Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကိုဗစ္-၁၉ ေၾကာင့္ ေလၿမိဳျမစ္ေဒသရွိျပည္သူမ်ား စားနပ္ရိကၡာႏွင့္ ေဆး၀ါးျပတ္လပ္မႈႀကံဳေနၾကရ

ကိုဗစ္-၁၉ ေၾကာင့္ ေလၿမိဳျမစ္ေဒသရွိျပည္သူမ်ား စားနပ္ရိကၡာႏွင့္ ေဆး၀ါးျပတ္လပ္မႈႀကံဳေနၾကရ

0
By Editor on September 25, 2020 Khonumthung

#Unicode

By လားနွန် – ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု မြင့်တက်လာပြီးနောက် ဆက်သွယ်ရေးလမ်းကြောင်းများပိတ်ထား သည့်အတွက် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အောက်ပိုင်းတွင် တည်ရှိသော လေမြိုမြစ်ဒေသတွင်နေထိုင်ကြသည့် ဒေသခံပြည်သူများ စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်လပ်မှုကြုံနေကြရသည်ဟု သိရသည်။

လေမြိုမြစ်ဒေသတွင်နေထိုင်ကြသည့် ဒေသခံပြည်သူများသည် အခြေခံစားသောက်ကုန်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို အဓိကမှိခိုအားထားနေရပြီး ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ကူးစက်မှု မြင့်တက်လာခြင်းကြောင့် လမ်းကြောင်းများပိတ်ထားသည့်အတွက် ယခုကဲ့သို့ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်ဟု လေမြိုမြစ်ဒေသ ကိုဖေချေကျေးရွာသား ဦးလွယ်ထောင်က ပြောသည်။

“လမ်းတွေပိတ်တာတော့ လေးငါးရက်လောက်ကြာပြီ ကျနော်တို့လေမြိုဒေသမှာ အချက်အချာကျတဲ့ ကင်ထောင်ကဆေးခန်းတွေလည်း ပိတ်ထားရတယ်၊ ရွာအဝင်အထွက်တွေလည်း ပိတ်တယ် ကျနော်တို့ ဒီဘက် လေမြို့ဒေသကတော့ ရခိုင်ပြည်နယ်စပ်ဆိုတော့ အခုရခိုင်ပြည်နယ်မှာ ကိုှဗစ်-၁၉ ကဖြစ်နေတော့ ကျနော်တို့ဒီဘက်ကလည်း ရခိုင်ပြည်နယ်၊ မြောက်ဦးကဟာတွေကို မှီခိုစားသောက်နေရတယ်အခု ကျနော်တို ့ရခိုင်ပြည်နယ် မြောက်ဦးဘက်ကနေ အခုကလမ်းတွေကလည်း ပိတ်လိုက်ပြီ အခုက စားဝတ်နေရေးနဲ့ ဆေးဝါးတွေလည်း လိုအပ်နေတယ်’’ ဟု ဦးလွယ်ထောင်ကပြောသည်။

လေမြိုဒေသတွင် ကျေးရွာပေါင်း ၆၀ ကျော်ခန့်ရှိကာ လူဦးရေအားဖြင့် တစ်သောင်းခွဲကျော်ရှိကြပြီး ရခိုင်ပြည်နယ် မြောက်ဦး၊ ဆင်အိုး တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။
လေမြိုဒေသတွင်နေထိုင်ကြသည့် ဒေသခံပြည်သူများသည် အခြေခံစားသောက်ကုန်ပစ္စည်များကို မြောက်ဦး၊ ဆင်အိုး တို့တွင် သွားရောက်ဝယ်ယူကာ စက်လှေဖြင့် သယ်ယူလေ့ရှိကြသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု မြင့်တက်လာသည့်အတွက် ရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့် လေမြို့ဒေသရှိ ကျေးရွာအသီးသီးတို့သည် ရွာအဝင်အထွက်များ ပိတ်ထားကြသည်ဟု လေမြိုဒေသ သံထောင်ကျေးရွာဒေသခံ ဦးဘိုလွန်းကပြောသည်။

