Author: Editor

ပြည်သူများ၏ ဝေဖန်ထောက်ပြမှုကို ကြိုဆိုကြောင်းဆို (004SS) ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ခရီးသွားလူငယ် ၁၆ ဦးကို လုပ်ထုံး လုပ်နည်းနှင့် မညီဘဲ တုတ်ဖြင့်ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်အတွက် တာဝန်ရှိသူများက ကာယကံရှင်လူငယ်များကို တရားဝင်တောင်းပန်ခဲ့ကြောင်း CDF – ဟားခါးက ယနေ့ မတ်လ ၁၂ ရက် မှာ ထုတ်ပြန်သည်။ ပြီးခဲ့သည့် မတ်လ ၇ ရက်က CDF-Hakha ၏ စစ်ဆေးရေးဂိတ်တစ်ခု၌ တာဝန်ကျတပ်ဖွဲ့ဝင်အချို့သည် ခရီးသွားလာနေသည့် လူငယ် ၁၃ ဦးကို (၂) ကြိမ်စီနှင့် အခြားလူငယ် ၃ ဦးကို (၁) ကြိမ်စီ တုတ်ဖြင့် ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွါးခဲ့ခြင်းဟု သိရသည်။ အဆိုပါဖြစ်စဉ် ဖြစ်ပွါးပြီးနောက် နှစ်ဖက်တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး CDF-Hakha တပ်ဖွဲ့က လုပ်ထုံး လုပ်နည်းနှင့် မညီဘဲ တုတ်နှင့်ရိုက်နှက်ခဲ့မိသည့်အတွက် မှားယွင်းသွားကြောင်းဝန်ခံကာ ယခုကဲ့သို့ တရားဝင် တောင်းပန်စာ ထုတ်ပြန်လာခြင်း ဖြစ်သည်။ အရိုက်ခံရသည့် လူငယ်များဘက်ကလည်း မိမိတို့အချင်းချင်းကြား ယခုကဲ့သို့ ဖြစ်ပျက်ခဲ့သည့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်းနှင့် နောင်တွင် အခြားသူများ ထပ်မကြုံတွေ့စေရန် သင်ခန်းစာတစ်ခု ဖြစ်စေလိုကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု သိရသည်။ တွေ့ဆုံမှုအပြီးတွင် နှစ်ဖက်စလုံး လက်ဆွဲနှုတ်ဆက်ခြင်းနှင့် အတူတကွ ဆုတောင်းပေးခြင်းများ ပြုလုပ်ခဲ့ကြပြီး ပြန်လည်ပြေလည်မှု ရရှိသွားပြီဖြစ်ကြောင်း သိရသည်။ CDF-Hakha သည် “ပြည်သူကို ပြန်လည်လေးစားရမည်” ဟူသော စည်းကမ်းချက်ကို အတိအကျရေးဆွဲထားသော အဖွဲ့အစည်းဖြစ်ကြောင်းနှင့် နောင်တွင်လည်း CDF – ဟားခါး…

Read More

(006SV) အာဏာသိမ်းစစ်ကော်မရှင်သည် ချင်းပြည်နယ်မှာ လက်ရှိ ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်ကို ထုတ်ပယ်လိုက်ပြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးတို့ကို အသစ်ပြောင်းလဲ ခန့်အပ်လိုက်ကြောင်း သိရသည်။ လက်ရှိ ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုးကို ကျန်းမာရေးအရ မတ်လ ၁ ရက်မှစတင်၍ တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း စစ်ကော်မရှင်က ယမန်နေ့ မတ်လ ၁၀ ရက်မှာ ကြေညာသည်။ ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဦးမြတ်စံကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း စစ်ကော်မရှင်က မတ်လ ၁၀ ရက်မှာ ထုတ်ပြန်သည်။ ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီးအဖြစ်လည်း ဦးကျော်သောင်းအောင်ကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း စစ်ကော်မရှင်က မတ်လ ၁၀ ရက်မှာထုတ်ပြန်သည်။ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော ရွေးကောက်ပွဲများ ပြီးစီးပြီနောက် မတ်လအတွင်း လွှတ်တော်များ စတင်ခေါ်ယူရန် ပြင်ဆင်နေပြီး ဧပြီလဆန်းပိုင်းတွင် အစိုးရအဖွဲ့များ စတင်ဖွဲ့စည်းမည်ဖြစ်ကြောင်း စစ်ကော်မရှင်က ကြေညာထားသလို စစ်အစိုးရအဖွဲ့အသစ်ကို မလွှဲပြောင်းမှီ ချင်းပြည်နယ်က တရားလွှတ်တော်ရာထူးများကို အပြောင်းအလဲ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

