Author: Editor

ချင်းပြည်နယ် ပလက်ဝမြို့အနီး စီးဆင်းနေသော ကုလားတန်မြစ်ရေမြင့်တက်လာမှုကြောင့် အိမ်ထောင်စု (၃၀၀) ကျော် လူဦးရေ (၁၇၀၀) ကျော်တို့သည် ရေဘေးကြုံနေကြရပြီး ဘေးလွတ်ရာကိုပြောင်းရွှေ့နေကြရသည်ဟု ပလက်ဝမြို့နယ် လူမှုကူညီရေးပရဟိတအဖွဲ့မှ ဦးဝေတန်းကပြောသည်။ “ကုလားတန်မြစ်ရေဆိုရင် မိုးကြီးရင်မြစ်ရေကြီးတယ် ရာသီဥတုပေါ်မှာဒါကမူတည်တာပေါ့ မနှစ်ကလည်းကြီးတယ် သို့သော်လည်း မနှစ်ကထက် ဒီနှစ်ကပိုတယ်၊ အခုကမြို့ပေါ်မှာဆိုရင် ဘုန်းကြီးကျောင်းတို့ နောက်စာသင်ကျောင်းတို့ အင်္ဂလီကန်ဘုရားကျောင်းတို့ နီးစပ်ရာဆွေမျိုးအိမ်မှာနေထိုင်ကြတယ် ရွာတွေမှာဆိုရင် ကျေးရွာခန်းမတို့ ဆွေမျိုးများတို့ဆီနေကြတယ်” ဟု ဦးဝေတန်းကပြောသည်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကုလားတန်မြစ်ရေသည် ဇူလိုင်လ ၁၃ ရက်နေ့ကစတင်မြင့်တက်လာပြီး ပလက်ဝမြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်နှင့် ကျေးရွာ (၁၁) ရွာမှ အိမ်ထောင်စု (၃၃၆) လူဦးရေ (၁၇၂၀) ကျား (၈၄၀) မ (၈၈၀) တို့သည် ရေဘေးကြုံတွေ့နေကြရခြင်းဖြစ်သည်။ မြို့ပေါ်ရှိရေဘေးသင့်ပြည်သူများကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း၊ မီးသတ်တပ်ဖွဲ့များနှင့် အရပ်ဖက်အဖွဲ့ အစည်းတို့မှ ကူညီထောက်ပံ့မှုများလုပ်ဆောင်နေသော်လည်း ကျေးရွာဘက်ရှိရေဘေးသင့်သူများကိုမူ ကူညီထောက်ပံ့မှုများပေးအပ်ရန်အဆင်မပြေကြောင်း ဦးဝေတန်းကပြောသည်။ “ကျနော်တို့မြို့ပေါ်လောက်တော့ ကျနော်တို့ဒီကအာဏာပိုင်အဖွဲ့အစည်းတွေ နောက်မီးသတ်အဖွဲ့တွေ နောက်တခြားလူမှုအဖွဲ့တွေ CSO တွေ ကျနော်တို့နဲ့ပူးပေါင်းမှ သူတို့ကို ကျနော်တို့က စားဖို့ဆန်တို့ မုန့်တို့ မာမီးခေါက်ဆွဲတို့ အချိုရေဘူးတွေဖြန့်ဝယ်တယ် မနေ့ကလည်းပေးတယ် ရွာမှာကတော့ ကျနော်တို့ သွားဖို့လာဖို့ အဆင်မပြေဘူးရေကကြီးတော့ စက်လှေလည်းမသွားနိုင်လေ” ဟု ဦးဝေတန်းဆက်ပြောသည်။ ကုလားတန်မြစ် စိုးရိမ်ရေမှတ်သည် ၁၆၀၀ စင်တီမီတာရှိပြီး ၁၃ ရက်နေ့ည ၁၁ နာရီ ၃၀ မိနစ်တွင် စိုးရိမ်ရေမှတ်ထက် ၂ စင်တီမီတာမြင့်တက်သွားပြီး ၁၄ ရက်နေ့မနက်ပိုင်းတွင် စိုးရိမ်ရေမှတ် ၁၅၈၇…

