Author: Editor

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကော်မရှင်သည် စစ်မှုထမ်းလူဦးရေ လိုအပ်ချက်ကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမူးကိုယ်တိုင် ဦးဆောင်ကာ ညအချိန် နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးမှုများ ခပ်စိတ်စိတ် ပြုလုပ်လာသည်ဟု ကလေးမြို့ခံများထံမှ သိရသည်။ “စစ်မှုထမ်းဆွဲတာကတော့ နေ့တိုင်းပဲ၊ ညတိုင်းအိမ်တွေကို ဝင်ဖမ်းတာတွေလည်းရှိတယ်၊ ကလေး (၄-၅) ယောက်လောက်ရှိတဲ့ အဖေတွေရော ပါသွားတာပေါ့။ အခုက စစ်မှုထမ်းလိုအပ်ချက်ရှိနေတော့ အိမ်တွေမှာပါဝင်ဖမ်းတာတွေလည်းရှိတယ် ညမိုးချုပ်မှာ၊ အဲ့လိုမျိုးဖမ်းတာက သူတို့ ပျူတွေများတဲ့ရပ်ကွက်မှာ နေတဲ့သူ၊ သူတို့ကိုယ်တိုင်းလဲ သိတဲ့ ဟာတွေပေါ့။ ဟိုးနေ့ကဆိုရင်လည်း ဆိုင်မှာ စားသောက်ဝင်စားနေတုန်း ဝင်ဆွဲသွားတာရှိတယ်” ဟု ကလေးမြို့က စစ်ကော်မရှင်လှုပ်ရှားမှုကို စောင့်ကြည့်နေသူတဦးက ပြောသည်။ စစ်ကော်မရှင်သည် ယခင်က လမ်းသွားလမ်းလာများ၊ လူအများစုရုံးရာနေရာ ဘောလုံးကွင်း၊ လက်ဖက်ရည်ဆိုင်၊ အရက်ဆိုင်၊ စားသောက်ဆိုင်တို့ကို ဝင်ရောက်စီးနင်းကာ စစ်မှုထမ်းရန် လူငယများ ဖမ်းဆီးမှုပြုလုပ်လေ့ရှိသော်လည်း ယခုအခါ ညပိုင်းနေအိမ်အတွင်းအထိပါ ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။ ကလေးမြို့၊ မင်္ဂလာဥယာဉ်ရပ်ကွက်တွင်လည်း ညအချိန် နေအိမ်အတွင်းဝင်ရောက်ဖမ်းဆီးခြင်းနှင့် အောင်သစ္စာ ရပ်ကွက်အုပ်ချုပ်ရေးမူး (အောင်အောင်) ကလည်း ရပ်ကွက်နေ လူငယ် အမျိုးသားများအား ဖမ်းဆီးကာ ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲရေးစစ် ဌာနချုပ် (ဒကစ) သို့ ပို့ဆောင်နေကြောင်း ကလေးမြို့ခံထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့မှ စက်တင်ဘာလ (၁) ရက်နေ့အထိ က လေးမြို့ပေါ်ရှိ ညောင်ပင်သာ၊ အောင်မင်္ဂလာ၊ ချမ်းမြေ့အောင်စည်၊ ပင်လုံ၊ အောင်သစ္စာ၊ မင်္ဂလာဥယျာဉ်၊ သဇင်ရပ်ကွက်တို့တွင် စစ်ကော်မရှင်နှင့် ပျူစောထီးများ ဝင်ရောက်ဖမ်းဆီးမူကြောင့် အမျိုးသား…

