Author: Editor

(006SV) UN၊ အာဆီယံနှင့် နိုင်ငံတကာသံတမန်များအနေဖြင့် စစ်ကော်မရှင်၏ ဟန်ပြလုပ်ငန်းစဉ်ဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက် ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားကို တက်ရောက်ခြင်း မပြုရန် CNF အပါအဝင် NCA လက်မှတ်ထိုးထားသော တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့က ကြေညာသည်။ စစ်အုပ်စု၏ ဟန်ပြလုပ်ငန်းစဉ်များတွင် ပါဝင်ခြင်းသည် မြန်မာနှင့် ဒေသတွင်း မတည်ငြိမ်မှုကို ဖန်းတီးနေသော စစ်အုပ်စုကို ထောက်ခံရာ ရောက်သည့် အတွက် NCA လက်မှတ်ထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားကို မတက်ရောက် ခြင်းဖြင့် လူထုနှင့်အတူ ရပ်တည်ကြောင်း ပြသရန် နိုင်ငံတကာအသိုင်းအဝိုင်းကို NCA လက်မှတ်ထိုးခဲ့သော ၆ ဖွဲ့က တောင်းဆိုခြင်းဖြစ်သည်။ “NCA ကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၁၀ ဖွဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီထဲကနေ ၆ ဖွဲ့ရဲ့ နိုင်ငံရေးသဘောထား ရပ်တည်ချက်ကို ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း သိအောင်ဆိုပြီး ရည်ရွယ်ချက်နဲ့ ဒါက ထုတ်ပြန်ရ ခြင်းဖြစ်ပါတယ်။ စစ်တပ်ကတော့ ဒီလိုပါပဲ နိုင်ငံရေးအနှစ်သာရ ကင်းမဲ့ပြီး အခုလို အတုအယောင်ပွဲတွေကို ကျင်းပလေ့ ရှိပါတယ်။ ဒါကလည်း နိုင်ငံတကာနဲ့ လူထုကို လှည့်စားချင်လို့ပါ။ အခုလည်း ငြိမ်းချမ်းရေး အတုလုပ်ပြီး နိုင်ငံတကာကို လှည့်စားဖို့ သဘောပါပဲ။ ဘာမှ ထူးခြားမှုတော့ မရှိပါဘူး။ ဒီအပေါ်မှာတော့ အထူးတလည် တုန့်ပြန်သွားဖို့တော့ မရှိဘူး။ တော်လှန်ရေးမှာ ဒီနေ့…

Read More

(004SS) ချင်းပြည်နယ်အတွင်း ပညာရေးအဆောက်အအုံများကို စစ်ကော်မရှင်တပ်က ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်လာခြင်းကြောင့် ဟားခါးမြို့နယ်အတွင်းရှိ CDF-Hakha ဗဟိုကောင်စီ၊ ပညာရေးဌာန လက်အောက်ရှိ ကျောင်း များအားလုံးကို ခေတ္တပိတ်ထားကြောင်း ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ ယနေ့အောက်တိုဘာလ ၁၃ ရက်မနက်ပိုင်းမှာ ဟားခါးမြို့နယ် Vanha ကျေးရွာစာသင်ကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသား ၂ ဦးသေဆုံးခဲ့ပြီးနောက် CD-Hakha ဗဟိုကောင်စီက ယခုကဲ့သို့ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။ စစ်ကော်မရှင်တပ်ဖွဲ့သည် ပညာရေးအဆောက်အအုံ နှင့် ကျောင်းသားကျောင်းသူများကို ပစ်မှတ်ထားတိုက်ခိုက်လာသည့် အတွက် နောက်ထပ်အသိပေးထုတ်ပြန်ခြင်းမရှိမချင်း ပြည်သူ့ကျောင်းများအားလုံး ယာယီပိတ်ထားလိုက်သည်ဟု ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။ ဟားခါးမြို့မှ မိုင် ၃၀ ခန့်ကွာဝေးသော Vanha ကျေးရွာက အခြေခံပညာမူလတန်းကျောင်း ဗုံးကြဲတိုက်ခိုက်မှုတွင် ကျောင်း သားတစ်ဦး နှင့် ကျောင်းသူတစ်ဦး သေဆုံးခဲ့ပြီး၊ ကျောင်းဆရာ/ဆရာမအပါအဝင် အယောက် ၂၀ ဝန်းကျင်ခန့် ဒဏ်ရာရရှိ သည်ဟု သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့ကလည်း ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ဝမ္မသူးကျေးရွာနှင့် ထင်ချောင်း ကျေးရွာရှိ စာသင်ကျောင်းများနှင့် ဘော်ဒါဆောင်များကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသား ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ထိုသို့ လေကြောင်းမှ စာသင်ကျောင်းများအား ဦးတည်တိုက်ခိုက်မှုများ ပြင်းထန်လာခြင်းကြောင့် မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က…

Read More

(006SV) ချင်းတော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားသော မင်းတပ်မြို့နယ်တွင် စာသင်ကျောင်းများကို စစ်ကော်မရှင်က လေကြောင်းမှ ဦးတည်တိုက်ခိုက်နေ၍ ပြည်သူ့အခြေပြုကျောင်းအားလုံးကို ယနေ့ အောက်တိုဘာလ ၁၀ ရက်မှစတင်၍ ခေတ္တပိတ်ကြောင်း မင်းတပ်ပအဖအဖွဲ့က ကြေညာသည်။ ကြားကာလပြည်သူ့ အခြေပြုကျောင်းများ ပိတ်ရန် ကိစ္စနှင့်ပတ်သက်၍ အောက်တိုဘလ ၉ ရက် နေ့စွဲဖြင့် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ချင်းတောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် စစ်ကော်မရှင်တပ်က ကလေးသူငယ်များကို ဦးတည်ကာ စာသင်ကျောင်းများ၊ ဘော်ဒါ ဆောင်များကို တိုက်ခိုက်မှုကြောင့် ကြားကာလ ပြည်သူ့အခြေပြုကျောင်းများ အားလုံးကို ခေတ္တပိတ်လိုက်ရခြင်းဖြစ်သည်ဟု သိရသည်။ လက်ရှိတွင် မင်းတပ်မြို့နယ်ပညာရေးဘုတ်အဖွဲ့သည် ကယ်ဆယ်ရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ အောက်တိုဘာလ ၈ ရက်က မင်းတပ်မြို့နယ်၊ ဝမ္မသူးကျေးရွာနှင့် ထင်ချောင်းကျေးရွာက စာသင်ကျောင်းနှင့် ဘော်ဒါဆောင်များကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကျောင်းသား ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာများ ရရှိကာ တချို့မှာ ဒဏ်ရာ ပြင်းထန်းသည်ဟု သိရသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင်အပါအဝင် နေအိမ် ၆ လုံးလည်း ပျက်စီးသွားကြောင်း သိရသည်။ အောက်တိုဘာလ ၄ ရက်ကလည်း မင်းတပ်မြို့၏ ၂ နေရာကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ရာ ပြည်သူ ၃ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး နေအိမ် ထိခိုက်ပျက်စီးမှုများ ရှိကြောင်း CDF…