Read More

ချင်းပြည်နယ် ပလက်ဝမြို့နယ် နှင့် ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(အေအေ) တို့ တိုက်ပွဲဖြစ်ပွားမှု ရပ်တန့်ရန်နှင့် စစ်ဘေးရှောင်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရန် ချင်းလူထု (၂၀၀) ကျော်က ရန်ကုန်မြို့တွင် ဇူလိုင်လ ၁၃ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ စစ်ဘေးရှောင်ချင်းတိုင်းရင်းသားများအရေးလှုပ်ရှားမှုကော်မတီ၏ ဦးဆောင်မှုဖြင့် ဇူလိုင်လ ၁၃ ရက် ၁၁ နာရီကစ၍ ရာနှင့်ချီသော ချင်းလူထုတို့သည် “ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲများရပ်’’၊ Save the Paletwa၊ ပလက်ဝ သည်ချင်းပြည်၊ ဖမ်းဆီးခံ ချင်းတိုင်းရင်းသားများပြန်လွှတ်ပေးရေး စသည့် ပိုစတာများ၊ ချင်းပြည်နယ်အလံများကိုင်ဆောင် ကာ ရန်ကုန်မြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။ ထို့နောက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် လူထုဟောပြောပွဲများပြုလုပ်ခဲ့ကြရာ စစ်ဘေးရှောင်ချင်းတိုင်းရင်း သားများအရေးလှုပ်ရှားမှုကော်မတီ၏ တာဝန်ခံတစ်ဦးဖြစ်သည့် ဆလိုင်းကျဲအိုဘိခ်ထောင်းက “ ကျနော်တို့က နှစ်ဖက်စလုံး(တပ်မတော်နဲ့အေအေ)ကိုပြောချင်တယ်၊ တချို့တွေကပြောပါလိမ့်မယ် ဒါက ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့လောက်မဆိုးရွားပါဘူး ချင်းပြည်နယ်က ခံသာသေးပါတယ်လို့ပြောတဲ့သူလည်းရှိပါတယ်၊ သို့သော်လည်းပဲ ကျနော်တို့ခံစားနေတဲ့အနေအထားက မတူဘူး နှိုင်းယှဉ်လို့မရဘူး ကျနော်တို့ဒေသမှာဖြစ်နေတဲ့ဟာက ကျနော်တို့မမွှေးတဲ့မီးက ကျနော်တို့ကိုလောင်နေတာ ကျနော်တို့မဖွတဲ့အမှိုက်ကိုရှင်းနေရတယ်၊ ကိုယ်လုပ်တာ ခံရတာဟာ ခံသာတယ်၊ အခုကျနော်တို့က ကိုယ်လုပ်တဲ့စစ်မီးမဟုတ်တဲ့ဒဏ်ခံရတာ ပိုပြီးတော့ခံစားရပါတယ်၊ ပိုပြီးတော့နစ်နာရပါတယ်’’ ဟု ပြောကြားခဲ့သည်။ ဆန္ဒဖော်ထုတ်သူများအနေဖြင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် တည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရရှိရေး၊ အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့ ချူပ်ဆိုသော ပြည်ထောင်စုအဆင့် သဘောတူစာချူပ် အပိုဒ် (၈) (ဂ) ပါအတိုင်း အကောင်အထည်ဖော်ပေးရေး၊ အေအေအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ချင်းတိုင်းရင်းသားများအား အမြန်ဆုံးပြန်လွှတ်ပေးရေး၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်အပါအ၀င် တနိုင်ငံလုံးတွင်…

