Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကိုဗစ္ေၾကာင့္ ခ်င္းျပည္နယ္တြင္ ယာဥ္လိုင္းမ်ား ပိတ္ပင္ျခင္းမရွိ

ကိုဗစ္ေၾကာင့္ ခ်င္းျပည္နယ္တြင္ ယာဥ္လိုင္းမ်ား ပိတ္ပင္ျခင္းမရွိ

0
By Editor on September 25, 2020 Khonumthung

#Unicode

By နှင်းနှင်း – မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပြည်တွင်း ကူးစက်မှုများ မြင့်တက်လာပြီးနောက် တိုင်းနှင့်ပြည်နယ်အ ချို့တွင် ခရီးသည်တင် ယာဉ်လိုင်းပြေးဆွဲမှုပိတ်ပင်လိုက်သော်လည်း ချင်းပြည်နယ်တွင် ယာဉ်လိုင်းပိတ်ပင်ခြ င်းမရှိကြောင်း ချင်းပြည်နယ်လူမှုဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။

“ကျွန်တော်တို့ ပြည်မဖက်ကနေအဝင်က တဖြည်းဖြည်းလျှော့လာတယ်။ ဟားခါးအခြေစိုက်ပြီးတော့ နယ်သွားတာလောက်ပဲရှိပြီးတော့ တိုင်းဒေသကြီးတွေေ ပြးဆွဲတာသိပ်မရှိဘူး ၊ အဲတာကြောင့် တကူးတကဒီကနေပိတ်စရာမလိုပဲနဲ့ ပြည်မကပိတ်ရင်အလိုလိုနေရင်းပိတ်ပြီးသားဖြစ်ပါတယ်၊ ကျွန်တော်တို့ကတော့ စစ်ဆေးမှုလေးတွေကို အဓိကထားတယ်၊ ယာဉ်လိုင်းတွေကို ပိတ်ဖို့မရှိဘူး ” ဟု ဦးပေါင်လွင်မင့်ထန်ကပြောသည်။

ခရီးသည်ယာဉ်လို်င်းများပိတ်ပင်ထားခြင်းမရှိသော်လည်း ချင်းပြည်နယ်သို့လာရောက်မည်ဆိုပါက မိမိတို့နေထိုင်သည့် ဒေသခံမှ သက်ဆိုင်ရာအာဏာပိုင်းများ၏ ထောက်ခံစာကို မဖြစ်မနေပါလာရမည်ဖြစ်ပြီး ထောက်ခံစာမပါလျှင် ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း ဝန်ကြီးကဆက်ပြောသည်။

ဝန်ကြီး ဦးပေါင်လွင်မင့်ထန်က “အဓိက ထောက်ခံစာပါမယ်၊ ထောက်ခံစာမပါရင် မဝင်ခိုင်းဘူး၊ ရခိုင်ဖက်လိုမျိုးတွေက သူတို့ရဲ့နေရာလာတဲ့နေရာ အပေါ်မှာ မှုတည်ပြီးတော့ ကျွန်တော်တို့ ကွာရန်တင်းထားတယ်။ ရခိုင်ကနေလာရင် တော့မဖြစ်မနေထားရမယ် ၊ အရေးကြီးတာက ဘယ်ကနေလာလဲဆိုတဲ့ သူလာတဲ့နေ ရာကနေ ထောက်ခံစာတွေပါရမယ် ၊ အဲ့အပေါ်မှာမှုတည်ပြီးတော့ပဲ ကွာရန်တင်းစီစဉ်ပါတယ်” ဟု ပြောသည်။

ချင်းပြည်နယ်တစ်ပြည်နယ်လုံးတွင် လက်ရှိ Facility Quarantine နှင့် Home Quarantine ဝင်သူ (၂၂၀ ) ဦး၊ ကိုဗစ်နိုင်တင်းပိုးတွေ့လူနာ တီးတိန််ပြည်သူ ဆေးရုံတွင် (၂) ဦး ဆေးကုသမှုခံယူလျက်ရှိကြသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာလ ၁၄ ရက်နေ့ မနက် ၈ နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူ ၃၀၁၅ ဦးရှိသည့်နက် ရောဂါသက်သာပျောက်ကင်းသူ ၆၉၉ ဦးရှိကာ ၂၂၉၂ ဦး ကုသမှုခံယူလျက်ရှိကြပြီး ၂၄ ဦးသေဆုံးပြီဟု သိရသည်။

#Zawgyi

By ႏွင္းႏွင္း – ျမန္မာနိုင္ငံတြင္ ကိုဗစ္-၁၉ ေရာဂါျပည္တြင္း ကူးစက္မႈမ်ား ျမင့္တက္လာၿပီးေနာက္ တိုင္းႏွင့္ျပည္နယ္အ ခ်ိဳ႕တြင္ ခရီးသည္တင္ ယာဥ္လိုင္းေျပးဆြဲမႈပိတ္ပင္လိုက္ေသာ္လည္း ခ်င္းျပည္နယ္တြင္ ယာဥ္လိုင္းပိတ္ပင္ျခ င္းမရွိေၾကာင္း ခ်င္းျပည္နယ္လူမႈဝန္ႀကီး ဦးေပါင္လြန္မင္းထန္ကေျပာသည္။

