယ် သို့သော်လည်းပဲ ကျနော်တို့က ဘာပဲပြောပြော နှစ်ဦးနှစ်ဖက် တရားရုံး စခန်းတို့ဘာတို့မရောက်အောင် အပြောခံတဲ့လူကို ပြောတဲ့လူက နောင်မပြောပါဘူးလို့ ကတိပေးတာပေါ့နော် ကတိပေးတဲ့အတွက် ကျေအေးတယ် ပြေလည်သွားတယ် ပြေလည်တာကို ကျနော်မှတ်တမ်းတင်ပေးလိုက်တယ် အဲလိုပြီးသွားတယ် အားလုံးကပြေလည်သွားတာပေ့ါ” ဟု ကလေးမြို့နယ်ရွေး ကောက်ပွဲကော်မရှင်ဥက္ကဌကပြောသည်။

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ချင်းလူမျိူးတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် နိုင်ငံရေးပါတီ (၆) ပါတီ နှင့် တစ်သီးပုဂ္ဂလ (၄) ဦးစုစုပေါင်း (၁၀) ဦးတို့ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ၎င်းတို့မှာ ဦးလားထန်ကြွမ်း (တစ်သီးပုဂ္ဂလ)၊ ဦးတွန့်လမ်းထန် (တစ်သီးပုဂ္ဂလ)၊ ဦးဘွန်းဇနန်း (တစ်သီးပုဂ္ဂလ)၊ ဦးဘွာလ်နှောက် (တစ်သီးပုဂ္ဂလ)၊ ဦးဆန်ထောမ်ထန် (CNLD)၊ ဒေါ်လါလ်ရင်းမွန် (NLD) ၊ ဦးစံရာအုပ် (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)၊ ဦးထန်ဆဲယာ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ ဒေါက်တာဂင်ဟဲ့လျန် (အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ)၊ ဦးလာဘွေ့ဘိခ် (ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ) တို့ဖြစ်ကြသည်။

#Zawgyi

By လားနွန် – ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းသာလိုတော့သည့်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး ချင်းလူမျိုးတိုင်းရင်းသားရေးရာ ၀န်ကြီးနေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းနှစ်ဦးအကြား တိုင်တန်းမှုဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလ ၄ ရက်နေ့က ကလေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ဖြေရှင်းညှိနှိုင်းပေးခဲ့ရသည်ဟု သိရသည်။ 

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီ၏ ချင်းလူမျိုးတိုင်းရင်းသားရေးရာကိုယ်စားလှယ်လောင်း ဦးဆန်ထောင်း ထန်က မဲဆွယ်စည်းရုံးရေးဆင်းသည့်အချိန်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးလာထန်ကြွမ်းသည် အသက် ၃၅ နှစ်မပြည့်သေးသည့်အတွက် ချင်းရေးရာဝန်ကြီးမဖြစ်နိုင်ကြောင်း လူထုအနေဖြင့် မဲပေးလျင်လည်း အရာရောက်မည်မ ဟုတ်ကြောင်း ပြောဆိုမှုများရှိသည့်အတွက် ကလေးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ထံသို့ ဦးလားထန်ကြွမ်းက တိုင်ကြားခဲ့ခြင်းဖြစ်သည်။ 


ဦးလားထန်ကြွမ်းသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ချင်းလူမျိုးတိုင်းရင်းသားရေးရာ ၀န်ကြီးအတွက် တစ်သီးပုဂ္ဂလအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ယခုလက်ရှိတွင် အသက် ၃၄ နှစ်ရှိသည်ဟု သိရသည်။ 

