Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မေလးရွားတြင္ ေသဆံုးသည့္ ခ်င္းအမ်ိဳးသမီးအေလာင္းအား ၿမိဳ႕ထဲအဝင္မခံဘဲ လမ္းေဘးတြင္ သၿဂိဳလ္ခိုင္းမႈ ေ၀ဖန္ခံေနရ

မေလးရွားတြင္ ေသဆံုးသည့္ ခ်င္းအမ်ိဳးသမီးအေလာင္းအား ၿမိဳ႕ထဲအဝင္မခံဘဲ လမ္းေဘးတြင္ သၿဂိဳလ္ခိုင္းမႈ ေ၀ဖန္ခံေနရ

0
By Editor on October 6, 2020 Khonumthung

#Unicode

By Benezer – မလေးရှားနိုင်ငံတွင် တိုက်ပေါ်မှပြုကျသေဆုံးခဲ့သည့် ချင်းအမျိူးသမီးငယ်တစ်ဦး၏ရုပ်အလောင်းကို ဇာတိမြို့ဖြစ်သည့် ထန်တလန်မြို့တွင် သဂြိုလ်ရန်သယ်ဆောင်လာပြီး မြို့တွင်းသို့အဝင်မခံဘဲ မြို့ပြင်ကားလမ်းဘေးတွင် မြေမြှပ်သဂြိုလ်ခိုင်း သည့်ဖြစ်ရပ်အပေါ် ဝေဖန်မှုမြင့်တက်နေသည်။

ဖြစ်စဉ်မှာ မိုင်ရွှေလှေတီာလ် (၂၁) နှစ်မှာ စက်တင်ဘာလ (၂၉)ရက် ည (၈)နာရီခန့်အချိန်တွင် မလေးရှားနိုင်ငံရှိ (၈) ထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ပြီး ထန်တလန်မြို့တွင် မြေမြုပ်သဂြိုလ်ရန် မလေးရှားမှ ရန်ကုန်လေဆိပ်၊ မန္တလေး၊ ဟားခါး အဆင့်ဆင့် သယ်ဆောင်လာပြီးနောက် ထန်တလန်မြို့အဝင်တွင် သက်ဆိုင်ရာအာဏာပိုင်များက တားမြစ်ကာ မြို့ထဲသို့ အဝင်မခံဘဲ လမ်းဘေးတွင်ပင် သဂြိုလ်ခိုင်းခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဆလိုင်းဒိုခါရ်က “ဒီကိစ္စက လုံးဝမတရားဘူး၊ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံခြားကနေတောင် စာရွက်စာတမ်းအစုံအလင်နဲ့ လာပြီးတော့မှ အဆင့်ဆင့်ဖြတ်ကျော်လာပြီးမှ ထန်တလန်ရောက်တဲ့အချိန်ကျမှ လမ်းဘေးမှာဒီတိုင်း မြှပ်ခိုင်းတဲ့ဟာကတော့ မတရားဘူးလို့မြင်တယ်၊ သင်္ချိုင်းက မြို့ပတ်လမ်းကနေ သွားလို့ရတာဖြစ်တဲ့အတွက် ရဲလုံခြုံရေးယူပြီးတော့ သင်္ချိုင်းမှာ သွားမြုပ်လို့ရတဲ့အခြေအနေရှိတယ်၊ တစ်ခြားဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေလည်း အများကြီးရှိတယ်၊ အဲဒီလမ်းဘေးမှာ မြုပ်တဲ့ကိစ္စကတော့ တော်တော်ခံပြင်းစရာကောင်းတယ်၊ စည်ပင်ဉပဒေမှာလဲ သင်္ချိုင်းမြေပေါ်မှာဘဲ အလောင်း မြုပ်နှံခွင့်ရှိတဲ့အတွက် ဒီကိစ္စက ဉပဒေနဲ့လည်းမညီဘူး” ဟုပြောသည်။