Read More

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်မှ ဆန်တင်ပို့မှုကန့်သတ်မှုရှိနေသေးသည့်အတွက် အထူးသဖြင့် ကျေးလက်ဒေသများတွင် ဆန်လိုအပ်မှု မြင့်တက်နေသည်။ ယခုလက်ရှိတွင် မြန်မာ့တပ်မတော်က နယ်မြေလုံခြုံရေးဟုဆိုကာ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု တစ်စုလျှင် ဆန်အိတ် (၅၀) သာ သယ်ဆောင်ခွင့်ပြုသည့်အတွက် စစ်ဘေးရှောင်ပြည်သူများသာမက ဒေသခံပြည်သူများ လည်း ဆန်ဖူလုံမှုမရှိသည့်အနေအထားတွင်ရှိနေကြသည်။ “ အုပ်စုတစ်စုကို တစ်ခါသယ်ရင် ဆန်အိတ် (၅၀) နှုန်းနဲ့ သယ်ခွင့်ပြုတယ် အဲလိုသယ်ဖို့ကလည်း စားသုံးမယ့် လူဦးရေစာရင်းကောက်ရတယ် ပြီးမှ မြို့နယ်အုပ်ချူပ်ရေးမှူးရုံးကိုတင်ပြရတယ် ခွင့်ပြုချက်ရမှပဲ ရခိုင်ပြည်န ယ် ကျောက်တော် ဘက်မှာသွားသယ်ရတယ်၊ အုပ်စုတစ်စုမှာ လူဦးရေ ရာနဲ့ချီရှိတဲ့အုပ်စုတွေလည်းရှိတော့ ဒီအိတ် (၅၀) နဲ့ ဘယ်လိုမှမလောက်နိုင်ဘူး’’ ဟု မီးဇာကျေးရွာမှ ရွာလူကြီးတစ်ဦးကပြောသည်။ ပလက်ဝမြို့နယ်အတွင်းရှိ ပြည်သူများသည် ရခိုင်ပြည်နယ်ကျောက်တော်မြို့မှ ဆန်များကို အဓိက ၀ယ်ယူစားသုံးနေကြရသည်။ ယခင်က ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများသည် ငွေစုပြီး တစ်လစာဖူလုံနိုင်မည့် ဆန်အရေအတွက်ကို ကျောက်တော်မြို့သို့စက်လှေဖြင့် သွားရောက်သယ်ယူလေ့ရှိကြသည်။ သို့သော်လည်း မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ) တို့ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားလာ သည့်နောက်ပိုင်း တပ်မတော်က ဖြတ်လေးဖြတ် နည်းဗျူဟာကိုကျင့်သုံးကာ ပလက်ဝမြို့နယ်သို့ ဆန်သယ်ယူခွင့်ကို ကန့် သတ်လိုက်ခြင်းဖြစ်သည်။ “ဆန်တစ်ခါသွားသယ်ရင် တစ်ပတ်လောက်အချိန်ကုန်တယ်၊ ခွင့်ပြုတာကလည်း အိတ် (၅၀) ပဲလေ၊ ခဏခဏသယ်ဖို့ကလည်း မလွယ်ဘူး၊ အချိန်ပေးရသလို ကုန်ကျစရိတ်လည်းပိုကုန်တော့ အရမ်းခက်တယ်၊ ဘယ်လိုမှ ဆန်ကမလောက်နိုင်ဘူး’’ ဟု မီးဇာတွင်နေထိုင်ဒေသခံတစ်ဦးကပြောသည်။ ဆန်မလုံလောက်မှုကြောင့် မီးဇာကျေးရွာအနီးတွင်တည်ရှိသော ထရွန်အိုင်ကျေးရွာရှိ မြန်မာ့တပ်မတော် တပ်စခန်းတွင် တပ်ရိက္ခာအတွက်…

Read More

By လားနွန် – လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်းရှိ ပြည်သူများ မဲပေးခွင့်မဆုံးရှုံး ရလေအောင် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်များ၏ စာရင်းကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်နေကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။ “ကျနော်အခုလက်ရှိ အိမ်ထောင်စုလိုက်လူဦးစာရင်းတွေကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေပြီးမှ ဦးစီးပြီး တော့ ကောက်နေပြီ ကောက်လို့ရတဲ့ဟာတွေကို အချက်အလက်တွေပေါ်မူတည်ပြီးတော့ လ.၀.က နဲ့ဆိုင်ရင် လ.၀.က လုပ်ပေးမယ် အိမ်ထောင်စုစရင်းတွေထုတ်ပေးလုပ်တာတို့ မှတ်ပုံတင်လုပ်ပေးတာတို့ အဲဒါလုပ်ပေးတာ နှစ်လလုပ်ပေးမယ် သြဂုတ်လအထိ အဲထဲမှာပဲတစ်ပတ်တစ်ကြိမ်နှစ်ပတ်တစ်ကြိမ် ကျနော်တို့မြို့နယ်ကော်မရှင်တွေကိုကောက်ယူရတဲ့ စရင်းတွေကို မြို့နယ်ထွေအုပ်ကနေ ကျနော်တို့ဆီအပ်မယ် မြို့နယ်ကော်မရှင်ကနေ ကွန်ပြူတာထဲကိုစရင်းသွင်းမယ် အခြေခံမဲဆန္ဒရှင်မူကြမ်းထွက်လာမှာပေါ့” ဟု ဦးလင်းကျော်ကပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲဆိုင် ရာကဏ္ဍစုံမှပါဝင်ပတ်သက်သူများတွေ့ဆုံပွဲကို ဇူလိုင်လ ၉ ရက်နေ့က ချင်းပြည်နယ်ဟားခါးမြို့ စုပေါင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မသန်စွမ်းသူများအတွက် ကောင်းမွန်စွာမဲပေးနိုင်သည့်အခွင့်အလမ်း အပြည့်အ၀မဖန်တီးနိုင်ခဲ့သော်လည်း လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးခွင့်မဆုံးရှုံးစေရန် ကြိုတင်ပြင်ဆင်ထားသည်ဟု ဦးလင်းကျော်ကပြောသည်။ “ကျနော်တို့ပထမအစီစဉ်ကတော့ ကျနော်တို့လူဦးရေစရင်းကောက်တဲ့ဇယားပုံစံထဲမှာကို မသန်စွမ်းအတွက်ဆို ပြီးတော့ သီးခြားဇယားတိုင် ကျနော်တို့လုပ်လိုက်တယ် အဲဒီမသန်စွမ်းလေးမျိုးထဲကနေ အမြင်အကြားခန္ဓာဥာဏ်ရည်မမှီပေါ့ အဲဒီဟာကိုကောက်တဲ့လူကနေ မှတ်ချက်ပေးမယ် မှတ်ချက်ပေးလာလို့ရှိရင် ကျနော်တို့ကော်မရှင်ဆီရောက်လာတဲ့အခါကျတော့ ဘယ်မဲရုံမှာတော့ မသန်စွမ်းအမျိုးအစားကဘယ်လိုရှိလဲ အဲဒီပေါ်မှာမူတည်ပြီးတော့ ကျနော်တို့မဲရုံကိုပြင်ဆင်ပေးမယ် တချို့မဲရုံဆိုလိုရှိရင်လည်း အပေါ်ထပ်မှာဖြစ်နေတယ်ဆိုလိုရှိရင် အောက်ထပ်ကိုပြန်ပြောင်းပြီးမယ်ပေါ့ မဲဆန္ဒရှင်စရင်းကို အဲလိုလေးတွေကျနော်တို့ ကြိုပြီးတော့စီစဉ်ထားတယ်”ဟု ဦးလင်းကျော်ကပြောသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် မသန်စွမ်းဦးရေဒုတိယအများဆုံးပြည်နယ်ဖြစ်သည်။ ပြည့်စုံမှန်ကန်သည့်…