Read More

(004SS) အာဏာသိမ်းစစ်ကော်မရှင်လက်အောက်တွင် ကျင်းပသော ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့ မတ်လ ၁၁ နေ့တွင် နိုင်ငံတစ်ဝှမ်းလုံးမှာ စတင်ဖြေဆိုနေပြီဖြစ်ကာ ချင်းပြည်နယ်တွင် ဟားခါးမြို့နှင့် တီးတိန်မြို့တွင်သာ စာစစ်ဌာန ၂ ခုဖြင့် ကျင်းပနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံစာစစ်ဌာန၏ ထုတ်ပြန်ချက်အရ မတ်လ ၁၁ ရက်မှ ၁၇ ရက်နေ့ အထိကျင်းပသွားမည်ဖြစ်ပြီး ချင်းပြည်နယ်မှ အထက (၁) ဟားခါး နှင့် အထက (၁) တီးတိန် စာစစ်ဌာန ၂ တွင် စာရင်းပေးသွင်းသူ ကျောင်းသား/သူ ၉၁၅ဦး ရှိကြောင်း သိရသည်။ ယနေ့မြန်မာစာဖြေဆိုမည့် စာမေးပွဲ ပထမရက်တွင် ဟားခါးမြို့အတွင်းရှိ လမ်းဆုံလမ်းခွများတွင် စစ်ကော်မရှင်တပ်ဖွဲ့က လုံခြုံရေး အပြည့်ဖြင့် နေရာယူထားကြောင်း ဒေသခံများထံမှ သိရသည်။ “ဒီနေ့စာမေးပွဲစဖြေပြီ အထက-၁ မှာ ပဲဖြေတယ်၊ အယောက် ၄၀၀ ကျော်လောက်ပဲရှိတယ်လို့သိရတယ်။ ဒီမနက်လမ်း လျှောက်သွားတာ လမ်းမကြီးရော၊ သီတာလမ်းခွဲ၊ ဆပ်တားလမ်းခွဲ၊ သစ်တောလမ်းခွဲစသဖြင့် စစ်သားတွေ၊ ရဲတွေ လုံခြုံရေးအပြည့်ပဲ။ ပြီးတော့ မနက်အစော ၇/၈ နာရီလောက် ကလဲ သေနတ်ပစ်ခတ်သံကြားတယ်။” ဟု ဟားခါးမြို့ ဒေသခံ အမျိုးသားတသစ်ဦးက ပြောသည်။ အထက (၁) ဟားခါးတွင် အစိုးရ အထက်တန်းကျောင်း ၄ ခု နှင့် ကိုယ်ပိုင် အထက်တန်းကျောင်း ၄ ခု မှ ကျောင်းတွင်း /ပြင်ပ ဖြေဆိုရန် စာရင်းပေးသွင်းသူ…

Read More

(006SV) ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိကြောင်း သိရသည်။ ယနေ့ မတ်လ ၁၁ ရက် မနက် ၈ နာရီခန့်က ဟားခါးမြို့၊ ပြည်တော်သာ ရပ်ကွက်တွင် ဒေသခံပြည်သူများထံကို ယာဉ်မောင်းလိုင်စင်များ စစ်ဆေးပြီး ငွေကြေးအတောင်းကြမ်းနေသော ရဲတပ်ဖွဲ့ဝင်များကို CDF – ဟားခါးက ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း CDF ဟားခါးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဒီနေ့ မနက် ၈ နာရီကျော်ကျော်လောက်မှာ ပြည်တော်သာရပ်ကွက်မှာ ရဲက ဆိုင်ကယ် ယာဉ်မောင်းလိုင်စင်တွေ စစ်ပြီးတော့ ပိုက်ဆံတွေ မတရားတောင်းလို့ ကျနော်တို့ ပစ်ထားတယ်။ တစ်ယောက်သေတယ်။ ဒဏ်ရာ ရသူတွေ လည်း ရှိတယ်” ဟု CDF ဟားခါးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပစ်ခတ်မှုတွင် စစ်ကော်မရှင်၏ ဟားခါးမြို့ပေါ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တချို့လည်း ထိခိုက်ဒဏ်ရာများ ရရှိပြီး အရေအတွက် အတိအကျကို မသိရှိသေးကြောင်း သိရသည်။ ဟားခါးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ကြား မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိနေကြောင်း သိရသည်။

Read More

(006SV) ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသက စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကော်မရှင်တပ်က သုံးနာရီခွဲကြာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ စစ်ကော်မရှင် စစ်သုံ့ပန်း အသေအပျောက် အများဆုံးဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး အရာရှိကြီးများအပါအဝင် ၁၁၆ ဦး သေဆုံးပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိကြောင်း သိရသည်။ မတ်လ ၈ ရက် နံနက် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီခွဲခန့်အထိ စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာ ၄ စီး၊ Y- 12 ၄ စီးတို့ဖြင့် ဒါးလက်ချောင်းဒေသရှိ အာရက္ခတပ်တော် ULA/ AA ၏ စစ်သုံ့ပန်းအကျဉ်းစခန်းကို ၃ နာရီခွဲခန့် ကြာမြင့်သော လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုမျိုးကို မရပ်မနား ပြုလုပ်သည်ဟု ULA/ AA က ယနေ့မတ်လ ၁၁ ရက်မှာ ထုတ်ပြန်သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် လတ်တလောစာရင်းအရ စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း၊ ထို့အပြင် ပြင်းထန်၊ အလတ်စား၊ အသေးစားဒဏ်ရာ ရရှိသူ အများအပြားလည်း ရှိနေသေးကြောင်း သိရသည်။ အရပ်သားများထဲက ပြစ်ဒဏ်ကျခံရသူတချို့လည်း အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးမှု၊ ထိခိုက်ဒဏ်ရရှိမှုလည်း ရှိခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်း စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်များတွင် စစ်ကော်မရှင်တပ်ဖွဲ့မှ စစ်သုံ့ပန်းများ အသေအပျောက် အများဆုံးဖြစ်စဉ် ဖြစ်ပြီး စစ်ဘက်အရာရှိကြီး များစွာလည်း ပွဲချင်းပြီး သေဆုံးကြောင်း သိရသည်။ စစ်သုံ့ပန်းအလောင်းတချို့မှာ…

Read More

(004SS) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် Ramthlo ကျေးရွာတွင် ယနေ့ မတ်လ ၁၁ ရက်နေ့က လက်နက်ကြီးကျည်တစ်လုံး ပေါက်ကွဲမှုဖြစ်ပွါးပြီး ကလေးငယ်တစ်ဦး သေဆုံးကာ ကျန်တစ်ဦးမှာ ပြင်းထန်ဒါဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါလက်နက်ကြီးကျည်သည် ယခင်က စစ်ကော်မရှင်တပ်မှ ပစ်ခတ်ပြီး မပေါက်ကွဲဘဲ အချိန်အတော်ကြာ ကျန်ရှိ နေခဲ့သည့်ကျည်ဖြစ်ပြီး ကလေးငယ်နှစ်ဦးက တွေ့ရှိကာ ဆော့ကစားရာမှ ပေါက်ကွဲမှု ဖြစ်ပွါးခဲ့ခြင်းဟု သိရသည်။ “ဟုတ်တယ် သူတို့က ၂ ယောက် ပေါ့နော်၊ မပေါက်ကွဲသေးတဲ့ ဗုံးကို ပစ်ပေါက်လိုက်တော့ ပေါက်ကွဲပြီထိတာလို့ လော လောဆယ် အဲလိုပဲ ကြားသိရတယ်။ အဲမှာ တစ်ယောက်က နေရာမှာတင် ပွဲချင်းဆုံးသွားတယ်။ နောက်တစ်ယောက်ကတော့ ဟားခါးဆေးရုံ လာပို့တယ်၊ အကြောင်းစုံတော့ မသိရသေးဘူး။” ဟု ဟားခါးမြို့နေ Ramthlo ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ပေါက်ကွဲမှုကြောင့် အသက် (၁၁) နှစ်အရွယ် Johan Thawng Tha Thang မှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွား ခဲ့ပြီး အသက် (၈) နှစ်အရွယ် ကလေးငယ်မှာမူ ခြေထောက်တဖက် ပြတ်တောက်သွားသည့်အထိ ဒဏ်ရာပြင်းထန် ပြီး ဟားခါးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။ တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ဒေသများတွင် လက်နက်ကြီးကျည်နှင့် မပေါက်ကွဲသေးသည့် ခဲယမ်းများ ကျန်ရှိနေနိုင်သဖြင့် ဒေသခံပြည်သူများအနေဖြင့် ထူးဆန်းသော သံထည်ပစ္စည်းများအား ကိုင်တွယ်ခြင်း၊ ရွှေ့ပြောင်းခြင်းနှင့် ထုနှက်ခြင်းများ လုံးဝမပြုလုပ်ကြရန် အရေးကြီးသည်။

