#Unicode By Benezer – ဖေဖော်ဝါရီလ (၁) ရက်နေ့က နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့သည့် တပ်မတော်၏လုပ်ရပ်သည် တိုင်းပြည်ကို ဒီမိုကရေစီစနစ်တည်ဆောက်ရေးလမ်းကြောင်းမှ သွေဖြည်စေပြီး အန္တရာယ်ကြီးမားသည့် နောက်ကြောင်းပြန် အနေအထားဖြစ်သ ည့်အတွက် ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က သဘောထားကြေညာချက်ထုတ်ပြန်လိုက်သည်။ “ဘယ်လိုနည်းလမ်းနဲ့ဘဲဖြစ်ဖြစ် ဘယ်လိုအကြောင်းရာနဲ့ဘဲဖြစ်ဖြစ် အာဏာသိမ်းတယ်ဆိုတဲ့ဟာကို လူ့အခွင့်အရေး ရှုဒေါင့်ကနေပြီးတော့ လက်ခံလို့ရမယ့်အနေအထားမှာမရှိဘူး၊ CHRO ရဲ့ ရပ်တည်ချက်နဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်တဲ့ အတွက် အခုလို ထုတ်ပြန်ချက်ထုတ်ပြန်တာဖြစ်တယ်၊ အာဏာသိမ်းတာရဲ့ နောက်ဆက်တွဲအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နည်းနိုင်သမျှနည်းအောင် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ဖိအားပေးဖို့ ထုတ်ပြန်ချက်မှာလည်း တိုက်တွန်းရတာဖြစ်တယ်”ဟု ချင်းလူ့အခွင့်ရေးအဖွဲ့မှ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဆလိုင်းဆန်နှင်းလျန်ကပြောသည်။ CHRO ၏ ထုတ်ပြန်ချက်တွင် အာဏာသိမ်းမှုကြောင့် တိုင်းပြည်၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး အလားအလားများကို ပျက်စီးစေပြီး၊ ကိုဗစ်ကပ်ရောဂါနှင့် ရင်ဆိုင်နေကြရသည့် ကာလတွင် တိုင်းပြည်၏ ရှိရှိသမျှ ရင်းမြစ်များအားလုံး နှင့် ကာကွယ်တာဆီးရေးလုပ်ငန်းများ လုပ်ကိုင်ရမည့်အချိန်တွင် မြန်မာ့တပ်မတော်၏လုပ်ရပ်သည် ပြည်သူလူထု၏ ဘဝများကို အန္တရာယ်တွင်းသို့ မဆင်မခြင်ဆွဲခေါ်နေခြင်း ဖြစ်ကြောင်း ထည့်သွင်းထားသည်။ ထို့ပြင် တပ်မတော်အနေဖြင့် အစိုးရအဖွဲ့ခေါင်းဆောင်များ၊ သတင်းသမားများ၊ စာရေးဆရာများနှင့် အရပ်ဘက် တက်ကြွလှုပ်ရှားသူများ အပါအဝင် ဖမ်းဆီးထားသူများ အားလုံးကို ချက်ချင်းလွှတ်ပေးရန် ချင်းလူ့အခွင့်အရေးအဖွဲ့ အနေဖြင့် တောင်းဆိုပြီး နိုင်ငံးရေးနှင့်ဆက်နွယ်၍ ဆက်လက်ဖမ်းဆီးမှုများ မပြုလုပ်ရန် အလေးအနက်တိုက်တွန်းကြောင်း ပါဝင်သည်။ ချင်းလူ့အခွင့်ရေးအဖွဲ့သည် မြန်မာ့တပ်မတော်၏ အာဏာသိမ်းမှုလုပ်ရပ်အား အများက ရှုတ်ချနေမှုများနှင့်အတူ ခိုင်ခိုင်မာမာရပ်တည်လျက် မတရားမှုများကို…
Author: Editor