Read More

By လားနွန် – မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တိုက်ပွဲကြောင့် နေရပ်စွန့်ခွါပြီး ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာသို့ ထွက်ပြေးခိုလုံနေကြရသော စစ်ဘေးရှောင်ပြည်သူများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှု အလုံအလောက်မရရှိကြကြောင်း စစ်ဘေးရှောင်ပြည်သူများကပြောဆိုကြသည်။ ပလက်ဝမြို့နယ်အတွင်းရှိ ကုန်ပြင်၊ ကင်းသလင်း၊ ပီတောင်၊ ယင်ခံဝနှင့် ဆတ်လိုင်ဝ ကျေးရွာတို့မှ ချင်းပြည်သူ (၆၀၀) ကျော်တို့သည် မီးဇာကျေးရွာတွင် ၀ါးတဲများထိုးကာနေထိုင်ကြရပြီး စားဝတ်နေရေးထောက်ပံ့မှု လုံလုံလောက်လောက်မရရှိ သည့်အတွက် ကြုံရာကျပန်းအလုပ်များလုပ်ကိုင်ကာ ၀မ်းစာအတွက်ဖြေရှင်းနေကြရသည်ဟု ကင်းသလင်းကျေး ရွာအုပ်ချူပ်ရေးမှူး ဦးစမန်ကပြောသည်။ “ကျနော်တို့အရင် ကင်းသလင်းရွာမှာနေတုန်းကတော့ တောင်ယာဘဲ အဓိကလုပ်ကိုင်ကြတယ် အဆင်ပြေကြပါတယ်၊ ဒါပေမယ့် ဒီရောက်လာတော့ တောင်ယာလုပ်ဖို့လည်းမရှိတော့ဘူး၊ ဘာမှစားသောက်ဖို့လည်းအဆင်မပြေတော့ဘူး၊ အငှါးလိုက်ဖို့ရှိရင်တောင်ယာတွေမှာအငှါးလိုက်တယ် တခြားတော့ သဲတွေဘာတွေကျောက်တွေဘာတွေထမ်းဖို့ရှိရင်တော့ ထမ်းကြတယ် အငှါးလိုက်ဖို့မရှိရင်တော့ ဒီတိုင်းပဲနေကြတာ တခြားလုပ်စရာလည်းမရှိဘူးဆိုတော့လေ’’ ဟု ဦးစမန်ကေ ပြာသည်။ ကင်းသလင်းကျေးရွာသားအများစုသည် မြန်မာ့တပ်မတော်နှင့် အေအေတိုက်ပွဲကြောင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ (၂၉) ရက်နေ့က မီးဇာကျေးရွာသို့ရောက်ရှိခဲ့ကြပြီး ရွာမှာကျန်ခဲ့သည့် (၅၄) ဦးမှာ ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်သို့ အေအေတပ်ဖွဲ့ ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ကြရသည်။ မီးဇာကျေးရွာသည် ပလက်ဝမြို့မှ ကုလားတန်မြစ်ကြောင်းအတိုင်း စက်လှေဖြင့် (၅) နာရီခန့်သွားရသောခရီးဖြစ်သည်။ ကင်းသလင်းရွာသားများသည် မီးဇာကျေးရွာတွင် ၀ါးတဲများထိုးကာနေထိုင်ကြရပြီးလွန်ခဲ့သည့် (၅) လအတွင်း၌ ပလက်ဝ အခြေစိုက် (၂၈၉) တပ်မှ ဆန်အိတ် (၃၀) မြို့နယ်အုပ်ချူပ်ရေးမှူးရုံးမှ ဆန်အိတ် (၁၃၀) ခန့် စုစုပေါင်း နှစ်ကြိမ်သာ ရရှိပြီး အဆိုပါရရှိသည့် ဆန်များကို မီးဇာကျေးရွာတွင်နေထိုင်ကြသော စစ်ဘေးရှောင်ပြည်သူ…