Read More

(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ထိရောက်စွာလုပ်ကိုင်နိုင်ရန် မြို့နယ်လုံးကျွတ် လူဦးရေစာရင်းကောက်ယူနေမှုသည် ထက်ဝက်ကျော်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ မင်းတပ်မြို့နယ်တွင် မြို့နယ်လုံးကျွတ် လူဦးရေစာရင်းကောက်ယူမှုကို ဇူလိုင်လကတည်းက သင်တန်းများ ခေါ်ယူပေးပြီး တိုက်နယ်အလိုက် စာရင်းကောက်ယူနေခြင်းဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။ “မြို့လည်း သိမ်းလိုက်ပြီးဆိုတော့ မင်းတပ်တစ်မြို့နယ်လုံးကို အိမ်ထောင်စု လူဦးရေစာရင်းကောက်ခံခြင်း ဖြစ်ပါတယ်။ ကောက်ယူ နေတာက နည်းနည်းကြာပါပြီ။ ကျနော်တို့ ကောက်ယူနေတာက ဇူလိုင်လကတည်းက စနေတာပါ။ သင်တန်းပေးပြီးမှ တိုက်နယ် အလိုက် ကောက်ယူနေတာဆိုတော့ ကျနော်တို့မှာ တစ်ဝက်ကျော်ကျော် ပြီးစီးနေပါပြီ။ အခုဆိုရင် တစ်မြို့နယ်လုံးမှာ လူဦးရေ စာရင်းကို ဖြန့်ဝေဖို့ပေါ့နော်။ အိမ်ထောင်စု တစ်ခုစီတိုင်းမှာ ဒါကို ထားရှိဖို့အတွက်တောင်မှ သိပ်မကြာခင် အဆင်သင့် ဖြစ်မယ့် သဘောပါ” ဟု ကိုယောမာန်က ပြောသည်။ မင်းတပ်မြို့နယ်အတွင်း ပြည်သူလူထု၏ မြို့နယ်လုံးကျွတ် လူဦးရေစာရင်း ကောက်ခံခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်း ပြုလုပ်ပေးခြင်းများကို စနစ်တကျ လုပ်ဆောင်ပေးလျက်ရှိသည်ဟု သိရသည်။ မြို့နယ်လုံးကျွတ် လူဦးရေ စာရင်းကောက်ယူခြင်းသည် အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ တရားဥပဒေ စိုးမိုးရေး၊ သစ်တော၊ စိုက်ပျိုးရေး၊ မွေးမြူးရေး စသည့် ကဏ္ဏပေါင်စုံမှာ ချိတ်ဆက်ပြီး ထိရောက်စွာ စီမံဆောင်ရွက်နိုင် ရေးအတွက် ဖြစ်ကြောင်း၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်လည်း ပိုမိုအနီးကပ် ချိတ်ဆက်လုပ်ဆောင်နိုင်ရေးအတွက် ဖြစ်ကြောင်း သိရသည်။ “ဒီလူဦးရေအချက်အလက်တွေက အုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အားလုံးရဲ့ ရင်းမြစ်အချက်…

Read More

(004SS) အမေရိကန်အခြေစိုက် BACI ၏ CEO ဖြစ်သူ Mr. Elaisa Vahnie နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်း/အသင်းတော် ခေါင်းဆောင်များသည် ဒုက္ခသည်များအရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ယမန်နေ့က ပြုလုပ်ခဲ့ကြသည်ဟု မလေးရှားရောက် ချင်းဒုက္ခသည်များအရေး ဆောင်ရွက်နေသောအဖွဲ့ ACR က ထုတ်ပြန်သည်။ အဆိုပါတွေ့ဆုံပွဲကို မလေးရှားရှိ ချင်းဒုက္ခသည်အဖွဲ့အစည်းများဖြစ်သည့် ACR နှင့် CRC တို့၏ ဦးဆောင်မှုဖြင့် Malaysia Lautu Christian Fellowship ဘုရားကျောင်းတွင် ကျင်းပခဲ့သည်။ တွေ့ဆုံပွဲတွင် ၂၀၂၅ ခုနှစ်အတွက် အမေရိကန်မှ ချီးမြှင့်သော Martin Luther King လူသားချင်းစာနာမှု ဆုရရှိထားသည့် Burmese American Community Institute (BACI) ၏ CEO ဖြစ်သူ Mr. Elaisa Vahnie က ၂၀၂၆ ခုနှစ်အတွင်း အမေရိ ကန်နိုင်ငံမှ ဒုက္ခသည်များ လက်ခံမည့် အစီအစဉ်များနှင့် မူဝါဒများကို ရှင်းလင်းပြောကြားခဲ့‌ကြောင်း ACR ၏ ဖော်ပြချက် အရ သိရသည်။ ထို့အပြင် Mr. Vahnie သည် စက်တင်ဘာလ ၁၆ ရက်နေ့တွင်လည်း ချင်းဒုက္ခသည်များအရေးနှင့် ပတ်သက်ပြီး မလေးရှား ရှိ UNHCR၊ အမေရိကန်သံရုံးတို့နှင့် သွားရောက်တွေ့ဆုံမည်ဟု ACR က ဖော်ပြထားသည်။ ထို့နောက် မလေးရှားရောက် ဒုက္ခသည်များနှင့် လူထုတွေ့ဆုံပွဲကိုလည်း ပြုလုပ်သွားမည်ဖြစ်ကာ အသေးစိတ်ကို မကြာမီ ကြေညာသွားမည်ဟု မလေးရှားရောက် ချင်းဒုက္ခသည်များအရေး…

