Author: Editor

(005MK) မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်၊ တွီဒင်းရွာနှင့် ကာကီရွာတို့တွင် မိုးပြင်း ထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီးမှုဖြစ်ကာ ပလက်ဝမြို့နယ်မှစစ်ဘေးရှောင်များ၏ နေအိမ်အများအပြား ရေမြှပ်၊မျှောပါသည့် အခြေအနေ ကြုံတွေ့ရင်ဆိုင်နေရသည်ဟု Paletwa IDPs and Humanitarian supporting အဖွဲ့ကထုတ်ပြန်သည်။ တွီဒင်းကျေးရွာ နှင့် ကာကီကျေးရွာ မြစ်ကမ်းဘေးနားတွင်တည်ရှိသည့် စစ်ဘေးရှောင်များ၏နေအိမ်များသည် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့ မေလ (၃၁) ရက်နေ့ (၁) နာရီခန့်အချိန်တွင် မြစ်ရေကြီးမှုဖြစ်ပေါ်နေပြီး တွီဒင်း စစ်ရှောင်စခန်းမှာ နေအိမ် (၅၆) အိမ်ခန့်၊ ကာကီ စစ်ရှောင်စခန်းမှ နေအိမ် (၈၀) ခန့် ရေမြှပ်သည့် အခြေအနေကြုံနေရသည်ဟု ဆိုသည်။ ရေအဆက်မပြတ်တက်လာသောကြောင့် မြစ်ကမ်းနားနေ စစ်ဘေးရှောင်ပြည်သူများသည် တွီဒင်းကျေးရွာအတွင်း ရှိနီးစပ်ရာနေအိမ်များ၌သော်လည်းကောင်း၊ ရွာအတွင်းခန်းမနေရာများ၌သော်လည်းကောင်း အရေးပေါ်ပြောင်း ရွှေ့နေထိုင်နေရကြောင်း သိရသည်။ ရေကြီးမှုကြောင့်နေအိမ်များ ဆုံးရှုံးမှုဖြစ်နေသောကြောင့် အမိုးအကာ၊အစားအသောက်များ အရေးပေါ်အကူညီများလို အပ်နေပြီးပြန်လည်တည်ဆောက်နိုင်ရေးအတွက်ငွေကြေးအကူအညီများလည်းလိုအပ်နေသောကြောင့် ဝိုင်းဝန်းကူညီပေးကြရန် Paletwa IDPs and Humanitarian supporting အဖွဲ့က တောင်းဆိုထားသည်။

Read More

(005MK) မီဇိုရမ်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြည်နယ်တဝန်းလုံးမှာ ရေကြီး မြေပြိုမှုများဖြစ်ပွားလျှက်ရှိကာ Vaphai ကျေးရွာက မြေပြိုမှုတွင် စစ်ဘေးရှောင် ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ယနေ့မေလ ၃၁ ရက်မနက်ပိုင်း ၄ နာရီခန့်တွင် ကျန်ဖိုင်းခရိုင် Vaphai ကျေးရွာတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များငှါးရမ်းနေထိုင်သည့် နေအိမ်တစ်လုံးပြိုကျခဲ့ခြင်းဖြစ်သည်။ မြေပြိုမှုကြောင့် သေဆုံးသွားသူများမှာ ကလေးမြို့နယ် Vutbuak ကျေးရွာမှ Vaphai ကျေးရွာသို့ စစ်ဘေးရှောင်လာ ကြသော အသက် ၇၁ နှစ်အရွယ် Pu Lenkhuaithanga၊ အသက် ၄၈ နှစ်အရွယ် Pi Lalneihthuami နှင့် ကိုယ်ဝန် ၄ လ လွယ်ထားရသော အသက် ၃၄ နှစ်အရွယ် Pi Lalramniengi တို့ဖြစ်ကြသည်ဟု မီဇိုရမ်ဒေသတွင်းသတင်းမှာဖော်ပြ ထားသည်။ Pi Lalramniengi ၏ အမျိုးသား Pu Pekhmingthanga နှင့် Lalzama တို့ နှစ်ဦးမှာ ကံကောင်းထောက်မစွာဖြင့် အသက်ဘေးမှလွတ်မြောက်ခဲ့ကြပြီး ဒဏ်ရာကိုယ်စီရရှိခဲ့ကြသည်ဟု ဖော်ပြထားသည်။ မြေပြိုမှုကြောင့် သေဆုံးသူ ၃ ဦး၏ ရုပ်အလောင်းကို Vaphai ကျေးရွာတွင် ယနေ့နေ့လယ်ပိုင်းက မြေမြုပ်သဂြိုလ်ခဲ့ကြသည်ဟု သိရသည်။ အလားတူ Serchhip မြို့မှာလည်း ယနေ့မနက်ပိုင်းက မြေပြိုမှုကြောင့် ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့မှာလည်း ယမန်နေ့ညက မြေပြိုမှုဖြစ်ပွားကာ တည်းခိုခန်း နှင့် နေအိမ်အနည်းဆုံး ၅ လုံးခန့်ပြိုကျခဲ့ပြီး အပျက်စီးကြားပိတ်မိနေသူများကို ကယ်ထုတ်နိုင်ပြီလို့သိရသည်။

Read More

(006SV) ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ထဲက ကလေးငယ်နှင့် အမျိုးသမီးများ အများစုပါဝင်သည့် ချင်းပြည်သူ ၂၀ ဝန်းကျင်သည် မလေး ရှားနိုင်ငံအတွင်းကို ဝင်ရောက်လာစဉ် ဖမ်းဆီးခံရပြီးနောက် အမှုရင်ဆိုင်နေရကြောင်း မလေးရှားရောက် ချင်းလူမျိုးများကို ကူညီပေးနေသူများထံမှ သိရသည်။ မလေးရှားနိုင်ငံအတွင်းသို့ ကား ၂ စီးဖြင့် မြန်မာနိုင်ငံသား ချင်းလူမျိုး ၂၀ ဦး၊ ရခိုင်လူမျိုး ၃ ဦးတို့သည် ဝင်ရောက်လာစဉ် မေလ ၂၃ ရက်က မလေးရှားအာဏာပိုင်များ၏ ဖမ်းဆီးခံရခြင်းဖြစ်ပြီး လက်ရှိတွင် ကွာလာလမ်ပူရဲစခန်းမှာ အမှုရင်ဆိုင်နေရသည်ဟု မလေးရှားရောက် ချင်းလူမျိုးများကို ကူညီပေးနေသူ ဦးအိုက်လွင်က ပြောသည်။ “အခုလောလောဆယ်မှာတော့ သူတို့ရဲ့ စစ်ချက်တွေ ဘာသာပြန်သွားလုပ်တယ်။ အမှုကိုင်တဲ့ ရဲအရာရှိကို ကျနော်တို့အနေနဲ့ သူတို့က ဒုက္ခသည်ဖြစ်တယ်။ ချင်းတောင်မှာ လက်ရှိ နေလို့ မရလို့ မလေးရှားကို ဒုက္ခသည်အဖြစ် ခိုလှုံလာတဲ့ လူတွေ ဖြစ်တယ်။ အဲဒါကြောင့် UNHCR နဲ့ တွေ့ခွင့်ပေးပါလို့ တောင်းဆိုထားတယ်။ ကြားထဲမှာတော့ UNHCR နဲ့ တွေ့တာတော့ မရှိသေးဘူး။ ကျနော်တို့ကလည်း follow up လုပ်နေတယ်” ဟု ဦးအိုက်လွင်က ပြောသည်။ ဖမ်းဆီးခံရသူများမှာ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ထဲက အများဆုံးဖြစ်ကာ ၅ နှစ်အရွယ် ကလေး ၂ ဦး၊ ၆ နှစ်နှင့် ၇ နှစ်အရွယ် ကလေးငယ် ၂ဦး အပါအဝင် ကလေးငယ် ၅ ဦးပါဝင်ပြီး ၁၉ နှစ်နှင့် ၂၀…

