Author: Editor
#Unicode ၂၀၂၀ ခုနှစ်ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း များအနေဖြင့် ချင်းအမျိူးသားတပ်ဦး (CNF) အခြေချနယ်မြေများအတွင်း မဲဆွယ်စည်းရုံးရေးပြုလုပ်မည်ဆိုပါက ကြိုတင်ခွင့်ပြုချက် တောင်းခံရမည်ဟု CNF ကပြောဆိုလိုက်သည်။ ချင်းအမျိူးသားတပ်ဦး (CNF) အနေဖြင့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲအပေါ် ကြိုဆိုကြောင်း ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားနေသည့် ကာလဖြစ်နေသည့်အတွက် မိမိတို့အခြေချရာ နယ်မြေများအတွင်း မဲဆွယ်စည်းရုံးရေးပြုလုပ်ကြမည်ဆိုပါက ကြိုတင်ခွင့်ပြုချက်တောင်းခံရမည်ဟု စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်သော CNF ၏ ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက်တွင်ဖော်ပြထားသည်။ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “အဓိက ကတော့ CNF အခြေချ နယ်မြေမှာ COVID-19 ရောဂါ ကြိုတင် ကာကွယ်တားဆီးရေးအတွက်ပါ၊ ပြီးတော့ ဒေသခံပြည်သူတချို့ရဲ့ တောင်းဆိုချက်လည်းပါတာပေါ့။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှှင်မှ ထုတ်ပြန်ထားတဲ့ COVID-19 ဆိုင်ရာ လမ်းညွန်ချက်နဲ့အညီ အကောင်းဆုံးဆောင်ရွက်စေချင်တယ်။ ယခုလည်း Chin National Party ကနေ မဲဆွယ်စည်းရုံးရေးအတွက် ကောင်းကောင်းမွန်မွန် ချိတ်ဆက်လာပါတယ်” ဟု ပြောသည်။ ချင်းပြည်နယ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် လူပုဂ္ဂိုလ်တစ်ချိူ့တို့က CNF ၏ စာတမ်းများ၊ သဘောထားများကို ထပ်ဆင့်ကူယူပြောဆိုရေးသား ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် လိုရာဆွဲအသုံးမှုများရှိနေသည်ဟုလည်း ဆလိုင်းထက်နီကဆက်ပြောသည်။ “ CNF ရဲ့ သဘောထား၊ စာတမ်းတွေထဲက မိမိအသုံးချလိုတဲ့စကားလုံး၊ အင်တာဗျုးတွေကို ထပ်ဆင့် ကူးယူကောက်ဆွဲပြီး အသုံးချတာတွေတွေ့ရတယ်။ CNF အနေနဲ့ မိမိတို့ သဘောထား စာတမ်းကြောင့်…
Read More
#Unicode By နှင်းနှင်း – မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပြည်တွင်း ကူးစက်မှုများ မြင့်တက်လာပြီးနောက် တိုင်းနှင့်ပြည်နယ်အ ချို့တွင် ခရီးသည်တင် ယာဉ်လိုင်းပြေးဆွဲမှုပိတ်ပင်လိုက်သော်လည်း ချင်းပြည်နယ်တွင် ယာဉ်လိုင်းပိတ်ပင်ခြ င်းမရှိကြောင်း ချင်းပြည်နယ်လူမှုဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။ “ကျွန်တော်တို့ ပြည်မဖက်ကနေအဝင်က တဖြည်းဖြည်းလျှော့လာတယ်။ ဟားခါးအခြေစိုက်ပြီးတော့ နယ်သွားတာလောက်ပဲရှိပြီးတော့ တိုင်းဒေသကြီးတွေေ ပြးဆွဲတာသိပ်မရှိဘူး ၊ အဲတာကြောင့် တကူးတကဒီကနေပိတ်စရာမလိုပဲနဲ့ ပြည်မကပိတ်ရင်အလိုလိုနေရင်းပိတ်ပြီးသားဖြစ်ပါတယ်၊ ကျွန်တော်တို့ကတော့ စစ်ဆေးမှုလေးတွေကို အဓိကထားတယ်၊ ယာဉ်လိုင်းတွေကို ပိတ်ဖို့မရှိဘူး ” ဟု ဦးပေါင်လွင်မင့်ထန်ကပြောသည်။ ခရီးသည်ယာဉ်လို်င်းများပိတ်ပင်ထားခြင်းမရှိသော်လည်း ချင်းပြည်နယ်သို့လာရောက်မည်ဆိုပါက မိမိတို့နေထိုင်သည့် ဒေသခံမှ သက်ဆိုင်ရာအာဏာပိုင်းများ၏ ထောက်ခံစာကို မဖြစ်မနေပါလာရမည်ဖြစ်ပြီး ထောက်ခံစာမပါလျှင် ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း ဝန်ကြီးကဆက်ပြောသည်။ ဝန်ကြီး ဦးပေါင်လွင်မင့်ထန်က “အဓိက ထောက်ခံစာပါမယ်၊ ထောက်ခံစာမပါရင် မဝင်ခိုင်းဘူး၊ ရခိုင်ဖက်လိုမျိုးတွေက သူတို့ရဲ့နေရာလာတဲ့နေရာ အပေါ်မှာ မှုတည်ပြီးတော့ ကျွန်တော်တို့ ကွာရန်တင်းထားတယ်။ ရခိုင်ကနေလာရင် တော့မဖြစ်မနေထားရမယ် ၊ အရေးကြီးတာက ဘယ်ကနေလာလဲဆိုတဲ့ သူလာတဲ့နေ ရာကနေ ထောက်ခံစာတွေပါရမယ် ၊ အဲ့အပေါ်မှာမှုတည်ပြီးတော့ပဲ ကွာရန်တင်းစီစဉ်ပါတယ်” ဟု ပြောသည်။ ချင်းပြည်နယ်တစ်ပြည်နယ်လုံးတွင် လက်ရှိ Facility Quarantine နှင့် Home Quarantine ဝင်သူ (၂၂၀ ) ဦး၊ ကိုဗစ်နိုင်တင်းပိုးတွေ့လူနာ တီးတိန််ပြည်သူ ဆေးရုံတွင် (၂) ဦး ဆေးကုသမှုခံယူလျက်ရှိကြသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာလ ၁၄ ရက်နေ့ မနက် ၈ နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူ ၃၀၁၅…
Read More
#Unicode By Benezer – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့စစ်ရေးပဋိပက္ခကြောင့် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသေးသည့်အတွက် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ရန် အခက်အခဲရှိနိုင်ကြောင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပြောဆို ကြသည်။ ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေအမှတ်(၁) နေရာမှ အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(NLD) ကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရှိချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က ပလက်ဝမြို့ပေါ်နှင့် အနီးအနားတစ်ဝိုက်တွင်သာ မဲဆွယ်စည်းရုံးရေးအဆင်ပြေသော်လည်း အိန္ဒိယနှင့် ဘင်္ဂလားဒေရှ့်နယ်စပ်ဘက် ရှိ ကျေးရွာများသို့ သွားရောက်ရန်အဆင်မပြေနိုင်ကြောင်း ပြောဆိုသည်။ “ကိုယ်စာလှယ်အနေနဲ့တော့နည်းနည်းလေးတော့ သွားဖို့လာဖို့ခက်တယ်၊ ဒါပေမယ့် ရွေးကောက်ပွဲ ကျင်းပဖို့အတွက် ကြေညာပြီးသားဖြစ်တယ်ဆိုတော့လူထုသဘောထားအရလည်း ကျင်းပဖို့သင့်တယ်၊ ကျင်းပဖြစ်အောင်တော့ ဝိုင်းကြိုးစားမှာပါ၊ စည်းရုံးရေးကတော့မြို့ပေါ်ဘဲရမှာပေါ့၊ နယ်ဆင်းတာတော့ တစ်ချို့နေရာတွေမှာတော့ရမယ်၊ အိန္ဒိယနယ်စပ်တို့ဘင်္ဂလားဒေ့စ်နယ်စပ်တို့တော့ ခက်လိမ့်မယ်” ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။ ပြီးခဲ့သည့်စက်တင်ဘာလ ၉ ရက်နေက ဝန်ကြီးဦးစိုးထက်နှင့်အဖွဲ့တို့သည် စက်လှေဖြင့် ပလက်ဝမြို့သို့ထွက်ခွါလာစဉ်တွင် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့က ပစ်ခတ်ခဲ့သဖြင့် တပ်မတော်ဘက်ကလည်း ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့ရာတွင် ကုလားတန်မြစ်ကြောင်းပေါ်တွင် မိနစ် ၃၀ ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သေးသည်။ ပလက်ဝမြို့နယ်သည် နယ်မြေမတည်ငြိမ်မှုကြောင့် ကားလမ်းများလည်းပိတ်ထားရသဖြင့် ကျေးရွာအုပ်စုတိုင်းကို ရောက်ရန်အခက်အခဲရှိနေသည်ဟု ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဆလိုင်းခွဲယန်ကပြောသည်။ “အခက်အခဲကတော့ကျေးရွာအုပ်စုတိုင်းကို မရောက်နိုင်တဲ့ အခက်အခဲတော့ရှိတယ်၊ ကော်မရှင်တို့ ဘာတို့နဲ့ဆက်သွယ်ရာမှာလည်း အခက်အခဲရှိတယ်၊ စာပို့တဲ့အပိုင်းတွေမှာပေါ့၊ ကားလမ်းတွေက မဖွင့်တဲ့အခါကျတော့ကော်မရှင်ကို ဖုန်းနဲ့လောက်ဘဲရတယ်၊ နောက်ပြီးတော့ တစ်နယ်လုံးမှာ သွားလာဖို့အခက်အခဲရှိတယ်၊ဒါပေမယ့် လုံခြုံရေးကောင်းတဲ့နေရာဘဲ ကျနော်တို့ရွေးရတာပေါ့၊ လုံခြုံရေးမကောင်းတဲ့နေရာတွေကတော့နောက်ပိုင်း ကောင်းလာရင်သွားမယ်၊ မကောင်းရင်တော့မသွားတော့ဘူး၊ တစ်မြို့နယ်လုံးကိုတော့ရောက်ဖို့မလွယ်ဘူးလေ”ဟု ဆလိုင်းခွဲယန်ကပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁…
Read More
#Unicode By Benezer – ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်း တွေကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အသီးသီးကနေ သြဂုတ်လ ၃၀ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။ မဲဆန္ဒနယ်မြေ (၃၉) နေရှိတဲ့ ချင်းပြည်နယ်မှာတော့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ် လောင်း (၂၁၀) ဦးရှိပါတယ်။ အဲဒီထဲက ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေကနေ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် အသက် (၂၇) နှစ်အရွယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဆလိုင်းဒိုခါရ်ကို ခိုနူမ်းသုန်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး။ ။ ပထမဦးဆုံးအနေနဲ့ ဘာကြောင့် ရွေးကောက်ပွဲဝင်ပြိုင်ရတာလဲဆိုသိချင်ပါတယ်။ဖြေ။ ။ လက်ရှိမြန်မာနိုင်ငံတော်အခြေအနေက ကျွန်တော်တို့လိုချင်တဲ့ တိုင်းပြည်တခုဖော်ဆောင်နိုင်ဖို့အတွက် တိုက်ပွဲတွေကိုဝင်နေတဲ့ကာလတခုအဖြစ် ကျနော်ခံယူထားပါတယ်။ အဲဒီတော့ ဒီတိုက်ပွဲတွေဝင်နေတဲ့တလျှောက်မှာ နည်းလမ်းတွေအမျိုးမျိုးရှိတယ် ။ ဒီနည်းလမ်းတွေအများကြီးထဲမှာ ကျွန်တော်အနေနဲ့ လွှတ်တော်လမ်းကြောင်းကို ရွေးချယ်ပြီး တိုက်ပွဲဝင်နေတာကလည်း လက်ရှိမြန်မာနိုင်ငံအခြေအနေအရ အသင့်တော်ဆုံးတခုလို့ယူဆပါတယ်။ လွှတ်တော်လမ်းကြောင်းကိုရွေးချယ်ပြီးမှ ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်အတွက် တိုက်ပွဲဝင်ရခြင်းဖြစ်ပါတတယ်။ မေ။ ။ နိုင်ငံရေးပါတီတစ်ခုခုကနေ ကိုယ်စားပြုဝင်မပြိုင်ဘဲ ဘာကြောင့် တစ်ဦးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ရတာလဲ။ ဖြေ။ ။ (၁) တိုင်းပြည်အတွက် လွတ်လွတ်လပ်လပ်နဲ့ လွှတ်တော်မှာ တိုက်ပွဲဝင် နိုင်အောင် လွတ်လပ်စွာ လွှတ်တော်မှာ ပြည်သူ့အသံကို ဖော်ထုတ်နိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ တသီးပုဂ္ဂလကိုရွေးချယ်ရခြင်းဖြစ်ပါတယ်။ (၂) အကျင့်ပျက်ခြစားမှုတွေကို ကျွန်တော့်အနေနဲ့တိုက်ဖျက်ချင်တဲ့ အတွက် ကျနော့်အတွေ့ကြုံအရ ပါတီဝင်သွားပြီဆိုရင် အကျင့်ပျက်ခြစားမှုတွေကို ပြည်သူနဲ့ ပူးပေါင်းပြီးမှ လွတ်လွတ် လပ်လပ် တိုက်ဖျက်လို့မရတော့တဲ့အခြေအနေမျိူး လည်းတွေ့ရတယ်၊ ဒါကြောင့် ပြည်သူလူထုနဲ့လွတ်လွတ်လပ်လပ်ပူးပေါင်းချင်လို့၊ (၃) နိုင်ငံရေးပါတီအချင်းချင်းအားပြို င်မှုတွေကြောင့်…
Read More
#Unicode By လားနွန် – ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု မြင့်တက်လာပြီးနောက် ဆက်သွယ်ရေးလမ်းကြောင်းများပိတ်ထား သည့်အတွက် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အောက်ပိုင်းတွင် တည်ရှိသော လေမြိုမြစ်ဒေသတွင်နေထိုင်ကြသည့် ဒေသခံပြည်သူများ စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်လပ်မှုကြုံနေကြရသည်ဟု သိရသည်။ လေမြိုမြစ်ဒေသတွင်နေထိုင်ကြသည့် ဒေသခံပြည်သူများသည် အခြေခံစားသောက်ကုန်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို အဓိကမှိခိုအားထားနေရပြီး ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ကူးစက်မှု မြင့်တက်လာခြင်းကြောင့် လမ်းကြောင်းများပိတ်ထားသည့်အတွက် ယခုကဲ့သို့ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်ဟု လေမြိုမြစ်ဒေသ ကိုဖေချေကျေးရွာသား ဦးလွယ်ထောင်က ပြောသည်။ “လမ်းတွေပိတ်တာတော့ လေးငါးရက်လောက်ကြာပြီ ကျနော်တို့လေမြိုဒေသမှာ အချက်အချာကျတဲ့ ကင်ထောင်ကဆေးခန်းတွေလည်း ပိတ်ထားရတယ်၊ ရွာအဝင်အထွက်တွေလည်း ပိတ်တယ် ကျနော်တို့ ဒီဘက် လေမြို့ဒေသကတော့ ရခိုင်ပြည်နယ်စပ်ဆိုတော့ အခုရခိုင်ပြည်နယ်မှာ ကိုှဗစ်-၁၉ ကဖြစ်နေတော့ ကျနော်တို့ဒီဘက်ကလည်း ရခိုင်ပြည်နယ်၊ မြောက်ဦးကဟာတွေကို မှီခိုစားသောက်နေရတယ်အခု ကျနော်တို ့ရခိုင်ပြည်နယ် မြောက်ဦးဘက်ကနေ အခုကလမ်းတွေကလည်း ပိတ်လိုက်ပြီ အခုက စားဝတ်နေရေးနဲ့ ဆေးဝါးတွေလည်း လိုအပ်နေတယ်’’ ဟု ဦးလွယ်ထောင်ကပြောသည်။ လေမြိုဒေသတွင် ကျေးရွာပေါင်း ၆၀ ကျော်ခန့်ရှိကာ လူဦးရေအားဖြင့် တစ်သောင်းခွဲကျော်ရှိကြပြီး ရခိုင်ပြည်နယ် မြောက်ဦး၊ ဆင်အိုး တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။လေမြိုဒေသတွင်နေထိုင်ကြသည့် ဒေသခံပြည်သူများသည် အခြေခံစားသောက်ကုန်ပစ္စည်များကို မြောက်ဦး၊ ဆင်အိုး တို့တွင် သွားရောက်ဝယ်ယူကာ စက်လှေဖြင့် သယ်ယူလေ့ရှိကြသည်။ ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု မြင့်တက်လာသည့်အတွက် ရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့် လေမြို့ဒေသရှိ ကျေးရွာအသီးသီးတို့သည် ရွာအဝင်အထွက်များ ပိတ်ထားကြသည်ဟု လေမြိုဒေသ သံထောင်ကျေးရွာဒေသခံ ဦးဘိုလွန်းကပြောသည်။ “ကိုယ့်ရွာနဲ့…
Read More
#Unicode By နှင်းနှင်း – စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ကိုယ်ဝန်သည်အမျိူးသမီးများ ကိုယ်ဝန်ပျက်ကျမှု များလာသည်ဟု သိရသည်။ ပလက်ဝမြို့နယ်တွင် ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီလမှ ဇူလိုင်လအထိ (၇) လအတွင်း ကိုယ်ဝန်သည်အမျိူးသမီး (၅၄) ဦး ကိုယ်ဝန်ပျက်ကျမှုဖြစ်ပွားခဲ့ပြီး ယင်းကိုယ်ဝန်ပျက်ကျမှုများသည် စစ်ရေးပဋိက္ခနှင့် တစ်စိတ်တစ်ပိုင်းဆက်နွယ်မှုရှိသည်ဟု ပလက်ဝမြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုးသက်ဝင်းကပြောသည်။ “စစ်ဘေးတွေတိမ်းရှောင်ရလို့ ဟိုပြေးဒီပြေးလုပ်ရတယ်၊ လှုပ်ရှားသွားလာမှုများတဲ့အခါ အဲလိုမျိူးကြောင့်ရယ် စိုးရိမ်ကြောင့်ကြမှုတွေကြောင့်ရယ်၊ ပြီးတော့ ဒီလိုထွက်ပြေးသွားလာနေတဲ့အခါမှာ အဟာရပိုင်းကိုလည်း ဂရုမစိုက်နိုင်တော့တာကြောင့်ဖြစ်ဖို့များပါတယ်” ဟု ဒေါက်တာစိုးသက်ဝင်းကပြောသည်။ ပလက်ဝမြို့နယ်သည် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်မက်ဖြစ်ပွားရာဒေသတစ်ခုဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လအထိ ပလက်ဝမြို့နယ်တွင် တိုက်ပွဲပေါင်း (၁၁) ကြိမ်ဖြစ်ပွားခဲ့သည်ဟု Burma News International (BNI) က ထုတ်ဝေသော ရခိုင်နှင့်ချင်းဒေသ စစ်ရေး-နိုင်ငံရေး အားပြိုင်မှုများနှင့် အနာဂတ်မြန်မာ ဆန်းစစ်လေ့လာမှုစာစောင် (၂) တွင်ဖော်ပြထားသည်။ ပလက်ဝမြို့နယ်အတွင်း ကိုယ်ဝန်သည်အမျိူးသမီးများ ကိုယ်ဝန်ပျက်ကျမှုများလာရခြင်းသည် ပလက်ဝမြို့နှင့်အနီးတစ်ဝိုက်တွင် ယခုနှစ်ဆန်းပိုင်းကစ၍ တိုက်ပွဲပြင်းထန်လာသည့်အတွက်ကြောင့် ဖြစ်နိုင်သည်ဟု ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေကပြောသည်။ “ဘာကြောင့်လဲဆိုတော့ ပလက်ဝအနီးအနားတဝှက်မှာ ဗုံးကြဲတာမျိုးတွေအရမ်းများတယ်၊ လက်နက်ကျည်ကျတ များတယ်၊ စစ်ပွဲနဲ့ နည်းနည်းလေးဝေးတဲ့ရွာတွေက ကိုယ်ဝန်ပျက်ကျမှု အဲလောက်မများဘဲနဲ့ ဒီပလက်ဝမြို့ပေါ်နဲ့ ဒီစစ်ဘေးကို လုံးဝ အကြီးအကျယ်ခံစားရတဲ့ ဒေသတွေမှာ ပိုပြီးဖြစ်တာ စစ်ပွဲတွေကို အမြန်းဆုံးရပ်တန့်စေချင်တယ် အမြန်ဆုံးငြိမ်းချမ်းစေချင်တယ် တကယ်လို့ မဖြစ်မနေတိုက်ရမယ်ဆိုရင်တောင်မှ လူတွေနဲ့…
Read More
Read More
#Unicode ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို ပြီးခဲ့တဲ့စက်တင်ဘာလ ၈ ရက်နေ့ကစပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ကနေခွင့်ပြုလိုက်ပြီနောက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည််းရုံးရေးလုန်ငန်းတွေ အပူတပြင်းလုပ်ဆောင်ကြနေပါပြီ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ တကျော့ပြန်ဖြစ်ပွားမှုအရှိန်အဟုန်မြင့်တက်လာတဲ့ဂယက်ကြောင့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်အတိုင်း မဲဆွယ်စည်းရုံးလုပ်ဆောင်ရမယ်လို့ ထုတ်ပြန်ထားတာကြောင့် လွှတ်တော်ကိုယ်စား လှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံရေးလုပ်တဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေကြုံ တွေ့နေကြပါသလဲ။ ကိုဗစ်ကာလနဲ့ အပြိုင်ကျင်းပပြုလုပ်မယ့် ၂၀၂၀ ရွေးကောက်ပွဲအပေါ် ဘယ်လိုအမြင်သဘော ထားရှိကြပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကို ယ်စားလှယ်လောင်းတစ်ချိူ့၏ သဘောထား အမြင်တွေကို စုစည်းတင်ပြလိုက်ရပါတယ်။ ဒေါက်တာမှုထန် (ဥက္ကဌ) – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ချင်းပြည်နယ် “ ကိုဗစ်ရှိတော့ ကျနော်တို့ လူ (၅၀) ထက်မနေရ တစ်ယောက်ကို ခြောက်ပေအကွာတို့ မတ်စ်တပ်တဲ့ကိစ္စတွေ ကျနော်တို့ သွားတဲ့နေရာတိုင်းမှာလည်း မတ်စ်လည်းပေးရတယ် ထိုင်ခုံကစ စီစဉ်ရတယ် လူက ရာကျော်လာချင်ကြတယ် လာခွင့်ရတာ (၅၀) ပဲ (၆) ပေအကွာနေရမယ်ဆိုတော့ အိမ်ထဲမှာလည်း ဘယ်လိုမှမဆံ့ဘူး၊ တကယ်လို့ နွေရာသီမှာဖြစ်ရင် လဟာပြင်မှာလုပ်လို့ရမယ် အခုကကျနော်တို့တော်တော်လေးကို ဒုက္ခဖြစ်တယ် မိုးရွာတာနဲ့ဆိုတော့ တခါတလေကားသွား လို့မရဘူး ဆိုင်ကယ်လည်းသိပ်အဆင်မပြေဘူး၊ တော်တော်လေးဒုက္ခရောက်တာ၊ ကျနော်ကတော့ ဘာလဲဆိုရင်တော့ အာဏာလွှဲတာလည်း အရင်တုန်းကတော့ ဧပြီလမှာလွှဲတာကို အခုကလည်း ဗိုင်းရစ်လည်းဖြစ်တော့ အပြောင်းအလဲလုပ်နိုင်မယ်ဆိုရင် နွေရာသီမှာလုပ်စေချင်တယ် ကျနော်တို့ ဒီဇင်ဘာလ ဇန်နဝါရီလလောက်ထိကို မဲဆွယ်စည်းရုံးရေးကာလလို့ သတ်မှတ်လိုက်ရင် အဆင်ပြေမယ် အခုက စက်တင်ဘာဆိုတော့ ချင်းပြည်နယ်မှာက မိုးများတဲ့အချိန် ရွေးကောက်ပွဲကို ပွင့်လင်းရာသီမှာဖြစ်စေချင်တယ်” ဦးအောင်လျန်း…