Read More

(006SV) မတူပီတော်လှန်ရေးအဖွဲ့ချုပ် (MRO)/ CDF – မတူပီသည် မတူပီမြို့နယ်ထဲက ၎င်းတို့ထိန်းချုပ်ဒေသတွင် လွတ်လပ်စွာ ပညာသင်ကြားရေးကို လစ်လျူရှုနေပြီး အပြန်အလှန်လေးစားမှုမရှိဘဲ အာဏာရှင်ဆန်ဆန် ပြုမူနေကြောင်း NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် မတူပီမြို့နယ်၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့က ပူးတွဲကြေညာသည်။ ပညာသင်ယူနေကြသော ကျောင်းသား/သူများကို အခြေခံပညာပြီး မြောက်သည်အထိ လွတ်လပ်စွာ ပညာသင်ကြားနိုင်ရေးနှင့် ဝန်ထမ်းများ တာဝန်ပြန်လည်ထမ်းဆောင်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် ကြိုးစားခဲ့သော်လည်း MRO/ CDF – မတူပီက ၄ ကြိမ်တိုင်တိုင် လစ်လျူရှုသည်ဟု စက်တင်ဘာလ ၈ ရက်မှာ ထုတ်ပြန်ခြင်းဖြစ်သည်။ မတူပီမြို့နယ် ကြားကာလပညာရေး‌ ဖော်ဆောင်မှုတွင် အဟန့်အတား အနှောက်အယှက် မဖြစ်စေလိုသောကြောင့် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း MRO/ CDF – မတူပီသည် အပြန်အလှန် လေးစားမှုမရှိဘဲ အာဏာရှင်ဆန်ဆန် ပြုမှုခြင်းလုပ်ရပ်များကို အပြင်းအထန် ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်သည်။ ဩဂုတ်လ ၈ ရက်က ကြားကာလပညာရေးကို ဖော်ဆောင်နေသော အခြေခံပညာ ကျောင်းသား/သူများ၊ ဆရာ/မ များကို ကာယ ကံရှင်၏ ဆန္ဒမပါဘဲ ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီး စစ်မှုထမ်းစေခဲ့မှု ဖြစ်ပွားပြီးနောက် ဩဂုတ်လ ၁၁ ရက်တွင် MRO/ CDF – မတူပီထံ တွေ့ဆုံရန် တောင်းဆိုသော်လည်း တွေ့ဆုံခြင်း မပြုခဲ့ကြောင်းဟု သိရသည်။ ထပ်မံ၍ ဩဂုတ်လ ၁၂ ရက်က မြို့နယ်ပညာရေးဘုတ်မှ ဦးဆောင်၍ မိဘဆရာ သင်းလုံးကျွတ် အစည်းအဝေး တက်ရောက်သူ ၁၂၇ ဦး၏…