Read More

(005MK) အိန္ဒိယနိုင်ငံ၊ နယူးဒေလီတွင် အစိုးရအပြောင်းအလဲဖြစ်ပြီးနောက် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ဖော်ထုတ်ပြီး မူရင်းနိုင်ငံကို ပြန်လည်ပို့ဆောင်ရန် စနစ်တကျဆောင်ရွက်မှုရှိလာသည့်အတွက် မြန်မာစစ်ဘေး ရှောင်/ဒုက္ခသည်များ သတိထားနေထိုင်ကြရန် India For Myanmar အဖွဲ့က မေလ ၂၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားသည်။ အထူးသဖြင့် ပါကစ္စတန်နှင့် အိန္ဒိယအကြား ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်းတွင် အိန္ဒိယအစိုးရသည် တရားမဝင် နေထိုင် သော နိုင်ငံခြားသားများအား ပိုမိုတင်းကြပ်စွာ ကိုင်တွယ်လာပြီး ရိုဟင်ဂျာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ နေရပ်ပြန် လည်ပို့ဆောင်ခံရမှုများ စတင်ကြုံနေရပြီဟု India For Myanmar က ဆိုသည်။ ထို့အပြင် အိန္ဒိယနိုင်ငံ UNHCR ရုံးကလည်း ဒုက္ခသည်များ၏ အချက်အလက်များကို အိန္ဒိယအစိုးရထံ လွှဲပြောင်းပေး ထားသည့်အတွက် UNHCR တွင် စာရင်းပေးထားသူများ၏ အချက်အလက်များကို အိန္ဒိယအစိုးရက ရရှိထားပြီဟုဆိုသည်။ ထို့ကြောင့် အိန္ဒိယအစိုးရက ပစ်မှတ်ထားခံရနိုင်ခြေရှိသူဟု ကိုယ့်ကိုယ်ကို သတ်မှတ်ပါက UNHCR ရုံးမှာ စာရင်း သွင်းခဲ့သည့် လိပ်စာမှာ ဆက်လက်နေထိုင်ခြင်းမပြုဘဲ ဘေးကင်းရာနေရာကို ယာယီခိုလှုံနေထိုင်ကြရန် India For Myanmar ကအကြံပြုထားသည်။ ပစ်မှတ်ထားခံရနိုင်ခြေ နည်းသူများအနေဖြင့် အိန္ဒိယအစိုးရမှ တရားဝင်အသိအမှတ်ပြုထားသည့် အထာက်အထားများ မပါဘဲ ခရီးသွားလာခြင်းမပြုရန်၊ UN card အပါအဝင် အရေးကြီးသောစာရွက်စာတမ်းများကို အမြဲသယ်ဆောင်ရန် နှင့် မလိုအပ်ဘဲစိုးရိမ်ထိတ်လန့်ခြင်း၊ အထောက်အထားမခိုင်လုံဘဲ ရှောင်ထွက်ခြင်းများမပြုလုပ်ကြရန် India for Myanmar က ထုတ်ပြန်ထားသည်။ အိိန္ဒယနိုင်ငံ နယူးဒေလီမြို့တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင် တစ်သောင်းကျော်ခန့်ရှိပြီး ယင်းအနက်…

Read More

(005MK) ချင်းပြည်နယ် ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသ ရိခေါဒါရ်မြို့က ဘိန်းဖြူအမြောက်အများဖမ်းဆီးရမိသော TPCE မူကြိုကျောင်းတွင် စိတ်ကြွဆေးပြားများ ထပ်မံဖမ်းဆီးရမိကြောင်း Hualngoram People Organization /CDF-Hualngoram က ထုတ်ပြန်သည်။ HPO/CDF Hualngoram သည် ပြီးခဲ့သော မေလ ၂၂ ရက်နေ့က ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက်(တီအိုချောင်း) က TPCE မူကြိုကျောင်းတွင် ဘိန်းဖြူ ဆပ်ပြာ ဗူး (၄၂၇) ဗူးဖမ်းဆီးခဲ့ပြီးနောက် အဆိုပါမူကြိုကျောင်းကိုလည်း ဟွာလ်ငိုးရမ်းဒေသန္တရအစိုးရက ချိတ်ပိတ်ခဲ့သည်။ အဆိုပါအမှုနှင့်ပတ်သက်သောကွင်းဆက်များဖော်ထုတ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်တွင် မေလ ၂၈ ရက်နေ့ က ကျောင်းသားမိဘတစ်ချို့၏တောင်းဆိုချက်ဖြင့် အမှုတော်ဆောင်များနှင့် အသိသက်သေများ ရှေ့မှောက်တွင် ကျောင်းအပ်နှံသည့် ငွေစာရင်းများအား ရှာဖွေဆောင်ရွက်ရာမှာ နေအိမ်အတွင်း ဝှက်ထားသော စိတ်ကြွဆေးပြား ၆၀၀၀ နှင့်အတူ မူးယစ်ဆေးရောင်းချရာတွင်အသုံးပြုသော ရူပီးငွေ ၅၁၀၀၀ နှင့် မြန်မာ ကျပ်ငွေ ၂၆၇၄၀၀၀ တို့ကို ထပ်မံဖမ်းဆီးခဲ့သည်ဟု HPO/CDF-Hualngoram က မေလ ၂၉ ရက်နေ့က ထုတ်ပြန်သည်။ လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေသော မူးယစ်ဆေးဝါးများဖမ်းဆီးသည့် TPCE မူကြို ကျောင်းအုပ် ဦးငွန်ဆွီးထန်းကိုဖမ်းဆီးနိုင်ရေးအတွက် မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့၊ YMA များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း HPO/CDF-Hualngoram ကပြောသည်။ TPCE မူကြို ကျောင်းအုပ် ဦးငွန်ဆွီးထန်းသည် CNO/CNDF ၏ ပညာရေးဘုတ်အဖွဲ့ဝင်ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း CNO ပညာ ရေးဌာနက ၎င်းတို့၏ အဖွဲ့ဝင်မဟုတ်ကြောင်းနှင့် ပတ်သက်ဆက်နွယ်မှုမရှိ ကြောင်း…