ယခုကဲ့သို့ အလောင်းအား မြို့ထဲသို့ မဝင်ခိုင်းဘဲ လမ်းဘေးတွင် သဂြိုလ်ခိုင်းခြင်းမှာ ကိုဗစ်ဖြစ်ပွားနေသည့် ကာလဖြစ်ခြင်း ကြောင့်ဟု အာဏာပိုင်များမှ အကြောင်းပြသော်လည်း ထန်တလန်မြို့ရှိ သင်္ချိုင်းမှာ မြို့ထဲသို့မဝင်ဘဲ မြို့ရှောင်လမ်းမှ သွားလို့ရသည့်အနေအထားတွင်ရှိသည်ဟု ထန်တလန် မြို့ခံများကပြောသည်။

ထန်တလန်မြို့ခံ Siang Ceu က “ဒီကိစ္စအပေါ်မှာတော့ ကျနော်တို့မွေးထားတဲ့ တရိစ္ဆာန်တွေတောင်မှ ရောဂါတစ်ခုခုကြောင့် သေသွားခဲ့ရင် သေချာလေးဂရုစိုက်ပြီးတော့ သဂြိုလ်ပေးကြတယ်၊ အဲဒါကြောင့် ဒီလိုလမ်းဘေးမှာဘဲ ဒီတိုင်းမြုပ်လိုက်တာကတော့ တော်တော်စိတ်မကောင်းဖြစ်တယ်၊ ဒီဆုံးဖြတ်ချက်ကိုချတဲ့သူက ဘာလူမျိုးလဲဆိုတာတော့မသိပေမယ့် လူမျိုးအပေါ်မှာ နှိမ်တယ်လို့တောင်ခံစားရတယ်၊ တိရိစ္ဆာန်တွေသေရင်တောင် ဒီလိုမလုပ်ဘူး” ဟုပြောသည်။

အလောင်းကိုပြန်လည်တူးဖော်ပြီး ထန်တလန်မြို့သချိူင်းတွင်ကောင်းကောင်းမွန်မွန်ပြန်လည်သဂြိုလ်နိုင်ရန်အတွက် ရပ်မိရပ်ဖ အဖွဲ့များနှင့် လူငယ်အဖွဲ့များမှ သက်ဆိုင်ရာအာဏာပိုင်များထံ တောင်းဆိုရန် ပြင်ဆင်နေသည်ဟု Thantlang Youth Association ၏ ဉက္ကဌ U Tuan Uk ကပြောသည်။

“ဒီကိစ္စက ကျနော်တို့ လူငယ်အဖွဲ့ကို မလေးရှားက အလောင်းတစ်ခုယူလာမှာဖြစ်တဲ့အတွက် အုတ်ဂူပြင်ထားပေးဖို့ ခိုင်းထားတာရှိတယ်၊ ကျနော်တို့အနေနဲ့လည်း သေချာလေးပြင်ပေးထားတယ်၊ ပြီးတော့ မလေးရှားကနေ ရန်ကုန်တို့ မန္တလေးတို့ အကုန်ဖြတ်ပြီးမှ ဒီရောက်လာတာဖြစ်တဲ့အတွက် ဒီလိုမျိုးပြသနာ ဖြစ်လာလိမ့်မယ်လို့မထင်ခဲ့ဘူး၊ အခုအခြေအနေကတော့ မြို့မိမြို့ဖကနေပြီးတော့ အဲဒီအလောင်းကို ပြန်တောင်းပြီးတော့ ကျနော်တို့ လုပ်ထားတဲ့ အုတ်ဂူမှာ ပြန်မြုမ်နှံဖို့ တာဝန်ရှိသူတွေကိုပြောထားတာရှိတယ်၊ အကြောင်းမပြန်သေးဘူး၊ အဲလိုမှမရရင်လည်း ကျနော်တို့ လူငယ်အဖွဲ့ကနေလည်း ထပ်တောင်းဖို့ရှိတယ်၊ ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်ရတော့ ဒီကိစ္စအပေါ်မှာတော်တော်ရင်နာတယ်” ဟု ပြောသည်။

