Author: Editor

အာဏာသိမ်းချိန်မှ ယနေ့ထိ အလင်းဝင်လာသူ အယောက် ၄၀ ထက်မနည်းရှိ (004SS) ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်မှ စစ်သား ၂ ဦးသည် လက်နက်ခဲ ယမ်းများနှင့်အတူ ယမန်နေ့ ဧပြီ ၇ ရက်နေ့တွင် အလင်း ဝင်လာခဲ့ကြသည်ဟု PDF- Zoland က ယနေ့ ညနေပိုင်းက ထုတ်ပြန်သည်။ အလင်းဝင်လာသူ ၂ ဦးမှာ အသက် ၂၃ နှစ်ရှိ တပ်သား စိုးလင်းအောင် ၊ ကိုယ်ပိုင်အမှတ် ပစ – ၁၃၂၉၇၂ နှင့် တပ်သား ဖိုးလပြည့်၊ ကိုယ်ပိုင်အမှတ်-ပစ – ၁၃၂၉၈၅ တို့နှစ်ဦးဖြစ်ပြီး ၎င်းတို့အား နွေးထွေးစွာ ‌ကြိုဆိုကြောင်း ‌ထုတ်ပြန်သည်။ အလင်းဝင်လာသူ ၂ ဦးက သေနတ် ၁ လက် အပါအဝင် ကျည်ဆံများ၊ ကျည်ဘောက်စ် ၆ ခု၊ ကျည်ကာ ၂ ချပ်နှင့် walkie talkie ၁ လုံး စသည့် စစ်အသုံးအဆောင်ပစ္စည်းများဖြင့် အလင်းဝင်ရောက်လာကြောင်း၊ ၎င်းတို့ကို ဆုကြေးငွေ ချီးမြင့်ပေးခဲ့ကြောင်း PDF-Zoland ကထုတ်ပြန်သည်။ ဧပြီလ ၃ ရက်နေ့ကလည်း တီးတိန်မြို့ ခလရ ၂၆၉ တပ်က အသက် ၂၃ နှစ်ရှိ ရဲဘော် ဖိုးခွါး ကိုယ်ပိုင်အမှတ်-တ/၅၇၃၉၂၄ နှင့် အသက် ၂၂ နှစ်ရှိ ဒုတပ်ကြပ် မျိုးမင်းကျော် ကိုယ်ပိုင်အမှတ်-တ/၅၇၂၆၈၉…

Read More

(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က ရဲတပ်သား တစ်ဦးသည် ဧပြီလ ၆ ရက်နေ့က G-3 သေနတ်နှင့်အတူအလင်းဝင်လာကြောင်း CDF – Hakha က ယနေ့တွင် ထုတ်ပြန်သည်။ အလင်းဝင်ရောက်လာသူမှာ လုပ်သက် တစ်နှစ်ရှိပြီဖြစ်သော အသက် ၂၅ နှစ်အရွယ် သန့်ဇင်ဖြိုးဖြစ်ပြီး ဟားခါးမြို့ပေါ်ရှိ စိုက်ပျိုးရေးခြံတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် ထွက်ပြေးလာခြင်းဟု သိရသည်။ ၎င်းသည် လက်နက်ငယ် BA- 63 (G-3) တစ်လက်၊ ကျည် ၁၄၇ ထောင့်နှင့် ကျည်ဘောက်စ် တစ်ခုဖြင့် အလင်းဝင်ရောက် လာကြောင်း CDF-Hakha က ‌အလင်းဝင်လာသူ၏ရုပ်ပုံနှင့်တကွ ထုတ်ပြန်သည်။ CDF – Hakha အနေဖြင့် အလင်းဝင်လာသူ ရဲတပ်သားအား နွေးထွေးစွာကြိုဆိုသည့်အပြင် ငွေသားဆုကြေးများ ချီးမြှင့်ပြီး လုံခြုံသော နေရာသို့ရောက်ရှိသည်အထိ တာဝန်ယူဆောင်ရွက်ပေးမည်ဟုလည်း ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်သူ့စစ် ၇ ဦး၊ ဖေဖော်ဝါရီလတွင် ပြည်သူ့စစ် ၁ ဦးနှင့် ယခု ဧပြီလ ၈ ရက်နေ့အထိ ပြည်သူ့စစ် ၂ ဦးနှင့် ရဲသား ၁ ဦး စုစုပေါင်း ပြည်သူ့စစ်နှင့် ရဲ ၁၁ ဦးသည် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်း ဆောင်လိုခြင်းမရှိသဖြင့် CDF-Hakha ထံတွင် လက်နက် ခဲယမ်းများဖြင့် အလင်းဝင်ရောက်လာကြောင်း CDF-Hakha ကထုတ်ပြန်သည်။ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းချင်သူများအနေဖြင့် CDF – Hakha…

