Author: Editor

ဆလိုင်းရောဘတ် – ချင်းနိုင်ငံရေး ပါတီကြီး ၃ ခု ချင်းတိုးတက်ရေးပါတီ (CPP) ၊ ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီ(CNDP) နှင့် ချင်း ဒီမိုကရေ စီအဖွဲ့ချူပ် ပါတီ(CLD) တို့သည် တစ်ပါတီ အနေဖြင့်ပေါင်းစည်း ရန် မေလ ၂၁ ရက်နေ့က သဘောတူ လိုက်ကြပါပြီ။ လက် တွေ့ပိုင်း တွင် တကယ်ဖြစ်နိုင်ခြေ ရှိမရှိ မသိရသေးသော် လည်း ပေါင်းစည်းရေးအတွက် စတင်ခြေလှမ်းလာသည့် အပေါ် ကြိုဆိုရ မည်ဖြစ် သည်။ ပါတီပေါင်းစည်းရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာပါတီကြီး ၃ ခုမှ ခေါင်းဆောင်များသည် မေလ ၂၁ ရက်နေ့က ရန်ကုန် မြို့ Happy Noodle Café ရှိမြစ်ကြီးနားခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ယင်းတွေ့ဆုံမှုသည် ဒုတိယအကြိမ် ဖြစ်ပြီး ပါတီပေါင်းစည်းရေး အတွက် သဘောတူညီနိုင်ခဲ့ကြခြင်းဖြစ်သည်။ CLD ပါတီအတွင်းရေးမှူး ဆလိုင်းပီပီက “ ကျနော်တို့အစကတည်းကပေါင်းစည်းဖို့ရည်ရွယ်ချက်ရှိပြီးသားပေါ့နော်၊ ကျနော် တို့ပါတီအားလုံးအနေနဲ့ တချိန်ချိန် မှာ ပေါင်း စည်းဖို့လို အပ်လာတယ်ဆိုတာ အားလုံးကသိရှိခံစားပြီးသားဖြစ်တယ်၊ အချိန် မကျရောက်သေးလို့သာလျင် မပေါင်း စည်းနိုင် တာဖြစ်တယ်၊ ချင်းတစ်မျိုးသားလုံးအတွက်လိုအပ်လာတယ်၊ ချင်းတစ်မျိုး သားလုံးကလည်း ပူးပေါင်းဖို့ ဆန္ဒရှိကြ တယ်၊ ကျနော် တို့ကိုယ်၌က ပူးပေါင်းရမယ် ပူးပေါင်းဖို့လိုအပ်တယ်၊ ပူးပေါင်းသင့် တယ်ဆိုတဲ့ခံယူချက်နဲ့ ပေါင်းစည်းဖို့ သဘောတူလိုက်ကြတာပါ’’ ဟု ပြောသည်။ ချင်းနိုင်ငံရေးပါတီများ တစ်ပါတီအဖြစ် ပေါင်းစည်းရေးသည် ချင်းပြည်သူလူထုများမှ နှစ်ရှည်လများမျှော်လင့်စောင့်စားခဲ့ကြ သည့်…