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး CNLD ပါတီ ကိုယ်စားလှယ်လောင်း ဦးဆန်ထောင်းထန် “ကျနော်က လားထန်ကြွမ်း အကြောင်းကို တစ်ခါမှမပြောဘူး ကျနော်ဟောပြောပွဲလုပ်တဲ့အခါမှာ ကျနော်တို့အမြဲတမ်းပေါ့နော် ဟောပြောပွဲလုပ်ပြီးမှ အမေးအဖြေခွင့်ပေးတာပေါ့နော် အဲဒီအချိန်ပေးတဲ့အချိန်မှာ တချို့တွေက အခြေခံဥပဒေမှာ (၃၅) နှစ်မပြည့်တဲ့သူက ၀န်ကြီးမရနိုင်ဘူး ဆိုတဲ့ဟာမျိုးလေးတွေရှိတဲ့အတွက်ကြောင့် ဘယ်လိုလဲ ကျနော်တို့ ချင်းတိုင်းရင်းသားရေးရာကိုယ်စား လှယ်လောင်းမှာ နှစ်ယောက် (၃၅) နှစ်မပြည့်တဲ့သူ နှစ်ယောက်ရှိတဲ့အတွက်ကြောင့်မို့ အဲဒါဘယ်လိုဖြစ်မလဲ သူတို့က တကယ်လို့ရွေးခံတယ်ဆိုရင် အနိုင်ရခဲ့ရင် ရေးရာဝန်ကြီးရနိုင်မလားဆိုတဲ့ဟာကို တစ်ချို့တွေကလာမေးလို့လေ အဲလိုမေးတဲ့အချိန်မှာ ကျနော်က အခြေခံဥပဒေအရပေါ့နော် အဲဒါလေးကို ကျနော်ကဖော်ပြခြင်းဖြစ်ပါတယ်” ဟု ပြောသည်။ 


“ကျနော်တို့ကတော့ ဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့အခါကျတော့ ကာယကံရှင် နှစ်ဦးနှစ်ဖက် သဘောတူညီချက်ကိုရယူတဲ့ သဘောပါ ပါတီကိုယ်စားလှယ်တွေရယ် သြဇာတက္ကမရှိတဲ့ ပုဂ္ဂိုလ်များရှိမောက်မှာ သူတို့နှစ်ယောက်ရဲ့အငြင်းပွားမှုကို ပြေလည်အောင်ညှိုနှိုင်းတဲ့သဘောမျိုးဖြစ်ပါတယ် အခုအနေအထားမှာတော့ ဆွဲဆိုတဲ့လူကလည်းပဲ မနစ်နာအောင် ပြောပြတာပေါ့ အဆွဲခံရတဲ့လူကလည်းပဲ သူပြောတာတွေကို ဥပဒေနဲ့ ညီတယ်လို့ပြောတယ် သို့သော်လည်းပဲ ကျနော်တို့က ဘာပဲပြောပြော နှစ်ဦးနှစ်ဖက် တရားရုံး စခန်းတို့ဘာတို့မရောက်အောင် အပြောခံတဲ့လူကို ပြောတဲ့လူက နောင်မပြောပါဘူးလို့ ကတိပေးတာပေါ့နော် ကတိပေးတဲ့အတွက် ကျေအေးတယ် ပြေလည်သွားတယ် ပြေလည်တာကို ကျနော်မှတ်တမ်းတင်ပေးလိုက်တယ် အဲလိုပြီးသွားတယ် အားလုံးကပြေလည်သွားတာပေါ့” ဟု ကလေးမြို့နယ်ရွေး ကောက်ပွဲကော်မရှင်ဥက္ကဌကပြောသည်။ 

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ချင်းလူမျိုးတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် နိုင်ငံရေးပါတီ (၆) ပါတီ နှင့် တစ်သီးပုဂ္ဂလ (၄) ဦးစုစုပေါင်း (၁၀) ဦးတို့ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ၎င်းတို့မှာ ဦးလားထန်ကြွမ်း (တစ်သီးပုဂ္ဂလ)၊ ဦးတွန့်လမ်းထန် (တစ်သီးပုဂ္ဂလ)၊ ဦးဘွန်းဇနန်း (တစ်သီးပုဂ္ဂလ)၊ ဦးဘွာလ်နှောက် (တစ်သီးပုဂ္ဂလ)၊ ဦးဆန်ထောမ်ထန် (CNLD)၊ ဒေါ်လါလ်ရင်းမွန် (NLD) ၊ ဦးစံရာအုပ် (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)၊ ဦးထန်ဆဲယာ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ ဒေါက်တာဂင်ဟဲ့လျန် (အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ)၊ ဦးလာဘွေ့ဘိခ် (ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ) တို့ဖြစ်ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.