https://youtu.be/HUXceguKEug
Author: Editor
https://youtu.be/FHDCarf-KfU
မြန်မာနိုင်ငံ ဖက်ဒရယ်စနစ်ဖေါ်ဆောင်ပြီး ချင်းလူမျိုးများ ကိုယ့်ကြမ္မာကိုယ်ဖန်တီခွင့် မရှိသ၍ ချင်းပြည်အတွင်းရှိ သဘာဝ သဃံဇာတ ထုတ်ယူခွင့် မပြုလုပ်ရန် “ချင်းတောင်ဒေသ သဘာဝ သဃံဇာတ စောင့်ကြည့်ရေးအဖွဲ့” က တောင်းဆိုလိုက်ပါသည်။ “ကျတော်တို့လိုချင်တာကတော့ သဃံဇာတဆိုင်ရာ၊ စီမံမှု၊ အခွန်ဘဏ္ဍကအစ ပွင့်လင်းမြင်သာမှုရှိဖို့ကို စောင့် ကြည့်ပေးနိုင်ဖို့ ၊ သိန်းသန်းရှိနေတဲ့ လူမျိုးနွယ်စုတွေရဲ့ အမွေအနှစ်၊ ခံစားပိုင်ခွင့်တွေ ရရှိနိုင်ရန် နဲ့ အဲဒီဒေသခံတွေကို အခြေခံပြီး သက်ဆိုင်ရာ ကနေ ဆုံးဖြတ်ချက်ချတဲ့အခါ ပြီးပြည့်စုံဖြစ်နိုင်ဖို့ လုပ်ဆောင်နေ ပါတယ်” ဟု ချင်းတောင်ဒေသ သဘာဝ သဃံဇာတ စောင့်ကြည့်ရေးအဖွဲ့ တာဝန်ခံ ဆလိုင်း ခိုင်ဇပေါင်က ဆိုပါသည်။ လက်ရှိ ကန်ပက်လက်မြို့နယ်၊ လဲပုံအုပ်စုရှိ ရင်ကွဲတောင်တွင် ကျော်စွာကုမ္ပဏီက ဒြပ်သတ္တုတူးဖေါ်ရေး လုပ် ငန်းဆောင်ရွက်ခြင်းသည် ၄င်းဒေသရှိ ကျေးရွာလူထုများကို အသေးစိတ်ရှင်းလင်းတင်ပြပေးခြင်းမရှိသည့် အတွက် ရွာသားများ ဆိုးကျိုးခံစားမည့် အခြေအနေတွင်ရှိနေကြောင်း သိရပါသည်။ သတ္တုတူးဖေါ်ပြီး ဒြပ်စင်သည့်အခါ အက်စစ်တစ်မျိုးကို အသုံးပြုသည့်အတွက် နွား (၂၀) ကောင်သေဆုံးပြီး အုန်းသီးထွက်နှုန်း အဆမတန်ကျဆင်းလာကြောင်း ဒေသခံများ၏ ပြောဆိုချက်ကို ဆလိုင်း ခိုင်ဇပေါင်က ထောက်ပြပါသည်။ ကျော်စွာ ကုမ္ပဏီက တူးဖေါ်နေသည့် ရင်ကွဲတောင် ဒြပ်သတ္တု စမ်းသပ်တူဖေါ်မှုကို ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရက ခွင့်မပြုရန် ၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄-၂၅) ရက်နေ့များတွင် စာပေးပို့ခြင်းနှင့် သက် ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။ “ရင်ကွဲတောင်ရဲ့ သဘာဝ…
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ယခုလ ၃ ရက်နေ့ကကျင်းပသော မီဇိုးရိုးရာ Chapchar Kut ပွဲတော်သို့ သွားရောက်ပါဝင်နိုင်ခဲ့ ခြင်းအားဖြင့် မီဇိုရမ်နှင့်မြန်မာနိုင်ငံရှိ ဇိုး(ချင်း)မျိုးနွယ်စုများအကြား သွေးစည်းညီညွတ်မှုပိုမိုရှိလာမည်ဟု မျှော်လင့်ကြောင်း ကလေးမြို့ တာဟန်းရပ်ကွက် Mizo Welfare Organization(MWO) Tahan အဖွဲ့က ပြောသည်။ “Chapchar Kut ပွဲတော်ကို သွားရောက်ပြီး ပါဝင်ခဲ့ခြင်းအားဖြင့် မီဇိုရမ်နှင့်မြန်မာပြည်ရှိ ဇိုး(ချင်း)မျိုးနွယ်စုများ ပို၍ကောင်းမွန်သည့် စည်းလုံးမှုနှင့် ဆက်ဆံမှုရှိလာနိုင်ဖို့ဟာ အလိုချင်းဆုံးဖြစ်တယ်။ ထိုနည်းတူ မတ်လ ၂၃ ရက်နေ့တွင် တာဟန်မှာပြုလုပ်မည့် Chapchar Kut ပွဲတွင် မီဇိုရမ်ပြည်သူလူထုအနေဖြင့် လာရောက်ပါဝင်ပေးရန် ဖိတ်ခေါ်ပါတယ်” ဟု MWO မှ ထုတ်ပြန်ခဲ့ကြောင်း မီဇိုရမ်ပြည်နယ် ဒေသထုတ်သတင်းစာတွင် ဖော်ပြသည်။ မီဇိုရမ် Chapchar Kut ပွဲတော်သို့ သွားရောက်ပါဝင်ဆင်နွဲခဲ့ကြသော Mizo Welfare Organization (MWO) Tahan အဖွဲ့ကို မီဇိုရမ်ပြည်နယ် ဝန်းကြီးချုပ် Pu Lalthanhawla မှ ညနေစာ တည်ခင်းဧည့်ခံပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိ ဇိုး(ချင်း)မျိုးနွယ်စုများ ရင်ဆိုင်နေရသည့် အခက်အခဲများ ပြောဆိုခဲ့ရာ ကောင်းမွန်စွာ နားထောင်ပေးသည့်အပေါ် အထူးဝမ်းမြောက်ကြောင်း MWO ကပြောသည်။ Chapchar Kut ပွဲတော်တွင် ကလေးမြို့နယ် တာဟန်းမှ ရိုးရာအကအဖွဲ့ Mizo Welfare Organization (MWO) မှ Tahan Cultural Troupe အဖွဲ့ နှင့် နာမည်ကြီးတီးဝိုင်း T.Melody Band တို့သွားရောက်ဖျော်ဖြေခဲ့ကြသည်။…
by Pu That Savunga – ကျွန်တော် တပ်ဦးရုံးကို စက်တင်ဘာလဆန်း (၅) ရက်နေ့မှာ သွားတက်စဉ် ချင်းအမျိုးသားတပ်ဦး၊ ဗဟိုတရားသူကြီး အဖွဲ့မှ ရေးသားပြုစုတဲ့ ချင်းဓလေ့ထုံးတမ်းစဉ်လာ လက်ထပ်ထိမ်းမြားခြင်း၊ ကွာရှင်းပြတ်စဲခြင်းနှင့် အမွေဆက်ခံခြင်း ဆိုင်ရာ ဥပဒေ (မူကြမ်း) အား အထပ်လိုက် ရုံးစားပွဲပေါ်တင်ထားတာကိုတွေ့တော့ ကောက်ယူဖတ်လိုက်ရမယ်။ အကြမ်းဖျင်းအစအလယ်အဆုံးအထိ ဖတ်လိုက်တော့၊ မီဇိုးရမ်းအစိုးရမှ နော်ကဆုံးပြုစုပြီး တရားဝင်ထုတ်ပြန်ထားတဲ့ (Mizo Hnam Dan/ Cusomary Law of Mizos) ဓလေ့ထုံးတမ်းကို ပုံတူကူးယူပြီး တိုက်ရိုက်ဘာသာပြန်ထားတာ ဖြစ်မယ်လို့ မှန်းဆမိပါတယ်။ ကျွန်တော် စောဒက တက်လိုလို့တော့မဟုတ်ပါဘူး။ ပိုမိုကျယ်ကျယ်ပြန့်ပြန့် စုံစမ်းပြီး၊ ရှေးကရှိနှင့်ပြီးတဲ့ ချင်းတောင် တန်းဥပဒေ (The Chin Hills Regulation – 1896)၊ ချင်းဝိသေသတိုင်းအက်ဥပဒေ (The Chin Special Division Acts – 1948) နဲ့တကွ၊ ယခင် ချင်းရေးရာကောင်စီ (၁၉၄၈-၁၉၅၇) မှ ပြုစုထားတဲ့ ချင်းဓလေ့ထုံးတမ်းများရှိမရှိ လေ့လာပြီး၊ ရရာမှတ်တမ်းများ၊ ဥပဒေဘွဲ့ရများရဲ့ စာတမ်းများနှင့်တကွ၊ ပူးတွဲလေ့လာပြီးမှ မူကြမ်းကို ပြုစုသင့်တယ် လို့ ဆိုလိုတာပါ။ ဘာဖြစ်လို့လဲဆိုတော့၊ မြို့နယ်တိုင်းမှ ဥပဒေပညာ အဓိကဘာသာနဲ့ ဘွဲဆွတ်ခူးသူများဟာ မိမိတို့ မြို့နယ်အသီးသီးမှ ချင်းဓလေ့ထုံးတမ်းစဉ်လာစာတမ်းဖြင့် ဘွဲ့ကိုယ်စီရယူခဲ့ကြမယ်ထင်လို့ ဖြစ်ပါတယ်။ အကြောင်း က “တရားဥပဒေအစ၊ ဓလေ့ထုံးတမ်းစဉ်လာက” ဖြစ်နေလို့ပါဘဲ။ ချင်းတို့မှာ ပြောလေ့ပြောထရှိတဲ့စကားရှိတယ်။ “နှုတ်ချိုရင် နွားနောက်မတောင်ရနိုင်တယ်၊ နှုတ်ကြမ်းတော့…
