(006SV) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကြံသာရွာတွင် တော်လှန်ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တပ်တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်ဟု CDF – KKG ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ဩဂုတ်လ ၂ ရက်မှ စတင်၍ စစ်ကောင်စီက အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းများ ခွဲ၍ တော်လှန်ရေး ပူးပေါင်းတပ်များ သိမ်းပိုက်ထိန်းချုပ်ထားသည့် ကြံသာရွာကို ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားသည်။ “ဒီနေ့နဲ့ဆို ၃ ရက်ရှိပါပြီ၊၊ စစ်ကောင်စီက ကြံသာကို ပြန်လိုချင်လို့ ထိုးစစ်ဆင်လာတာပါ။ အထက်က ကြံသာကို ပြန်ရဖို့ ဖိအားပေးလာတာပါ။ အင်အားက 200 ခန့်ဖြစ်မယ်။ အင်အားတိကျတော့ မသိရပါဘူး။ အဓိကက ကျနော်တို့က ကြံသာမှာဘဲ ထိုင်ထားတော့ ကြံသာကို ပြန်ရဖို့ ထိုးစစ်ဆင်လာတဲ့သဘောပါပဲ။ အခုကတော့ တိုက်ပွဲက ပြန်ငြိမ်နေပါတယ်” ဟု CDF – KKG ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ဟံသာဝတီကျေးရွာကို အခြေခံပြုပြီး စစ်ကြောင်းထိုးလာနေသည့် စစ်ကောင်စီတပ်နှင့် ဩဂုတ်လ ၂ ရက်က တရက်လုံး တိုက်ပွဲပြင်းထန်သည်ဟု သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်က စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ်များ အခြေစိုက်ထားသည့် ကလေး- ဂန့်ဂေါ်လမ်းပေါ်က ကြံသာရွာစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်ရှိအချိန်ထိ ထိန်းချုပ်တပ်စွဲထားသည်။ ကလေး- ဂန့်ဂေါလမ်းပိုင်းကြားရှိ ကမ်းပါးနီစခန်း၊ မှန်တောနှင့် အောင်သာယာ အပါအဝင် စခန်း…
Author: Editor
(006SV) ချင်းပြည်တောင်ပိုင်းနှင့် မကွေးနယ်စပ်လမ်းမပေါ်မှာ တည်ရှိသည့် ကန်ပက်လက်မြို့နယ်၊ ဒါးရင်ဒူးဒေသတွင် ကာကွယ်ရေးဆိုင်ရာ အရေးပေါ်လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်လိုသောကြောင့် ယနေ့မှ စတင်၍ တစ်ပတ်ကြာ ယာယီပိတ်မည်ဟု CDF – ကန်ပက်လက်၊ ခေါ်နူးတပ်ရင်း (တပ်ရင်း – ၅)ထံမှ သိရသည်။ စစ်အစိုးရသစ်က နိုင်ငံတဝန်းက မြို့နယ် ၆၀ ကျော်ကို အရေးပေါ်အခြေအနေ သတ်မှတ်၍ စစ်အုပ်ချုပ်ရေးကို ကြေညာခဲ့ရာ ကန်ပက်လက်မြို့နယ်လည်း ပါဝင်လာ၍ စစ်ရေးအခြေအနေကြောင့် ယာယီပိတ်ခြင်းဖြစ်သည်ဟု CDF – ကန်ပက်လက်မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “ဒါးရင်ဒူးဒေသပေါ့နော်။ ခေါ်နူးတပ်ရင်း လှုပ်ရှားဧရိယာမှာ ခဏပိတ်ထားတာပါ။ အဓိက ရည်ရွယ်ချက်ကတော့ စစ်ကောင်စီက အရေးပေါ်အခြေအနေ ကြေညာတဲ့ ၆၃ မြို့နယ်မှာ ကန်ပက်လက်က တစ်ခုအပါအဝင်ဖြစ်တယ်။ အဲဒီအတွက် ဒီအရေးပေါ် ကာကွယ်ချက်တွေ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာတွေ တပ်ရင်းအနေနဲ့ လုပ်ဆောင်ချင်လို့ ဒါကို ယာယီပိတ်ထားတာဖြစ်တယ်၊၊ ခရီးသွားလာမှုတွေ၊ ကုန်စည်စီးဆင်းမှုတွေကတော့ ပုံမှန်ပါပဲ။ လုံခြုံရေးဆိုင်ရာတွေ လုပ်တဲ့ အခါမှာ ပြည်သူတွေ ပူးပေါင်းပါဝင် အောင်လို့ ထုတ်ပြန်ထားတဲ့ သဘောပါ” ဟု CDF – ကန်ပက်လက်မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ကန်ပက်လက်မြို့နယ်၊ ဒါးရင်ဒူးဒေသရှိ ခေါ်နူးတပ်ရင်း ထိန်းချုပ်မှုနယ်မြေအတွင်းက ပြည်သူများအနေဖြင့် ကာကွယ်ရေးဆိုင်ရာ အရေးပေါ် လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်လိုသောကြောင့် ရပ်ဝေး၊ ရပ်နီး ခရီးသွားလာခြင်း၊ ဆိုင်ယ်ကယ်ရီဖြင့် ကုန်စည်ပို့ ဆောင်ခြင်း၊ ဒေသခြားသွားလာမှုများကို အရေးပေါ်အခြေအနေမှအပ သွားလာခြင်းမပြုဖို့ သတိပေးထုတ်ပြန်သည်။ အရေးပေါ်အခြေအနေမှ လွဲ၍ ခရီးသွားခြင်းနှင့် ကုန်သွယ်စီးဆင်းမှုများ…
(002MG) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ်ပြုလုပ်ပြီး အပျက်အစီးတချို့ရှိခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ “ဒီမင်းတပ်မြို့ပေါ်ကို ကြဲသွားတာပါ။ မင်းတပ်မြို့ပေါ်မှာကလည်း လူက သိပ်မနေဘူးဆိုတော့ ပြည်သူတွေတော့ ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိဘူး။ နေအိမ်နဲ့ အစိုးရအဆောက်အအုံတွေတော့ ပျက်စီးသွားတယ်” ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။ ယမန်နေ့ သြဂုတ်လ (၃) ရက်နေ့ မနက် ၈ နာရီ ၅၀ မိနစ်တွင် လေကြောင်းတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ပြည်သူထိခိုက်ဒဏ်ရာရရှိသူမရှိသော်လည်း အစိုးရအဆောက်အဦး (၂) လုံးခန့်နှင့် ပြည်သူနေအိမ် (၈) လုံး စုစုပေါင်း (၁၀) လုံးခန့် ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။
(005MK) အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသား စစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်ကောက်ယူမှုကို ဇူလိုင်နောက်ဆုံးပတ်က ခရိုင်အသီးသီးမှာ စတင်ကောက်ယူနေပြီဟု သိရသည်။ မီဇိုရမ်ပြည်နယ်ထဲက Serchhip, Lunglei, Champhai, Saitual, Khawzawl, Aizawl, Lawngtlai, Mamit, Siaha, Kolasib နှင့် Hnahthial စသည့် ခရိုင် ၁၁ ခုတွင် နေထိုင်ကြသော မြန်မာစစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်များကို ဇူလိုင်နောက်ဆုံးပတ်ကစ၍ မီဇိုရမ်ပြည်နယ်အစိုးရတာဝန်ရှိသူများ ကောက်ယူနေပြီဟု All India Radio News ကဖော်ပြသည်။ စစ်ဘေးရှောင်အများဆုံးနေထိုင်သည့် Champhai ခရိုင်ထဲမှာ ဇီဝအချက်အလက်ကောက်ယူမှု ဇူလိုင် ၃၀ ရက်နေ့မှာ စတင်ခဲ့ကြပြီး နည်းပညာပိုင်းနှင့် စက်ကိရိယာအခက်အခဲတချို့ကြောင့် အနည်းအကျဉ်းသာကောက်ယူနိုင်သေးသည်ဟု ဖော်ပြသည်။ Champhai ခရိုင်ထဲမှာ မြန်မာစစ်ဘေးရှောင် ၁၃၅၈၆ ဦးရှိသည်ဟု သိရသည်။ စစ်ဘေးရှောင် ဒုတိယအများဆုံးနေထိုင်သည့် Lawngtlai ခရိုင်ထဲမှာလည်း ဇီဝအချက်အလက်ကောက်ယူမှုကို ဇူလိုင် ၃၀ ရက်နေ့က Kannan Refugee Camp မှစတင်ခဲ့ကြပြီး လက်ရှိအချိန်ထိ လူဦးရေ ၁၅၀ ကျော်ကောက်ယူပြီးစီးပြီဟု ဖော်ပြထားသည်။ ယခုလက်ရှိ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသားစစ်ဘေးရှောင် ၃၂၅၀၄ ဦးရှိပြီး Champhai ခရိုင်ကအများဆုံးဖြစ်ကာ Lawngtlai နှင့် Siaha ခရိုင်တို့မှာ ဒုတိယအများဆုံးနေထိုင်ကြသည်ဟု All india Radio News ကဖော်ပြသည်။ ဇီဝအချက်အလက်ကောက်ယူရာမှာ အသက် ၂ နှစ်အထက်ရှိသူအားလုံးကို ကောက်ယူခြင်းဖြစ်ပြီး နာမည်၊ မိဘအမည်၊ အလုပ်အကိုင်၊ မြန်မာမှတ်ပုံတင်နံဘတ်၊…
Salai Vakok ရေးသည်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စစ်အာဏာသိမ်း ၄ နှစ်ခွဲကျော်ကာလကို ပထမစာမျက်နှာလို့ ခေါ်ဆိုပြီး ဒုတိယစာမျက်နှာကို စတင်လိုက်ပြီလို့ ကြွေးကြော်ပြီးနောက်မှာ စစ်ကောင်စီကို ဖျက်သိမ်းကာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဆိုတဲ့ အမည်နာမတမျိုးဖြင့် ခြေလှမ်းစတင်ခဲ့သည်။ ဇူလိုင်လ ၃၁ ရက်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်း အဝေးကို ကျင်းပ၍ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတ ရာထူးပါ ယူထားသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တင်ပြ၍ စစ်ကောင်စီကို ပယ်ဖျက်ခဲ့ ခြင်းဖြစ်သည်။ ယင်းကာ/လုံအစည်းအဝေးမှာပင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေး တို့အတွက် လိုအပ်သော လမ်းညွှန်မှုများ ပြုလုပ်နိုင်ရန်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဥက္ကဌ တာဝန်ယူ၍ ဖွဲ့စည်းလိုက်သည်။ ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည်ဖြစ်၍ နိုင်ငံရေးပါတီများအဖြင့် ပြင်ဆင်မှုများ ဆောင်ရွက်ကြရန် စစ်ကောင်စီက ယမန်နေ့ ကာ/လုံအစည်းအဝေးတွင် ထပ်မံကြေညာသည်။ စစ်တပ် ကျင်းပမည် ရွေးကောက်ပွဲသည် ချင်းပြည်နယ်တွင် ဟားခါးနှင့် တီတိန်မြို့ပေါ်မှာသာ ကျင်းပနိုင်ပြီး ယင်းရွေးကောက်ပွဲ ကိုလည်း လုံးဝ လက်ခံမည် မဟုတ်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ “နဂိုကတည်းက စကစက ကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုပါဘူး။ တဖက်သတ် သူရဲ့ မြန်မာ့နိုင်ငံရေးမှာ ရေရှည်ရပ်တည်နိုင်ဖို့ လုပ်နေတာဖြစ်တဲ့အတွက် လုံးဝလက်မခံဘူးဆိုတာ ကျနော်တို့ တလျှောက်လုံး ပြောနေတာဖြစ်တယ်။…