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူသုံးများသည့် MPT ဖုန်းလိုင်းများ ရက်ရှည်ကြာပြတ်တောက်နေမှုကြောင့် MPT ဆင်းကတ်ဖြင့် K pay အကောင့်ဖွင့် ထားသူများ အကောင့်ထဲပြန်ဝင်မရဖြစ်ကာ ငွေလွှဲ၊ ငွေထုတ်မရ၍ အခက်အခဲများကြုံတွေ့ နေကြရ သည်ဟု သိရသည်။ ”တော်တော်များများက MPT နံပါတ်နဲ့ ဖွင့်ထားကြတာ အခု MPT က Sim ရော Wifi လိုင်းတွေလုံးဝပျောက်နေတာ ရက် (၂၀) ကျော်ရှိလာပြီ။ အဲ့လိုဆိုတော့ K Pay အကောင့်တွေက ထွက်ကုန် ကြတာ။ တော်တော်များများက K Pay တွေကို နံပါတ်တွေချိန်းကုန်ကြ၊ ဘဏ်တွေပြန်သွားကြလုပ်နေကြတာ တော်တော်လေး ကို ခက်ခဲဖြစ်ကြတာ။ MPT ဘာကြောင့်ပျက်နေလဲဆိုတာမသိရဘူး” ဟု ကလေးမြို့က Kpay အကောင့်အသုံးပြုသူအမျိုုးသားတဦးက ပြောသည်။ လက်ရှိတွင် MPT လိုင်းသည် စစ်ကိုင်တိုင်း၊ ရေဦးမြို့အနီးတွင် လိုင်းပြတ်တောက်ခြင်းဖြစ်ပေါ်နေသောကြောင့် ရေးဦးမြို့နယ်နှင့် ကလေးမြို့နယ်တို့ တွင် 3G/ 4G အင်တာနက်ယာယီပိတ်ထားပါကြောင်းနှင့် လတ်တလောဖြစ် ပေါ်နေသည့် အခြေအနေများအရ ဖုန်းလိုင်းအင်တာနက်လိုင်းများ အဆင်မပြေမှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ သက်ဆိုင်ရာ ဌာနမှ ပြန်လည်ကောင်းမွန်ရန် အမြန်ဆုံးပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း MPT Myanmar Facebook စာမျက်နှာတွင် ဖော်ပြရေးသားထားသည်။ ထို့ကြောင့် ကလေးမြို့ပေါ်တွင် MPT Sim ကဒ်ဖြင့် K pay အကောင့်ဖွင့်အသုံးပြုသူ ပြည်သူများအပါအဝင် စီးပွားရေး လုပ်ငန်းရှင်များ K pay ဝန်ဆောင်မှုဖြင့် ငွေလွဲ၊ ငွေသွင်း အသုံးပြုမှုအခက်အခဲများ ကြုံတွေ့နေ…