#Unicode By လားနွန် – ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကို အကြောင်းပြပြီး မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာ သိမ်းယူမှုကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ချင်းလူငယ်များအဖွဲ့များက ကြေညာချက်ထုတ်ပြန်ခဲ့ကြသည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့စွဲဖြင့်ထုတ်ပြန်သော ချင်းလူငယ်များကွန်ယက်၏ ထုတ်ပြန်ကြေညာချက်တွင် “ နိုင်ငံတော်၏ အာဏာကို လက်နက်ဖြင့်အတင်းအဓမ္မခြိမ်းခြောက်သိမ်းယူခြင်းကို လုံးဝ(လုံးဝ) လက်မခံဘဲ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပြီး ယခုလုပ်ရပ်ကြောင့် တည်ဆောက်နေဆဲ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ထောက်တိ်ုင်များအား ထိခိုက်ပျက်စီးစေသည့်အတွက် အာဏာသိမ်းမြန်မာ့စစ်ခေါင်းဆောင်များ ဦးဆောင်သော စစ်အာဏာရှင်အစိုးရကို လုံးဝအသိအမှတ်မပြု’’ ဟု ဖော်ပြထားသည်။ ထို့အပြင် တပ်မတော်မှ ဖမ်းဆီးထားသည့် လူပုဂ္ဂိုလ်များအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် နိုင်ငံရေးပြသနာများကို နိုင်ငံရေးဆွေးနွေးမှုများပြုလုပ်ကာအမြန်ဆုံးအဖြေရှာနိုင်ရန် တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်မနိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများပါဝင်သော နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲများ အမြန်ဆုံးပြုလုပ်ကြရန် အလေးအနက်တောင်းဆိုသည်ဟု ဖော်ပြထားသည်။ အလားတူ ချင်းပြည်နယ်လူငယ်ရေးရာကော်မတီကလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့စွဲဖြင့် ကြေညာချက်တစ်စော င်ထုတ်ပြန်ကာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ဆန္ဒကို အလေးအနက်ထားရန်၊ ရွေးကောက်ပွဲလဒ်ကို လေးစားလိုက်နာရန်နှင့် ဒီမိုကရေစီစံသတ်မှတ်ချက်တွေကို စောင့်ထိန်းလိုက်နာရန်တောင်းဆိုထားသည်။ ထို့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင်၊ သမ္မတ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဌများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို တရားမဲ ဖမ်းဆီးထိန်း သိမ်းထားသည့်အပေါ် အပြင်းအထန်ကန့်ကွက်ကြောင်း၎င်းတို့၏ကြေညာချက်တွင်ဖော်ပြထားသည်။ ၂၀၂၀ ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုပြုနိုင်သောမဲစာရင်းပေါင်း ၁၀ သန်းကျော်ရှိသည်ဟု တပ်မတော်၏ တွေ့ရှိချက်နှင့်ပတ်သက်၍ အရေးယူဆောင်ရွက်ခြင်းမပြုသည့်အပြင် ပြည်သူလွှတ်တော်နှင့် အမျိူးသားလွှတ်တော်ကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုကိုလည်း…
