(006SV) ချင်းတော်လှန်ရေးအင်အားစုနှစ်ခုဖြစ်သည့် ချင်းပြည်ကောင်စီ (CC) နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ကြား တွေ့ဆုံဆွေးနွေးနိုင်ရေး ပြန်လည်စီစဉ်နေဆဲဖြစ်ကြောင်း သိရသည်။ ဩဂုတ်လအတွင်း အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တွင် Crisis Management Initiative (CMI) ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် CC နှင့် ICNCC/ CB တို့ကြား တွေ့ဆုံဆွေးနွေးနိုင်ရေး စီစဉ်ခဲ့သော်လည်း ယာယီရွှေ့ဆိုင်းထားလိုက်ရကြောင်း ချင်းပြည်ကောင်စီ၊ အတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောသည်။ “ကျနော်တို့ နှစ်ဘက်ကို တွေ့ဆုံနိုင်ရေးကို ကြိုးပမ်းပေးနေတဲ့ အဖွဲ့တွေအနေနဲ့ ဒါကို ဆက်လက်ပြီးမှ ဆောင်ရွက်သွားဖို့ ရှိနေတဲ့အတွက်ကြောင့် ကျနော်တို့ နှစ်ဖက်တွေ့ဆုံနိုင်ဖို့ ဆက်လက်ပြီးတော့မှ ကြိုးပမ်းသွားဖို့ ရှိပါတယ်။ နှစ်ဖက်စလုံးကနေပြီးတော့မှ အဲဒီသဘောထားပေါ်မှာ နှစ်ဖက်စလုံးက သဘောတူထားတာ ရှိပါတယ်။ဒါပေမယ့် အခြေအနေအရပ်ရပ် တစ်ခုကြောင့် ရွေ့ဆိုင်းထားရတဲ့ အခြေအနေဖြစ်ပါတယ်။ ကျနော်တို့ တွေ့ဆုံနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတာ ရှိပါတယ်” ဟု ဆလိုင်းပေါလ်က ပြောသည်။ နဂိုစီစဉ်ထားချက်အရ CMI အနေဖြင့် ချင်းလဲန်းကောင်စီနှင့် ICNCC တို့ကို တစ်ဖွဲ့ခြင်းသီးခြားတွေ့ဆုံကာ ၎င်းတို့၏ သဘောထားကွဲလွဲမှုအခြေအနေများကို စမ်းစစ်လေ့လာပြီးနောက်မှ နှစ်ဖက်အင်အားစုများအကြား ပြန်လည်သင့်မြတ်နိုင်ရေး အဖြေရှာရန်ဖြစ်သည်ဟု သိရသည်။ သို့သော်လည်း လုံခြုံရေးအခြေအကြောင့် အဆိုပါတွေ့ဆုံမည့်အစီစဉ်များကို CMI ဘက်က ရက်ပြန်လည်ရွေ့ဆိုင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါ တွေ့ဆုံမည့်အခြေအနေကို လူမှုကွန်ယက်စာမျက်နှာတချို့နှင့် သတင်းမီဒီယာများတွင် ချင်းလဲန်းကောင်စီ(CC) နှင့် ချင်းညီ နောင်(CB) တို့တွေ့ဆုံမည့် သဘောမျိုးရေးသားမှုများရှိနေပြီး ချင်းညီနောင် (CB) သည် စစ်ရေးအဖွဲ့ဖြစ်ပြီး ICNCC သည်…
Author: Editor