Read More

(006SV) ချင်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးအရ အချက်အချာကျသည့် ဖလမ်းမြို့၏ နောက်ဆုံးလက်ကျန် ခလရ ၂၆၈ တပ်ရင်းကို ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်များက ယမန်နေ့က အပြီးသတ်သိမ်းလိုက်ပြီဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ဧပြီလ ၇ ရက်နေ့က စစ်ကောင်စီ၏ ခလရ – ၂၆၈ ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် နယ်မြေ ရှင်းလင်းရေးများ ဆက်တိုက်ဆောင်ရွက်နေကြောင်း CNDF နှင့် ရှေ့တန်းစစ်မြေပြင်က သတင်းရင်းမြစ်များက ပြောသည်။ “ခလရ ၂၆၈ တပ်ကုန်းကို သိမ်းပါပြီ၊ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေရှိတယ်၊ အဲဒီဟာတွေကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေဆဲဖြစ်ပါတယ်” ဟု သတင်းရင်းမြစ်ကပြောသည်။ ၂၀၂၄ နိုဝင်ဘာလ ၉ ရက်မှစတင်၍ ဖလမ်းမြို့ကို ချင်းညီနောင်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ရာ မြို့ပေါ်ရှိ စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်ထားပြီး နောက်ဆုံးကျန်ရှိ‌နေသေးသော ခလရ – ၂၆၈ တပ်ရင်းကို ဝိုင်းဝန်ပိတ်ဆို့၊ ဖြတ်တောက်ထားကာ ထိုးစစ်ကာလ ၅ လခန့်ရှိလာချိန်တွင် အပြီးသတ် သိမ်းနိုင်ခြင်းဖြစ်သည်။ ဖလမ်းမြို့သိမ်းနိုင်ရေးသည် ချင်းပြည်မြောက်ပိုင်းတွင် ချင်းတော်လှန်ရေးအဖွဲ့များက ဟားခါး၊ ထန်တလန်၊ တီးတိန်မြို့တို့၏ မြို့သိမ်းတိုက်ပွဲများအတွက် အချက်အချာ ကျနေပြီး စစ်ကောင်စီအတွက်လည်း ချင်းပြည်မြောက်ပိုင်းကို ဆက်ထိန်း ချုပ်နိုင်ရေးတွင် ဖလမ်းက အရေးပါနေသည်ဟု ချင်းအင်အားစုများက ပြောသည်။ မတ်လ ၁၁ ရက်မှစတင်၍ စစ်ကောင်စီက ဖလမ်းမြို့ကို လက်မလွတ်ရရေးအတွက် နေ့စဉ်နှင့်အမျှ ဂျက်ဖိုက်တာအပါအဝင် Y8၊ Y12 လေယာဉ်နှင့် Mi 35 စသည့် လေယာဉ်များဖြင့်…

Read More

(006SV) ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ နန်ဇံ (Nakzang) ရွာ တရွာလုံးကို မီးရှို့ဖျက်ဆီးမှုအပေါ် ZRA က တာဝန်ခံစေရမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF က ဧပြီလ ၇ ရက်က ထုတ်ပြန်သည်။ “ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေရဲ့ ပျက်စီးဆုံးရှုံးမှုတွေ၊ ထိခိုက်မှုတွေက အဓိက အဲဒါကို ZRO/ ZRA အပေါ်မှာ အားလုံး တာဝန်ရှိတယ်။ ဒီနွေဦးတော်လှန်ရေးကာလမှာ တဖက်နဲ့ တဖက် စစ်ရေးအရ ပြသနာကို ဖြေရှင်းရမယ့်ဟာကို ဘာမှ မဆီမဆိုင်တဲ့ ပြည်သူလူထုကို အဲဒီလိုအသက်အိုးအိမ်စည်းစိမ်းကို မီးရှို့ဖျက်စီးမှုတွေဟာ ပြည်သူလူထုတွေရဲ့ အခက်အခဲဖြစ်ပေါ် မှုဟာ သူတို့ အပေါ်မှာပဲ တာဝန်ရှိတယ်လို့ ပြောချင်တာပါ” ဟု ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ ဧပြီလ ၃ ရက်က ZRA တပ်ဖွဲ့သည် တွန်းဇန်မြို့ရှိ ချင်းပြည်ကောင်စီပူးပေါင်းတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွာခဲ့ရာမှ ZRA တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာချိန်တွင် နန်ဇံကျေးရွာ လူနေအိမ် ၈၀ ကျော်ကို မီးရှို့ဖျက်စီးခဲ့သည်ဟု သိရသည်။ နေအိမ်မီးရှို့ဖျက်စီးခံရသော နန်ဇံကျေးရွာသားများသည် တွန်းဇံမြို့ပေါ်တွင် ခိုလှုံနေထိုင်လျက်ရှိပြီး အခြေခံစားနပ်ရိက္ခာ များအပါအဝင် နေထိုင်ရေးအတွက် အကူအညီများ လိုအပ်လျက်ရှိသည်ဟု သိရသည်။ နန်ဇံကျေးရွာသည် ချင်းလဲန်းကောင်စီအဖွဲ့ဝင် CDF – တွန်းဇံ၏ စစ်ဦးစီချုပ်တာဝန်ယူထားသူ ပူးထန်ဆွင်းမုန်၏ ဇာတိရွာဖြစ်သည်ဟု သိရသည်။ “ကျနော် ဇာတိရွာပါ။ မီးရှို့သွားကြပါတယ်။ ZRA တွေက တအားစိတ်နာလွန်လို့ မီးရှို့သွားတာပါ။ အခုချိန်မှာက ကျနော်တို့လည်း ZRA…