#Unicode By Benezer – မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာကို ဖေဖော်ဝါရီလ ၁ ရက်နေ့က သိမ်းယူပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံနေရသော ချင်းပြည်နယ် ဝန်ကြီးချူပ်အပါအဝင် ဝန်ကြီးများအားလုံးနှင့် လွှတ်တော်ဥက္ကဌတို့သည် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အဆောင်အယောင်များအားလုံးထားခဲ့ပြီး ဝန်ကြီးအိမ်ယာမှထွက်ခွါရမည်ဟု အမိန့်ထုတ်ထားကြောင်းသိရသည်။ ချင်းပြည်နယ် ဝန်ကြီးချူပ် ဆလိုင်းလျန်လွယ်၊ လွှတ်တော်ဥက္ကဌ ဦးဇိုဘွေ့တို့အပါအဝင် ချင်းပြည်နယ် ဝန်ကြီးများအားလုံး ကို ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်က ရိပ်သာတွင် ခေတ္တဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုကပြောသည်။ “ကျနော်သိသလောက်က ဦးဝီကောရယ် ဦးမာန်ဟင်ဒါလ်ရယ် ဦးပေါင်လွန်မင်းထန် ကျနော်ရယ် ရိပ်သာကို ခေါ်သွား ပြီးတော့ဘာမှ စစ်မေးတာတွေမရှိဘူး ထမင်းလည်းကောင်းကောင်းကျွေးတယ် ဘာမှလည်းမလုပ်ဘူး၊ ခုတော့အိမ်ပြန် ရောက်ကြပြီ၊ ကျန်တဲ့သူတွေတော့ ဖုန်းလည်းဆက်မရဘူးဆိုတော့ ဘာမှမသိဘူး၊ ၄ ရက်နေ့မှာ အဆောင်ယောင်တွေ အကုန် ပြန်အပ်ရမယ်ပြောတယ်၊ တစ်ခြားတော့ဘာမှမရှိဘူး၊ ကောင်းကောင်းဆက်ဆံတယ်” ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုကပြောသည်။ ယခုလက်ရှိတွင် ၎င်းတို့ကို ဝန်ကြီးအိမ်ယာနေအိမ်အတွင်း အကျယ်ချူပ်သဘောဖြင့်ထားရှိကာ အဝင်အထွက်ဂိတ်ကို စစ်သားတွေက စောင့်ကြပ်ထားသည်ဟုသိရသည်။ ချင်းပြည်နယ် ဝန်ကြီးချူပ်၊ လွှတ်တော်ဥက္ကဌ၊ ဒု-ဥက္ကဌ၊ ဝန်ကြီး ဦးစိုးထက်နှင့် ဦးဖွေအားတို့ကို ဟားခါးမြို့ ရုန်းတောင် တပ်စခန်းတွင် ဖမ်းဆီးထိန်းသိမ်းကာ ယနေ့နံနက်ပိုင်း ၁၁ နာရီဝန်းကျင်ခန့်က ဝန်ကြီးချူပ် ဆလိုင်းလျန်လွယ်တ စ်ဦးသာ ဝန်ကြီးအိမ်ယာနေအိမ်သို့ပြန်လည်ရောက်ရှိပြီး ကျန် ၄ ဦးမှာ ပြန်လည်လွှတ်ပေးခြင်းမရှိ သေးကြောင်းသိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတရုံးမှ အမိန့်…
#Unicode ရစ်ချက် – နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိူးသားဒီမိုကရေစီ အဖွဲ့ချူပ် NLD ပါတီထိပ်တန်းအရာရှိများ ဖမ်းဆီးခံရပြီး တပ်မတော်က နိုင်ငံတော်အာဏာသိမ်းယူမှုကို ဆန့်ကျင်ကန့်ကွက် သည့်အနေဖြင့် အိန္ဒိယရောက်မြန်မာနိုင်ငံသားများက ဆန္ဒဖော်ထုတ်ကြမည်ဟုသိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Chin