#Zawgyi

By Benezer – မေလးရွားႏုိင္ငံတြင္ တိုက္ေပၚမွျပဳက်ေသဆံုးခဲ့သည့္ ခ်င္းအမ်ဴိးသမီးငယ္တစ္ဦး၏ရုပ္အေလာင္းကို ဇာတိၿမိဳ႕ျဖစ္သည့္ ထန္တလန္ၿမိဳ႕တြင္ သၿဂိဳလ္ရန္သယ္ေဆာင္လာၿပီး ၿမိဳ႕တြင္းသို႔အ၀င္မခံဘဲ ၿမိဳ႕ျပင္ကားလမ္းေဘးတြင္ ေျမျမွပ္သၿဂိဳလ္ခိုင္း သည့္ျဖစ္ရပ္အေပၚ ေ၀ဖန္မႈျမင့္တက္ေနသည္။ 

ျဖစ္စဥ္မွာ မိုင္ေရႊေလွတီာလ္ (၂၁) ႏွစ္မွာ စက္တင္ဘာလ (၂၉)ရက္ ည (၈)နာရီခန္႔အခ်ိန္တြင္ မေလးရွားနိုင္ငံရွိ (၈) ထပ္တိုက္ေပၚမွ ျပဳတ္က်ေသဆုံးခဲ့ၿပီး ထန္တလန္ၿမိဳ႕တြင္ ေျမျမဳပ္သၿဂိဳလ္ရန္ မေလးရွားမွ ရန္ကုန္ေလဆိပ္၊ မႏၲေလး၊ ဟားခါး အဆင့္ဆင့္ သယ္ေဆာင္လာၿပီးေနာက္ ထန္တလန္ၿမိဳ႕အဝင္တြင္ သက္ဆိုင္ရာအာဏာပိုင္မ်ားက တားျမစ္ကာ ၿမိဳ႕ထဲသို႔ အဝင္မခံဘဲ လမ္းေဘးတြင္ပင္ သၿဂိဳလ္ခိုင္းခဲ့ျခင္းျဖစ္သည္။ 

ယင္းျဖစ္ရပ္ႏွင့္ပတ္သက္၍ ထန္တလန္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဆလုိင္းဒိုခါရ္က “ဒီကိစၥက လုံးဝမတရားဘူး၊ ဘာျဖစ္လို႔လဲဆိုရင္ နိုင္ငံျခားကေနေတာင္ စာရြက္စာတမ္းအစုံအလင္နဲ႔ လာၿပီးေတာ့မွ အဆင့္ဆင့္ျဖတ္ေက်ာ္လာၿပီးမွ ထန္တလန္ေရာက္တဲ့အခ်ိန္က်မွ လမ္းေဘးမွာဒီတိုင္း ျမွပ္ခိုင္းတဲ့ဟာကေတာ့ မတရားဘူးလို႔ျမင္တယ္၊ သခၤ်ိဳင္းက ၿမိဳ႕ပတ္လမ္းကေန သြားလို႔ရတာျဖစ္တဲ့အတြက္ ရဲလုံျခဳံေရးယူၿပီးေတာ့ သခၤ်ိဳင္းမွာ သြားျမဳပ္လို႔ရတဲ့အေျခအေနရွိတယ္၊ တစ္ျခားေျဖရွင္းလို႔ရတဲ့ နည္းလမ္းေတြလည္း အမ်ားႀကီးရွိတယ္၊ အဲဒီလမ္းေဘးမွာ ျမဳပ္တဲ့ကိစၥကေတာ့ ေတာ္ေတာ္ခံျပင္းစရာေကာင္းတယ္၊ စည္ပင္ဉပေဒမွာလဲ သခၤ်ိဳင္းေျမေပၚမွာဘဲ အေလာင္း ျမဳပ္ႏွံခြင့္ရွိတဲ့အတြက္ ဒီကိစၥက ဉပေဒနဲ႔လည္းမညီဘူး” ဟုေျပာသည္။ 

ယခုကဲ့သို႔ အေလာင္းအား ၿမိဳ႕ထဲသို႔ မဝင္ခိုင္းဘဲ လမ္းေဘးတြင္ သၿဂိဳလ္ခိုင္းျခင္းမွာ ကိုဗစ္ျဖစ္ပြားေနသည့္ ကာလျဖစ္ျခင္း ေၾကာင့္ဟု အာဏာပိုင္မ်ားမွ အေၾကာင္းျပေသာ္လည္း ထန္တလန္ၿမိဳ႕ရွိ သခၤ်ိဳင္းမွာ ၿမိဳ႕ထဲသို႔မဝင္ဘဲ ၿမိဳ႕ေရွာင္လမ္းမွ သြားလို႔ရသည့္အေနအထားတြင္ရွိသည္ဟု ထန္တလန္ ၿမိဳ႕ခံမ်ားကေျပာသည္။ 