Read More

(006SV) ချင်းပြည်ဒေသန္တရ အုပ်ချုပ်ရေး ဥပဒေတွင် ချင်းပြည်နယ်မှာ မြို့နယ်နှင့်‌ ဒေသများကို ကိုယ်ပိုင်ပြဌာန်း အုပ်ချုပ်ခွင့် ပေးထားပြီး ဒေသန္တရအစိုးရများသည် အကြံပေးအဖွဲ့များ ထားရှိနိုင်ကြောင်း သိရသည်။ မြို့နယ်နှင့် ဒေသ၏ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို တော်လှန်ရေးကာလအတွင်း ထိရောက်စွာ လုပ်ဆောင်နိုင်ရန် ယင်းဥပဒေကို မတ်လ ၁၃ ရက်က ချင်းလဲန်းကောင်စီ၊ ချင်းပြည်လွှတ်တော်က အတည်ပြု ပြဌာန်းလိုက်ပြီး ဧပြီလ ၆ ရက်က အများပြည်သူ သိရှိနိုင်ရန် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ မြို့နယ်နှင့် ဒေသ အုပ်ချုပ်ရေးအဖွဲ့များသည် ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) နှင့် ချင်းပြည်လွှတ်တော်မှ ပြဌာန်းထားသော ဥပဒေများနှင့် မဆန့်ကျင်သော နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများကို ပြဌာန်းပိုင်ခွင့် ရှိသည်ဟု သိရသည်။ ချင်းပြည်အစိုးရနှင့် ပူးပေါင်း၍ မိမိတို့ နယ်မြေအတွင်း အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ ဝန်ဆောင်မှုများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်သည်ဟု ဥပဒေတွင် ပြဌာန်းထားသည်။ ဒေသန္တရအစိုးရများသည် လိုအပ်ပါက နာယကအဖွဲ့ သို့မဟုတ် အကြံပေးအဖွဲ့များ ထားရှိနိုင်ကြောင်း၊ မိမိတို့နယ်မြေ၏ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာသာယာ အေးချမ်းရေးအတွက် ချင်းပြည်အစိုးရ ဝန်ကြီးဌာနနှင့်လည်း ချိတ်ဆက်ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။ အခွန်အခများကိုလည်း ချင်းပြည် အခွန်အကောက် ဥပဒေ (၂၀၂၅)၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ကောက်ခံပိုင်ခွင့်နှင့် စီမံခန့်ခွဲပိုင်ခွင့်ကိုလည်း ဒေသန္တရအစိုးရများကို လုပ်ပိုင်ခွင့်ပေးထားသည်ဟု သိရသည်။ သက်တမ်း ၂ နှစ် ရှိမည့် ဒေသန္တရအစိုးရများသည် သက်ဆိုင်ရာ ဒေသန္တရအတွင်း အုပ်ချုပ်ရေးယန္တရားများကို ဖော်ဆောင်ရမှာဖြစ်ပြီး…