ချင်းပြည်နယ် ထန်တလန်မြို့တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စတင်ကျင်းပသော ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ယနေ့မတ်လ ၁ ရက်နေ့တွင် အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီး အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံမူ ၃၀ ကျော် ချမှတ်နိုင်ခဲ့သည်ဟု ချင်းပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှု ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် ကိုထက်နီကပြောသည်။ “ အနာဂတ် ဖက်ဒရယ်ဖွဲ့စည်းပုံဆိုင်ရာနဲ့ပတ်သက်ပြီးတော့ အကြောင်းအရာ ၈ ချက်ပါကိစ္စကိုဆွေးနွေးပြီးတော့မှ အခြေခံမူ ၃၀ ကျော်လောက်ကို ချမှတ်နိုင်ခဲ့ပါတယ်၊ ကျနော်တို့ထဲမှာ မတူညီမှုတွေက သိပ်မရှိပါဘူး၊ ဘုံသဘောထားကတော့ အားလုံးတူညီကြပါတယ်’’ ဟု ကိုထက်နီက ခိုနူမ်းသုန်ကိုပြောသည်။ ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် အနာဂါတ် ဖက်ဒရယ် ဖွဲ့စည်းပုံ ဆိုင်ရာနှင့်ပတ်သတ်ပြီး အချက် ၈ ချက်ဖြစ်သည့် အချုပ်အချာ အာဏာ (Sovereignty Power)၊ တန်းတူရေး (Equality)၊ ကိုယ်ပိုင်ပြဌာန်းခွင့် (Self – determination)၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုမူ (Genuine Federal Principles)၊ တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးကို ကာကွယ်ခြင်း (Ethnic Minority Rights)၊ ဒီမိုကရေစီ အခွင့်အရေး၊ အခြေခံလူ့အခွင့်အရေး၊ ကျားမ ဆိုင်ရာ တန်းတူညီမျှမှု (Democracy, Human Rights and Gender Equality)၊ ပါတီစုံဒီမိုကရေစီ စနစ် (Multi party Democracy)နှင့် ဘာသာရေးကို အခြေမခံသောနိုင်ငံ (Secular State) တို့ကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ယခုနိုင်ငံရေးဆွေးနွေးပွဲမှ ထွက်ရှိလာသော ချင်းလူမျိုးများ၏ ဘုံသဘောထားရပ်တည်ချက်များကို…
၁၉၄၇ ခုနှစ် ပင်လုံစာချုပ်တွင်ပါရှိသော ခွဲထွက်ခွင့်ကို ချင်းအမျိုးသားအဆင့်နိုင်ငံရေးဆွေဘုံသဘော တူညီချက်တွင် မထည့်သွင်းရန် ထန်တလန်မြို့တွင် ကျင်းပသော ပထမအကြိမ် ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် သဘောတူခဲ့ကြသည်ဟု သိရသည်။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံ တည်ထောင်နိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသည့် “ဒို့တာဝန်အရေး သုံးပါး” ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှု တို့ကိုအခြေခံပြီး ဆွေးနွေးနေခြင်းဖြစ်သောကြောင့် ချင်းအမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဘုံသဘောတူညီချက်တွင် မထည့်ရန် သဘောတူခဲ့ကြခြင်းဖြစ်သည်ဟုသိရသည်။ ချင်းအမျိုးသားတပ်ဦး လက်ထောက်အထွေထွေအတွင်းရေးမှူးလည်းဖြစ်ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှု ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် ဦးထက်နီက “ အခုသွားနေတဲ့ NCA ရဲ့ အဓိကရည်တည်ချက်က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို သွားနေတာဖြစ်တယ်၊ ဖက်ဒရယ်ဆိုမှတော့ ခွဲထွက်ခွင့်က ဘာဖြစ်လို့ထည့်နေရတော့မှာလဲ ၊ ကျနော်တို့ဒီနေ့သွားနေတာက ပင်လုံစိတ်ဓာတ်ဆိုတဲ့ဟာ ဖက်ဒရယ်ကို အတူတူတည်ထောင်မယ်ဆိုတဲ့ ပင်လုံစိတ်ဓာတ်ကို အခြေခံပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ် NCA က သွားနေတာဖြစ်တယ်’’ ဟု ခိုနူမ်းသုန်ကိုပြောသည်။ ယမန်နေ့အထိ (၃) ရက်ကြာ ကျင်းပပြုလုပ်သည့် ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် “ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြားအခြေခံမူများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ “ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များသည် ပြည်ထောင်စုမှ ခွဲထွက်လိုပါက မည်သည့်အချိန်တွင် မဆိုခွဲထွက်ခွင့်ရှိရမည်” ဟုအဆို ပြုလာသူများလည်းရှိခဲ့သည်။ ဤအဆိုအပေါ် ဆွေးနွေးကြရာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမူဖြစ်သည့် “ဒို့တာဝန်အရေးသုံးပါး” နှင့် ဆန့်ကျင်မှုရှိသည့်အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း ထိခိုက်လာနိုင်သည့်အတွက် ဘုံသဘောတူညီ ချက် တွင် မထည့်သွင်းရန် ဆုံးဖြတ်ကြခြင်းဖြစ်သည်။ ၁၉၄၇ခုနှစ်…
ချင်းပြည်နယ် ထန်တလန်မြို့တွင် ယနေ့စတင်ကျင်းပသော ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ချင်းလူမျိုးများ၏ ဘုံသဘောထားရပ်တည်ချက်ရရှိနိုင်ရေးအတွက် ပါတီနိုင်ငံရေး၊ အဖွဲ့ အစည်းနိုင်ငံရေးနှင့် တသီးပုဂ္ဂလအမြင်များအား ရှေ့တန်းမတင်ဘဲ “ချင်းအမျိုးသားရေး” ကို ဦးထိပ်ထား ကြရမည်ဟု ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌ ပူးဇင်ကျူံးက ပြောသည်။ “ချင်းအမျိုးသားနိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ခြင်းသည် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး နဲ့ ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များအပြည့်အဝရှိပြီး ဒီမိုကရေစီ နဲ့ ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ချင်းလူမျိုးတို့ရဲ့ ဘုံသဘောထား ရပ်တည်ချက်များကို ဖော်ထုတ်ဖို့ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကနေ ချင်းအမျိုးသားတပ်ဦး၊ တရားဝင်ချင်းနိုင်ငံရေးပါတီများ၊ ချင်းအရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ချင်းပြည်သူများအကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုနဲ့ သွေးစည်းညီညွတ်မှုကို ပိုမိုအားကောင်းလာစေမှာ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ပါတီနိုင်ငံရေး၊ အဖွဲ့ အစည်းနိုင်ငံရေးနဲ့ တသီးပုဂ္ဂလအမြင်များကို ရှေ့တန်းမတင်ဘဲ “ချင်းအမျိုးသားရေး” ကို ဦးထိပ်ထား ကြရမှာ ဖြစ်ပါတယ်’’ ဟု