“ကိုယ့်ရွာနဲ့ ကို lockdown ချထားကြတယ်၊ အဝင်အထွက်ကို အကုန်လုံးပိတ်ထားကြတယ် ရွာတိုင်းရွာတိုင်းလိုလို၊ အခုတလောကတော့ အဲဒီဆင်ဦးတို့ မြောက်ဦးတို့ လေးငါးရက်လောက်ရှိပြီ အသွားအလာမသွားကြတာတော့၊ ရခိုင်ဘက်က ပိတ်တာတော့မဟုတ်ဘူး ကျနော်တို့က ရောဂါကို ဒီဘက်ကူးလာမှာကိုကြောက်တော့ ကိုယ့်သဘောနဲ့ကို ပိတ်ပင်ကြတာ အဝင်တော့ရတာပေါ့ မြောက်ဦးကိုသွားချင်ရင်သွား ပြန်မလာနဲ့ အဲဒီမှာ ကွာရန်တင်းဝင် အဲဒါကြောင့် မြောက်ဦးကိုသွားလို့ရှိရင်တော့ ကွာရန်တင်းဟိုမှာထားတယ် ဒါကြောင့်တစ်ယောက်မှ မသွားရဲဘူး” ဟု ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင်ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့က ဘဏ်ဝန်ထမ်းတစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည့်နောက်ပိုင်းကစ၍ ရခိုင်ပြည်နယ်တွင် ပိုးတွေ့လူနာတွေ့ရှိမှု အရှိန်အဟုန်မြင့်တက်လာကာ ယခုချိန်ထိ ၃၆၁ ဦးရှိပြီဖြစ်သည်။

#Zawgyi

By လားႏြန္ – ရခိုင္ျပည္နယ္တြင္ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႔ရွိမႈ ျမင့္တက္လာၿပီးေနာက္ ဆက္သြယ္ေရးလမ္းေၾကာင္းမ်ားပိတ္ထား သည့္အတြက္ ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္ေအာက္ပိုင္းတြင္ တည္ရွိေသာ ေလၿမိဳျမစ္ေဒသတြင္ေနထိုင္ၾကသည့္ ေဒသခံျပည္သူမ်ား စားနပ္ရိကၡာႏွင့္ ေဆး၀ါးျပတ္လပ္မႈႀကံဳေနၾကရသည္ဟု သိရသည္။

ေလၿမိဳျမစ္ေဒသတြင္ေနထုိင္ၾကသည့္ ေဒသခံျပည္သူမ်ားသည္ အေျခခံစားေသာက္ကုန္ႏွင့္ပတ္သက္၍ ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕ကို အဓိကမွိခိုအားထားေနရၿပီး ရခိုင္ျပည္နယ္တြင္ ယခုရက္ပိုင္းအတြင္း ကိုဗစ္-၁၉ ပိုးေတြ႔လူနာ ကူးစက္မႈ ျမင့္တက္လာျခင္းေၾကာင့္ လမ္းေၾကာင္းမ်ားပိတ္ထားသည့္အတြက္ ယခုကဲ့သုိ႔ စားနပ္ရိကၡာျပတ္လပ္မႈႏွင့္ ရင္ဆိုင္ေနၾကရျခင္းျဖစ္သည္ဟု ေလၿမိဳျမစ္ေဒသ ကိုေဖေခ်ေက်းရြာသား ဦးလြယ္ေထာင္က ေျပာသည္။

“လမ္းေတြပိတ္တာေတာ့ ေလးငါးရက္ေလာက္ၾကာျပီ က်ေနာ္တို႔ေလၿမိဳေဒသမွာ အခ်က္အခ်ာက်တဲ့ ကင္ေထာင္ကေဆးခန္းေတြလည္း ပိတ္ထားရတယ္၊ ရြာအ၀င္အထြက္ေတြလည္း ပိတ္တယ္ က်ေနာ္တို႔ ဒီဘက္ ေလၿမိဳ႕ေဒသကေတာ့ ရခိုင္ျပည္နယ္စပ္ဆိုေတာ့ အခုရခိုင္ျပည္နယ္မွာ ကိုွဗစ္-၁၉ ကျဖစ္ေနေတာ့ က်ေနာ္တို႔ဒီဘက္ကလည္း ရခိုင္ျပည္နယ္၊ ေျမာက္ဦးကဟာေတြကို မွီခိုစားေသာက္ေနရတယ္အခု က်ေနာ္တို ႔ရခိုင္ျပည္နယ္ ေျမာက္ဦးဘက္ကေန အခုကလမ္းေတြကလည္း ပိတ္လိုက္ျပီ အခုက စား၀တ္ေနေရးနဲ႔ ေဆး၀ါးေတြလည္း လိုအပ္ေနတယ္’’ ဟု ဦးလြယ္ေထာင္ကေျပာသည္။

ေလၿမိဳေဒသတြင္ ေက်းရြာေပါင္း ၆၀ ေက်ာ္ခန္႔ရိွကာ လူဦးေရအားျဖင့္ တစ္ေသာင္းခြဲေက်ာ္ရွိၾကၿပီး ရခိုင္ျပည္နယ္ ေျမာက္ဦး၊ ဆင္အိုး တို႔ႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနသည္။

ေလၿမိဳေဒသတြင္ေနထုိင္ၾကသည့္ ေဒသခံျပည္သူမ်ားသည္ အေျခခံစားေသာက္ကုန္ပစၥည္မ်ားကို ေျမာက္ဦး၊ ဆင္အိုး တို႔တြင္ သြားေရာက္၀ယ္ယူကာ စက္ေလွျဖင့္ သယ္ယူေလ့ရွိၾကသည္။

ရခိုင္ျပည္နယ္တြင္ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႔ရွိမႈ ျမင့္တက္လာသည့္အတြက္ ေရာဂါႀကိဳတင္ကာကြယ္သည့္အေနျဖင့္ ေလၿမိဳ႕ေဒသရွိ ေက်းရြာအသီးသီးတို႔သည္ ရြာအ၀င္အထြက္မ်ား ပိတ္ထားၾကသည္ဟု ေလၿမိဳေဒသ သံေထာင္ေက်းရြာေဒသခံ ဦးဘိုလြန္းကေျပာသည္။

“ကိုယ့္ရြာနဲ႔ ကို lockdown ခ်ထားၾကတယ္၊ အ၀င္အထြက္ကို အကုန္လံုးပိတ္ထားၾကတယ္ ရြာတိုင္းရြာတိုင္းလိုလို၊ အခုတေလာကေတာ့ အဲဒီဆင္ဦးတို႔ ေျမာက္ဦးတို႔ ေလးငါးရက္ေလာက္ရိွျပီ အသြားအလာမသြားၾကတာေတာ့၊ ရခိုင္ဘက္က ပိတ္တာေတာ့မဟုတ္ဘူး က်ေနာ္တို႔က ေရာဂါကို ဒီဘက္ကူးလာမွာကိုေၾကာက္ေတာ့ ကိုယ့္သေဘာနဲ႔ကို ပိတ္ပင္ၾကတာ အ၀င္ေတာ့ရတာေပါ့ ေျမာက္ဦးကိုသြားခ်င္ရင္သြား ျပန္မလာနဲ႔ အဲဒီမွာ ကြာရန္တင္း၀င္ အဲဒါေၾကာင့္ ေျမာက္ဦးကိုသြားလို႔ရိွရင္ေတာ့ ကြာရန္တင္းဟိုမွာထားတယ္ ဒါေၾကာင့္တစ္ေယာက္မွ မသြားရဲဘူး” ဟု ေျပာသည္။

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕တြင္ၿပီးခဲ့သည့္ ၾသဂုတ္လ ၁၆ ရက္ေန႔က ဘဏ္၀န္ထမ္းတစ္ဦးထံမွ ကိုဗစ္-၁၉ ေရာဂါပိုး ေတြ႔ရွိသည့္ေနာက္ပိုင္းကစ၍ ရခုိင္ျပည္နယ္တြင္ ပိုးေတြ႔လူနာေတြ႔ရွိမႈ အရွိန္အဟုန္ျမင့္တက္လာကာ ယခုခ်ိန္ထိ ၃၆၁ ဦးရွိၿပီျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့ကို စစ်တပ်ကအပြင်းအထန် ဗုံးကြဲ၊ နေအိမ် ၁၀ လုံးကျော် ထပ်မံပျက်စီး

စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီလုပ်ငန်းကုမ္ပဏီကို အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

တိုက်ပွဲများ ပြင်းထန်နေသာ ချင်းပြည်တောင်ပိုင်းသို့ ပဥ္စမကြိမ်အဖြစ် စစ်တပ်က အင်အားရာချီ ထပ်မံဖြည့်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 30, 2026

CDF – ဟားခါးစခန်းဟောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

October 30, 2026

မင်းတပ်မြို့ကို စစ်တပ်ကအပြင်းအထန် ဗုံးကြဲ၊ နေအိမ် ၁၀ လုံးကျော် ထပ်မံပျက်စီး

October 29, 2026

စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီလုပ်ငန်းကုမ္ပဏီကို အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

October 29, 2026

CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.