Read More
#Unicode ၂၀၂၀ ခုနှစ်ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်ကြတော့မှာပါ။ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့က ဒေသခံပြည်သူတွေရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရင်ခုန်သံက ဘယ်လိုရှိနေပါသလဲ။ ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်မျိူးကို သူတို့လိုချင်နေတာပါလဲ။ ဘယ်လိုအစိုးရမျိူးကိုသူတို့မျှော်လင့်နေကြတာပါလဲ။ အသစ်တက်လာမည့် အစိုးရသစ်ကို မတူပီမြို့အတွက် ဘာတွေလုပ်ပေးစေချင်ပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး မတူပီမြို့ပေါ်က အရပ်ဘက်အဖွဲ့အစည်းတွေ ဒေသခံပြည်သူတစ်ချိူ့ရဲ့သဘောထားအမြင်တွေကို စုစည်းတင်ပြလိုက်ရပါတယ်။ ဒေါ်နူးတီာလ် (မတူပီမြို့နယ်တာဝန်ခံ – ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံ) တိုင်းပြည်အကျိုးကို လုံးဝပီပီပြင်ပြင်နဲ့ ထမ်းဆောင်နိုင်မယ့်သူ၊ လူမျိုးချစ်စိတ်ဓာတ်ရှိတဲ့သူ၊ တာဝန်ယူတာဝန်ခံမှုရှိတဲ့သူကို ရွေးချယ်မှာပါ၊ အစိုးရသစ်ကို လုပ်ပေးစေချင်တာတော့ အများကြီးဘဲ၊ အဓိကအနေနဲ့ အဆောက်အဉီပိုင်းနဲ့ ပတ်သတ်ပြီး လုပ်ပေးစေချင်တယ်၊ ဘာလို့လဲဆိုရင် မသန်စွမ်းတဲ့သူတွေ အတွက် ထည့်သွင်းစဉ်းစားမှု ရှိစေချင်တယ်၊ အခုက မသန်စွမ်းသူတွေအတွက် မရှိဘူး၊ မသန်စွမ်းတွေရယ် ကလေးသူငယ်တွေရယ်၊ ကိုယ်ဝန်ဆောင်တွေရယ် သက်ကြီးရွယ်အိုတွေအတွက် အဆောက်အဉီးပိုင်းမှာ အခက်အခဲရှိတော့ ဒါကို ထည့်သွင်းစဉ်းစားပေးစေချင်ပါတယ်။ ဘွေအုပ်ထန်း (လူငယ်အတွင်းရေးမှူး – MCDO) လာမယ့်ရွေးကောက်ပွဲမှာ အရည်အချင်းရှိပြီးတော့မှ လုပ်ငန်းဖော်ဆောင်နိုင်မယ့် လူကိုလည်းကြည့်မယ်၊ နောက်ပြီးတော့ ချင်းတိုင်းရင်းသားဖြစ်တဲ့အတွက် ချင်းတွေရဲ့ လိုလားတဲ့နိုင်ငံရေး တောင်းဆိုချက်တွေနဲ့ ကိုက်ညီတဲ့ပါတီကို ရွေးချယ်ပြီးတော့ မဲပေးသွားမှာပေါ့၊ အခုတက်လာမယ့်အစိုးရကို အဓိကအနေနဲ့ ပညာရေးကိုလုပ်စေချင်တယ်၊ ပညာရေးမှာက ဆယ်တန်းအောင်စာရင်းမှာဆိုလည်း အောက်ဆုံးကိုရောက်နေတယ်၊ ဖြစ်နိုင်ရင်တော့ ဆရာ/ဆရာမတွေ လုံလုံလောက်လောက်ရှိစေချင်တယ်၊ ပညာရေးဘက်မှာ စနစ်သစ်ကိုလည်း သွားနေတယ်ဆိုတော့ အရည်အချင်းရှိတဲ့ ဆရာ/ဆရာမ တွေလည်း ရှိစေချင်တယ်၊ အရည်ချင်းရှိတဲ့ ကျောင်းသားလူငယ်တွေလည်း ထွက်စေချင်တယ်၊ နောက်ပြီးတော့ ကျနော်နေတဲ့ စံဘောင်ရပ်ကွက်မှာဆိုရင် ရေလုံလောက်မှုမရှိဘူး၊…