Read More

မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ Mizoram Excise & Narcotics Department ၏ မှတ်တမ်းအရ ၂၀၁၅ ခုနှစ်ထက် ၂၀၁၆ ခုနှစ်တွင် မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကြောင့် သေဆုံးသူဦးရေ ပိုများကြောင်း သိရသည်။ ယင်းမှတ်တမ်းအရ ၂၀၁၆ ခုနှစ် မေလ ၃၀ ရက်နေ့အထိ မူးယစ်ဆေးဝါးကြောင့် သေဆုံးသူဦးရေမှာ ၃၀ ဦး ရှိနေပြီဖြစ်ကြောင်းနှင့် ပြီးခဲ့ သည့် ၂၀၁၅ တစ်နှစ်လုံးတွင် သေဆုံးသူဦးရေ (၂၇) ဦးသာရှိကြောင်း သိရသည်။ ယခုနှစ်အတွင်း မူးယစ်ဆေးဝါးကြောင့် သေဆုံးသူများမှာ အမျိုးသား ၂၅ ဦး နှင့် အမျိုးသမီး ၅ ဦး ဖြစ်ကြောင်းသိ ရပြီး သေ ဆုံးသူများ အနက် ၁၄ ဦး မှာ ဘိန်းဖြူသုံးစွဲမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသထုတ် The Aizawl Post သတင်းစာတွင် ဖော်ပြသည်။ မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကြောင့် သေဆုံးမှုအများဆုံးနှစ်မှာ ၂၀၀၄ ခုနှစ်ကဖြစ်ပြီး လူဦးရေ ၁၄၃ ဦး သေဆုံးခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် (၁၃၉) ဦး၊ ၂၀၀၃ ခုနှစ်တွင် (၁၃၆) ဦးရှိခဲ့ကြောင်းသိရသည်။ အဆိုပါ မှတ်တမ်းဖော်ပြချက်အရ ၁၉၈၄ ခုနှစ်မှ ယခုချိန်အထိ မူးယစ်ဆေးဝါးကြောင့် မီဇိုရမ်အတွင်း သေဆုံးသူ ဦးရေ ၁၃၇၂ ဦးရှိနေပြီဖြစ်ကြောင်းနှင့် ၄င်းအနက် ၁၂၂၆ ဦးမှာ အမျိုးသားများဖြစ်ပြီး ကျန် ၁၄၆ ဦးမှာ အမျိုးသမီးများဖြစ်ကြောင်း သိရသည်။

Read More

ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်းရှိ သဘာဝအလျောက်ဖြစ်ခဲ့သော မြေပြိုကန်ကြီးသည် တစ်နှစ် အတွင်း ကျိုးပေါက်နိုင် သည်ဟု နီပေါနိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသဘက်စုံ ဖွံ့ဖြိုးရေးဌာန (ICIMOD ) အဖွဲ့ မှ ပညာရှင် များက ပြော ဆိုလိုက် သည်။ (ICIMOD) မှ ပထဝီ သတင်းအချက်အလက်စနစ်နှင့် ပတ်သက်သည့် ပညာရှင်သုံးဦးသည် သစ် တောဦးစီး ဌာနမှ တာဝန် ရှိသူများနှင့် အတူ မေလ ၂၀ ရက်နေ့မှ ၂၇ ရက်နေ့အထိ မြေပြိုဆည်သို့ သွားရောက်လေ့ လာ ဆန်း စစ်ခဲ့ကြပြီး မေလ ၃၀ ရက်နေ့က ၎င်းတို့လေ့လာတွေ့ရှိမှုနှင့်ပတ်သက်၍ နေပြည်တော်၌ ဆွေးနွေး တင်ပြရာ တွင် ယခုကဲ့သို့ပြော ဆိုလိုက်ကြ ခြင်းဖြစ် သည်။ သဘာဝမြေပြိုဆည်များ၏ ကိုးဆယ်ရာခိုင်နှုန်းသည် သဘာဝအားဖြင့် တစ်နှစ်ခန့်အကြာတွင် အလိုအ လျောက်ကျိုးပေါက် လေ့ ရှိကြောင်း၊ ဘူမိသွင်ပြင်အရ တမံမှာ ယှေလကျောက်နှင့် သဲကျောက်တို့ဖြင့် ဖွဲ့စည်းထားသဖြင့် အချိန်ကြာလာ သည် နှင့် အမျှ ရေစိမ့် ဝင် မှု များပြားလာမည်ဖြစ်ကြောင်း၊ တမံနိမ့် ကျလာ သော် လည်း ရေမျက်နှာပြင်သည် မိုးရာသီတွင် မြင့်တက်လာမည် ဖြစ်၍ ဆည် ကျိုးပေါက်ရန် အခြေ အနေ ပိုများလာကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက (မေလ ၃၁ ရက်) ရက်စွဲဖြင့် ထုတ်ပြန်သောကြေညာချက်တွင်ဖော်ပြထားသည်။ ယင်းကဲ့သို့အခြေအနေများကြောင့်…