(005MK) အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အင်ဖားမြို့အကျဉ်းထောင်ထဲက မြန်မာအကျဉ်းသားများသည် ယနေ့ဩဂုတ်လ ၂၆ ရက်နေ့မနက်ပိုင်းကစ၍ အစာငတ်ခံဆန္ဒပြမှုကို ပြန်လည်စတင်ခဲ့ကြသည်ဟု သိရသည်။ အင်ဖားထောင်ထဲက မြန်မာအကျဉ်းသားများသည် ယနေ့မနက်ပိုင်းကစ၍ ထောင်မှကျွေးသော အစားအသောက်များ လက်မခံကြတော့ဘဲ ထောင်မှအမြန်ဆုံးပြန်လွှတ်ပေးရန် အစာငတ်ခံဆန္ဒဖော်ထုတ်နေကြသည်ဟု မြန်မာအကျဉ်း သားတစ်ဦး၏ မိသားစုဝင်တစ်ဦးကပြောသည်။ “သူတို့ရဲ့အခြေအနေက ဘာတစ်ခုမှ တိတိကျကျ သေသေချာချာမရှိဘူး၊ မဏိပူရ်အစိုးရကလည်း ဟိုလိုလို ဒီလိုလိုလုပ် နေတယ် သူတို့တောင်းဆိုမှုကိုလည်း ဘာမှလိုက်လျောပေးတာမရှိတော့ ထောင်ကနေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ သူတို့ အစာငတ်ခံဆန္ဒပြမှုကိုပြန်စတာဖြစ်ပါတယ်” ဟု မြန်မာအကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးကပြောသည်။ မြန်မာအကျဉ်းသားများသည် ယခုနှစ်ဇွန်လ ၁၆ ရက်နေ့ကလည်း ပထမအကြိမ်အစာငတ်ခံဆန္ဒပြခဲ့ကြပြီး မဏိပူရ် ထောင်အာဏာပိုင်များက ၎င်းတို့တောင်းဆိုချက်များကို အထက်သို့တင်ပြပေးမည်ဟုဆိုကာ ဇူလိုင်လ ၃ ရက်နေ့မှာ ရပ်နားခဲ့ကြသည်။ သို့သော်လည်း အကျဉ်းသားများ၏ တောင်းဆိုချက်များဖြစ်သော စစ်ကောင်စီလက်ထဲပြန်မအပ်ရေးနှင့် အကျဉ်းထောင်မှ ပြန်လွတ်ပေးရန်တောင်းဆိုချက်များသည် ယနေ့ချိန်ထိ ထူးခြားမှုရှိမလာသည့်အတွက် ယခုကဲ့သို့ ဒုတိယအကြိမ် အစာငတ်ခံဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ လက်ရှိ အစာငတ်ဆန္ဒပြ တောင်းဆိုမူတွင် မြန်မာအကျဉ်းသား ၅၀ ကျော်ပါဝင်ပြီး ထောင်ထဲကနေ ကြွေးကြော်သံများလည်း ဟစ်အော်ကြွေးကြော်ခဲ့ကြသည်ဟု သိရသည်။ မဏိပူရ်ပြည်နယ်ရှိ အကျဉ်းထောင်အသီးသီးတွင် မြန်မာနိုင်ငံသား ၁၅၉ ဦးသည် ယနေ့ထိ ဖမ်းဆီးခံထားရကြောင်း သိရသည်။
(002MG) ချင်းပြည်နယ် ဟားခါးမြို့တွင် ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ဦးလိုက်ပါစီးနင်းမှုကြောင့် ဖမ်းဆီးရခံသူများလာပြီး စစ်ကောင်စီက ဒဏ်ငွေကျပ် ၈ သိန်းအထိ ပေးဆောင်ခိုင်းနေသည်ဟု သိရသည်။ ချင်းပြည်နယ်၏ မြို့တော် ဟားခါးနှင့် ဖလမ်းမြို့တွင် စစ်ကောင်စီက လုံခြုံရေးအကြောင်းပြကာ ဆိုင်ကယ်တစ်စီးပေါ် အမျိုးသား ၂ ဦး လိုက်ပါစီးနင်းခြင်းနှင့် အမျိုးသမီးနောက်တွင် အမျိုးသား လိုက်ပါစီးနင်းခြင်းမပြုရဟု ပြီးခဲ့သည့် ဇူလိုင် လ ၁၁ ရက်နေ့က ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့အမိန့်ထုတ်ပြန်ပြီးနောက် ဟားခါးမြို့ပေါ်ရှိ လမ်းစုံ နှင့် အချက်ချသည့်နေရာများတွင် စစ်ကောင်စီက နေ့စဉ်နီးပါး စစ်ဆေးနေပြီး အဖမ်းခံရသူလည်း တနေ့ထက်တနေ့ ပိုများလာနေကြောင်း ဟားခါးမြို့ဒေသခံတစ်ဦးကပြောသည်။ “အဖမ်းခံတဲ့သူ အရမ်းများလာတယ်၊ အဲလိုဖမ်းပြီဆိုရင် လူတယောက်ကို (၈) သိန်းတောင်းတယ်လို့ကြားရတယ်” ဟု ဟားခါးမြို့ခံတစ်ဦးကပြောသည်။ ဟားခါးမြို့ပေါ်က ပြည်သူ့ဆေးရုံလမ်းခွဲ၊ ဟားခါးနာရီစင်နားနှင့် စုပေါင်းရုံးရှေ့တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်သားများက စစ်ဆေးရေးများပိုမိုတင်းကြပ်နေကြောင်း သိရသည်။ ဟားခါးမြို့ခံအမျိုးသားတဦးက “မြို့ထဲမှာလုံခြုံရေးတော့ တော်တော်လေးတင်းကြပ်တယ်။ ရဲ၊ စစ်တပ် တွေက အများအားဖြင့် လူငယ်တွေကိုဖုန်းတွေနဲ့၊ ဆိုင်ကယ်တွေကိုစစ်ဆေးတယ်။ အရင်အပတ်နဲ့ ဒီအပတ်ထဲမှာတင် ဖမ်းခံရ တဲ့သူ ၁၅ ဦးကနေ ၂၀ အထိဖမ်းခံရတယ်၊ အဓိကအားဖြင့် သူတို့ဖမ်းခံတာက ဆိုင်ကယ် တစီးမှာယောကျ်ားလေး အချင်းချင်း ၂ ယောက်စီးတဲ့သူတွေပိုများတယ်၊ ပိုက်ဆံနဲ့ရွေးခိုင်းပြီးပြန်လွှတ်ပေးတယ်ကြားတယ်” ဟု ပြောသည်။ ဟားခါးမြို့ပေါ်တွင် ယခုကဲ့သို့ ဆိုင်ကယ်တစ်စီးတွင် အမျိုးသား (၂) ဦး စီးနင်း ခွင့် ပိတ်ပင်ထားခြင်းကြောင့်…
(006SV) မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မင်းဘူး- အမ်းကားလမ်းမပေါ်တွင် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးပူပေါင်းတပ်တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီက ၂ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ဩဂုတ်လ ၁၉ ရက် နံနက် ၁၁ နာရီခွဲခန့်က မင်းဘူး- အမ်း လမ်းမပေါ်ရှိ တုံးကြီးကျေးရွာအနီး လက်ဖက်ခြံစခန်းကုန်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် လင်းတဲကျေးရွာဘက်သို့ အင်အား ၂၀ ခန့်ဖြင့် ကင်းရှည်ထွက်လာစဉ်တွင် ACDF အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။ “အဲဒီနားက စခန်းကုန်းကို ကျနော်တို့က ဝင်တိုက်ဖို့ လုပ်တာ၊ လုပ်ပေမယ့်လည်း အဆင်မပြေ သေးဘူးပေါ့နော်။ အဲဒီမှာ ရုတ်တရက်ကြီး စကစက ကင်းထွက်လာတာ အဲဒါမှာ ထိတွေ့တိုက်ပွဲဖြစ်တယ်။ သူတို့ဘက်က ၂ ယောက်တော့ သေတယ်၊၊ စစ်ကောင်စီဘက်က ဒဏ်ရာရတဲ့ လူတွေလည်း များတယ်” ဟု ACDF ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက ပြောသည်။ တိုက်ပွဲအတွင်း သေဆုံးမှု ရှိခဲ့သော စစ်ကောင်စီတပ်သည် ထိခိုက်ဒဏ်ရာရရှိသူ အချို့နှင့် တပ်ဖွဲ့ဝင်အများအပြားမှာ ဝရုန်းသုန်းကားဖြင့် စစ်ကြောင်းနောက်ပြန်ဆုတ်သွားခဲ့ကြောင်း ဆလိုင်းခနီလေဗွေက ပြောသည်။ စစ်ကောင်တပ်ထံမှ MA 3 အမျိုးအစား သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ပြီး အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF)၊ New Society Army (NSA) နှင့် People Independent Army (PIA) ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှု မရှိခဲ့ကြောင်း၊ ရဲဘော်တွေ ဘေးကင်းစွာ စခန်းရောက်ရှိမှ တိုက်ပွဲသတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီတပ်သည်…
(006SV) မကွေးတိုင်းအခြေစိုက် CDF- အရှိုမှ ချင်းတော်လှန်ရေးရဲဘော်တစ်ဦးသည် သွေးလွန်တုပ်ကွေးရောဂါ ခံစားနေရစဉ် ဆေးဝါးကုသမှု လုံလောက်စွာ မရခဲ့သောကြောင့် နှစ်ပတ်နီးပါးအကြာတွင် ကျဆုံးသွားခဲ့ရကြောင်း သတင်းရရှိသည်။ မကွေးတိုင်းအနောက်ခြမ်းတွင် စစ်အာဏာရှင်ကို တော်လှန်နေသည့် CDF – အရှိုမှ ရဲဘော် ဆလိုင်းမင်းမင်းစိုးသည် ဩဂုတ်လ ၁၃ ရက်တွင် စတင်ဖျားနာခဲ့ပြီး စခန်းရှိ ဆေးဝါးဖြင့် ကုသခဲ့သော်လည်း လုံလောက်သော ဆေးဝါးကုသမှု မရရှိခြင်းကြောင့် သွေးလွန် တုပ်ကွေးရောဂါလက္ခဏာများဖြင့် ဩဂုတ်လ ၂၄ ရက်တွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။ “အဓိက ဖြစ်စဉ်ကတော့ ဆေးဝါး မလုံလောက်တာရယ်၊ နောက်တန်းစခန်းမှာ နေမကောင်းတဲ့ ဖြစ်စဉ် တွေ အဖြစ်များတဲ့အတွက် တအားကြီးလည်း ဂရုမစိုက်မိလိုက်ဘူး။ သွေးအန်တဲ့အထိ ဖြစ်နေပြီ။ ရောဂါက ဆိုးဆိုးဝါးဝါးဖြစ်နေပြီ။ အဲဒါကိုပဲ ကျနော်တို့က ထားထားတဲ့ နောက်တန်းစခန်းမှာလည်း ရေကြီး ၊ ရေလျံမှုတွေ ကလည်းဖြစ်၊ မြေနေရာတွေကလည်း မလုံလောက်၊ ဆေးဝါးကလည်း ဝယ်ယူလို့လည်း မရဘူး။ ဒီအခက်အခဲတွေကလည်း စုံပြီး ဖြစ်သွားတယ်။ ခနောကြက်သားဆန်ပြုတ် ကလေးကအစ ဝယ်ဖို့က အဆင်မပြေဘူး။ အဲလို ဖြစ်သွားတယ်” ဟု CDF – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။ မိုးရာသီဖြစ်သောကြောင့် စခန်းတွင် ရေကြီးရေလျံမှုတွေ ဖြစ်နေပြီး နေစရာအဆောင် မလုံလောက်ခြင်း၊ အဝတ်စိုများသာ ပြန်လည်ဝတ်ဆင်နေရခြင်းကြောင့် CDF – Asho များ တစ်ပတ်လျှင် အနည်းဆုံး ၅ ဦးမှ ၁၀ ဦးအထိ…