Read More

(002MG) ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် ပြည်သူများအား နှောက်ယှက်ကာ ငွေညစ်တောင်းခံနေသည့်ရဲတပ်ဖွဲ့ကို CDF- Hakha မှပစ်ခတ်တိုက်ခိုက်ရာမှာ ရဲတပ်ဖွဲ့ဝင် (၂) ဦးသေဆုံးကာ (၁) ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု CDF-Hakha က ယနေ့ထုတ် ပြန် သည်။ ယနေ့မတ်လ ၁၁ ရက်မနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်များအားစစ်ဆေးငွေညစ်နေစဥ် CDF-Hakha မှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာတွင် ရဲတပ်ဖွဲ့ဝင် (၁) ဦးမှာ သေဆုံးခဲ့ပြီး (၂) ဦး ဒဏ်ရာရရှိ ကာ ဒဏ်ရာရရှိသူထဲက တစ်ဦးသည် စခန်းသို့ရောက်ရှိပြီးနောက် ထပ်မံသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ ပြည်သူလူထုအား မတရားနှောက်ယှက်ခြင်း၊ ငွေညစ်တောင်းခံခြင်းများ ပြုလုပ်နေသည့် အဖွဲ့အစည်းများအနေဖြင့် နောက်တစ်ကြိမ် ထပ်မံမပြုလုပ်ရန်နှင့် မတရားလုပ်ရပ်များ ဆက်လက်ပြု လုပ်ပါက ထိရောက်သော အရေးယူမှုများ ဆက် လက်လုပ်ဆောင်သွားမည်ဟု CDF-Hakha အဖွဲ့မှ သတိပေးထုတ်ပြန်သည်။ ပြည်သူများအနေဖြင့်လည်း မတရားညှဉ်းပန်းနှောက်ယှက်မှုများအား သတိထားကာ လုံခြုံရေးကို ဂရုပြုကြပါရန် အသိပေးဖော်ပြထားသည်။

Read More

(002MG) စစ်ကော်မရှင်တပ်၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီ လအတွင်း အမျိုးသမီး (၆၃) ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၆၆) ဦးအထိ ရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂမှ ယနေ့ မတ်လ (၁၀) ရက်တွင် သတင်းထုတ်ပြန်ထားသည်။ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်ကော်မရှင်၏ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ကြောင့် အမျိုးသမီး (၄၆) ဦး၊ လက်နက်ကြီးကြောင့် (၈) ဦး၊ မတရားသတ်ဖြတ်ခံ ရမှု ကြောင့် (၇) ဦး နှင့် ကျည်ထိမှန်မှုကြောင့် (၂) စုစုပေါင်း (၆၃) ဦး တို့ အသက်ဆုံးရှုံးခဲ့ကြရသည်ဟု သိရသည်။အဆိုပါသေဆုံးသူများထဲတွင် အသက် (၁၈) နှစ်အောက် အမျိုးသမီးငယ် (၁၈) ဦး နှင့် ကိုယ်ဝန် ဆောင်အမျိုးသမီး (၁) ဦး ပါဝင်သည်ဟု ဖော်ပြထားသည်။ထို့အပြင်လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၄၁) ဦး၊ လက်နက် ကြီးပစ်ခတ်ခံရမှုကြောင့် (၁၃) ဦး၊ မြေမြှုပ် မိုင်းကြောင့် (၁၀) ဦး၊ ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် အမျိုးသမီး (၂) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်ဟု သိရသည်။ရခိုင်ပြည်နယ်သည် အမျိုးသမီးသေဆုံးမှု (၂၂) ဦးဖြင့် အမြင့်ဆုံးဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် (၁၂) ဦး၊ မကွေးတိုင်း တွင် (၁၁) ဦး၊ တနသ်ာရီတိုင်းတွင် (၆) ဦး၊ မန္တလေးတိုင်းတွင် (၅) ဦး၊ ပဲခူးတိုင်း တွင် (၂)…