Read More

Salai Van Cung Lian (UK) –  မြန်မာနိုင်ငံတွင် ယနေ့ခေတ်တိုင်တွေ့မြင်နိုင်သည့် နယ်ချဲ့ဗြိတိသျှတော်လှန်ရေး ခံတပ်များဆိုလို့ ချင်းပြည်နယ်ရှိ ရှာလ်လုမ်းခံတပ်၊ မင်းလှမြို့ရှိ မင်းလှခံတပ် နှင့် အင်းဝရှိ သပြေတန်းခံတပ် တို့လောက်ဘဲကျန်တော့တယ်။ ရှာလ်လုမ်းခံ တပ် သည်နယ်ချဲ့ဗြိတိ သျှစစ် တပ် နှင့် စီးယင်းမျိုးနွယ်စုမှ ချင်းစစ်သည်တော်များပြင်းပြင်းထန်ထန် တိုက်ပွဲ ဆင်နွှဲခဲ့ကြတဲ့ခံ တပ်ဖြစ်ပါတယ်။ ဤတိုက်ပွဲတွင် ချင်းသူ ရဲကောင်း စစ်သည် ၂၇ ဦး တို့သည် ဘိုးဘွားစဉ်ဆက်ပိုင်ဆိုင်ခဲ့ သည့် မြေကိုကာကွယ်ရင်း အသက်ပေး လှူခဲ့ကြရ သည်။ ဗြိတိ သျှစစ်တပ်မှလည်း အရာရှိတစ်ဦး နှင့် စစ်သား ၃ ဦး ကျရှုံးခဲ့ရသည်။ ဤတိုက်ပွဲတွင် ပါဝင်ခဲ့ဆင်နွှဲခဲ့သော ဗြိတိသျှအရာရှိ Surgeon Captain Ferdinand Le Quesne သည် လည်း ကမ္ဘာ့စစ်ဘက် သူရသတ္တိဆိုင်ရာ စွမ်းရည်ဘွဲ့တံဆိပ်များတွင် အမြင့်မား ဆုံးဖြစ်သော Victoria Cross (V.C) တံဆိပ်ဖြင့်ဂုဏ်ပြုခြင်းခံရသည်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက သမိုင်းဝင် ရှာလ်လုမ်းခံတပ်သို့ ကျွန်တော် သွားရောက်လည်ပတ်ခွင့်ရရှိခဲ့ပါတယ်။ ဒီခံတပ် နှင့် တိုက်ပွဲ အကြောင်းကို ဆောင်းပါအဖြစ်မနှစ်တုန်းက ကျွန်တော်ရေးခဲ့ပြီး ချင်းဂျာနယ်မှာထုတ် ခဲ့ဘူးပါတယ်။ နောက်ပြီး RFA ရေဒီယို နဲ့ တီဗီမှာလဲ ဆလိုင်း B.A Thang နဲ့အတူထုတ်ဖြစ်ခဲ့တယ်။ ဒီတစ်ခေါက်တော့ ဇာတိမြို့ဖြစ်တဲ့ တစ်ချိန်တုန်းက ချင်းဝိသေ သတိုင်းမြို့တော် ဖလမ်းမြို့သို့သွားရောက် လည်ပတ်ရင်း အချိန်ရလို့…