Read More
#Unicode By လားနွန် – ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးနယ်နိမိတ်အနီး ဖလမ်းခရိုင် ဆီးယင်းသစ်တောကြိုးဝိုင်းဧရိယာ တွင်တည်ရှိ သော ဝေဘူလတောင်တွင် ဖိုးလမင်းသာသာကုမ္ပဏီမှ ခရိုမိုက်သတ္တုတူးဖော်ရေးလုပ်ငန်းဆောင်ရွ က်မှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်ထောင်စုအစိုးရကို သဘောထားမှတ်ချက်တစ်စုံတစ်ရာတောင်းခံ ခြင်းမရှိခဲ့ ကြောင်း ကလေးမြို့နယ်အမှတ်(၁) တိုင်းဒေသလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်ကပြောသည်။ သြဂုတ်လ ၂၆ ရက်နေ့က ကျင်းပပြုလုပ်သော (၂၄) ကြိမ်မြောက် စစ်ကိုင်းတိုင်းဒေသကြီးပုံမှန်အစည် းအဝေးတွင် ဒေါ်သန့်ဝေကျော်က ဝေဘူလတောင်တွင် ဖိုးလမင်းသာသာကုမ္ပဏီမှ သတ္တုတူးဖော်ရန်ဆောင်ရွက်နေမှုအပေါ် တိ်ုင်းအစိုးရအနေဖြင့် ပြည်ထောင်စုနှင့် ချိတ်ဆက်၍ မည်ကဲ့သို့ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ရာတွင် စစ်ကိုင်းတိုင်းအစိုးရကိုယ်စား ချင်းရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းက ထိုကဲ့သို့ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။ “ဝန်ကြီးအနေနဲ့ကတော့ အဓိက ကျမတို့စစ်ကိုင်းတိုင်းဘက်ခြမ်းမှာပါတဲ့ (၄၆) ဧက ညွှန်းထားတာကတော့ ပြည်နယ်မြေစာရင်းအနေနဲ့ကတော့ အဲလိုညွှန်းထားတာရှိတယ် ဒါပေမဲ့ ဒီ (၄၆) ဧကနဲ့ ပတ်သက်ပြီးတော့ ကုမ္ပဏီဘက်ကလည်း စမ်းသပ်မှုနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ တိုင်းအစိုးရအဖွဲ့ထံတင်ပြထားတာမရှိပါဘူး ပြည်ထောင်စုကနေလည်း သဘောထားမှတ်ချက်တောင်းခံထားတာလည်းတစ်ခုမှမရှိပါဘူး အကယ်၍ စစ်ကိုင်းတိုင်းဘက်ခြမ်းနဲ့ ပတ်သက်ပြီးတော့မှ ဒီလိုမျိုးတင်ပြလာတာ သဘောထားမှတ်ချက်တောင်းခံလာတယ် ဆိုလို့ရှိရင်တော့ ဒေသခံတွေရဲ့ သဘောဆန္ဒတွေကိုရယူပြီးတော့ တုံ့ပြန်ပါမယ်လို့ဖြေသွားပါတယ်” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်ကပြောသည်။ ဝေဘူလတောင်သည် ဖလမ်းခရိုင် ဆီးယင်းသစ်တောကြိုးဝိုင်းဧရိယာတွင်တည်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အနီးတွင်တည်ရှိသည်။ ဖိုးလမင်းသာသာ ကုမ္ပဏီမှ ဝေဘူလတောင်တွင် ခရိုင်မိုက်တူးဖော်ရေးလုပ်ငန်းဆောင်ရွက်ပါက တောင်ခြေရှိ စစ်ကိုင်းတိုင်းဘက်ခြမ်း လယ်ယာမြေအမြောက်အများပျက်စီးဆုံးရှုံးနိုင်သည့်အတွက်ကြောင့် စစ်ကိုင်းတိုင်းဘက်ခြမ်း ကျေးရွာအုပ်စု (၃) အုပ်စု ငါးဖားအုပ်စု၊ နတ်ချောင်းအုပ်စုနှင့် ထောက်ကြံ့အုပ်စုတို့မှ ကန့်ကွက်ခဲ့ကြသည်။ ကုမ္ပဏီမှ လုပ်ငန်းအကောင်အထည်ဖော်ရန် လမ်းဖောက်လုပ်ခြင်း…
Read More