Read More

(005MK) မီဇိုရမ်ပြည်နယ် အိုင်ဇောလ်ခရိုင် Sihhmui ကျေးရွာတွင် စစ်ဘေးရှောင်ချင်းအမျိုးသမီးတစ်ဦး တနင်္ဂနွေနေ့က ဆိုင်ကယ်တိုက်ခံရ၍ သေဆုံးခဲ့သည်ဟု သိရသည်။ ချင်းပြည်နယ် မတူပီမြို့နယ် တင်လောင်းကျေးရွာမှ Sihhmui ကျေးရွာသို့ စစ်ဘေးရှောင်လာသော အသက် ၅၅ နှစ် အရွယ် ဒေါ်စန်အဲသည် စက်တင်ဘာ ၇ ရက် ည ၉ နာရီခွဲဝန်းကျင်တွင် ဘုရားကျောင်းမှအပြန် ဆိုင်ကယ်တိုက်ခံရခြင်းဖြစ်သည်ဟု The Matupi Times သတင်းဌာနကဖော်ပြသည်။ ဒေါ်စန်အဲသည် ဘုရားကျောင်းဆင်းပြီးနောက် နေအိမ်ရှေ့တွင် ရပ်နေစဉ်မှာ ဒေသခံအမျိုးသား ၂ ဦးစီးလာသော ဆိုင်ကယ်ဖြင့် အတိုက်ခံရကာ ထိုနေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဆိုင်ကယ်ဖြင့် တိုက်သွားသည့် အမျိုးသား ၂ ဦးကိုလည်း တာဝန်ရှိသူများက ဖမ်းဆီးထိမ်းသိန်းထားပြီဟု သိရသည်။ ဒေါ်စန်အဲသည် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ၂၀၂၁ ခုနှစ်ကတည်းက မီဇိုရမ်ပြည်နယ်ဘက်သို့ စစ်ဘေးရှောင်လာသူဖြစ်ပြီး Sihhmui ကျေးရွာမှာ သား ၃ ယောက်နှင့်အတူ နေထိုင်ကြသည်ဟု သိရသည်။

Read More

(004SS) စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ မွန်းလိုင်ရပ်ကွက်နေ အသက် ၁၀ နှစ်အရွယ် ချင်းအမျိုးသမီးငယ်၂ ဦးသည် ကားမဲလ် ဆုတောင်းတောင် သွားရာလမ်းရှိ ဆည်ကြီးချောင်း (ခ) ကွဲချောင်းကို ဖြတ်ကူးစဉ် ရေနစ်ပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသွားသူများမှာ အသက် ၁၀ နှစ်ဝန်းကျင်ရှိ Lia Cing San Nuam နှင့် Lia Nuam Lam Cing တို့ဖြစ်ကြသည်။ ဖြစ်စဉ်မှာ စက်တင်ဘာလ ၆ ရက်နေ့မနက်ပိုင်း ၇ နာရီဝန်းကျင်တွင် သေဆုံးသွားသူ ၂ ဦးသည် ၎င်းတို့၏ သူငယ်ချင်းတစ်ဦးနှင့်အတူ မွန်လိုင်ရပ်ကွက်မှ ကားမဲလ်ဆုတောင်းတောင် တက်ရန်သွားရောက်ခဲ့ကြရာ ဆင်ရွာအကျော်ရှိ ချောင်းကို ဖြတ်ကူးရစဉ်တွင် ရေစီးနှင့်အတူ မျောပါသွားခဲ့ကြခြင်းဖြစ်သည်။ ကျန်တစ်ဦးမှာ ရေစီးသန်သည့်အတွက် ချောင်းကိုမဖြတ်ကူးရဲဘဲ နေအိမ်သို့ပြန်လာပြီးနောက် အဖြစ်အပျက်အား ပြောပြခဲ့ရာ ဆွေမျိုးများနှင့် ရပ်ကွက်သူ/သားများက လူစုခွဲကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြသည်။ “သူတို့ သူငယ်ချင်းသုံးယောက် ကားမဲလ်တောင်တက်ဖို့ သွားတာပါ၊ နှစ်ယောက်က ချောင်းဖြတ်ကူးတဲ့ချိန်မှာ ရေနစ်သွားတာပေါ့နော်။ ကျနော်အဒေါ်ရဲ့သမီး နူးနူးကိုကျတော့ ဆေးရုံကို ပို့လိုက်သေးတယ်။ သူကတော့ဆေးရုံရောက်ပြီးမှ ဆုံးသွားတာပေါ့နော်။ နောက် သူ့ရဲ့သူငယ်ချင်းတစ်ယောက်ကကျတော့ ကျောက်တုံးတွေကြားမှာ တွေ့ရှိရတာပေါ့၊ သူကတော့ချောင်းမှာတင် ဆုံးသွားပြီပေါ့နော်။‌ အဆိုးထဲကနေ ကျေးဇူးတော်ကြောင့် အလောင်းကို ပြန်တွေ့တယ်ဆိုတော့ ကောင်းကောင်းမွန်မွန် သဂြိုလ်ခွင့်ရတာကိုပဲ ကျေးဇူးတင်ရမှာပေါ့နော်” ဟု Lia Cing San Nuam (ခ) နူးနူး၏ ဝမ်းကွဲအကိုဖြစ်သူက ပြောသည်။ သေဆုံးသွားသူ…