Read More

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအစိုးရတို့မှ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများ အမြန်ဆုံး အကောင် ထည်ဖော်ပြီးစီးရန် အိန္ဒိယဗဟိုအစိုးရကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က တောင်းဆို လိုက်သည်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို ရောက်ရှိနေသော မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးလာလ်းထန်ဟောလ်လာသည် အိန္ဒိယ ပြည်ထဲ ရေးဝန်ကြီး Rajnath Singh နှင့် မေလ ၂၄ ရက်နေ့က တွေ့ဆုံစဉ် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ မီဇိုရမ်ဝန်ကြီးချူပ်သည် ပြည်ထဲရေးဝန်ကြီးနှင့်တွေ့ဆုံစဉ်တွင် ဧပြီလအတွင်းက မြန်မာနိုင်ငံသို့ သူသွားရောက်လာပတ်ခဲ့ သည့် အခြေအနေများ ကိုလည်းတင်ပြခဲပြီး မြန်မာနိုင်ငံနှင့် ကောင်းမွန်သည့်ကုန်သွယ်မှုများဖန်တီးနိုင်ရန် Kaladan Multi Modal Transit Transport Project ခေါ် ကုလာတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကို စောလျင်စွာ အပြီးသတ်ရန်လို အပ်ကြောင်းပြော ဆိုခဲ့သည်ဟု မီဇိုရမ်နေ့စဉ် ထုတ်သတင်းစာတွင်ဖော်ပြထားသည်။ “ ဒီစီမံကိန်းဟာ မီဇိုရမ်နှင့် မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးပိုမိုကောင်းမွန်လာမယ့်အပြင် မြန်မာနိုင်ငံက ပေါကြွယ်ဝလှတဲ့ သယံဇာ တတွေကို အိန္ဒိယနိုင်ငံကလည်း အကျိုးခံစားလာနိုင်မှာဖြစ်လို့ အမြန်ဆုံး အပြီးသတ်ရန် လိုအပ်ပါတယ် ” ဟု ဝန်ကြီးချုပ် က ပြောဆိုခဲ့ သည်။ အိန္ဒိယပြည်ထဲရေးဝန်ကြီးကလည်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်မှ တောင်းဆိုသည့်ကိစ္စသည် အမှန်တကယ် အရေးကြီး ကြောင်း ပြော ဆိုခဲ့ပြီး စီမံကိန်းလုပ်ငန်းများ စောလျင်စွာပြီးမြောက်နိုင်ရေးအတွက် အလေးထားဆောင်ရွက် သွားမည် ဖြစ်ကြောင်းပြောဆိုခဲ့သည်။ ကုလားတန်ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းသည် အိန္ဒိယအစိုးရမှ အမေရိကန်ဒေါ်လာသန်း (၂၁၄) အကုန်ကျခံတည်ဆောက် လျက်ရှိ သည့် စီမံကိန်း တစ်ခုဖြစ်ပြီး ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် မီဇိုရမ်ပြည်နယ်ကို…

Read More

ယမန်နှစ်က ရေးကြီးရေလျှံမှုများကြောင့် ပျက်စီးသွားသော ကလေးမြို့နယ်အတွင်းရှိ လမ်း၊ တံတားများ ပြန်လည်ပြုပြင် မွန်းမံရန် လာမည့် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဂျာမန်ဖွံ့ဖြိုးရေးဘဏ်(KFW) မှ ယူရိုငွေ (၁၀) သန်းထောက်ပံ့မည် ဟု ကလေးမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရှာမ်းမီးထံမှသိရသည်။ ဂျာမန်ဖွံ့ဖြိုးရေးဘဏ်(KFW) အထောက်အပံ့ ယူရိုငွေ(၁၀)သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့နယ် အတွင်း၌ ဆောင်ရွက်မည့် လုပ်ငန်းများလျာထားစာရင်းမှာ ကလေးဒေသရှိ ချင်းလူမျိုးများအဓိကအားထားနေရသော ဆည်ကြီး တံတား နှင့် နတ်တခါးတံတားများကို သံကူကွန်ကရစ်တံတားများဖြင့် တည်ဆောက်ရန်၊ ဒိုးဝမ်းချောင်းကျေးရွာမှ ရာဇဂြိုလ်ရွာ လမ်းအကြား လမ်းမကြီးအား ကတ္တရာခင်းရန် နှင့် လမ်းပေါ်ရှိဆက်စပ်တံတားများပြုပြင်ရန်၊ စက္ကန့်ကျေးရွာ နှင့် ရှားတောကျေး ရွာဆက်လမ်အား ကတ္တရာခင်းရန်၊ နမ့်မြောင်ချောင်းရေကျော်၊ မှန်လုံချောင်းရေကျော် နှင့် ဇီးချောင်း ရေကျော်တို့အား သံကူကွန် ကရစ် ရေကျော်များဖြင့်တည်ဆောက်ရန်တို့ဖြစ်သည်။ “သူတို့ကွင်းဆင်းလေ့လာမှုတွေလုပ်ပြီးပါပြီ၊ အကောင်ထည်ဖော်မယ့်လုပ်ငန်းတွေကို စာရင်းပြုစုပြီး ကျေးလက်ဒေသ ဖွံ့ဖြိုး ရေးဌာန မှာ သွားတင်ပြတယ်၊ တကယ်လက်တွေ့အကောင်အထည်ဖော်မယ့်အချိန်ကျရင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာနနဲ့ ဂျာမန်ဖွံ့ဖြိုးရေးဘဏ်တို့ စာချူပ်ချူပ်ကြမှာပါ’’ ဟု ဒေါ် ရှာမ်းမီးကပြောသည်။

