Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ္တြင္ Covid-19 ေရာဂါပိုးကူးစက္ခံရထားသူ ၁၀၀၀ ေက်ာ္သြားၿပီ

မီဇိုရမ္တြင္ Covid-19 ေရာဂါပိုးကူးစက္ခံရထားသူ ၁၀၀၀ ေက်ာ္သြားၿပီ

0
By Editor on September 25, 2020 Khonumthung

#Unicode

By ရစ်ချက် – ချင်းပြည်နယ်နှင့်နယ်နမိတ်ချင်းထိစပ်နေသော မြန်မာနိုင်ငံသားအများစု သွားရောက်အလုပ်လုပ်ကိုင်နေသည့် မီဇိုရမ် ပြည်နယ်တွင် Covid-19 ရောဂါပိုးကူးစက်ခံရထားသူ လူဦးရေ ၁၀၀၀ ကျော်သွားပြီဖြစ်သည်။

တစ်ကမ္ဘာလုံးဖြစ်ပွားနေသော Covid-19 ရောဂါကြောင့် မီဇိုရမ်ပြည်နယ်တွင် လွန်ခဲ့သော မတ်လက ပထမဆုံးအကြိမ် အဖြစ် နိုင်ငံခြားမှပြန်လာသူတစ်ဦးထံ ရောဂါပိုးစတင်တွေ့ရှိခဲ့ပြီး ထိုသူမှာလည်း သက်သက်ပျောက်ကင်းသွားပြီး အချိန်အတော်ကြာ ရောဂါပိုးမတွေ့သည့်နောက်ပိုင်း မီဇိုရမ်ပြည်နယ်အစိုးရအစီအစဉ်ဖြင့် အိန္ဒိယပြည်မရောက် မီဇိုး လူမျိုးများအား နေရပ်ပြန်ခေါ်သည့် ဇွန်လ (၁) ရက်နေ့ကစပြီး Covid-19 ရောဂါပိုး ပြန်လည်တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

ယခုလက်ရှိအခြေအနေ မီဇိုရမ်ပြည်နယ်အတွင်း ရောဂါပိုးကူးစက်ခံထားရသူ လူဦးရေ (၁၀၀၃) ဦး ရှိနေပြီး ယင်းအနက် လူဦးရေ လူဦးရေ (၅၀၀) ဦး တို့မှာ သက်သာပျောက်ကင်းနေပြီဖြစ်ကြောင်းနှင့် လူဦးရေ (၅၀၃) ဦးတို့မှာ ဆေးကုသခံယူနေကြဆဲဖြစ်ကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ Vanglaini တွင် ဖော်ပြသည်။

အဆိုပါ Covid-19 ရောဂါပိုးကူးစက်ခံထားရသူ လူဦးရေ (၁၀၀၃) ဦးအနက် ၈၂၈ ဦးမှာ အမျိုးသားများဖြစ်ပြီး ကျန် ၁၇၅ ဦးမှာ အမျိုးသမီများဖြစ်ကြသည်။ မီဇိုရမ်ပြည်နယ်တွင် ယခု ရက်ပိုင်း ပြည်သူလူထုများထံ Covid-19 ရောဂါပိုးကူးစက်ပြန့်ပွားမှုများရှိလာသည့်အတွက် မီဇိုရမ်ပြည်နယ်ရှိ ရပ်ကွက် အတော်များများကိုလည်း Lockdown ချမှတ်လိုက်ကြသည်။

#Zawgyi

By ရစ္ခ်က္ – ခ်င္းျပည္နယ္ႏွင့္နယ္နမိတ္ခ်င္းထိစပ္ေနေသာ ျမန္မာႏိုင္ငံသားအမ်ားစု သြားေရာက္အလုပ္လုပ္ကိုင္ေနသည့္ မီဇိုရမ္ ျပည္နယ္တြင္ Covid-19 ေရာဂါပိုးကူးစက္ခံရထားသူ လူဦးေရ ၁၀၀၀ ေက်ာ္သြားၿပီျဖစ္သည္။ 

တစ္ကမၻာလံုးျဖစ္ပြားေနေသာ Covid-19 ေရာဂါေၾကာင့္ မီဇိုရမ္ျပည္နယ္တြင္ လြန္ခဲ့ေသာ မတ္လက ပထမဆံုးအႀကိမ္ အျဖစ္ ႏိုင္ငံျခားမွျပန္လာသူတစ္ဦးထံ ေရာဂါပိုးစတင္ေတြ႕ရွိခဲ့ၿပီး ထိုသူမွာလည္း သက္သက္ေပ်ာက္ကင္းသြားၿပီး အခ်ိန္အေတာ္ၾကာ ေရာဂါပိုးမေတြ႕သည့္ေနာက္ပိုင္း မီဇိုရမ္ျပည္နယ္အစိုးရအစီအစဥ္ျဖင့္ အိႏိၵယျပည္မေရာက္ မီဇိုး လူမ်ဳိးမ်ားအား ေနရပ္ျပန္ေခၚသည့္ ဇြန္လ (၁) ရက္ေန႕ကစၿပီး Covid-19 ေရာဂါပိုး ျပန္လည္ေတြ႕ရွိခဲ့ၾကျခင္းျဖစ္သည္။ 

ယခုလက္ရွိအေျခအေန မီဇိုရမ္ျပည္နယ္အတြင္း ေရာဂါပိုးကူးစက္ခံထားရသူ လူဦးေရ (၁၀၀၃) ဦး ရွိေနၿပီး ယင္းအနက္ လူဦးေရ လူဦးေရ (၅၀၀) ဦး တို႕မွာ သက္သာေပ်ာက္ကင္းေနၿပီျဖစ္ေၾကာင္းႏွင့္ လူဦးေရ (၅၀၃) ဦးတို႕မွာ ေဆးကုသခံယူေနၾကဆဲျဖစ္ေၾကာင္း မီဇိုရမ္ေန႕စဥ္ထုတ္သတင္းစာ Vanglaini တြင္ ေဖာ္ျပသည္။ 

အဆိုပါ Covid-19 ေရာဂါပိုးကူးစက္ခံထားရသူ လူဦးေရ (၁၀၀၃) ဦးအနက္ ၈၂၈ ဦးမွာ အမ်ဳိးသားမ်ားျဖစ္ၿပီး က်န္ ၁၇၅ ဦးမွာ အမ်ဳိးသမီမ်ားျဖစ္ၾကသည္။ မီဇိုရမ္ျပည္နယ္တြင္ ယခု ရက္ပိုင္း ျပည္သူလူထုမ်ားထံ Covid-19 ေရာဂါပိုးကူးစက္ျပန္႕ပြားမႈမ်ားရွိလာသည့္အတြက္ မီဇိုရမ္ျပည္နယ္ရွိ ရပ္ကြက္ အေတာ္မ်ားမ်ားကိုလည္း Lockdown ခ်မွတ္လိုက္ၾကသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

အိန္ဒိယ- မြန်မာနယ်စပ်က မရာလူငယ်အဖွဲ့၏စစ်ဆေးရေးဂိတ်ကို မီးရှို့သည့် ရခိုင်ကုန်သည်တချို့ကို အရေးယူပေးရန် ULA/AA ထံ IFM တောင်းဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.