Refugee Committee (CRC) အဖွဲ့ဦးဆောင်မှုဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့က အရေးပေါ်အစည်းအဝေးကျင်းပခဲ့ရာ စစ်တပ်အာဏာသိမ်းမှုလုပ်ရက်အား ကန့်ကွက်ရှုတ်ချေ ကြာင်းကို ဆန္ဒဖော်ထုတ်သွားဖို့ အားလုံးသဘောတူညီကြကြောင်း အစည်းအဝေးတွင် ပါဝင်တက်ရောက်သူ Salai Cung Dawt က ပြောပါသည်။ “အားလုံးကတော့ ဆန္ဒဖော်ထုတ်သွားဖို့ သဘောတူကြတယ်။ ဆန္ဒပြမယ့်ရက်ကိုတော့ မသိရသေးဘူး၊ ဆန္ဒပြဖို့ ခွင့်ပြုချက်ရနိုင်မလားဆိုတာကို အရင်စုံစမ်းရမယ်။ အနည်းဆုံး လူဦးရေ ၁၀၀ လောက် ဆန္ဒပြနိုင်အောင် ခွင့်ပြုချက် တောင်းမယ်။ တပ်မတော် လုပ်ရက်ကို ကန့်ကွက်ကြောင်းနှင့် ဖမ်းဆီးချုပ်နှောင်ထားတဲ့ ဝန်ကြီးများကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုကြမယ်။” ဟု Salai Cung Dawt က ပြောသည်။ ထို့အပြင် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးမတည်မငြိမ်ဖြစ်လာကာ အိန္ဒိယဘက်သို့နောက်ထပ် ဒုက္ခသည်အသစ်များ ထပ်မံရောက်ရှိလာပါက ကမ႓ာ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) အနေဖြင့် လက်ခံပေးရန် တောင်းဆိုသည့်စာကိုလည်း ပေးပို့ထားပြီဟု Salai Cung Dawt ကပြောသည်။ “ဒီကနေ့ပဲ UN ကို စာပို့ထားတယ်၊ appointment တောင်းထားတယ်။ ဒီကိစ္စကို UNHCR အနေနဲ့လည်း သေသေ ချာချာ ကြည့်ရှုပေးဖို့။ တကယ်လို့များ ဒုက္ခသည်လူသစ်တွေလာတယ်ဆိုရင်…
#Unicode ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းကြီးမာစွာကွာခြားသည်ဟုဆိုကာ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာအရပ်ရပ်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့အပ်နှင်းကြောင်း ယနေ့မနက် ၈း၄၅ က အမိန့်ထုတ်ပြန်ခဲ့သည်။ အမိန့်အပြည့်အစုံမှာ .. ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ၁/၂၀၂၁ ကို ၁၃၈၂ ခုနှစ် ပြာသိုလပြည့်ကျော် ၅ ရက်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် ဒီကနေ့ ရက်စွဲဖြင့်ထုတ်ပြန်ရန် အပိုဒ် ၁ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အခြေခံအသုံးပြုခဲ့သော မဲစာရင်းများမှာ ကြီးမားစွာကွာခြားမှုများရှိနေသဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပျက်ကွက်ခဲ့ပါသည်။ အပိုဒ် ၂ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှဆင်းသက်ရမည်ဖြစ်သော်လည်း ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆိုးရွာစွာ လွဲမှားနေသည့် မဲစာရင်းများဖြစ်ခဲ့သည်။ ဒီမိုကရေစီစနစ်ခိုင်မာစေရန်နှင့် ပြည်သူ့ထံမှ ဆင်းသက်ရမည်ဆိုသည့်အချက်နှင့် ဆန့်ကျင်ခဲ့ပါသည်။ အပိုဒ် ၃ မဲစာရင်းပြသနာများကို ဖြေရှင်းရန်ငြင်းပယ်ခြင်း၊ အရေးယူဆောင်ရွက်မှုမပြုခြင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များကို ရွှေ့ဆိုင်းပေးရန်တောင်းဆိုမှုအပေါ် ရွှေ့ဆိုင်းပေးခြင်းမရှိသည့်အပြင် ပြည်သူ့လွှတ်တော်အစီအစဉ်များထုတ်ပြန်ကာ အစီအစဉ်အတိုင်းဆက်လက်လုပ်ဆောင်ရန် ဆောင်ရွက်ခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပုဒ်မ ၄၁၇ ပါ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူရန်ဆောင်းရွက်ခြင်းဖြစ်သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေပါသည်။ ၎င်းကဲ့သို့ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ဒေသအသီးသီးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မယုံကြည်သဖြင့်ဆန္ဒပြမှုများ များစွာဖြစ်ပေါ်လျက်ရှိသည်။ အခြားပါတီအဖွဲ့အစည်း လူပုဂ္ဂိုလ်များကလည်း ထောက်ခံသည့်အလံများ လွှင့်ထူခြင်းအပါအဝင် လှုံ့ဆော်မှုမျိုးစုံ ပြုလုပ်နေကြောင်းတွေ့ရသည်။ နိုင်ငံတော်တည်ငြိမ်မှုကို များစွာထိခိုက်လျက်ရှိသည်။…
#Unicode By လားနွန် – အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီနှင့် တွေ့ဆုံမည်ဆိုပါက တည်နေရာထက် ဆွေးနွေးမည့်ခေါင်းစဉ်ကိုသာ အဓိကထားသည်ဟု ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (ZCD) ပါတီအတွင်းရေးမှူး ပူးဂင်ကမ်းလျန်ကပြောသည်။ “အရင်က စာနဲ့ပို့ထားတယ် အနာဂတ်ပြည်ထောင်စုတည်ထောင်ဖို့အတွက်ပေါ့နော် အဲဒါရတယ် တွေ့ဆုံဖို့တော့ မရသေးဘူး တွေ့ဆုံမယ်ဆိုရင် တီးတိန်ကတော့ Positive များတော့ သိပ်အဆင်မပြေဘူး ကလေးမြို့မဟုတ်ရင် သူတို့ ချင်းပြည်နယ် သူတို့ရုံးရှိရာ ဟားခါးပဲရှိမယ်၊ ကျနော်တို့ကတော့ နေရာအဓိကမထားပါဘူး ဆွေးနွေးရမယ့် အနာဂတ်ပြည်ထောင်စုအတွက်ဆိုရင် ဘယ်နေရာမဆိုရပါတယ် နှစ်ဖက်စလုံးစဉ်းစားမယ် နေရာအဓိကမဟုတ်ဘူး ဆွေးနွေးမယ့်ခေါင်းစဉ်ကအဓိက” ဟု ပူးဂင်ကမ်းလျန်ကပြောသည်။ အမျိူးသားညီညွတ်ရေးအစိုးရဖွဲ့စည်းရေးအတွက်ဟူသည့်ခေါင်းစဉ်ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲဲ့ချုပ် (NLD) ပါတီသည် ပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေး မှုလုပ်ဆောင်ရာတွင် မွန်ပြည်နယ်နှင့် ကယားပြည်နယ်တွ င် တွေ့ဆုံမည့်နေရာညှိနှိုင်း၍အဆင်မပြေသည့်အတွက် ဆွေးနွေးပွဲပျက်ခဲ့ရသည်။ ဒေါက်တာအောင်မိုးညို ဦးဆောင်သော NLD ကိုယ်စားလှယ်ဖွဲ့သည် ရှမ်းပြည်နယ် တောင်ကြီးမြို့ NLD ရုံးတွင် ဇန်နဝါရီလ ၁၃ ရက်ညနေပိုင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချူပ်(PNO) ၊ တအောင်း (ပလောင်) အမျိုးသားပါတီ(TNP) တို့နှင့်တွေ့ဆုံဆွေး နွေးခဲ့ကြပြီး ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချူပ်(SNLD)၊ လားဟူအမျိူးသားဖွံ့ဖြိုးတိုး တက်ရေးပါတီ(LNDP)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ/ကျားဖြူ(SNDP) တို့နှင့်အသီးသီးတွေ့ဆုံဆွေးနွေးခဲ့ကြ သည်။ ဝါရင့်နိုင်ငံရေးသမား ပူးကျင့်ရှင်းထန်ဦးဆောင်သော ဇိုမီိးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ZCD ပါတီ ၁၉၉၀ ခုနှစ်ကတည်းက NLD ပါတီနှင့် မဟာမိတ်ပါတီးများဖြစ်ကြပြီး ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်မှာ မဲဆန္ဒနယ်မြေ (၂) နေရာ အနိုင်ရရှိထားသည့်ပါတီဖြစ်သည်။ #Zawgyi By လားနွန်…
#Unicode By လားနွန် – ဟားခါးမြို့တွင် Nawi ချောင်းဆည်တည်ဆောက်မည့်စီမံကိန်းနှင့်ပတ်သက်၍ ပြည်သူများ သိရှိအပ်သော အချက်အ လက်များအား တိကျရှင်းလင်းစွာချပြခြင်း မပြုနိုင်သေးသရွေ့ စီမံကိန်းအစမပြုရန် ချင်းအရပ်ဘက်မှုအဖွဲ့အစည်းများနှင့် ကျောင်းသားအဖွဲ့အစည်းပေါင်း ၄၈ ဖွဲ့က ချင်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ဇန်နဝါရီလ ၁၄ ရက်နေ့က အိတ်ဖွင့်ပေးစာပေးပို့ခဲ့ကြသည်။ Nawi ဆည်စီမံကိန်းသည် ရေရှည်တွင်ဒေသခံများအတွက် ကောင်းကျိုးထက် ဆိုကျိုးဖြစ်လာမည်ကို စိုးရိမ်ရသောကြောင့် အစိုးရအဖွဲ့ထံသို့ အိတ်ဖွင့်စာပေးရခြင်းဖြစ်သည်ဟု ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ကျောင်းသားအဖွဲ့ အစည်းများမှ ပြောရေးဆိုခွင့်ရှိ ဆလိုင်းဗျက်လျန်ထန်ကပြောသည်။ “ကျနော်တို့ ရည်ရွယ်ချက်ကတော့ အကောင်းဖက်ကိုရည်ရွယ်ပေမဲ့ ဒီ Nawl Dam တည်ဆောက်ခြင်းအားဖြင့် ကျနော်တို့ နောင်နှစ် ၁၀ – ၂၀ မှာ ကျနော်တို့အတွက် ကောင်းကျိုးမဟုတ်ဘဲနဲ့ ဆိုးကျိုးများဖြစ်ပေါ်လာစေမလား ကျနော်တို့ စိုးရိမ်တယ် အဲဒါကြောင့် ကျနော်တို့ ပြောတဲ့အချက်အလက်တွေကို အတိအကျ မချပေးသရွေ့ ဒီစီမံကိန်းကို မဖော်ဆောင်ပေးဖို့ ကျနော်တို့ အိတ်ဖွင့်စာပေးရခြင်းဖြစ်ပါတယ် ကန့်ကွက်တယ်ဆိုတာတော့မပါသေးဘူး သူတို့ Nawl Dam ကလုပ်သင့်မလုပ်သင့်ကို