Read More

ဆိုင်ကလုန်း ရွန်နုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် ချင်းပြည်နယ် နှင့် နယ်နမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံ အရှေ့မြောက် မီဇိုရမ်ပြည်နယ်တွင် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ မေလ ၂၁ ရက်နေ့ ည ၆ နာရီခန့်တွင် မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့ Zonuam ရပ်ကွက်တွင် တောင်ပေါ်မှ ပြိုကျလာ သောမြေသားကြောင့် အိမ်တစ်လုံးဖိမိကာ အိမ်ရှင်မဖြစ်သူ အသက် ၃၉ အရွယ်ရှိ Lalthlengliani ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ သမီးငယ်ဖြစ်သည့် ၈ တန်းကျောင်းသူ အသက် ၁၃ နှစ်အရွယ် Emily Lalhmangaihzuali လည်း ဆေးရုံကို အချိန်မှီပို့ ဆောင်နိုင်ခဲ့သော်လည်း ဆေရုံတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ အဆိုပါမြေပြိုမှုကြောင့် အိမ်ပိုင်ရှင် Rualthankhuma ၏ မိခင် အသက် ၈၂ အရွယ် အဘွားအိုလည်း နံရိုးကျိုးပြီး ဆေးဝါးကုသမှုခံယူနေစဉ်တွင် သေဆုံးသည်ဟုသိရသည်။ ချင်းပြည်နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖလမ်းမြို့ ကျင်မွှာလ်ရပ်ကွက်ရှိကျန်းမာရေးဝန်ထမ်း အိမ်ရာ ၄ ခန်းတွဲ အဆောက်အအုံ၊ ဘလိုင်ရပ်ကွက်ရှိ လမ်းဦးစီးဝန်ထမ်းအိမ်ရာနှင့် မြေထိန်းနံရံတို့ပြိုကျပျက်စီး ပြီး၊ ငဆစ်ဗားရေ အားလျှပ်စစ်တွင် မြေပြိုကျမှုကြောင့် လောလောဆယ် ဖလမ်းမြို့တွင် လျှပ်စစ်မီးပြတ်တောက်ခဲ့သည်။