Read More

By လားနွန် – ချင်းပြည်နယ်အစိုးရအဖွဲ့၏ တတိယတစ်နှစ်တာလုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဇူလိုင်လ (၁၀) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲတွင် တက်ရောက်သတင်းယူမည့် မီဒီယာများအား ကန့်သတ်မှုတစ်ချို့ရှိနေဆဲဖြစ်သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲကို ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်နေ့က ကျင်းပပြုလုပ်ရန် စီစဉ်ခဲ့ကြသော်လည်း ချင်းပြည်နယ် ၀န်ကြီးချူပ် ပြည်ပခရီးစဉ်နှင့် လွှတ်တော်အစည်းအဝေးတို့ကြောင့် ဇူလိုင်လ (၁၀) ဗုဒ္ဓဟူးနေ့တွင် ကျင်းပရန် ရက်ရွှေ့ဆိုင်းခဲ့ကြခြင်းဖြစ်သည်။ ယခုပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲတက်ရောက်မည့် မီဒီယာသမားများအတွက် လိုက်နာရမည့် စည်းကမ်းချက် (၈) ချက်ကိုလည်း ချင်းပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်လိုက်ပြီး သတ်မှတ်မေးခွန်ထက်ပိုမပေးရန်နှင့် သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်အတွင်း Live ထုတ်လွှင့်ခြင်းမပြုရဟု ပါရှိသည်။ ယခုစည်းကမ်းချက်မထုတ်ပြန်မီကလည်း သတင်းစာရှင်းလင်းပွဲတက်ရောက်မည့် မီဒီယာများအနေဖြင့် သတင်းတိုက်တစ်ခု လျင် မေးခွန်း (၃) ခုစီနှင့် မေးခွန်းများကို ကြိုတင်ပေးပို့ရမည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန် ချက်ကြောင့် ချင်းမီဒီယာအဖွဲ့အစည်းများက ကန့်ကွက်မှုရှိခဲ့ပြီး မီဒီယာတချို့မှာ တက်ရောက်မည်မဟုတ်ကြောင်း ပြောဆိုခဲ့ကြသည်။ ချင်းဝေါလ်မီဒီယာအယ်ဒီတာ ဆလိုင်းဟုန်းထွန်းဂေကတော့ ပွင့်လင်းမြင်သာမှုရှိရန် အစိုးရမှ ကြွေးကြော်နေချိန် ချင်းပြည်နယ်အစိုးရမှ ယခုကဲ့သို့ စိုးရိမ်စရာတစ်ခုရှိနေသယောင် မေးခွန်းကြိုတောင်းခြင်းသည် အခြားသောပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့လုပ်သည့် သတင်းစာရှင်းလင်းပွဲနှင့် နှိုင်းယှဉ်လျှင် အစိုးရသိက္ခာကြစေသည်ဟု ပြောဆိုပါသည်။ “လက်ရှိအာဏာရပါတီခေါင်းဆောင်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံတောင် မီဒီယာသမားတွေကို မေးခွန်းကြိုပို့ခိုင်းတာမရှိဘူး။ တပ်မတော်ကလည်းမလုပ်ဘူး။ မေးခွန်းကို ကြိုပို့ခိုင်းထားတယ်ဆိုတာ အချက်အလက်တွေ ကြိုစုနိုင်အောင်လို့ အစိုးရဖက်ကပြောတာမျိုးရှိတယ်။ ဒီလုပ်ပုံလုပ်နည်းက မှားကိုမှားနေပါတယ်။ ဘာလို့လဲဆိုတော့ သတင်းစာရှင်းလင်းပွဲနေ့မှာ ၀န်ကြီးတွေအပါအ၀င် ဌာနဆိုင်ရာအကြီးအကဲတွေလည်း တက်တာပဲ။ ပွဲနေ့အတွက် တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်နဲ့ပတ်သက်တာတွေ စုထားဖို့၊ ရှိထားဖို့က သူတို့တွေကိုယ်တိုင်လုပ်ရမှာဖြစ်တယ်။…