“ကၽြန္ေတာ္တို႔ ျပည္မဖက္ကေနအဝင္က တျဖည္းျဖည္းေလၽွာ့လာတယ္။ ဟားခါးအေျခစိုက္ၿပီးေတာ့ နယ္သြားတာေလာက္ပဲရွိၿပီးေတာ့ တိုင္းေဒသႀကီးေတြေ ျပးဆြဲတာသိပ္မရွိဘူး ၊ အဲတာေၾကာင့္ တကူးတကဒီကေနပိတ္စရာမလိုပဲနဲ႔ ျပည္မကပိတ္ရင္အလိုလိုေနရင္းပိတ္ၿပီးသားျဖစ္ပါတယ္၊ ကၽြန္ေတာ္တို႔ကေတာ့ စစ္ေဆးမႈေလးေတြကို အဓိကထားတယ္၊ ယာဥ္လိုင္းေတြကို ပိတ္ဖို႔မရွိဘူး ” ဟု ဦးေပါင္လြင္မင့္ထန္ကေျပာသည္။

ခရီးသည္ယာဥ္လို္င္းမ်ားပိတ္ပင္ထားျခင္းမရွိေသာ္လည္း ခ်င္းျပည္နယ္သို႔လာေရာက္မည္ဆိုပါက မိမိတို႔ေနထိုင္သည့္ ေဒသခံမွ သက္ဆိုင္ရာအာဏာပိုင္းမ်ား၏ ေထာက္ခံစာကို မျဖစ္မေနပါလာရမည္ျဖစ္ၿပီး ေထာက္ခံစာမပါလွ်င္ ၀င္ေရာက္ခြင့္ျပဳမည္မဟုတ္ေၾကာင္း ၀န္ႀကီးကဆက္ေျပာသည္။

ဝန္ႀကီး ဦးေပါင္လြင္မင့္ထန္က “အဓိက ေထာက္ခံစာပါမယ္၊ ေထာက္ခံစာမပါရင္ မဝင္ခိုင္းဘူး၊ ရခိုင္ဖက္လိုမ်ိဳးေတြက သူတို႔ရဲ့ေနရာလာတဲ့ေနရာ အေပၚမွာ မႈတည္ၿပီးေတာ့ ကၽြန္ေတာ္တို႔ ကြာရန္တင္းထားတယ္။ ရခိုင္ကေနလာရင္ ေတာ့မျဖစ္မေနထားရမယ္ ၊ အေရးႀကီးတာက ဘယ္ကေနလာလဲဆိုတဲ့ သူလာတဲ့ေန ရာကေန ေထာက္ခံစာေတြပါရမယ္ ၊ အဲ့အေပၚမွာမႈတည္ၿပီးေတာ့ပဲ ကြာရန္တင္းစီစဥ္ပါတယ္” ဟု ေျပာသည္။

ခ်င္းျပည္နယ္တစ္ျပည္နယ္လုံးတြင္ လက္ရွိ Facility Quarantine ႏွင့္ Home Quarantine ဝင္သူ (၂၂၀ ) ဦး၊ ကိုဗစ္နိုင္တင္းပိုးေတြ႕လူနာ တီးတိန္္ျပည္သူ ေဆး႐ုံတြင္ (၂) ဦး ေဆးကုသမႈခံယူလ်က္ရွိၾကသည္။

က်န္းမာေရး၀န္ႀကီးဌာန၏ စက္တင္ဘာလ ၁၄ ရက္ေန႔ မနက္ ၈ နာရီထုတ္ျပန္ခ်က္အရ ျမန္မာႏုိင္ငံတြင္ ကိုဗစ္-၁၉ ေရာဂါပိုးကူးစက္ခံထားရသူ ၃၀၁၅ ဦးရွိသည့္နက္ ေရာဂါသက္သာေပ်ာက္ကင္းသူ ၆၉၉ ဦးရွိကာ ၂၂၉၂ ဦး ကုသမႈခံယူလ်က္ရွိၾကၿပီး ၂၄ ဦးေသဆံုးၿပီဟု သိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့ကို စစ်တပ်ကအပြင်းအထန် ဗုံးကြဲ၊ နေအိမ် ၁၀ လုံးကျော် ထပ်မံပျက်စီး

စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီလုပ်ငန်းကုမ္ပဏီကို အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

တိုက်ပွဲများ ပြင်းထန်နေသာ ချင်းပြည်တောင်ပိုင်းသို့ ပဥ္စမကြိမ်အဖြစ် စစ်တပ်က အင်အားရာချီ ထပ်မံဖြည့်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 30, 2026

CDF – ဟားခါးစခန်းဟောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

October 30, 2026

မင်းတပ်မြို့ကို စစ်တပ်ကအပြင်းအထန် ဗုံးကြဲ၊ နေအိမ် ၁၀ လုံးကျော် ထပ်မံပျက်စီး

October 29, 2026

စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီလုပ်ငန်းကုမ္ပဏီကို အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

October 29, 2026

CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.