Read More

(006SV) စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး ၄ နှစ်ကျော်အကြာ ချင်းပြည်နယ်အတွင်းရှိ လူငယ် ၃ ဦးတွင် ၁ ဦးသည် မလုံခြုံမှုများကို အမြဲတမ်း သို့မဟုတ် မကြာခဏ ခံစားနေကြရကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP – မြန်မာ) က ကြေညာသည်။ အောက်တိုဘာလ ၁၀ ရက်က ထုတ်ပြန်သော မြန်မာ့လူငယ်များ၏ ပုဂ္ဂိုလ်ဆိုင်ရာ ဘေးကင်းလုံခြုံမှုနှင့် စိတ်ကျန်းမာရေးကို လေ့လာသော အစီရင်ခံစာတွင် ဖော်ပြထားသည်။ မလုံခြုံမှုများသည် လူငယ်များ၏ နေ့စဉ်ဘဝအနှံအပြားသို့ စိမ့်ဝင်လာလျက်ရှိပြီး လူငယ် ၇ ဦးတွင် ၁ ဦးခန့်သည် ပုဂ္ဂိုလ်ဆိုင်ရာ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ “အမြဲတမ်း” သို့မဟုတ် “မကြာခဏ” ခံစားနေရကာ ချင်းမှာ ၃၀ ရာခိုင်နှုန်း၊ ကယားမှာ ၂၅ ရာခိုင်နှုန်း ရခိုင်မှာ ၂၂ ရာခိုင်နှုန်း၊ ကချင်မှာ ၂၁ ရာခိုင်နှုန်းအဖြစ် ပဋိပက္ခဒေသများတွင် သိသာစွာ မြင့်မားနေ သည်ဟု UNDP ထံမှ သိရသည်။ UNDP ၏ လေ့လာတွေ့ရှိချက်အရ ချင်းပြည်နယ်တွင် လူငယ် ၃ ဦးတွင် ၁ ဦးသည် မိမိရပ်ရွာတွင် မလုံခြုံမှုကို ခံစားနေရခြင်း ဖြစ်သည်ဟု သိရသည်။ လူငယ် သုံးပုံတစ်ပုံ နီးပါးရှိသည့် လူငယ်ဦးရေ ငါးသန်းခန့်သည် စိုးရိမ်ပူပန်မှု သို့မဟုတ် စိတ်ဖိစီးမှုများကို အမြဲလိုလို သို့မဟုတ် မကြာခဏ ခံစားနေရကြောင်း သိရသည်။ ယင်းဖြစ်စဉ်သည် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် ၃၄ ရခိုင်နှုန်းနှင့် မသန်စွမ်းလူငယ်များအကြား…

Read More

(006SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ တိုက်နယ် ၅ ဒေသမှာ ပြောင်းစိုက်ခင်းများ ပိုးကျမှုကြောင့် ပျက်စီးဆုံးရှုံးမှု များပြားပြီး ဒေသခံထောင်ချီသည် စားဝတ်နေရေး လုံးဝခက်ခဲနေသော အခြေအနေ ကြုံတွေ့နေရသည်ဟု ကန်ပက်လက် ချင်းအင်အားစု များထံမှ သိရသည်။ တိုက်နယ်အမှတ် ၅ ဒေသသည် ပြောင်းဖူးကို အဓိက အခြေခံစားသုံးကုန်အဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ်တွင် တစ်အိမ်ခြေတွင် မျှမ်းမျှ သုံးဧကမှ ငါးဧကဝန်းကျင် စိုက်ပျိုးကြရာ ပြောင်းတစ်ခင်းလုံးတွင် တစ်တင်းမှ ၂ တင်းခန့်တောင် မရရှိကြောင်း သိရသည်။ “အဲဒီမှာ သူတို့ မှီခိုပြီး စိုက်ပျိုးတဲ့ ဒီပြောင်းဖူးက ဒီ ၂၀၂၅ ခုနှစ်မှာ ပျက်စီးမှုက လုံးဝပျက်စီးတယ်လို့ ပြောရမှာ ဖြစ်တယ်။ မိုးများတာကြောင့်လည်း တစ်ပိုင်း ဖြစ်မယ်။ ပြီးတော့ ပိုးမွှားတွေ ကျပြီမှ အမှတ် ၅ ဒေသဘက်မှာက တစ်ခင်းလုံးမှာမှ တစ်တင်း၊ ၂ တင်းတောင် မရတော့ဘူး။ တစ်အိမ်ခြေမှာ ပျမ်းမျှ သုံးဧကကနေ ငါးဧက လောက် အခင်းကို ခုတ်ပြီး စိုက်လေ့ရှိတယ်။ အဲဒါက ပိုးတွေ ကျနေတာကြောင့် အစေ့ မရဘူး။ အစေ့တွေကို ပိုးတွေက ထိုး(စား)ကုန်တယ်။ တချို့က ပုပ်ကုန်တယ်။ တချို့က အပင်တွေပါ မြေပေါ်လဲပြီး ပုပ်သွားတဲ့ အဆင့်ထိ ဖြစ်တယ်။ အဲလိုအခြေအနေ ကြောင့် အမှတ် ၅ အနေအထားမှာ ဒီနှစ်ကတော့ စားဝတ်နေရေးကတော့ စားနပ်ရိက္ခာဟာ လုံးဝအခက်အခဲနဲ့ တွေ့ကြုံနေရပါတယ်”ဟု CDF -…

Read More

(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ကျေးရွာ ၂ ရွာကို စစ်ကော်မရှင်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ရာ ကျောင်းသား ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦးတို့ သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ အများအပြား ရှိကြောင်း မင်းတပ်ဒေသခံများထံမှ သိရသည်။ ယမန်နေ့ည အောက်တိုဘာလ ၈ ရက် ည ၇ နာရီခန့်မှာ မင်းတပ်မြို့နယ်၊ ဝမ္မသူးကျေးရွာနှင့် ထင်ချောင်းကျေးရွာတို့ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြစ်သည်။ “မနေ့ညက စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်တာကြောင့် ၉ တန်း၊ ၁၀ တန်းအရွယ် ကျောင်းသား ၃ ဦး သေဆုံးသွားတယ်။ မသန်းစွမ်းအမျိုးသမီးတစ်ဦးလည်း သေဆုံးသွားတယ်။ ၁၀ ဦးကျော်လည်း ထိခိုက်ဒဏ်ရာတွေ ရရှိကြတယ်။ ထင်ချောင်းရွာ RC ဘုရားကျောင်းဝန်း ဘော်ဒါဆောင်ကို ကြဲချတာမှာ ထိခိုက်သေဆုံးကြတာပါ” ဟု မင်းတပ်မြို့ဒေသခံတစ်ဦးက ပြောသည်။ စစ်ကော်မရှင်သည် ဂျက်ဖိုက်တာ ၂ စီးဖြင့်‌ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ဝမ္မသူးရွာ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ရာ ကျောင်းဆောင်ပျက်စီးသော်လည်း ဒေသခံပြည်သူများ ထိခိုက်မှု မရှိကြောင်း၊ ထင်ချောင်းရွာရှိ RC ဘုရားကျောင်းဝန်းထဲရှိ ဘော်ဒါဆောင်ကို ဗုံးကြဲရာမှာ အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ပျက်စီးမှု များပြားခြင်း ဖြစ်ကြောင်း သိရသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင်အပါအဝင် နေအိမ် ၆ လုံးလည်း ပျက်စီးသွားကြောင်း သိရသည်။ အောက်တိုဘာလ ၄ ရက် နံနက် ၁ နာရီခန့်ကလည်း မင်းတပ်မြို့၏…