Read More

By လားနွန် – ချင်းပြည်နယ်နှင့်ထိစပ်နေသည့် တိုင်းဒေသကြီးများအကြား နယ်နိမိတ်များကို နဂိုမူလနယ်နိမိတ်အတိုင်း ပွင့်လင်းမြင်သာသောလုပ်ငန်းစဉ်ဖြင့် ပြန်လည်သတ်မှတ်အတည်ပြုပေးရန် မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ (ချင်းပြည်နယ်) က တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ (ချင်းပြည်နယ်) ၏ အလုပ်အမှုဆောင်အစည်းအဝေးကို ဇူလိုင်လ (၄) ရက်နှင့် (၅) ရက်နေ့က တီးတိန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြပြီးနောက် ထိုကဲ့သို့ တောင်းဆိုလိုက်ကြခြင်းဖြစ်သည်။ “ကျနော်တို့ချင်းပြည်နယ်နဲ့ဆက်စပ်နေတဲ့ စစ်ကိုင်း၊ မကွေး၊ ရခိုင်တွေနဲ့ ပတ်သက်ပြီး နယ်နိမိတ်ကိစ္စကတောက် လျှောက်အငြင်းပွားနေတာပဲလေ၊ ကျနော်တို့မြေပုံအရဆိုရင် အဝေးကြီးကိုတော့ မပြောတော့ပါဘူး ၁၉၉၅ ခေတ်လောက်တုန်းကရှိနေတဲ့ မြေပုံအနေအထားနဲ့ အခုနောက်ပိုင်းမှာပြန်ပြီးပြောင်းလဲသတ်မှတ်တဲ့ မြေပုံအနေအထားမျိုးနဲ့ဆိုလိုရှိရင် တော်တော်လေးကို ကွာသွားတဲ့အနေအထားမှာရှိပါတယ်၊ ဒီနဂိုကရှိထားတဲ့ ၁၉၄၇ လောက်တုန်းကရှိထားတဲ့ နယ်နိမိတ်အပိုင်းအခြားနဲ့ သေချာကြည့်ပြီးတော့မှ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ တိုင်းဒေသကြီး အစိုးရအနေနဲ့ ဒီဟာတွေကိုသေသေချာချာလေးလုပ်ပြီးတော့ အငြင်းပွားစရာရှိတဲ့ ကိစ္စတွေကို ပြန်ပြီးတော့ ဖြေရှင်းစေချင်ပါတယ်’’ ဟု မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ (ချင်းပြည်နယ်) မှ တာဝန်ရှိသူ အင်ဒရူးထားတွောင်ကပြောသည်။ နယ်နိမိတ်ကိစ္စနှင့်ပတ်သက်လာလျင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင်နေထိုင်ကြသည့် ပြည်သူများအကြား အငြင်းပွားမှုတစ်ချို့ရှိနေပြီး လူမျိုးရေးဆန်သည့်ကိစ္စများ မဖြစ်ပွားလာစေရန် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ယခင်ကရှိခဲ့သည့် အထောက်အထားများနှင့်အတူ သေချာပြန်လည်ဖော်ထုတ်သင့်သည်ဟု ၎င်းကဆက်ပြောသည်။ ထို့အပြင် ကလေးတက္ကသိုလ် ပဋိညာဉ်စာတမ်း (မူကြမ်း) အခန်း ၁ ကလေးတက္ကသိုလ်တည်ထောင်ခြင်းနှင့် တည်နေရာ၊ အပုဒ် (၁.၃) တွင်ဖော်ပြထားသော “တက္ကသိုလ်သည် စစ်ကိုင်းတိုင်း၊…