ကျနော်တို့ ပြည်သူအစိုးရလို့ အားကိုးပြီးသဘောထားတဲ့အစိုးရက ဒီစီမံကိန်းကို ဖော်ဆောင်တဲ့ အခါမှာ ပြည်သူနဲ့ ဆန့်ကျင်ဖက်မဟုတ်ဘဲနဲ့ ပြည်သူနဲဲ့အတူ ပြည်သူရဲ့ အသံကို ဆင်ခြင်ပြီးတော့မှ သူတို့လုပ်ဆောင်မယ်လို့ကျနော်တို့ယုံကြည်တယ်” ဟု ဆလိုင်းဗျက်လျန်ထန်ကပြောသည်။ ဟားခါးမြို့၏ မြေခိုင်မာမှုအနေအထားနှင့် မြေမျက်နှာသွင်ပြင် အပြောင်းအလဲများ ၂၀၁၅ ခုနှစ် ကိုမန်ဆိုင်ကလုန်းကြောင့် ဖြစ်ပေါ်ခဲ့သည့် မြေပြိုမှုအနေအထားကို ထောက်ရှုသော်လည်းကောင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာပညာရှင်များ၏ ဆန်းစစ်အကြံပြုချက်များကို ထောက်ရှုလျှင်သော်လည်းကောင်း၊ Nawi Dam စီမံကိန်းကြောင့်…
#Unicode နှင်းနှင်း – ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ မီးဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် အလှူငွေများ ကောက်ခံရာ မြန်မာငွေ ကျပ်သိန်း (၈၀) နှင့် အမေရိကန်ဒေါ်လာ (၂၅၀၀၀) ဝန်းကျင်လက်ခံရရှိထားပြီဖြစ် ကြောင်း ဖလမ်းမြို့၊ မီးဘေးသင့်ကူညီရေးကော်မတီမှကိုငယ်ပီးကပြောသည်။ “ဆုံးရှုံးနစ်နာရတဲ့သူတွေကို ကူညီထောက်ပံနိုင်ဖို့နှင့်ပြန်လည်ထူထောင်လာနိုင်စေရေးအတွက် တတ်နိုင်သေ လာက်နဲ့ပါဝင်ကြဖို့အတွက် အားလုံးဆော်သြထားပါတယ်။ အခုကျွန်တော့်စီမှာတော့ ကျပ်သိန်း (၈၀) ကျော်ကျော် လောက်ရရှိသွားပါပြီ၊ Gofundme ကနေရရှိတာက ဒေါ်လာ နှစ်သောင်းခွဲဝန်း ကျင်တော့ရှိနေပြီ၊ လက်ထဲမှာမေ ရာက်ရှိသေးတာလဲရှိပါတယ်၊ အားလုံးကလည်းသူ့နေရာနဲ့သူ ကောက်ခံနေဆဲဖြစ်တယ်” ဟု ကိုငယ်ပီးက ပြောသည်။ ဖလမ်းမြို့တွင် ဇန်နဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်း ၃ နာရီခွဲခန့်တွင်မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါမီးလောင်မှုကြောင့် လူနေအိမ် (၆) လုံးလောင်ကျွမ်းပြာကျသွားပြီး၊ အမျိုးသမီး (၂) ဦး သေဆုံးသွားကြောင်းသိရသည်။ ဆောင်းရာသီကာလအတွင်း ချင်းပြည်နယ်တွင်ရာသီဥတုအေးသောကြောင့် ဒေသခံပြည်သူများသည် ညအချိန်တွင် မီးလှုံခြင်း၊ လျှပ်စစ်အပူးပေးစက် (Heater) များအသုံးပြုလေ့ရှိကြသည့်အတွက်ထိုမှတ ဆင့်မီးလောင်ကျွမ်းမှု လည်းဖြစ်ပွားခြင်းဖြစ်ကြောင်းသိရသည်။ ဖလမ်းမြို့ရှိ မီးဘေးသင့် အိမ်ထောင်စုများကို ၎င်းတို့၏ စ္စည်းဆုံးရှုံးမှုပမာဏနှင့် အလှူငွေကောက်ခံရရှိမှုအပေါ် တွက်ချက်ပြီးထောက်ပံ့ကူညီမှုတွေပြုလုပ်သွားမည်ဖြစ်ကြောင်းဖြစ်ကြောင်းသိရှိရသည်။ ဖလမ်းမြို့မှ တာဝန်ရှိသူများမှ တစ်အိမ်တက်ဆင်းဖြင့်အလှူငွေများကောက်ခံ ခြင်း၊ မီးဘေးသင့်ကူညီရေးကော်မတီအဖွဲ့၊ ပြည်တွင်းပြည်ပမှ ချင်းဖလမ်းလူမျိုးအဖွဲ့အစည်းတို့ ပူးပေါင်းပြီးဆောင်ရွက်နေကြောင်းသိရသည်။ ၁၉၈၃ ခုနှစ်တွင် ဖလမ်းမြို့မစျေးကြီးမှာ မီးလောင်ပြာကျခဲ့၍ ဆုံးရှုံးမှုအကြီိးမားဆုံးဖြစ်ခဲ့ပြီး နှစ်ပေါင်း ၃၇ နှစ်အကြာမှ ယခုကဲ့သို့ကြီးမားပြီးဆုံးရှုံးမှုများသည့် မီးလောင်မှုမျိုးထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖလမ်းမြို့၊ မီးဘေးသင့် ကူညီရေးကော်မတီမှ ကိုငယ်ပီးကပြောသည်။ #Zawgyi နှင်းနှင်း – ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ မီးဘေးသင့်ပြည်သူများ…
#Unicode By လားနွန် – ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအကြား အင်္ဂလိပ်ခေတ်က စိုက်ထူခဲ့သော နယ်နိမိတ်ဘုတ်တိုင်များ ပြန်လည်ရှာ ဖွေလျှက်ရှိရာ နယ်နိမိတ်ဘုတ်တိုင် BP အမှတ် ၁ မှ ၁၀ အထိ ကွင်းဆင်းအတည်ပြုနိုင်ပြီဟု စုံစမ်းသိရှိရသည်။ ၁၉၃၈ ခုနှစ်အင်္ဂလိပ်ခေတ်က ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအကြား နယ်နိမိတ်ဘုတ်တိုင် စုစုပေါင်း ၂၁ တိုင်စိုက်ထူခဲ့ ကြပြီး ယင်းဘုတ်တိုင်များကိုပြန်လည်ရှာဖွေကြရာ ယခုအခါ ဘုတ်တိုင် BP အမှတ် ၁၀ အထိ ပြန်လည်ရှာဖွေ အတည်ပြု ပြီဖြစ်ကာ တစ်လ ၅ တိုင်နှုန်းဖြင့်စိုက်ထူသွားကြမည်ဟု ကလေးခရိုင်အုပ်ချူပ်ရေးမှူး ဦးခင်မောင်ချိူကပြောသည်။ “ အခုက ဒီဇင်ဘာ ဇန်နဝါရီ ဖေဖော်ဝါရီ မတ်လ အထိ တစ်လကို (၅) တိုင်စိုက်ထူမှာ မတ်လကျတော့ (၆) တိုင် အခုလုပ်တာက နစ်နာစရာမရှိဘူး ကောင်းမှုပဲလေ ရှေ့လျှောက်ကောင်းသွားမှာပေါ့ ဘာကောင်းမလဲဆိုတော့ တရားဥပဒေစိုးမိုးရေးတို့ နယ်မြေအေးချမ်းသာယာရေးတို့မှာလည်း ကောင်းသွားမှာ” ဟု ဦးခင်မောင်ချိုကပြောသည်။ အဆိုပါနယ်နိမိတ်ဘုတ်တိုင်ပြန်လည်ရှာဖွေရေးလုပ်ငန်းကို နေပြည်တော်မြေတိုင်းဦးစီးဌာနမှဦးဆောင်၍ ချင်းပြည်နယ်အ စိုးရအဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အုပ်ချူပ်ရေးအဖွဲ့၊ သစ်တောဦးစီးဌာနနှင့် ဒေသခံကျေးရွာ အုပ်ချူပ်ရေး မှူးတို့မှ ပြန်လည်ရှာဖွေခဲ့ကြခြင်းဖြစ်သည်။ ချင်းနှင့် စစ်ကိုင်းတိုင် နယ်နိမိတ်ဘုတ်တိုင် BP အမှတ် ၁ မှ ၅ အထိကို ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ကွန်ဂရစ်တိုင်ဖြင့် စိုက်ထူခဲ့ကြပြီးဖြစ်ကာ ယခု BP အမှတ် ၆ မှ ၁၀ အထိကို ဇန်နဝါရီလအတွင်း စိုက်ထူကြမည်ဟု…