Read More

(006SV) မရာဒေသချင်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်သော CDF – မရာနှင့် MDF တို့ ပြန် လည်သင့်မြတ်နိုင်ရေးအတွက် မီဇိုရမ်အခြေစိုက် ZORO ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ကြားဝင်ညှိနှိုင်းပေးနေသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ ချင်းပြည်နယ်၊ မရာဒေသတွင် မရာချင်းလက်နက်ကိုင်နှစ်ဖွဲ့တို့၏ လချီကြာမြင့်လာနေသော တိုက်ပွဲများအတွက် နှစ်ဖက်ပြေလည်မှု ရရှိစေရန် မီဇိုရမ်ပြည် နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် Zo Reunification Organization (ZORO) က စက်တင်ဘာ လ ၁၉ ရက်နေ့က IMC /CDF – မရာအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးသည်ဟု သိရသည်။ “ZORO က တစ်ဖက်စီကို ဆွေးနွေးတာမျိုး ရှိတယ်။ ကျနော်တို့ကို ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ တွေ့ဆုံတာပေါ့နော်။ တွေ့ဆုံပြီး တော့မှ ညီအစ်ကိုချင်းချင်း ပစ်ခတ်တာကို‌ ရှောင်ကျဉ်စေချင်တယ်လို့ သူတို့က ပြောတယ်။ ကျနော်တို့ကလည်း ကျနော်တို့ CDF – မရာ ဘက်က ပစ်ခတ်တာတွေ စပြီးတော့ မလုပ်ခဲ့ဘူး။ ရှောင်တယ်။ ဘုံရန်သူ စစ်ကောင်စီကိုပဲ တော်လှန်နေတာဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့က ဒီလိုပဲ ရှောင်ပေးရင်၊ နောက်ဆုတ်ပေးရင်နဲ့ ကျနော်တို့ ဌာနချုပ်ကို ထိလာတဲ့အခါကြတော့ ကျနော်တို့ ဆက်ဖြစ်မှာပဲလို့ ပြောခဲ့ပါတယ်” CDF – မရာ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ စက်တင်ဘာလ ၂၁ ရက်တွင် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/ MDF) အဖွဲ့နှင့်လည်း ZORO အဖွဲ့တို့…

Read More

(004SS) ချင်းပြည်နယ်၊ ဟားခါးနှင့် တီးတိန်မြို့များတွင် အာဏာသိမ်းစစ်ကော်မရှင်၏ ရွေးကောက်ပွဲအတွက် မဲစာရင်းများ ကပ်ထားကြေညာသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သော်လည်း ဒေသခံပြည်သူများအကြား စိတ်ဝင်စားမှုမရှိဘဲ မဲစာရင်းများကိုပင် ကြည့်ရှုသူရှိသလောက် နည်းပါးနေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း ၁ အတွက် မဲစာရင်းများကို စစ်တပ်ဩဇာခံ ရွေးကောက် ပွဲကော်မရှင်က စက်တင်ဘာလ ၃၀ ရက်နေ့က သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်များတွင် စတင်ကြေညာကပ်ထားခဲ့ ခြင်းဖြစ်သည်။ ရွေးကောက်ပွဲအပိုင်း ၁ မှာပါဝင်မည့် ချင်းပြည်နယ် ဟားခါး နှင့် တီးတိန်မြို့မှာလည်း မဲစာရင်းများကို ကြေညာကပ်ထား သော်လည်း ပြည်သူများအကြား စိတ်ဝင်စားမှုမရှိကြဘဲ မဲစာရင်းတွင် မိမိနာမည်ပါဝင်ခြင်းရှိမရှိကိုပင် ကြည့်ရှုသူမရှိ သလောက်ဖြစ်နေသည်ဟု ဟားခါးမြို့ခံတစ်ဦးကပြောသည်။ “ရွေးကောက်ပွဲလား ကိုယ့်ဟာကိုတောင် ရှုပ်နေတာ စိတ်မဝင်စားဘူး။ မဲစာရင်းတာ့ ကပ်ထားပါတယ်။ သွားမကြည့် ဖြစ်ပါ ဘူး။ တခြားကြည့်တဲ့သူ ဘယ်သူမှလဲ မတွေ့ဘူးနော်။ ပြီးတော့ သူတို့မဲစာရင်းကပ်ထားတဲ့ဟာကလဲ လူတိုင်း လွယ်လွယ် ကူကူ ကြည့်လို့ရအောင် မကပ်ဘူးလေ။ အခုပြန်ကြားရေးမှာလဲ ကပ်ထားတယ်၊ ဒါပေမဲ့အထဲမှာ ကပ်ထားတာ ဘေးမှာ ရဲတွေစောင့်လို့ ဘယ်သူကြည့်ရဲမှာလဲဗျာ။ ပြီးတော့ ဘေးမှာ ‘ဖက်ဆီးနှောက်ယှက်သူရှိပါက ထောင်ဒါဏ်’ ဆိုပြီး ဆိုင်းဘုတ်ထောင်ထားသေးတယ်ဗျာ။”ဟု ဟားခါးမြို့ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဟားခါးမြို့က အိမ်ရှင်မအမျိုးသမီးတစ်ဦးကတော့ မဲစာရင်းကပ်ထားခြင်း ရှိမရှိပင် သတိမထားမိကြောင်းနှင့် မဲစာရင်းကို မကြည့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အလားတူ တီးတိန်မြို့တွင်လည်း စစ်ကော်မရှင်တပ်က မဲစာရင်းများကို ရပ်ကွက်အလိုက် ထင်ရှားသည့်နေရာများတွင်…