Read More

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် AA က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ စစ်ကောင်စီလက်ထဲကနေအလုံးစုံသိမ်းပိုက်လိုက်ပြီးနောက် အာရက္ခအစိုးရအုပ်ချုပ်ရေးလည်ပတ်နေတာ ခုဆိုရင် ၁ နှစ် ကျော်ရှိလာပြီဖြစ်ပါတယ်။ စစ်ကောင်စီ ကင်းစင်ပြီဖြစ်တဲ့ ပလက်ဝမြို့နယ်မှာ ULA/AA က အုပ်ချုပ်ရေးလုပ်ငန်းဖော်ဆောင်နေတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ ပလက်ဝဒေသခံပြည်သူတွေဟာ လူ့အခွင့်အရေး၊ ဘာသာရေးလွတ်လပ်ခွင့်တွေ ချိုးဖောက်ခံနေရပြီး ယနေ့ချိန်ထိ အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရဆဲလို့ ပလက်ဝမြို့နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေကပြောပါတယ်။ ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် ULA/AA ဟာ ပလက်ဝမြို့နယ်မှာ လူစုလူဝေးပြုလုပ်ခွင့် ပိတ်ပင်တာ၊ ခရစ်ယာန်ဘုရားကျောင်းဝတ်ပြုမှုဆိုင်ရာ ကိစ္စတွေကို ကန့်သတ်တာ၊ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကို ပံ့ပိုးတယ်ဆိုပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးထိန်းသိမ်းတာအပြင် ဒေသခံအမျိုးသမီးတွေကို မုဒိမ်းပြုကျင့်တာနဲ့ တရားခံမပေါ်တဲ့ သုံးလောင်းပြိုင် လူသတ်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ် MBC က အသိအမှတ်ပြုထားတဲ့ အမှုတော်ဆောင်ဆရာလည်းဖြစ်၊ ပလက်ဝမြို့နယ် ခဝဲကျေးရွာနှစ်ခြင်းအသင်းတော်ရဲ့ သင်းအုပ်ပါစတာတစ်ပါးဖြစ်သူ သိက္ခာတော်ရ ဆရာ ဦးလိုဒိန်းကို ULA/AA ဗိုလ်ကြီးတစ်ဦးဆိုသူက အပြင်းအထန် ထိုးကြိတ်ရိုက်နှက်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သိက္ခာတော်ရဆရာ ဦးလိုဒိန်းကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ဆရာက ခဝဲကျေးရွာမှာ ဘယ်လိုပုံစံမျိုးနဲ့ အမှုတော်ဆောင် တာလဲ? ဘယ်လောက်ကြာပြီလဲ? ဖြေ။ ကျွန်တော်က ခရစ်ယာန်အမှုတော်ဆောင်တစ်ဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန် အသင်း ချုပ် ဓမ္မဝန်ဆောင်ကဒ်အမှတ်- ၁၂၁၂၄ ကို ကိုင်ဆောင်တဲ့ သိက္ခတော်ရ ပါစတာတစ်ပါးဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ် ကျမ်းစာ ကျောင်းဆင်းပြီးကတည်းက…