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ထဲရှိ ကျေးရွာ ၄၀ ကျော်က ဒေသခံချင်းတောင်သူများ၏ စိုက်ခင်းများတွင် ပိုးကျမှု ဖြစ်ပွားနေပြီး ကူးဆက်ပျံ့နှံ့မှု လျင်မြန်သောကြောင့် ပြောင်းသီးနှံများ ပျက်စီးမှုပမာဏ များပြားနေကြောင်း ဒေသခံများထံမှ သိရသည်။ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၄) နှင့် အမှတ် (၁၂)တို့က ချင်းတောင်သူများ၏ သီးနှံစိုက်ခင်းများတွင် ကနဦး ပိုးကျခဲ့ပြီး လက်ရှိမှာ ကျေးရွာပေါင်း ၄၀ ကျော်က သီးနှံစိုက်ခင်းများတွင် ကူးဆက်ခံနေရသည်ဟု မင်းတပ်ဒေသခံက ပြောသည်။ “အဓိကကတော့ ပြောင်းဖူးခင်းတွေကို ပိုးထိုးနေတာပါ။ ပိုးနာမည်ကိုတော့ အတိအကျ မပြောတတ်ပါဘူးခင်ဗျာ။ ဖျက်ပိုး ဝင်ရတဲ့အကြောင်းရင်းကိုတော့ သေချာမသိရပါဘူး။ တစ်နေရာနဲ့တစ်နေရာ ကူးစက်နှုန်း အတော်မြန်ပါတယ်။ အကြမ်းအားဖြင့် နှစ်ရက်အတွင်း တစ်ဧကနှုန်းလောက် မြန်ပါတယ်” ဟု အဆိုပါတိုက်နယ်ရှိ ဒေသခံကိုချင်းက ပြောသည်။ ဩဂုတ်လ နောက်ဆုံးပတ်အတွင်းမှာ အသီးအနှံ့များ ဖွံ့ဖြိုးကြီးထွားစ၊ အောင်မြင်ခါစအချိန်တွင် စိုက်ခင်းများအတွင်း စတင်ပိုးဝင်ရောက်မှုကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ နှစ်ရက်ကို တစ်ဧက နှုန်းထိ ကူးဆက်ပျံ့နှံမှု မြန်ဆန်နေသည်ဟု သိရသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် မင်းတပ်ဒေသခံများသည် စစ်တပ်၏ လေကြောင်းအပါအဝင် တိုက်ခိုက်မှု ပုံစံမျိုးစုံကြောင့် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရကာ ရွေ့ပြောင်းတောင်ယာစနစ်ဖြင့် ဝမ်းစာကို ဖြည့်တင်း နေကြရချိန်တွင် လက်ရှိ ၎င်းတို့ အားကိုးသော တောင်ယာခင်းများ ဖျက်စီးခံလိုက်ရမှုကြောင့် တောင်သူ အများအပြားသည် စားဝတ်နေရေး အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု သိရသည်။ “အဓိကကတော့ ပြောင်းဖူးစိုက်တဲ့ တောင်သူတွေ အတော်ကို နစ်နာပါတယ်။ ဆန်ဈေးတွေက ရွာဖက်အရောက်ဆို…