Read More

ချင်းပြည်နယ်အတွင်း လုပ်ငန်းအကောင်အထည်ဖေါ်ခဲ့ကြသည့် ကုမ္ပဏီများထဲတွင် လွန်ခဲ့သောနှစ်များအတွင်း ၄င်းတို့၏ လုပ် ငန်းဆောင် ရွက်မှုအားနည်းချက်များကြောင့် တိုင်စာများသည့် ကုမ္ပဏီများ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် တင်ဒါရရှိရန် အလားအလာနည်းပါးတော့မည်ဖြစ်သည်။ ချင်းပြည်နယ် စည်ပင်သာယာရေး၊လျှပ်စစ်နှင့် စက်မှု လက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဆလိုင်း အိုက်ဇက်ခင်က “အခုကျနော် တို့လုပ်ငန်း အရည် အချင်းကို ပထမကြည့်မယ်၊ ပြီးတော့ ကုမ္ပဏီတိုင်းရဲ့ ပိုင်ဆိုင်မှုအနေအထား ကိုကြည့် မယ်၊ နောက်ဆုံး တော့လို အပ်သလို ဒေသခံ ကုမ္ပဏီတွေကိုကြည့်ပြီးတော့ တင်ဒါပေးဖို့ရှိတယ်။ အဓိက ကတော့လုပ်ငန်းအရည်အချင်းရှိဖို့” ဟု ပြောသည်။ အစိုးရသစ်အနေဖြင့် ကုမ္ပဏီများ တင်ဒါပေးရာတွင် သက်ဆိုင်ရာမှ လုပ်ငန်းစစ်ဆေးရေးစနစ်တကျပြုလုပ်သွားမည်ဖြစ်ပြီး လုပ်ငန်းဆောင် ရွက်မှု အနေအထား အဆင့်မမှီပါက အစိုးရဘတ်ဂျက်မပါဘဲ သက်ဆိုင်ရာကုမ္ပဏီမှ စိုက်ထုတ်ပြီးပြန် လည် ပြုလုပ်ရ မှာဖြစ်ကြောင်း၊ ယင်းသို့ မလုပ် ဆောင်နိုင်ပါကအရေးယူသွားမည်ဟု သိရသည်။ ၂၀၁၅- ၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်အတွင်းရှိ လမ်း၊ တံတား၊သက်ဆိုင်ရာဌာနဆိုင်ရာ အဆောက်အဦးနှင့် ရေပြွန် အစရှိသည့် လုပ်ငန်းများကို တင်ဒါစနစ်ဖြင့်ခေါ်ယူပြီး ကုမ္ပဏီများက အကောင်ထည်ဖော်ခဲ့ကြသည်။ ယင်းကဲ့သို့ အကောင် ထည်ဖော်သည့်နေရာတွင် အရည်အချင်း မပြည့်မှီသည့် လုပ်ငန်းများလည်း ရှိနေကြောင်းသိရသည်။  ချင်းပြည်နယ်တွင် ကုမ္ပဏီ (၁၀၀) ကျော်ရှိသည်ဟု သိရသည်။ သက်ဆိုင်ရာကဏ္ဍအလိုက် အစိုးရမှ ချမှတ်ပေးသည့် ဘတ်ဂျက်ငွေ နည်းပါးခြင်းကြောင့် အရည်အချင်း ပြည့်မှီနိုင်သည် အထိလုပ်ငန်းအကောင် အထည်ဖေါ်နိုင်ရန် ခက်ခဲမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ပြောဆိုကြသည်။ “အရည်အချင်းပြည့်မှီနိုင်ဖို့…

Read More

ချင်းနိုင်ငံရေးပါတီကြီး ၃ ခု ချင်းတိုးတက်ရေးပါတီ (CPP) ၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ(CNDP) နှင့် ချင်းဒီမို ကရေစီအဖွဲ့ချူပ် ပါတီ(CLD) တို့သည် တစ်ပါတီအနေဖြင့်ပေါင်းစည်းရန် မေလ ၂၁ ရက်နေ့က သဘောတူလိုက်ကြပြီ ဟုသိရသည်။ ချင်းပါတီများပေါင်းစည်းရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာပါတီကြီး ၃ ခုမှ ခေါင်းဆောင်များသည် မေလ ၂၁ ရက်နေ့က ရန်ကုန်မြို့ Happy Noodle Café ရှိမြစ်ကြီးနားခန်းမတွင် တွေ့ဆုံဆွေးနွေးကြရာတွင် ပါတီပေါင်းစည်းရေးအတွက် သဘောတူညီခဲ့ကြသည်ဟု CLD ပါတီအတွင်းရေးမှူး ဆလိုင်းပီပီကပြောသည်။ “ ကျနော်တို့အစကတည်းကပေါင်းစည်းဖို့ရည်ရွယ်ချက်ရှိပြီးသားပေါ့နော်၊ ကျနော်တို့ပါတီအားလုံးအနေနဲ့ တချိန်ချိန် မှာ ပေါင်း စည်းဖို့လို အပ်လာတယ်ဆိုတာ အားလုံးကသိရှိခံစားပြီးသားဖြစ်တယ်၊ အချိန်မကျရောက်သေးလို့သာလျင် မပေါင်း စည်းနိုင် တာဖြစ်တယ်၊ ချင်းတစ်မျိုးသားလုံးအတွက်လိုအပ်လာတယ်၊ ချင်းတစ်မျိုးသားလုံးကလည်း ပူးပေါင်းဖို့ ဆန္ဒရှိကြ တယ်၊ ကျနော် တို့ကိုယ်၌က ပူးပေါင်းရမယ် ပူးပေါင်းဖို့လိုအပ်တယ်၊ ပူးပေါင်းသင့်တယ်ဆိုတဲ့ခံယူချက်နဲ့ ပေါင်းစည်းဖို့ သဘောတူလိုက်ကြတာပါ’’ ဟု ဆလိုင်းပီပီကပြောသည်။ ပါတီပေါင်းစည်းရေးအတွက် ချင်းပါတီကြီး ၃ ခုမှ တစ်ပါတီလျှင် ၃ ဦးစီစေလွှတ်ပြီး ပေါင်းစည်းရေးမူဝါဒရေဆွဲသွားမှာဖြစ်ပြီး ပါတီပေါင်းစည်းရေးဖြစ်မြောက်လာပါက အခြားသော ချင်းပါတီများကိုလည်းဖိတ်ခေါ်သွားမည်ဟု ၎င်းကဆက်ပြောသည်။ “ အခုကျနော်တို့ ချင်းပါတီ ၃ ခုပေါ့နော် တခြားပါတီတွေလည်းကျန်ပါသေးတယ်၊ သူတို့လည်း အားလုံးပေါင်းစည်းချင်ကြ တယ်၊ ဒါပေမယ့် ချင်းအမည်ခံတဲ့ပါတီ ၃ ခုကနေ ဦးဆောင်းပြီးတော့ အရင်ပူးပေါင်းမှပဲ ကျန်တာကို ဖိတ်ခေါ်သွားမယ်’’  ဟု ဆလိုင်းပီပီကပြောသည်။ ယခင်အစောပိုင်းကာလတွင် ချင်းပါတီကြီး ၂ ခုဖြစ်သည့် ချင်းတိုးတက်ရေးပါတီ…