Read More

By လားနွန် – မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေ (၂၀၁၂ နှင့် ၂၀၁၈) သည် ချင်းလူမျိုးတို့၏ ဘိုးဘွားပိုင်မြေယာများကို ပိုင်ရှင်မဲ့အဖြစ်သတ်မှတ်ကာ ဓလေ့ထုံးတမ်း မြေယာပိုင်ဆိုင်ခွင့်နှင့် စီမံခန့်ခွဲပိုင်ခွင့်များကို လက်လွတ်ရှုံးဆုံးမှုများဖြစ်စေနိုင်သည်ဟု ချင်းတောင်သူများကွန်ယက်က ပြောဆိုလိုက်သည်။ ယင်းဥပဒေသည် ချင်းတိုင်းရင်းသားလူမျိုးတို့၏ ဘိုးစဉ်ဘောင်ဆက် ကျင့်သုံးလာခဲ့သော ချင်းရိုးရာဓလေ့ထုံးတမ်း မြေယာစီမံခန့်ခွဲပိုင်ခွင့်ကို ချိုးဖောက်သည့်ဥပဒေဖြစ်ပြီး ချင်းပြည်နယ်အတွင်းအကျိုးသက်ရောက်မှုမရှိစေရန်နှင့် ချင်းဓလေ့ ထုံးတမ်းစဉ်လာအရ မြေယာတိုင်းတာခြင်း၊ နယ်မြေသတ်မှတ်ခြင်းများကို လွတ်လပ်စွာဆောင်ရွက်နိုင်သောအခွင့်အရေး ကို ချိုးဖောက်သည့်ဥပဒေဖြစ်သည့်အတွက် ပြန်လည်ဖျက်သိမ်းသင့်သည်ဟု ဇူလိုင်လ ၃ ရက်နေ့က ထုတ်ပြန်သော ချင်းတောင်သူများကွန်ယက်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ချင်းတောင်သူများကွန်ယက်မှ တာဝန်ရှိသူ ဒေါ်မိုးမိုးက “မြေလွတ်မြေလပ်မြေရိုင်းဥပဒေက တကယ့်တကယ့်ထွက်လာ လို့ရှိရင်တော့ ချင်းတောင်သူတွေဘက်က တအားကြီးကိုနစ်နာပါမယ် နောက်ပြီးတော့ ကျေးရွာပိုင်တဲ့မြေနေရာေ တွရှိတယ်လေ အဲဒီမြေနေရာဆိုလို့ရှိရင် အကုန်လုံးက ဒီမြေလွတ်မြေလပ်မြေရိုင်းဥပဒေနဲ့သာကြည့်မယ်ဆိုရင် အစိုးရလုပ်ချင်သလိုလုပ်လို့ရတဲ့ ပုံစံဖြစ်သွားလိုက်မယ် ကျမတို့ချင်းတောင်သူတွေအတွက်ပေါ့နော် တအားနစ်နာတယ် ဘိုးဘွားစဉ်ဆက် ကျမတို့ ဘိုးဘွားစဉ်ဆက်ကတည်းကကိုယ့်ဥပဒေနဲ့ရှိပြီးသားလေ’’ ဟု ပြောသည်။ ချင်းတောင်သူများကွန်ယက် ဦးဆောင်မှုဖြင့် ဇူလိုင်လ ၂ ရက်နှင့် ၃ ရက်နေ့က ချင်းပြည်နယ် တီးတိန်မြို့နယ်၊ ငင်းသဲကျေးရွာ ရိုးရာဓလေ့ထုံးတမ်းမြေယာ လက်တွေ့ကျင့်သုံးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးကိုလည်း ကျင်းပခဲ့ကြသည်။ ချင်းပြည်သူများအနေဖြင့် ဓလေ့ထုံးတမ်းအရ မြေယာပိုင်ဆိုင်မှုနှင့် လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့်များ ခေတ် အဆက်ဆက် လက်တွေ့ကျင့်သုံးနေမှုကို ပိုမိုအားကောင်းရေးအတွက် အထောက်အကူပြုနိုင်ရန် ရိုးရာဓလေ့မြေယာကျင့်သုံးမှု ဖော်ထုတ်ခြင်းဘာကြောင့်အရေးကြီးသလဲ ငင်းသဲကျေးရွာ၏ ရိုးရာဓလေ့ထုံးတမ်းမြေယာကျင့်သုံးမှုဖော်ထုတ်ခြင်း စာအုပ် ကိုလည်း ချင်းတောင်သူများကွန်ယက်က ထုတ်ဝေခဲ့ကြသည်။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေကို…