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ မင်းတပ်- မတူပီကားလမ်းမ မိုင် ၇၀ အနီး၊ လေရှိကျေးရွာတွင် နေအိမ်ဖောက်ထွင်း ခိုးယူပြီး လူသတ်မှု ကျူးလွန်သူကို တည်ဆဲဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “လက်ရှိမှာက ပြစ်မှု ကျူးလွန်သူကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ တည်ဆဲဥပဒေနဲ့ ကျနော်တို့ အရေးယူဖို့ ရှိပါတယ်။ ကျနော် တို့မှာ ပြည်သူ့ရဲဌာန ရှိတယ်၊ တရားစီရင်ရေးဌာနရှိတယ်။ တရားစီရင်ရေးကလည်း တည်ဆဲဥပဒေနဲ့ လွတ်လွတ်လပ်လပ် စွဲချက်တင်ပြီးမှ အရေးယူဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။ စက်တင်ဘာလ ၄ ရက် မွန်လွဲ ၁ နာရီခန့်က မင်းတပ်မြို့နယ်၊ လေရှိကျေးရွာတွင် နေအိမ်များကို ဖောက်ထွင်းခိုးယူနေသူက အသက် ၃၁ နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးအား သတ်ဖြတ်မှု ကျူးလွန်ခြင်းဖြစ်သည်ဟု သိရသည်။ “လေရှိရွာမှာ အိမ်တွေကို ဖောင်ထွင်းခိုးယူနေရင်မှ အိမ်တစ်အိမ်ကို ဖောက်ထွင်းခိုးယူပြီးတော့ နောက်တစ်အိမ်ကို ခိုးယူဖို့ လုပ်နေတဲ့အချိန်မှာ အဲဒီအမျိုးသမီးက အော်ဟစ်ပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းဖို့ ကြိုးစားတယ်။ အဲဒါကို တားဖိုး ကြိုးစားရင်းနဲ့ သေဆုံးတဲ့အထိ ဓါးနဲ့ အကြိမ်ကြိမ်ထိုးသတ်တာပါ” ဟု ကိုယောမာန်က ပြောသည်။ ကျူးလွန်သူသည် မကွေးတိုင်း၊ ဆောမြို့နယ်ထဲရှိ ကျေးရွာတစ်ရွာမှ လူငယ်တစ်ဦးဖြစ်ပြီး ၎င်းကို လက်ရှိမှာ ဖမ်းဆီးရမိထား သည်ဟု သိရသည်။ CDF – မင်းတပ်နှင့် တော်လှန်ရေးအင်အားစုများက မင်းတပ်မြို့နယ်ကို ၂၀၂၄ နှစ်ကုန်ပိုင်းက တိုက်ခိုက် သိမ်းပိုက်ပြီးနောက်…