(004SS) မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပတောင်းမြို့မရဲစခန်းမှ အမျိုးသမီး ဒုရဲအုပ်တစ်ဦးသည် သူမ၏မိသားစုနှင့်အတူ CDF – KKG ထံ အလင်းဝင်ရောက်လာကြောင်း ယနေ့ သြဂုတ်လ ၂၃ ရက်နေ့တွင် CDF- KKG သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ အဆိုပါအမျိုးသမီး ဒုရဲအုပ်သည် သူမ၏ အမျိုးသားနှင့် ကလေး စုစုပေါင်း ၃ ဦးတို့သည် ဩဂုတ်လ ၁၆ ရက်နေ့က CDF- KKG ထံရောက်ရှိလာခြင်းဖြစ်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း CDF- KKG သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။ “ပြီးခဲ့တဲ့ ၁၆ ရက်နေ့က ကျွန်တော်တို့ဆီရောက်လာတာ၊ သူရဲ့ အသိဆီကနေ ကျွန်တော်တို့ဆီရောက်လာတာပေါ့နော်။ သူတို့လာရတဲ့ခရီးကဝေးတယ်ဆိုတော့၊ လက်နက်ခဲယမ်းတော့ မပါဘူး၊ သူရယ်၊ သူ့ယောကျ်ားရယ် ကလေးတစ်ယောက်ရယ် ၃ ယောက်ပေါ့” ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ယခုနှစ် ၂၀၂၄ ခုနှစ်အတွင်း ဒုရဲအုပ် ၂ ဦးအပါအဝင် ရဲ ၆ ဦးသည် CDF-KKG ထံ လက်နက်ခဲယမ်းနှင့် အလင်းဝင်ရောက်လာကြသည်ဟု CDF-KKG ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။ ထို့အပြင် သုံးပွင့်ဗိုလ်အပါအဝင် စစ်သားနှင့် ပျူစောထီးများ၊ ကျောင်းဆရာ၊ ဆရာမ များနှင့် အခြားဝန်ထမ်းများလည်း CDF-KKG ထံ အလင်းဝင်ကြသည်ဟု သိရသည်။ “ကျွန်တော်တို့ဆီမှာ မှတ်မှတ်ရရ သုံးပွင့်ဗိုလ်ရယ် စစ်သားတွေရော ပျူစောထီးတွေ၊ ကျောင်းဆရာ၊ ဆရာမတွေရော အခြားသူတွေကောပေါ့ အလင်းဝင်လာကြတယ် အဲထဲမှာ ရဲကတော်တော်နည်းတယ်။ ပြောချင်တာက…
(002MG) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ် အနောက်ရပ်ကွက် စစ်ကောင်စီတပ်စွဲရာ အနီးအနားက လူနေထိုင်ခြင်းမရှိ သည့် နေအိမ် (၅) လုံး ယမန်နေ့ညက မီးလောင်ပြာကျသွားသည်ဟု သိသည်။ ဩဂုတ်လ ၂၂ ရက် ည ၁၁ နာရီဝန်းကျင်ခန့်တွင် မင်းတပ်မြို့ အနောက်ရပ်ကွက် မင်းတပ်- မတူပီကားလမ်းမကြီးဘေး ဝိတိုရိဘော်ဒါဆောင်အောက်ဘက်ရှိ လူနေအိမ်များမီးလောင်ခဲ့ခြင်းဖြစ်သည်ဟု မင်းတပ်မြို့ဒေသခံတစ်ဦးကပြောသည်။ “နေအိမ်က ၅ အိမ်ပါသွားတယ် အဲ့အိမ်တွေက လူမနေတော့ဘူး၊ အရင်မှာ ၃ အိမ်လောက်က လူနေသေးတယ်၊ အခုနောက်ပိုင်းအကုန်လုံးစစ်ဘေးရှောင်ပြေးကြတာပေါ့။ ဘယ်လိုလောင်လဲဆိုတာ သွားလို့မရတေ့ မသိရဘူး၊ စစ်တပ်နဲ့နီးတော့ တော်ရုံတန်ရုံဘယ်သူမှမသွားရဲဘူး” ဟု မင်းတပ်မြို့ခံကပြောသည်။ မီးလောင်ကျွမ်းရသည့်အကြောင်းရင်းမသိရသော်လည်း မီးလောင်မှုမဖြစ်ပွားခင်တွင် မင်းတပ်မြို့ပေါ်က ခလရ ၂၇၄ တပ်ရင်းမှ လက်နက်ကြီး ၄ ကြိမ်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သိရသည်။ ထို့အပြင် ယခုမီးလောင်မှုဖြစ်ပွားသည့် နေရာအနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့များတပ်စွဲထားကြပြီး မီးလောင်မှုမှာ ၎င်းတို့လက်ချက်ဖြစ်နိုင်သည်ဟု ဒေသခံများကပြောသည်။ မင်းတပ်မြို့ပေါ် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ် ခလရ (၂၇၄) တပ်ရင်းသည် မကြာခဏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်းများပိုမိုပြုလုပ်နေသောကြောင့် မြို့ခံပြည်သူများ ကြောက်ရွံ့နေကြပြီး စစ်ဘေးတိမ်းရှောင်သူ များပြားလာသည်ဟု သိရသည်။ ထို့အပြင် ပြီးခဲ့သည် မေလနောက်ပိုင်းကစ၍ မင်းတပ်မြို့သိမ်းတိုက်ပွဲ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ဆိုကာ ပြည်သူအများ စုသည် ကြိုတင်စစ်ဘေးတိမ်းရှောင်ခဲ့ကြသောကြောင့် မင်းတပ်မြို့ပေါ်တွင် လက်ရှိ လူဦးရေ (၂၀၀) ဝန်းကျင်သာ ရှိသည်ဟု မင်းတပ်မြို့ခံကပြောသည်။
(002MG) ချင်းပြည်နယ်၊ တီးတိန်မြို့အတွင်း သောက်သုံးရေဖြန့်ဝေပေးနေသူအမျိုးသားတစ်ဦး ယနေ့မနက်ပိုင်းက ရေဖွင့်ရန်အသွားမှာ နင်းမိုင်းနင်းမိကာ ခြေတဖက်ပြတ်သွားသည်ဟု သိရသည်။ တီးတိန်မြို့ခံ အမျိုးသားတဦးက “သောက်သုံးရေဖြန့်တဲ့တယောက်ပါ။ ဒီနေ့မနက် သောက်သုံးရေဖြန့်ဖို့ တီးတိန်မြို့က အဓိကသုံးတဲ့ မိုက်ခရိုဝေ့အောက်က ရေဖွင့်သွားတာ မိုင်းနင်းမိတာ။ အခုတော့ဆေရုံရောက်တယ်၊ ဒဏ်ရာက ပြင်းထန် တယ်ခြေဖဝါးထိတာ။ အသက်အန္တရာယ်တော့မစိုးရိမ်ရပေမယ့်သွေးကလိုနေတာ” ဟု ပြောသည်။ မိုင်းနင်းမိသူမှာ အသက် ၄၅ နှစ်အရွယ် Pu Kam Khua Thawn ဖြစ်ပြီး ယနေ့ သြဂုတ်လ ၂၃ ရက် ယနေ့မနက် ၇ နာရီ ခန့်တွင် ပြည်သူ့ဆေးရုံ ဝန်ထမ်းအိမ်ယာ အထက်နားမှာသို့ ရေခလုပ်ဖွင့်ရန်အသွားမှာ မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။ တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ကုသမူခံယူနေဆဲဖြစ်ကာ အရေးပေါ်သွေးသွင်းရန် သွေး (၅) ပုလင်းလို အပ်နေပြီး လက်ရှိတွင် သွေး (၃) ပုလင်း ရရှိထားပြီဖြစ်ကြောင်း တီးတိန်မြို့ခံကပြောသည်။ ပြီးခဲ့သည့် မေလ ၂၆ နေ့ တီးတိန်မြို့တွင်း တိုက်ပွဲကြောင့် မြို့တွင်းရေပေးဝေမှုများ ပျက်စီး ပြတ်တောက်ခဲ့ရပြီး ဒေသခံများ၏ ပြန်လည်ပြုပြင်မူကြောင့် ဇူလိုင် ၈ ရက်နေ့ကစတင်ကာ ပုံမှန်အတိုင်း ရေများပြန်လည်ဖြန့်ဝေနိုင်ခဲ့ကြ သည်ဟုသိရသည်။ တိုက်ပွဲကြောင့် တစ်မြို့လုံး စစ်ဘေတိမ်းရှောင်ခဲ့ကြရသော ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့ပေါ်က ဒေသခံ ပြည်သူများအားလုံးနီးပါးသည် မိမိနေရပ်သို့ပြန်လည်နေထိုင်ကြပြီဖြစ်ကာ တီးတိန်မြို့သည်လည်း ယခင်အတိုင်း ပုံမှန်အခြေအနေ ပြန်ရောက်နေပြီဖြစ်ကြောင်းဒေသခံများထံမှ သိရသည်။
|| လောက်တူနယ်ဒေသက ဘာသာရေးအယူဝါဒဆိုင်ရာ ပြဿနာကြောင့် ကျေးရွာမှ မောင်းထုတ်ခံရသည့်ဖြစ်စဉ်အပေါ် လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူနှင့် ဆက်သွယ်မေးမြန်းချက် (006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လောင်ထန်တလန်ကျေးရွာမှာ ဘာသာအယူဝါဒဆိုင်ရာပြသနာဟာ ၂၀၂၄ နှစ်ဦးပိုင်းကတည်းက စတင်နေခဲ့ပါတယ်။ အဲဒီပဋိပက္ခက ဩဂုတ်လအတွင်း အဆိုးဝါးဆုံးအခြေအနေအထိ ရောက်ရှိလာပြီး လူပေါင်း ၅၀ ခန့် ရွာကနေ နှင်ထုတ်ခံလိုက်ရမှုဟာ အွန်လိုင်းပေါ်မှာ ဒီရက်ပိုင်းအတွင်း ပျံ့နှံ့လာခဲ့ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ အမှန်၊ အမှား ရောထွေးနေတဲ့ သတင်းအချက်အလက်တွေ အလျင်အမြန် ပျံ့နှံလာသလို ချင်းဒေသတွင်း သတင်းမီဒီယာတချို့ကလည်း တာဝန်ခံရှိသူတွေထံ မေးမြန်းခြင်းမရှိ/ပြုဘဲ နီးစပ်ရာကို မေးမြန်း၍ သတင်းတွေရေးသားခဲ့ရာမှာ ဘာသာနှစ်ခုကြား ပဋိပက္ခအဖြစ် မှားယွင်းပုံဖော်ခဲ့ကြပါတယ်။ ဖြစ်စဉ်အမှန်က ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖတွေနဲ့ AG အသင်းတော်ဝင်တွေကြား ပဋိပက္ခဖြစ်ပွားနေခဲ့တာဖြစ်ပြီး လောက်တူနယ်ဒေသရဲ့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ လောက်တူပြည်သူ့ရေးရာ ကောင်စီမှာ ဖြေရှင်းနိုင်ရေး ကြိုးပမ်းနေချိန် ဆိုးဝါးတဲ့အခြေအနေတစ်ခုထိဖြစ်လာခဲ့တာပါ။ လောင်ထန်တလန်ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖြေရှင်းနိုင်ရေး ဆောင်ရွက်မှုအခြေအနတွေ၊ ဒီဖြစ်စဉ်ကနေ လောက်တူနယ်ဒေသ တော်လှန်ရေးကို ဘယ်လိုသက်ရောက်မှုတွေ ရှိနေသလဲဆိုတာ ဒေသပြည်သူ့အုပ်ချုပ်ရေးမှူး Salai Saw Bii ( ဆလိုင်းစော်ဗီး)ကို ခိုနူမ်းသုန်းသတင်းဌာနက Salai Vakok က ဆက်သွယ်မေးမြန်းထားပါတယ်။ မေး – လောင်ထန်တလန်ကျေးရွာ အခြေအနေနဲ့ လောက်တူနယ်အခြေအနေ အကြောင်းကို အရင်ပြောပြပေးပါ။ ဖြေ- လောက်တူနယ်ဒေသဟာ အာဏာမသိမ်းမီအချိန်အထိ ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်နဲ့ မတူပီမြို့ နယ် ၃ ခုဖြင့် ပိုင်းခြားအုပ်ချုပ်ခြင်းခံခဲ့ရတဲ့ တစ်ဆက်တစ်စပ်တည်းရှိတဲ့ နယ်မြေဒေသတစ်ခုဖြစ်ပြီး…
(006SV) ချင်းပြည်တွင် ချင်းတော်လှန်ရေးအဖွဲ့အချင်းချင်းကြား ဖြစ်ပွားနေသည့် လက်ရှိပဋိပက္ခများ ဖြေရှင်းနိုင်ရေးကို ချက်ချင်းဆောင်ရွက် သင့်သည်ဟု ချင်းလူထုစစ်တမ်းတွင် ဖြေဆိုသူ ၈၈ ရာခိုင်နှုန်းက ပြောကြောင်း Chin Civic Movement – CCM က ထုတ်ပြန်သည်။ ယမန်နေ့ ဩဂုတ်လ ၂၁ ရက်က “လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခအပေါ် ချင်းလူထု၏ သဘောထားအမြင် စစ်တမ်း တွေ့ရှိ ချက်များ”အပေါ် သတင်းစာရှင်းလင်းပွဲတွင် Chin Civic Movement တာဝန်ရှိသူများက ပြောဆိုခြင်းဖြစ်သည်။ “ဘယ်အချိန်မှာ ချင်းပဋိပက္ခကို ဖြေရှင်းသင့်လဲလို့ ကျမတို့ မေးတဲ့အခါမှာ ၈၈ ရာခိုင်နှုန်းက ချက်ချင်းကို ဆောင်ရွက်သင့်တယ် ပေါ့နော်။ အဲလိုဖြေဆိုထားတယ်။ ၅ ရာခိုင်နှုန်းက မြို့သိမ်းတိုက်ပွဲပြီးမှ ဆောင်ရွက်ရန်လို့ဖြေဆိုတာတွေလည်း ရှိသလို ချင်းပြည် နယ်တစ်ခုလုံးကို သိမ်းပိုက်ပြီးမှ ဆောင်ရွက်သင့်တယ်လို့ ဖြေတာလည်း တွေ့ရှိရပါတယ်။ ဒီမှာ ၈၈ ရာခိုင်နှုန်းက ချက်ချင်းဆောင် ရွက်ဖို့ လိုမယ်ဆိုပြီးတော့ ဖြေထားတာတွေကို အဓိက တင်ပြချင်ပါတယ်” ဟု CCM အဖွဲ့ဝင်တစ်ဦးဖြစ်သူ Mai Mawite က ပြောသည်။ ချင်းပြည်ကောင်စီနှင့် ICNCC၊ ချင်းညီနောင်အဖွဲ့တို့ကြား ဖင်လန်နိုင်ငံအခြေစိုက် Crisis Management Initiative – CMI ၏ ကမကထ ဦးဆောင်စီစဉ်မှုဖြင့် ဩဂုတ်လကုန်ပိုင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ နှစ်ဖက်တွေ့ဆုံညှိနှိုင်းကြမည်ဟု သတင်းများထွက်အပြီးမှာ CCM ကလည်း ချင်းလူထုသဘောထားကို ထုတ်ပြန်ခြင်းဖြစ်သည်။ ချင်းလူထုစစ်တမ်းကို မတူကွဲပြားသော ချင်းမျိုးနွယ်စု ၃၅…