Read More

By မိုးကျော် – အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ၊ မီဇိုရမ်ပြည်နယ်တောင်ပိုင်း၊ လောင်တလိုင်ခရိုင်နယ်စပ်ဒေသတွင် ခိုလှုံနေကြသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ရခိုင်တိုင်းရင်းသား စစ်ဘေးရှောင်ပြည်သူများအား မီဇိုရမ်အစိုးရမှ ဇူလိုင် (၂) ရက်နေ့က နေရပ်ပြန်ပို့ခဲ့ကြကြောင်း သိရသည်။ အဆိုပါ စစ်ဘေးရှောင်ပြည်သူများသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ) တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မီဇိုရမ်ပြည်နယ်ဘက်သို့ နေရပ်စွန့်ခွာ ထွက်ပြေးခိုလှုံ သူများဖြစ်ကြပြီး ယခုလက်ရှိတွင် လောင်တလိုင်ခရိုင် နယ်စပ်ကျေးရွာ Hmawngbuchhuah တွင် ခိုလှုံနေထိုင်ကြပြီး လက်ရှိ သတင်းရရှိချက်အရ လူဦးရေ ၂၁၉ ဦး ရှိနေသေးကြောင်း သိရသည်။ လောင်တလိုင်မြို့တွင်နေထိုင်သူ ချင်းအမျိုးသား ကိုဂျွန်က “ မီဇိုရမ်ဘက်က တာဝန်ရှိသူတွေက နယ်စပ်အထိ လိုက်ပို့ပြီး နယ်စပ်မှာ မြန်မာ့တပ်မတော်က တာဝန်ရှိသူတွေက လာကြိုကြတယ်လို့ သိရတယ်၊ ဘာမှအခက်အခဲမရှိဘဲ ကောင်းကောင်းမွန်မွန်နဲ့ ပြန်ပို့လိုက်ကြတယ်လို့ သိရပါတယ်’’ ဟု ပြောသည်။ မီဇိုရမ်ပြည်နယ်သို့ ခိုလှုံနေကြသော စစ်ဘေးရှောင်ပြည်သူများအား မီဇိုရမ်ပြည်နယ် အစိုးရက ဇွန်လ ၁၅ ရက်နေ့က ၄င်းတို့ နေရပ် ချင်းပြည်နယ်ဘက်သို့ပြန်ပို့ရန် စီစဉ်ခဲ့သော်လည်း ရာသီဥတုအခြေအနေဆိုးဝါးမှုကြောင့် ရက်ရွှေ့ဆိုင်းလိုက်ရပြီး၊ တခါ ဇွန်လ ၂၅ ရက်နေ့က ထပ်မှန်ပြန်လည်စီစဉ်ခဲ့သော်လည်း ဆက်သွယ်ရေးမကောင်းမှုကြောင့် ထပ်မှန်ပြန်လည်ရွှေ့ဆိုင်းခဲ့ပြီးနောက် ယခုတခါ နှစ်နိုင်ငံအစီအစဉ်ဖြင့် ယခုလို စစ်ဘေးရှောင်ပြည်သူများအား နေရပ်ပြန်ပို့ခဲ့ခြင်းဖြစ်သည်။

Read More

By လားနွန် – ချင်းပြည်နယ်၏ မြို့နယ် (၄) မြို့နယ်တွင် အလတ်စားရေအားလျှပ်စစ်စီမံကိန်း (၅) ခု အကောင်အထည်ဖော်ရန် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် Power China International Group Limited တို့ သဘောတူထားသည်ဟု သိရသည်။ Power China International Group Limited အနေဖြင့် မီဂါဝဘ် (၃၀) အောက်ရှိသော အလတ်စားေ ရအားလျှပ်စစ်ထု တ်လုပ်နိုင်မည့် ဖြစ်နိုင်ခြေ ခြုံငုံလေ့လာမှုကို ချင်းပြည်နယ်တွင် တစ်နှစ်အချိန်ယူကွင်းဆင်း ပြီးနောက် ဖြစ်နိုင်ခြေရှိပါက နာလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးမည်ဖြစ်သည်ဟု ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ “ကျွန်တော်တို့ Power China နဲ့ (၃၀) မီဂါဝဘ်အောက်ပေါ့နော် ရေအားအလတ်စားတွေပေါ့ အလတ်စားတွေ (၅) ခုထိုးထားတယ်၊ အခုက သူတို့က ခြုံငုံလေ့လာမှုကွင်းဆင်းတာပဲရှိသေးတယ် သူတို့စာချုပ်သက်တမ်းအရ Power China တော့တစ်နှစ်အတွင်းမှာ ဒီခြုံငုံလေ့လာမှုဒေတာတွေကိုတင်ပြီးမှ အဲဒီခြုံငုံလေ့လာမှုသေချာမှ M၀U (နားလည်မှု စာချွန်လွှာ) ထပ်ထိုးဖို့လုပ်ရမှာ အခုက ခြုံငုံလေ့လာမှုပဲရှိသေးတယ် တစ်နှစ်၊ ဖြစ်နိုင်ခြေရှိမရှိ ဆန်းစစ်လေ့လာမှုအတွ က်တစ်နှစ်ပေးထားတယ်” ဟု ၀န်ကြီး ဦးစိုးထက်ကပြောသည်။ Power China ကုမ္ပဏီမှ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့် ဖြစ်နိုင်ခြေရှိမရှိခြုံငုံလေ့လာမှုပြုလုပ်မည့် ဒေသများမှာ ဟားခါးမြို့နယ်တွင် Buanluan နှင့် Timit၊ ထန်တလန်မြို့နယ်တွင် Ngaphaipi၊ ပလက်ဝမြို့နယ်တွင် ပဲတင်းဝ နှင့် မတူပီမြို့နယ်တွင် Ruava ရွာသစ်တို့ဖြစ်သည်။ ထန်တလန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဗန်ထောင်းကတော့ အဆိုပါစီမံကိန်းကို…

Read More