Read More

(004SS) ချင်းပြည်နယ် ဟားခါးမြို့တွင် တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီလက်အောက် ပြည်သူ့စစ် ၂ ဦးသည် CDF-Hakha တပ်ဖွဲ့ထံ မတ်လ ၂၅ ရက်နေ့က အလင်းဝင်ရောက်ခဲ့ကြသည်ဟု သိရသည်။ အလင်းဝင်ရောက်လာသူမှာ စစ်မှုမထမ်းမနေရအမိန့်ကြောင့် ပေါ်တာဆွဲခံရကာ ကလေးမြို့တွင် စစ်သင်တန်း‌တက်ရောက်ခဲ့ပြီးနောက် ချင်းပြည်နယ် ဟားခါးမြို့ပေါ်တွင် တာဝန်ချခြင်းခံရသူဟု သိရသည်။ “ကျွန်တော် မကွေးမှာ အမျိုးသမီးကိုလိုက်ပြီး အလုပ်လုပ်ရင်း ပေါ်တာဆွဲခံရတာပါ။ စစ်မှုမထမ်းမနေရဆိုပြီးမှ ပေါ်တာဆွဲခံရလို့ ရဟတ်ယာဉ်နဲ့ ကလေးမြို့ကို ပို့ပါတယ်။ အဲမှာ သေနတ် အဖြုတ်အတပ်၊ ပစ်ခတ်မှုပုံစံတွေ သင်ပေးပါတယ်။ အဲဒါနဲ့ အရေးကြီးတယ်ဆိုပြီးမှ ကျွန်တော်တို့ကို ရှေ့တန်းပို့ပါတယ်။ အဲလိုနဲ့ ကျွန်တို့ကို ရဟတ်ယာဉ်နဲ့ ဟားခါး စစ်တပ်ဗျူဟာကုန်းကို ချပေးတယ်။ နာရီဝက်လောက် နားပြီးမှ အရေးကြီးလို့ဆိုပြီး ကျောက်တိုင်ဘက်ကို ပို့ပါတယ် လုံခြုံရေးပေါ့။ ပစ(ပြည်သူ့စစ်)တွေကို ကျည်ဆံ ၅၀ စီနဲ့ လက်ပစ်ဗုံး ၁ လုံးစီပေးပါတယ်။ သေနတ်ကတော့ အရေးကြီးတဲ့ချိန်၊ ကင်းစောင့်တဲ့ချိန်မှ ပေးကိုင်ပါတယ်။ ပြီးတော့ သူတို့က (စစ်ကောင်စီ) CDM လုပ်တဲ့သူတွေကို သူတို့သိချင်တဲ့အချက်အလက်တွေကိုမေး၊ ငွေကြေးပေးပြီး သတ်ပစ်ပါတယ်ဆိုပြီး ဝါဒဖြန့်ပါတယ်။ ကျွန်တော်တို့ကလဲ သေရမှာချင်းအတူတူဆိုပြီး သေနတ်ယူပြီး ထွက်လာတာ၊ ၂ ယောက်ပေါ့” ဟု မကွေးမှ ပေါ်တာဆွဲခံရပြီးနောက် ဟားခါးမြို့တွင်တာဝန်ချခံရကာ အလင်းဝင်လာသူက ပြောသည်။ ဤကဲ့သို့ အလင်းဝင်လာသူများကို Chinland Defense Force – Hakha မှ နွေးနွေးထွေးထွေး ကြိုဆိုပြီး ငွေသားဆု ကြေးများ ချီးမြှင့်သည့်အပြင်…