Read More

(004SS) မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန်အတွက် ချင်းလူ့အခွင့်အရေး (CHRO) အပါအဝင် မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၀၆ ဖွဲ့တို့က ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) နှင့် အတွင်းရေးမှူးချုပ်ထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ယမန်နေ့က ပူးတွဲပေးပို့ခဲ့ကြသည်။ အဆိုပါပေးစာသည် UNGA ၏ လာမည့် ၈၀ ကြိမ်မြောက် အစည်းအဝေးတွင် ကုလသမဂ္ဂအနေဖြင့် စစ်အာဏာရှင်အဖွဲ့၏ အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ရှုတ်ချရန်နှင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီဆန္ဒများကို တရားဝင် ထောက်ခံရန် အချက်များပါဝင်သော အဓိကအချက် (၃) ချက်ကို အလေးပေး ဆောင်ရွက်ရန် တိုက်တွန်းထားခြင်း ဖြစ်သည်။ စစ်ကော်မရှင်အနေဖြင့် မြန်မာနိုင်ငံတွင် မည်သည့်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်ကိုမဆို ဆောင်ရွက်ရန် ဥပဒေအရ အခွင့်အာဏာသော်လည်းကောင်း၊ နိုင်ငံရေးအရ တရားဝင်မှုမရှိသည့်အပြင် နိုင်ငံအပေါ် ထိရောက်သော ထိန်းချုပ်မှု မရှိသည့်အတွက် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာကျင်းပမယ့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ပြတ်ပြတ် သားသား ပယ်ချရန်တောင်းဆိုထားသည်။ ဒုတိယအချက်မှာ ရွေးကောက်ခံကိုယ်စားလှယ်များ၊ သတင်းသမားများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှ အဖွဲ့ဝင်များနှင့် အခြားလူ့အခွင့်အရေးကာကွယ်သူများ အပါအဝင် လက်ရှိဖမ်းဆီးခံရသော နိုင်ငံရေးအကျဉ်းသား ၂၂,၀၀၀ ကျော်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေး ဖြစ်သည်။ တတိယအချက်မှာ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက် အသိအမှတ်ပြုရန်နှင့် မြန်မာ့အရေးကို ထိရောက်စွာ ကိုင်တွယ်နိုင်ခြင်းမရှိသော မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ်ရာထူးကို ဖယ်ရှားပြီး မြန်မာ့ပဋိပက္ခအတွက် ကုလ အထွေထွေအတွင်းရေးမှူးချုပ်က တိုက်ရိုက်ကိုင်တွယ်ရန်ဆိုသည့်…

Read More

(004SS) ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် အသက် ၂၆ နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးသည် သုံးမွှာပူးကလေးများ မွေးဖွားပြီးနောက် မိခင်နှင့်အတူ ကလေးငယ်သုံးဦးစလုံးမှာလည်း ဆုံးပါးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းက ထန်တလန်မြို့နယ်၊ ဟရီဖီး (Hriphi) ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကွယ်လွန်သူအမျိုးသမီးမှာ ဒေါ်မန်ထားပါရ် (Mang Tha Par) ဖြစ်ပြီး၊ စစ်အာဏာမသိမ်းမီက ထန်တလန်မြို့‌ပေါ်တွင် နေထိုင်ခဲ့သူဖြစ်ပြီး တိုက်ပွဲများကြောင့် ခင်ပွန်း၏ ဇာတိဖြစ်သော ဟရီဖီးကျေးရွာသို့ စစ်ဘေးရှောင်ခဲ့ကြခြင်း ဖြစ်သည်။ သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ ဒေါ်မန်ထားပါရ်သည် စက်တင်ဘာလ ၄ ရက်နေ့ညက သုံးမွှာပူး သားယောက်ျားလေးများကို မွေးဖွားခဲ့သည်။ မွေးဖွားပြီးနောက် မိခင်နှင့် ကလေးငယ်နှစ်ဦးမှာ ယနေ့နံနက်ပိုင်းတွင် ကွယ်လွန်ခဲ့ပြီး ၎င်းတို့၏ ရုပ်အလောင်းများကို သဂြိုလ်ရန် ပြင်ဆင်နေစဉ် နောက်ထပ်ကလေးတစ်ဦးလည်း ထပ်မံဆုံးပါးသွားခြင်းဖြစ်သည်ဟု သိရသည်။ မိခင်နှင့် ကလေးငယ် သုံးဦးစလုံး၏ ရုပ်အလောင်းများကို ခရစ်ယာန်ထုံးစံအတိုင်း အခေါင်းတစ်ခုတည်းတွင်ထည့်ကာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

Read More