Read More

(006SV) မလေးရှားနိုင်ငံတွင် ရောက်ရှိနေထိုင်သော ချင်းအသိုင်းအဝိုင်းတွင် ငွေလွှဲလုပ်ကိုင်သူများနှင့် ငွေလွှဲသော ချင်းပြည်သူများသည် ငွေကြေးအလိမ်ခံရမှုကြောင့် သိန်းထောင်ချီနစ်နာဆုံးရှုံးသွားကြောင်း မလေးရှားမှ ချင်းအရေးကူညီဆောင်ရွက်နေသူများထံမှ သိရသည်။ အောက်တိုဘာလဆန်း ၃ ရက်က မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ တမင်ဂျာရာဒေသတွင် ချင်းအသိုင်းအဝိုင်းထဲက ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူများနှင့် ချင်းပြည်သူများ နစ်နာဆုံးရှုံးရခြင်းဖြစ်သည်။ “တရားမဝင် ငွေလွှဲလုပ်တဲ့ ဒိုင်က ထွက်ပြေးသွားတယ်။ အဲလိုဖြစ်တော့ ချင်းအသိုင်းအဝိုင်းမှာဆိုရင် ရင်းဂစ် ၂ သိန်း၊ ၃ သိန်းပါ သွားတယ်။ ချင်းတစ်ဦးဆိုရင် ငွေလွှဲလုပ်တော့ သူ့ဆီကို ယုံယုံကြည်ကြည်အပ်တဲ့ ငွေပမာဏက များတော့ ရင်းဂစ် သိန်း ၂၀ အထက်ပါသွားတယ်။ ကျနော်တို့ ချင်းတွေ အတော်များများလည်း ထိကြတယ်၊၊ သတင်း အတိအကျ တော့ ရတယ်။ ပြည်သူ ဘယ်ဝါဆိုတာတော့ ပြောဖို့ ခက်တယ်။ ခံရတဲ့ လူတွေကလည်း ချင်းအသိုင်းအဝိုင်းကပါပဲ။ တော်တော်များများ ခံရတယ်။ မလေးရှားမှာ ဒီကိစ္စက တော်တော်ဂယက်ထနေပါတယ်” မလေးရှားနိုင်ငံရောက် ချင်းအမျိုးသားတစ်ဦးက ပြောသည်။ မလေးရှားတွင် ငွေလွှဲလုပ်ငန်းလုပ်ကိုင်သော ချင်းတချို့သည် လွှဲငွေများ အလိမ်ခံရမှုကြောင့် မလျော်နိုင်ဘဲ ထွက်ပြေးကြရ ကြောင်း၊ ငွေလွှဲလုပ်ကိုင်သူ ချင်းတစ်ဦးမှာ ရင်းဂစ် သိန်း ၂၀ ၊ အခြားချင်းတစ်ဦးမှာ ၁၈ သိန်း၊ မလေးရှားရောက်မြန်မာပို့ငွေ ရင်းဂစ် သိန်း ၁၀၀ ခန့် ပါသွားသူလည်း ရှိကြောင်း၊ ရင်းဂစ် ၂ သိန်း၊ ၃ သိန်းပါသွားမှုများလည်း ရှိကြောင်း သိရသည်။ မလေးရှားတွင်…

Read More