Read More

(006SV) ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက်သည့် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော ချင်းလက်နက်ကိုင် တပ်ဖွဲ့ CDF- ထန်တလန်သည် တော်လှန်ရေး ၄ နှစ်တာအတွင်း ရဲဘော် ၆၇ ဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။ဧပြီလ ၆ ရက်က CDF – ထန်တလန် တည်ထောင်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်တွင် ထုတ်ပြန်လာခြင်းဖြစ်သည်။ လက်ရှိတွင် CDF ထန်တလန်သည် တော်လှန်ရေး ပိုမိုအားကောင်းထိရောက်ရေးအတွက် တပ်အင်အား စနစ်တကျစုဖွဲ့မှုနှင့် စံပြုထိုက်သော အုပ်ချုပ်ရေး ဖော်ဆောင်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ စစ်ကောင်စီ၏ လက်ချက်ကြောင့် ထန်တလန်မြို့နယ်ရှိ အရပ်သားပြည်သူ ၁၇ ဦးလည်း သေဆုံးခဲ့ရသည်ဟု သိရသည်။ ထန်တလန်မြို့အပါအဝင် ချင်းပြည်တဝန်းလုံးတွင် စစ်ကောင်စီ ကင်းစင်ရေးနှင့် ချင်းလူမျိုးများ၏ နိုင်ငံရေး ရည်မှန်းချက် ပြည့်မြောက်ရေးအတွက် မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ရှေ့ဆက်လက်တွဲ ဆောင်ရွက်သွား မည်ဖြစ်ပြီး ချင်းတမျိုးသားလုံး စုစည်းညီညွတ်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု CDF ထန်တလန်က ထုတ်ပြန်ထားသည်။ ချင်းပြည်နှင့် ချင်းလူမျိုး လွတ်မြောက်ရေးအတွက် မြင့်မြတ်စွာ ကျဆုံးသွားသူများနှင့် ခန္ဓာကိုယ်အစိတ်အပိုင်း ဆုံးရှုံးခဲ့ရသော ရဲဘော်အားလုံးကို အလေးအနက် ဦးညွတ်အလေးပြုပါသည်ဟု CDF – ထန်တလန်က ဆိုသည်။ ၂၀၂၁ ဧပြီလ ၆ ရက်က CDF – ထန်တလန်ကို စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ အဖိနှိပ်ခံ ပြည်သူတရပ်လုံး လွတ်မြောက်ရေး၊ ချင်းလူမျိုးနှင့် ချင်းပြည်ကို ကာကွယ်ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်းတီးခွင့် ရရှိရေးနှင့် ဖက်ဒရယ်…

Read More

ချင်းပြည်မြောက်ပိုင်း တွန်းဇံမြို့ကို ထိုးစစ်ဆင်လာသော Zomi Revolutionary Army (ZRA) တပ်ဖွဲ့ကို ပြန်လည်တိုက်ခိုက်သွားမည်ဟု CDF-Hualngoram က အသိပေးထုတ်ပြန်သည်။ တွန်းဇံမြို့အတွင်း မိဘပြည်သူများသည် အေးချမ်းစွာ နေထိုင်ခဲ့ကြသော်လည်း ဧပြီလ (၃) ရက်နေ့ မနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် Zomi Revolutionary Army (ZRA)တပ်ဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သောကြောင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု CDF-Hualngoram က ဧပြီလ ၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။ ထို့ကြောင့် ချင်းပြည်(Chinland) ကိုကာကွယ်ရန်နှင့် မိမိကိုယ်ကိုယ်ခုခံကာကွယ် နိုင်ရန်အတွက် အကြမ်းဖက် စစ်ကောင်စီနှင့် ၎င်း၏ လက်ကိုင်တုတ်ဖြစ်သော ZRA တပ်ဖွဲ့အား ပြန်လည်တိုက်ခိုက်သွားမည်ဟု ယင်းထုတ်ပြန်ချက် တွင်ဖော်ပြာထားသည်။ ဧပြီလ ၃ ရက် နံနက်ပိုင်းက စတင်၍ ချင်းပြည်အစိုးရ ပူးပေါင်းတပ်များက ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရာ ဖော်ဆောင်နေသည့် တွန်းဇံမြို့ကို ZRA က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။ ဧပြီလ ၄ ရက်အထိ တွန်းဇံမြို့ပေါ်က တိုက်ပွဲများတွင် ZRA တပ်ဖွဲ့သည် စစ်ကောင်စီပေးထားသည့် ဒရုန်းနှင့် လက်နက်ခဲယမ်းများကို အသုံးပြု တိုက်ခိုက်နေသည်ကို တွေ့ရှိရသည်ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ယမန်နေ့က ခိုနူမ်းသုန်ကိုပြောဆိုထားသည်။