Read More

စစ်ကော်မရှင် ထိုးစစ်များသည် ဖလမ်းမြို့နှင့် ဆုရ်းဘုန်လေဆိပ်သို့ ဦးတည်ဟု ICA သုံးသပ် (006SV) အာဏာသိမ်းစစ်ကော်မရှင်၏ ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သို့ ၄ လကြာ ထိုးစစ်ဆင်နေသည့် တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀၀ ကျော် သေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ၄၀ ကျော် ရှိနေကြောင်း ချင်းရေးရာ အဖွဲ့ချုပ် (ICA) ထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်၍ ဝေဘူလ- ဖလမ်းနှင့် သိုင်းငင်း- ဖလမ်းလမ်းကြောင်းတို့မှတက်လာသော အင်အား ၁၀၀၀ ခန့်ရှိ စစ်ကော်မရှင်တပ်သည် ဖလမ်းမြို့အတွင်းစစ်ဆင်ရေးမှာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်များက ဒရုန်းအပါအဝင် နည်းမျိုးစုံဖြင့် ခုခံတွန်းလှန်မှုကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀၀ ကျော် သေဆုံးသည်ဟု ဆိုသည်။ “ကျနော်တို့ အပေါ်ယံကြည့်မယ်ဆိုရင်၊ ကျနော်တို့ ထဲထဲ ဝင်ဝင်တော့ ဒါက စစ်ရေးကိစ္စဆိုတော့ မသိဘူးပေါ့။ ဒါပေမယ့် လေ့လာသုံးသပ်ကြည့်ရတာ‌တော့ ဒရုန်းနဲ့ တိုက်ခိုက်မှုမှာ စကမတွေ အတော်လေး အထိနာတာ တွေ့ရတယ်။ နောက်တစ်ခုက စနိုက်ဘာပေါ့နော်။ ဒီ ၂ ခုကတော့ သိသိသာသာ ထင်ထင်ရှားရှား တွေ့ရတယ်။ ထွက်ပြေးတာက သူတို့က စစ်မတိုက်ချင်တော့လို့ ထွက်ပြေးရင် လမ်းမှာ အဖမ်းခံရတာတို့၊ ကျနော်တို့ ဒေတာ ပြုစုတဲ့အထဲ မပါရှိနိုင်တာက ဖမ်းဆီးမခံရဘဲ ထွက်ပြေးသွားနိုင်တဲ့ လူတွေလည်း တော်တော်များများ ရှိနိုင်တယ်။ အဲလိုအခြေအနေ ရှိတယ်” ဟု ICA မှ ပြောရေးဆိုခွင့်ရှိသူ Salai Van Sui San…

Read More

ဆေးဝါး၊ အမိုးအကာ အပါအဝင် အခြေခံစားနပ်ရိက္ခာအကူအညီများ အရေးပေါ် လိုအပ်နေ (006SV) အာဏာသိမ်းစစ်ကော်မရှင်တပ်၏ ထိုးစစ်ဆင်နေမှုကြောင့် ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်ရှိ ကျေးရွာပေါင်း ၃၀ ကျော်က ဒေသခံပြည်သူ ၃၀၀၀ ကျော်သည် ၄ လကျော်ကြာ အိုးအိမ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရကြောင်း ချင်းရေးရာအဖွဲ့ချုပ် (ICA)ထံမှ သိရသည်။ ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်တို့က ကလေး- သိုင်းငင်း၊ ကလေး- ဝေဘူလ လမ်းဘေး တစ် လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများသည် အိန္ဒိယနိုင်ငံဘက်၊ ကလေးမြို့ဘက်အပါအဝင် တောတောင် များနှင့် စစ်ကြောင်း အလှမ်းဝေးသော ကျေးရွာများတွင် စစ်ဘေးတိမ်းရှောင်နေရသည်။ “အခုက ရွာပေါင်း ၅၀ ကျော်နေပြီ။ တချို့တဝက်က အိန္ဒိယ၊ မီဇိုရမ်ဘက်ကို တိမ်းရှောင်တဲ့ လူတွေ ရှိသလို ကလေးမြို့ဘက်ကို တိမ်းရှောင်တဲ့ လူတွေလည်း ရှိတယ်။ ဒါပေမယ့် ငွေကြေးမတတ်နိုင်တဲ့ လူတွေက တောထဲမှာပဲ အဆင်ပြေသလို တိမ်းရှောင် နေတာ တွေ့ရတယ်။ အခု စစ်ဘေးတိမ်းရှောင်လာတဲ့ ရွာတွေ အားလုံးက စကမ စစ်ကြောင်းထိုးလာတဲ့ လမ်းကြောင်းတလျှောက် မှာ ရှိတဲ့ ရွာတွေပါ။ တချို့ရွာတွေက စကမတွေ မရောက်ရှိသေး ပေမယ့်လည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခံရတဲ့ ရွာတွေ ဖြစ်တယ်။ လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်တိုက် ခံရတဲ့ ရွာတွေ ဖြစ်တဲ့အခါမှာ ဘယ်သူမှ ရွာမှာ မနေရဲကြတော့တဲ့ အနေအထားပါ” ဟု ICA မှ ပြောရေးဆိုခွင့်ရှိသူ Salai Van…

Read More