ထန္တလန္ၿမိဳ႕ခံ Siang Ceu က “ဒီကိစၥအေပၚမွာေတာ့ က်ေနာ္တို႔ေမြးထားတဲ့ တရိစၧာန္ေတြေတာင္မွ ေရာဂါတစ္ခုခုေၾကာင့္ ေသသြားခဲ့ရင္ ေသခ်ာေလးဂ႐ုစိုက္ၿပီးေတာ့ သၿဂိဳလ္ေပးၾကတယ္၊ အဲဒါေၾကာင့္ ဒီလိုလမ္းေဘးမွာဘဲ ဒီတိုင္းျမဳပ္လိုက္တာကေတာ့ ေတာ္ေတာ္စိတ္မေကာင္းျဖစ္တယ္၊ ဒီဆုံးျဖတ္ခ်က္ကိုခ်တဲ့သူက ဘာလူမ်ိဳးလဲဆိုတာေတာ့မသိေပမယ့္ လူမ်ိဳးအေပၚမွာ ႏွိမ္တယ္လို႔ေတာင္ခံစားရတယ္၊ တိရိစၧာန္ေတြေသရင္ေတာင္ ဒီလိုမလုပ္ဘူး” ဟုေျပာသည္။

အေလာင္းကိုျပန္လည္တူးေဖာ္ၿပီး ထန္တလန္ၿမိဳ႕သခ်ဴိင္းတြင္ေကာင္းေကာင္းမြန္မြန္ျပန္လည္သၿဂိဳလ္ႏုိင္ရန္အတြက္ ရပ္မိရပ္ဖ အဖြဲ႕မ်ားႏွင့္ လူငယ္အဖြဲ႕မ်ားမွ သက္ဆိုင္ရာအာဏာပိုင္မ်ားထံ ေတာင္းဆိုရန္ ျပင္ဆင္ေနသည္ဟု Thantlang Youth Association ၏ ဉကၠဌ U Tuan Uk ကေျပာသည္။ 

“ဒီကိစၥက က်ေနာ္တို႔ လူငယ္အဖြဲ႕ကို မေလးရွားက အေလာင္းတစ္ခုယူလာမွာျဖစ္တဲ့အတြက္ အုတ္ဂူျပင္ထားေပးဖို႔ ခိုင္းထားတာရွိတယ္၊ က်ေနာ္တို႔အေနနဲ႔လည္း ေသခ်ာေလးျပင္ေပးထားတယ္၊ ၿပီးေတာ့ မေလးရွားကေန ရန္ကုန္တို႔ မႏၲေလးတို႔ အကုန္ျဖတ္ၿပီးမွ ဒီေရာက္လာတာျဖစ္တဲ့အတြက္ ဒီလိုမ်ိဳးျပသနာ ျဖစ္လာလိမ့္မယ္လို႔မထင္ခဲ့ဘူး၊ အခုအေျခအေနကေတာ့ ၿမိဳ႕မိၿမိဳ႕ဖကေနၿပီးေတာ့ အဲဒီအေလာင္းကို ျပန္ေတာင္းၿပီးေတာ့ က်ေနာ္တို႔ လုပ္ထားတဲ့ အုတ္ဂူမွာ ျပန္ျမဳမ္ႏွံဖို႔ တာဝန္ရွိသူေတြကိုေျပာထားတာရွိတယ္၊ အေၾကာင္းမျပန္ေသးဘူး၊ အဲလိုမွမရရင္လည္း က်ေနာ္တို႔ လူငယ္အဖြဲ႕ကေနလည္း ထပ္ေတာင္းဖို႔ရွိတယ္၊ က်ေနာ့္ရဲ့ ပုဂၢိဳလ္ေရးအျမင္ရေတာ့ ဒီကိစၥအေပၚမွာေတာ္ေတာ္ရင္နာတယ္” ဟု ေျပာသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.