Read More

(004SS) မြန်မာနိုင်ငံက ငလျင်ဘေးသင့်ပြည်သူများအတွက် အိန္ဒိယအစိုးရ၏ ငလျင်ကူညီကယ်ဆယ်ရေးပစ္စည်းများသည် CDF-Hualngoram ထိန်းချုပ်နယ်မြေ ချင်းပြည် ရိခေါဒါရ်မြို့သို့ ရောက်ရှိနေပြီဟု သိရသည်။ ကုန်တင်ကား ၁၂ စီးစာရှိသော အဆိုပါငလျင်ကယ်ဆယ်ရေးပစ္စည်းများကို မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ကတဆင့် အာသံရိုင်ဖယ်တပ်ဖွဲ့က ကုန်ကားများဖြင့်သယ်လာပြီး အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့သို့ ဧပြီလ ၃ ရက်နေ့က ဘေးကင်းလုံခြုံစွာရောက်ရှိလာပြီဟု CDF-Hualngoram တာဝန်ရှိသူတစ်ဦးကပြောသည်။ “အဲဒီကူညီရေးပစ္စည်းတွေ ဒီဘက်ခြမ်း (မြန်မာ) ဘက်ကို ရောက်ပါပြီ။ မနေ့က ကားတွေရောက်တာ တစ်စီးနဲ့တစ်စီးက ရောက်ချိန် မတူကြဘူး၊ ညနေပိုင်းအထိရောက်တာကတော့ အားလုံးပေါင်း ကုန်ကား ၁၂ စီးရောက်ပါတယ်။ အဓိက ဆန်၊ ဆီ၊ ဆားနဲ့ ဆေးဝါးပစ္စည်းတွေပေါ့” ဟု ၎င်းကပြောသည်။ လက်ရှိတွင် ယင်းကူညီရေးပစ္စည်းများသည် မြန်မာဘက်ခြမ်းတစ်နေရာတွင် ခေတ္တထားရှိပြီး ငလျင်ဘေးသင့်ဒေသ ဖြစ်သော စစ်ကိုင်း၊ မန္တလေးနှင့် လို‌အပ်သော နေရာများသို့ ကုန်းလမ်းဖြင့် ဆက်လက် ပို့ဆောင်သွားမည်ဟု သိရသည်။သို့သော် ကူညီရေးပစ္စည်းများကို ဘယ်အချိန်တွင် မည်သည့် လမ်းကြောင်းဖြင့် ပို့ဆောင်သွားမည်ကိုမူ မသိရသေးကြောင်း ကူညီရေးပစ္စည်းများ ထိန်းသိမ်းရေး၊ သယ်ယူပို့ဆောင်ရေးစသည့်အပိုင်းများတွင် တတ်နိုင်သည့်ဘက်မှ လိုအပ်သလို ကူညီမှုပေးနေကြောင်း CDF-Hualngoram တာဝန်ရှိသူကပြောသည်။ “ကျွန်တော်တို့အနနဲ့ ကူညီပေးတဲ့ အခြေအနေပဲရှိတော့ ဘယ်လို လမ်းကြောင်းကနေ ဆက်သွားမလဲ ဆို‌တာ‌က ကျွန်တော် တို့နဲ့ တိုက်ရိုက် မသက်ဆိုင်တော့ ပြောရခက်တယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ကုန်ထမ်းဖို့ အလုပ်သမားတွေရှာပေးထား တာပေါ့၊ နောက် သယ်ဖို့ ကားတွေတတ်နိုင်သလောက် စီစဉ်ပေးထားတယ်။ ခဏတစ်ဖြုတ် ပစ္စည်းထားဖို့ နေရာတွေ…

Read More