(004SS) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် လုမ်သဲကျေးရွာတွင် ညီအမ ၃ ဦး ဖယောင်းတိုင်မီးထွန်း၍ စာကြည့်နေစဉ် မတော်တဆ မီးလောင်မှုဖြစ်ပွားကာ ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး အသက် ၁၁ နှစ်အရွယ် အမဖြစ်သူ ဒါဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသူမှာ အသက် ၉ နှစ်အရွယ် မိုင်ကိမ်းရဲမ်းဆွီးဖြစ်ပြီး ညီမ ၃ ယောက်အနက် အငယ်ဆုံးဖြစ်သည်။ ဖြစ်စဉ်မှာ ဇူလိုင်လ ၃၀ ရက်နေ့ည ၉နာရီဝန်းကျင်တွင် ညီကိုမောင်နှမ ၃ ယောက်အနက် အကြီးဆုံးမှာ ရွာထဲသို့ စာအုပ်ငှားရန်သွားနေစဉ် ညီမ ၂ ယောက်က ကျောင်း၏ ပထမအစမ်းစာမေးပွဲအတွက် ဖယောင်းတိုင်မီးထွန်းကာ စာကြည့်ရင်း အိပ်ငိုက်မိရာကနေ ဖယောင်းတိုင်မီးမှ ပလပ်စတစ်စားပွဲသို့ ကူးစက်ပြီး နေအိမ်တစ်ခုလုံး မီးလောင်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် မိဘနှစ်ပါးမှာ တောင်ယာအလုပ်များကြောင့် တောင်ယာသို့ ညအိပ်နေကြသည့်အချိန် ဖြစ်သည်။ ဒေသခံများက မီးလောင်မှုသတင်းသိရှိပြီး ၉:၃၀ နာရီခန့်တွင် ရောက်ရှိလာကြသော်လည်း မီးအလွန်ပြင်းထန်သောကြောင့် မီးမငြိမ်းသတ်နိုင်ခဲ့ကြကြောင်း ကိုယ်တိုင် သွားရောက်ကူညီပေးသူ ဒေသခံအမျိုးသားက ပြောသည်။ “ကျွန်တော်တို့ သိလို့သွားတဲ့အချိန်မှာ ၉ နာရီခွဲလောက်ရှိပြီ။ ရောက်တော့ မီးကတော်တော်ကို လောင်နေပြီ။ အရမ်းပူတယ်။ အိမ်က ထင်းရှူးသားမို့လို့လားမသိဘူး အရမ်းတောက်တာ။ အနားကပ်လို့တောင်မရဘူး။ ကျွန်တော်တို့ မီးတောင်မငြိမ်းနိုင်ပဲ စောင့်ကြည့်ဖို့သာ တတ်နိုင်တော့တယ်။ တော်သေးတာက အဲဒီနေ့ လေလဲမတိုက်ဘူး။ နောက် ဘေးအိမ်တွေကို ရေလောင်းထားတော့ မီးကဆက်မကူးတာ၊ တခြားအိမ်ထိခိုက်တာမရှိပါဘူး” ဟု ၎င်းပြောသည်။ မိုင်ကိမ်းရဲမ်းဆွီး၏ အလောင်းကိုမူ…
(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ ပါးဝကျေးရွာတွင် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းက မင်္ဂလာဆောင်ပွဲ ကျင်းပနေစဉ် ဖမ်းဆီးခံလိုက်ရသော ဒေသခံ ၁၆ ဦးသည် ယနေ့တွင် ပုသိမ်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည်ဟု ဒေသခံများထံမှ သိရသည်။ ယနေ့ ဩဂုတ်လ ၁ ရက် နံနက်ပိုင်းတွင် ပုသိမ်အကျဉ်းထောင်မှ လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ပြီး ပြန်လွတ်လာသူများသည် ကျန်းမာရေးကောင်းမွန်သည်ဟု ပြန်လွတ်လာသူများနှင့် နီးစပ်သူ ဒေသခံက ပြောသည်။ “သူတို့ကို အကြမ်းဖက်ဥပဒေပုဒ်မနဲ့ တရားစွဲထားခဲ့တာပါ။ တချို့က ကျောင်းဆရာ ညီအစ်ကိုတွေပါတယ်။ သူတို့ မင်္ဂလာပွဲကို သွားကြတာ၊၊ အဲပွဲမှာ CDF တွေလည်း လာတယ်ဆိုပြီးတော့ အဲဒီမင်္ဂလာပွဲမှာ ရှိတဲ့ အမျိုးသားတွေကို ဖမ်းသွားတာပါ။ ကျနော်တို့ မျှော်မှန်းထားတာက ၂၀၂၄ ဒီဇင်ဘာလမှာ သူတို့ လွတ်မယ်လို့ တွက်ထားတာပါ။ ဒါပေမယ့် အခုမှ လွတ်လာတာပါ။ လျော့ရက် တွေ အပြည့်အဝ မရတာလားပေါ့လေ။ ပြန်လွတ်လာသူတွေက အခုသိရသ လောက်တော့ ကျန်းမာရေးကောင်းပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့တွင် ဆမီးမြို့နယ်၊ ပါးဝကျေးရွာတွင် မင်္ဂလာပွဲ ကျင်းပနေရာမှာ စစ်ကောင်စီတပ်က အမျိုးသားအားလုံးကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် ၎င်းတို့ထဲက ၁၆ ဦးကို ထောင်ဒဏ် ၄ နှစ် နှင့် ၃ ဦးကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့ကြောင်း၊ တချို့ကို ပြန်လွတ်ပေးခဲ့ကြောင်း…
စစ်အစိုးရအဖွဲ့ကို ဦးဆောင်ရန် ဗိုလ်ချုပ်ကြီးဟောင်း ညိုစောကို တာဝန်ပေး (006SV) ယနေ့တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဥက္ကဌအဖြစ် တာဝန်ယူထားသည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ပြီး ဝန်ကြီးချုပ်ရာထူးကို ဗိုလ်ချုပ်ကြီးဟောင်း ညိုစောကို ပေးအပ်ကြောင်း ထုတ်ပြန်သည်။ ယနေ့ ဇူလိုင်လ ၃၁ ရက်မှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ယာယီသမ္မတ ရာထူးကို ရယူထားသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဦးဆောင်ကျင်းခဲ့ပြီး နိုင်ငံတော် အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့သော အမိန်နှင့် စစ်ကောင်စီကို ဖျက်သိမ်းကြောင်း ကြေညာသည်။ ယင်းထုတ်ပြန်ချက်တွင် နိုင်ငံတော် အာဏာကို လွှဲအပ်ဆောင်ရွက်စေသည့် ကိစ္စနှင့် စပ်လျဉ်း၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းအား ပေးအပ်ထားသည့် တာဝန်ပြီးမြောက်အောင် ဆောင်ရွက်ပြီးကြောင်း တင်ပြလာ၍ ယနေ့ ကာ/လုံအစည်းအဝေးတွင် ပယ်ဖျက်လိုက်ခြင်းဖြစ်သည်ဟု ယာယီသမ္မတ ရာထူးပါ ယူထားသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ထိုးထုတ်ပြန်သည်။ ယနေ့ ကာ/ လုံအစည်းအဝေးတွင် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေး ၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လိုအပ်သော လမ်းညွှန်မှုများ ပြုလုပ်နိုင်ရန်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် ဖွဲ့စည်းလိုက်သည်ဟု ကြေညာသည်။ ယင်းကော်မရှင်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဥက္ကဌ၊ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ဒုဥက္ကဌနှင့် ဝန်ကြီးချုပ်ရာထူး ပေးအပ်ထားသူ ညိုစောအပါအဝင် အဖွဲ့ဝင် ၁၀ ဦးပါဝင်သည်။ ထို့အပြင် ဗိုလ်ချုပ်ကြီးဟောင်း ညိုစောကို ဝန်ကြီးချုပ်၊ နိုင်ငံတော်ဝန်ကြီးချုပ်ရုံးနှင့် အမျိုးသားစီမံကိန်း ဝန်ကြီးဌာန…