ချင်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ပထမနေ့ သဘာပတိလည်းဖြစ်သည့် ပူးဇင်ကျူံးက အဖွင့်မိန့်ခွန်းတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ထန်တလန်မြို့ နှစ်ခြင်းခရစ်ယာန်အသင်းခန်းမတွင် ယနေ့(ဖေဖော်ဝါရီ ၂၇)တွင်စတင်ကျင်းပနေကြခြင်းဖြစ်ပြီး မတ်လ (၁) နေ့အထိ ကျင်းပကြမည်ဖြစ်သည်။ ရေရည်တည်တံ့သည့် ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်နိုင်ရန် ယခုဆွေးနွေးပွဲတွင် ညီအကိုရင်း စိတ်ဓိတ်ကို အခြေခံပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရန်၊ မတူကွဲပြားသည့် အမြင်များကို ပြန်လည် ညှိနှိုင်းကာ တူညီသည့် သဘောထားများကို စုစည်းကာ ရရှိလာသည့် ရလဒ်အပေါ်မှာလည်း တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အ၀ထားရှိကြရန် CNF ဥက္ကဌက…
ချင်းပြည်နယ်တွင် အမျိုးသာင်းအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ ချင်းအမျိုးသားတပ်ဦး၊ နိုင်ငံရေးပါတီတို့မှ ပုဂ္ဂိုလ် (၉)ဦးဖြင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ ချင်းပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီတွင် ပါဝင်သည့်ပုဂ္ဂိုလ်များမှာ ဒေါက်တာလှအောင် (အစိုးရ)၊ ဗိုလ်မှူးကြီးသန်းနိုင်(တပ်မတော်)၊ ဒေါ်နီရွှေလျန်း(လွှတ်တော်)၊ ချင်းအမျိုးသားတပ်ဦး CNF မှ ဆလိုင်းတလာဟေး၊ ဆလိုင်းထက်နီ၊ ပူးရာနင်း၊ နိုင်ငံရေးပါတီမှ ဦးဇိုဘွေ့၊ ဒေါက်တာမှုထန်၊ ဦးခန့်ဘွန်းတို့ဖြစ်သည်။ ယင်းကော်မတီသည် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအောင်မြင်ရေး၊ စနစ်တကျရှိစေရေး၊ လုပ်ငန်းလမ်းညွန်များ နှင့် ညီညွတ်စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားရန်ဖြစ်သည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ၏ ဖေဖော်ဝါရီ ၂၀ ရက်နေ့ထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြထားသည်။ ပထမအကြိမ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(ချင်း)ကို ပြည်နယ်တွင်း၊ ပြည်နယ်ပြင်ပ မြို့နယ် ၃၀ ခန့်မှ ချင်းကိုယ်စားလှယ်တော် (၅၀၀) ဦးခန့်ဖြင့် ချင်းပြည်နယ် ထန်တလန်မြို့တွင် ဖေဖော်ဝါရီလ ၂၇ မှ မတ်လ ၁ ရက်နေ့အထိ ၃ ရက်ကြာကျင်းပကြမည်ဟု ချင်းအမျိုးးသားနိုင်ငံရေးဆွေးနွေးမှုပူးတွဲကော်မတီ- (Chin National Dialogue Joint Committee) က ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(ချင်း)မှ ထွက်ရှိလာသော ချင်းလူမျိုးများ၏ သဘောထားစုစည်းမှုများကို သက်ဆိုင်ရာလုပ်ငန်းကော်မတီနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီတို့မှတဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံညီလာခံသို့ ပြန်လည်တင်သွင်းကြမည်ဖြစ်သည်။