Read More

(006SV) ကလေးမြို့မှ ချင်းတောင်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကြောင့် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရသော တီးတိန်ဒေသခံပြည်သူ ၁၃၀၀ ကျော်သည် အခြေခံစားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါးများ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်မှ ချင်းတောင်ဘက်သို့ မေလ ၁၈ ရက်မှ စတင်၍ စစ်ကောင်စီသည် အင်အားရာချီဖြင့် စစ်ကြောင်းထိုးလာရာ တီးတိန်မြို့နယ် ကလေး- သိုင်းငင်းကားလမ်းပေါ်က မွှလ်မီး၊ ထေးဇန်၊ ဟိန်ဇိန်နှင့် ဗွန်ဆမ်ကျေးရွာက ဒေသခံပြည်သူ အားလုံးသည် နီးစပ်ရာကျေးရွာများ၊ တောင်ယာတဲများတွင် နှစ်ပတ်နီးပါးကြာ စစ်ဘေးရှောင်နေကြရသည်။ “အဲဒီ ၄ ရွာက ပြည်သူတွေက အကုန်လုံး အဲဒီမှာ မနေ့တော့ဘူး။ စစ်ဘေးရှောင်ကြတယ်။ သူတို့က နီးစပ်ရာ ရွာတွေကို သွားတယ်။ တောထဲ၊ တောင်ယာထဲမှာ နေတဲ့ လူတွေ ရှိတယ်။ လောလောဆယ်တော့ အကူအညီက အများကြီး လိုနေတာပေါ့နော။ အခုစစ်ရှောင်တွေက အစားအသောက်အတွက် အရမ်းလိုတယ်။ ဆေးဝါးကလည်း လိုတယ်။ အမိုးအကာတွေလည်း လိုတယ်။ မိုးလည်း တအားရွာတယ်” ဟု တီးတိန်မြို့ခံတဦးက ပြောသည်။ စစ်ဘေးရှောင်ထဲတွင် ကလေးငယ်က အများအပြား ပါဝင်ပြီး သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများလည်း ပါဝင်သည်ဟု သိရသည်။ ကလေးမြို့နှင့် ချင်းမြောက်ပိုင်းမြို့များကို ဆက်သွယ်ထားသော အဓိက လမ်းဖြစ်သည့် ကလေး – သိုင်းငင်း ကားလမ်း၏ အတက်၊ အဆင်း အားလုံးကို မေလ ၂၀ ရက်မှစတင်၍ ယာယီပိတ်လိုက်ကြောင်း CDF – CDM Siyin…

Read More

(006SV) အာရက္ခတပ်တော် ULA/AA က ရခိုင်ပြည်နယ်ထဲက ချင်းကျောင်းသား/သူများအပါအဝင် လူငယ် ၆၃ ဦးထက်မနည်းကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်သင်တန်းပေးနေခြင်းမှ ပြန်လည် လွှတ်ပေးရန် ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီ (ရခိုင်ပြည်နယ်) – CPSC က ယနေ့ မေလ ၂၈ ရက်မှာ ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုသည်။ မိသားစုစားဝတ်နေရေးအတွက် ပြည်မထွက် အလုပ်လုပ်မည့် ချင်းလူငယ်များနှင့် အသက်မပြည့်သေးသော ချင်းကျောင်းသား/သူ ၆၃ ဦးထက်မနည်းကို အာရက္ခတပ်တော် ULA/AA က ဖမ်းဆီးပြီး စစ်သင်တန်း ပို့ဆောင်သည်ကို မိသားစုဝင်များထံမှ သိရသည်ဟု CPSC က ထုတ်ပြန်သည်။ “ဘယ်လို ဖမ်းဆီးခေါ်ဆောင်သွားကြလဲဆိုတော့ တချို့က နောင်တော်ကြီး နောင်တော်လေး မြစ်ထဲမှာ ၊ တချို့က ရခိုင်ရိုးမကို ကျော်တဲ့အချိန်၊ တချို့က ကျောက်ဖြူမြို့နယ်ရဲ့ တဖက်ကမ်း သဲချောင်း ကူးတို့ဆိပ်မှာ၊ တချို့က ပြည်မသွားဖို့ ပွဲစားလုပ်လို့ ဆိုပြီး ရွာထဲ့ ဝင်ဖမ်းတာပါဗျ။ ကျနော်တို့ သတင်းမရတဲ့ ၊ဆက်သွယ်ရေး အခက်ခဲရှိတဲ့ သူတွေ လည်း အများကြီး ရှိနိုင်ပါသေးတယ်” ဟု CPSC ဗဟိုအလုပ်အမှုဆောင် Salai Kyro က ပြောသည်။ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်နှင့် မြေပုံမြို့နယ်ထဲက ချင်းလူငယ်များ ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်ပြီး ယင်းတို့မှာ အသက် အရွယ်အားဖြင့် ၁၃ နှစ်မှ ၄၅ နှစ်ကြား အရွယ်များဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးမှုများသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ၊ ၂၀၂၄ ခုနှစ်…

Read More

(006SV) စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်သို့ အင်အားရာချီဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ချင်းလဲန်းကောင်စီ (CC) ပူးပေါင်းတပ်နှင့် ချင်းညီနောင် (CC) တပ်တို့က ပူးပေါင်းစုဖွဲ့ပြီး ခုခံတိုက်ခိုက်နေသည်ဟု သိရသည်။ တပ်ဖွဲ့ဝင်အင်အား ရာချီပါဝင်နေသည့် စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-CDM-Siyin၊ PDF – Zoland နှင့် CDF – KKG တို့က မေလ ၂၁ ရက်မှစတင်၍ ၂၃ ရက်အထိ တီးတိန်မြို့နယ်ထဲ ခုခံတိုက်ခိုက်နေခဲ့ပြီး ယင်းနောက် ချင်းတော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းစုစည်းကာ ဆက်လက်ခုခံတိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “ဒီနေ့ ဒီအချိန်မှာ သူ့အဖွဲ့ ကိုယ့်အဖွဲ့ဆိုတာမျိုး မဟုတ်ပဲနဲ့ ဦးတည်ချက်ခြင်းတူညီတဲ့ စစ်ကောင်စီ အပြုတ်တိုက်ရေးဆိုတဲ့ ရည်မှန်းချက် တူညီနေတဲ့ အဖွဲ့အစည်းအားလုံးကတော့ အဲဒီမှာ အခုက CC နဲ့ CB ဆိုတာ မဟုတ်တော့ပဲနဲ့ ပူးပေါင်းစစ်ဆင်ရေးအနေနဲ့ ကျနော်တို့ အခု ဖော်ဆောင်နေတာဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန်မှာ ကျနော်တို့ ရည်မှန်းချက်တူညီနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအားလုံး ဝိုင်းပြီးတော့ လုပ်မှရမယ်ပေါ့။ အဲဒီလိုမျိုး မလုပ်ပဲနဲ့ အခု သူအဖွဲ့၊ ကိုယ့်အဖွဲ့ဆိုတာမျိုး ရှိနေသေးရင် ဒီတိုက်ပွဲက ပြန်ပြီးတော့ တွန်းလှန်နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ကျနော်တို့ အားကောင်းကောင်းနဲ့ အဲဒီလိုလုပ်မှရမယ်။ သူတို့ရဲ့ ရည်မှန်းချက်၊ ဦးတည်ချက် မအောင်မြင်ဖို့က အဓိကဆိုတော့ ကျနော်တို့ ရှိရှိသမျှအားနဲ့ပဲ ကျနော်တို့ တိုက်ပွဲဝင်ဖို့ လိုပါလိမ့်မယ်” ဟု ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။…

Read More

(006SV) ချင်းပြည်သစ်ကွန်ဂရက်ပါတီကို နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ပြီး ပါတီတည်ထောင်ခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညိ ညီညွတ်ကြောင်း စိစစ်တွေ့ရှိရ၍ မေလ ၂၆ ရက်တွင် ပါတီ တည်ထောင်ခွင့် လျှောက်ထားခြင်းကို ခွင့်ပြုလိုက်သည်ဟု ရွေးကော်ပွဲ ကော်မရှင်က ထုတ်ပြန်သည်။ ပါတီတည်ထောင်ခွင့် ရရှိထားသော ချင်းပြည်သစ်ကွန်ဂရက်ပါတီသည် ခွင့်ပြုချက် ရရှိသည့်နေမှ စ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားရမည်ဟု သိရသည်။ မေလ ၂၆ ရက်အထိ ပါတီ တည်ထောင်ခွင့် ပြုထားသည့် နိုင်ငံရေးပါတီ ၁၆ ပါတီရှိပြီဖြစ်ကြောင်း၊ နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ပါတီအမည်ကို ဖော်ပြ၍ ယင်းကော်မရှင်ကို လျှောက်ထားနေရာ ပါတီ တည်ထောင်ခွင့် လျှောက်လာသည့်အဖွဲ့ ၂၇ ဖွဲ့ ရှိသည်ဟု သိရသည်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့မှာ ချင်းလူငယ်များ ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မည်သူဆိုသည်ကို အတိအကျ အတည်မပြုနိုင်သေးပါ။ ယင်းပါတီသည် ပါတီတည်ထောင်ခွင့်ကို ယခုနှစ် မတ်လ ၆ ရက်က စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားခြင်းဖြစ်သည်။ စစ်ကောင်စီသည် ရွေးကောက်ပွဲကို လာမည့် ယခုနှစ် ဒီဇင်ဘာလ တတိယပတ်၊ စတုတ္တပတ်နှင့် ၂၀၂၆…

Read More