နှစ်ဖက်အဖွဲ့များ၏ ထုတ်ပြန်ပြောဆိုနေမှုများ ကွဲလွဲနေ (006SV) ချင်းပြည်နယ်၊ မရာဒေသအတွင်းရှိ မရာချင်းလက်နက်ကိုင် ၂ ဖွဲ့၏ လက်ရှိစစ်ရေးပဋိပက္ခသည် ပိုမိုတင်းမာ လာနေပြီး နှစ်ဖက်ထုတ်ပြန်ပြောဆိုနေမှုများမှာ ကွဲလွဲလျက်ရှိနေသည်ကို နှစ်ဖက်ပြောရေးဆိုခွင့်ရှိသူများထံမှ သိရသည်။ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/ MDF) နှင့် ULA/AA တပ်ဖွဲ့များသည် အင်အား ၂၀၀ ဝန်းကျင်းကို စစ်ကြောင်း ၃ ကြောင်းခွဲ၍ စစ်ကြောင်းထိုးလာပြီး IMC/ CDF – မရာ ဌာနချုပ်အနီးနားရှိ ကျေးရွာများကို ဝိုင်းဝန်းပိတ်ဆို့ ထားသောကြောင့် စစ်ရေးတင်းမာနေသည်ဟု IMC/ CDF – မရာ ပြောရေးဆိုခွင့် ရှိသူက ပြောသည်။ “သူတို့က ၁၄ ရက်ကနေ စစ်ကြောင်းထိုးပြီး တက်လာတယ်။ အဲဒီမှာ ၃ နေရာမှာ ထိတွေ့တိုက်ပွဲဖြစ်တယ်။ နောက်တော့ အချင်းချင်း အဲလိုက မကောင်းဘူး။ သွေးထွက်သံယိုမှု များနေမယ်။ ဒါကြောင့် ဆုတ်ခွာပါဆိုပြီးတော့ ထုတ်ပြန်ချက် ထုတ်ထားတယ်။ အဲဒါကို သူတို့က ဒီနေ့ ဒီအချိန်ထိ ဆုတ်ခွာခြင်း မပြုဘဲနဲ့ သူတို့က ရန်စပြီးတော့မှ CDF – မရာ ဌာနချုပ်ကို ထိုးစစ်ဆင်ဖို့ပါ။ နောက်ပြီးတော့ ဌာနချုပ်ဧရိယာကို ယူဖို့ပါ။ ယူပြီးတော့ လမ်းဖောက်ဖို့ပါ။ သူတို့က ဒီနေရာတွေကို ထိန်းမယ်။ စစ်ရေးတွေ ပြင်ဆင်မယ်။ ဒီနေ့ ဒီအချိန်ထိတော့ သူတို့ ဆုတ်ခွာပေးမှု မရှိဘူး။ အခုကတော့ တော်တော်လေးကို စစ်ရေးတင်း မာတယ်။ အခုလည်း ဒီနေ့ ဖြစ်မလား၊ မနက်ဖြန်…
(004SS) Chinland Defence Force – Zotung တပ်ဖွဲ့၏ စတုတ္ထအကြိမ်မြောက် Special Force Training သင်တန်းတွင် အမျိုးသမီးပါဝင်မှု မြင့်တက်လာပြီး သုံးပုံတစ်ပုံခန့် ပါဝင်လာသည်ဟု ယင်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။ ရက်ပေါင်း ၉၀ ကြာ ပို့ချပေးသည့် Special Force Training ရက်ရှည်သင်တန်းကို ဇူလိုင် ၂၄ ရက်နေ့က အောင်မြင်စွာပြု လုပ်ပြီးစီးခဲ့ကြသည်။ အဆိုပါသင်တန်းတွင် သင်တန်းသားအယောက် ၉၀ ကျော် တက်ရောက်ခဲ့ပြီး ၈၀ ကျော်က အောင်မြင်စွာ ပြီးမြောက်ခဲ့ ကြောင်း၊ ယင်းအနက် အမျိုးသမီးရဲဘော် အယောက် ၂၀ ကျော်ပါဝင်ကြောင်း CDF-Zotung ၏ ပြောရေးဆိုခွင့်ရှိသူ Salai Danny ကပြောသည်။ “အမျိုးသမီးက အခုသင်တန်းမှာ တော်တော်များတယ်လို့ ပြောလို့ရတယ်။ အယောက် ၂၀ ကျော်ဆိုတော့ သုံးပုံတစ်ပုံ လောက်ပေါ့နော်။ ဆိုတော့ အမျိုးသမီးပါဝင်မှုက အခုသင်တန်းမှာ ပိုများလာတယ်။ သင်တန်းမှာ အမျိုးသမီးတွေကို အထွေအထူး ညှာပေးတာမျိုးမရှိပါဘူး။ အားလုံးကလဲ လိုက်နိုင်ကြတယ် သင်တန်းလဲ ပြီးမြောက်နိုင်ကြတယ်။ အဲဒီအတွက် ကျွန်တော်တို့ ဂုဏ်ယူတယ်။ အားရတယ်” ဟု ၎င်းကပြောသည်။ အထူးစစ်ဆင်ရေးသင်တန်းသင်တန်းတွင် အခြေခံစစ်သင်တန်းများနှင့် စစ်ရေးပညာရပ်များအပြင် အရေးပေါ်ပြုစုနည်း (First Aid) နှင့် နိုင်ငံရေးဆိုင်ရာ ဘာသာရပ်များကို သင်ကြားပေးထားပြီး ပြီးမြောက်သူအချို့အား ရဲဘော်တစ်ဦးချင်းစီနှင့် ကိုက်ညီသော တာဝန်များကို ခန့်အပ်ထားပြီဖြစ်ကြောင်း သိရသည်။ CDF-Zotung တပ်ဖွဲ့တွင် အမျိုးသမီးရဲဘော်များသည် ဆေးဘက်ဆိုင်ရာဌာနတွင်လည်းကောင်း၊ ရှေ့တန်းစစ်မြေပြင်တွင်…