Read More

ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့က အိန္ဒိယဘက်သို့ ရောင်းချရန် မြန်မာနိုင်ငံမှ တရားမဝင်သယ်ဆောင်လာသော ရှုပီး သိန်း ၄၀၀ ကျော် တန်ဖိုးရှိ ရွှေတုံးကို မီဇိုရမ်ပြည်နယ် Seling ကျေးရွာတွင် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။   အလေးချိန် ၁၃ ကီလိုဂရမ်ကျော်ရှိ ရွှေတုံး၏ ကာလတန်ကြေးမှာ ရှုပီး သိန်း ၄၂၇ ခန့်ရှိကြောင်း သိရပြီး၊ ရွှေတုံးပိုင်ရှင်ဟု ယူဆသော ကလေးမြို့နယ် တာဟန်း (A) ရပ်ကွက်နေ Zoliansanga (46) ကိုလည်း ဖမ်းဆီးခဲ့ကြသည်။ သတင်းရရှိထားချက်အရ မီဇိုရမ် Custom Department အဖွဲ့က အိန္ဒိယ-မြန်မာနယ်စပ်မှ အိုက်ဇော်မြို့သို့တက်လာသော maxi-cab ကားတစ်စီးတွင် လိုက်လံရှာဖွေပြီး ယခုလို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဆိုပါရွှေကို မီဇိုရမ်ပြည်နယ် ပန်းထိမ်သမားများမှ သေချာစစ်ဆေးကြည့်ခဲ့ရာ ရွှေအစစ်များဖြစ်ကြောင်း အတည်ပြုခဲ့ကြသည်။   အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းကလည်း အိန္ဒိယဘက်သို့ ရောင်းချရန် မြန်မာနိုင်ငံမှ တရားမဝင်သယ်ဆောင်လာသော သိန်း ၁၅၀ ကျော် ခန့်ရှိသော (Gold Biscuits) ခေါ် ရွှေပြား ၃၅ ခုနှင့်အတူ ချင်းအမျိုးသားတစ်ဦးကို ချင်းပြည်နယ် နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ် နယ်စပ်မြို့ ကျန်ဖိုင်းတွင် ဒေသခံအာဏာပိုင်များမှ ဖမ်းဆီးခဲ့သည်။

Read More