(002MG) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်မှာ လူနေထိုင်ခြင်းမရှိသည့် နေအိမ်များကို စစ်ကောင်စီတပ်က အကြိမ်ကြိမ်မီးရှိုမှုကြောင့် လူနေအိမ် ၇၀ ကျော်အထိ မီးလောင်ပျက်စီးမှုရှိလာသည်ဟု သိရသည်။ မင်းတပ်မြို့ပေါ် အနောက်ရပ်ကွက်၊ မင်းတပ်-မတူပီလမ်းမကြီး တလျှောက်က နေအိမ်အများဆုံး မီးရှိုခံရပြီး နေအိမ် (၅၀) ကျော် မီးလောင်ပျက်စီးကြောင်း မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။ “တပ်ကပြောတယ် လူမနေတဲ့အိမ်တွေကို မီးရှို့မယ် ကိုယ့်အိမ်ကို လာနေကြတော့လို့ အရင်ကတည်းက ပြောတယ်၊ သူတို့က (၃-၄) ရက်တကြိမ်ကင်းလှည့်တာ လူမရှိတဲ့အိမ်၊ လူရှိတဲ့အိမ် ဘယ်အိမ် အကုန်လုံးမှတ်ထားတာကိုး တမြို့လုံးမှာ မီးလောင်တာ (၆၀) ကျော်သွားပြီ၊ မီးအလောင်ဆုံးက အနောက်ရပ်ကွက်က (၅၀) ကျော်တယ်။ အိမ်တွေဆိုရင် တိုင်တွေတောင် မကျန်တော့ဘူး၊ အကုန်ကျွမ်းသွားတာ” ဟု မင်းတပ်မြို့ခံကပြောသည်။ မင်းတပ်မြို့ပေါ်တွင်အခြေစိုက်သည့် စစ်ကောင်စီတပ်ဖွဲ့သည် မင်းတပ်မြို့ပေါ်ရှိ နေအိမ်များကို ဩဂုတ်လ ၂၂ ရက်န့မှ အောက်တိုဘာလ ၅ ရက်နေ့အထိအနည်းဆုံး ၁၀ ကြိမ်ခန့် မီးရှို့ခဲ့သည်ဟု သိရသည်။ အောက်တိုဘာလ (၅) ရက်နေ့ကလည်း CDF-မင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်မူဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီသည် ပြည်သူနေအိမ်များကို ထပ်မံမီးရှို့ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီ၏ မီးရှို့မှုကြောင့် မင်းတပ်မြို့အနောက်ရပ်ကွက်တွင် နေအိမ် ၅၀ ကျော်၊ စံပြရပ်ကွက်တွင် နေအိမ် ၉ လုံး၊ အရှေ့ပြင်ရပ်ကွက်တွင် နေအိမ် ၁၃ လုံးတို့ မီးလောင်ပြာကျခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Author: Editor
(004SS) ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းနှင့် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ဘက်တွင် နေရပ်စွန့်ခွါ၍ စစ်ဘေးတိမ်းရှောင်နေကြသော ပလက်ဝစစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အနွေးထည်များ အကူအညီလိုအပ်နေကြသည်ဟု သိရသည်။ စစ်ရေးအခြေအနေကြောင့် ယခုလက်ရှိတွင် ပလက်ဝမြို့နယ်အတွင်း နေရပ်စွန့်ခွါ၍ စစ်ဘေးတိမ်းရှောင်သူ တစ်သောင်းခွဲကျော်နှင့် အိန္ဒိယ-မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးတိမ်းရှောင်သူ လေးထောင်ကျော် စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ နှစ်သောင်းဝန်းကျင်ခန့်ရှိပြီး ဆေးဝါး၊ စားနပ်ရိက္ခာအကူအညီများလိုအပ်နေကြသည်ဟု Paletwa IDPs and Humanitarian Supporting အဖွဲ့မှ တာဝန်ခံ ဆလိုင်းစိုးသန်းကပြောသည်။ “ကျွန်တော်တို့ ပလက်ဝမြို့နယ်အတွင်းရဲ့ IDPs ရှိမယ်၊ နောက် မီဇိုရမ်ဘက်က Refugee ရှိတာပေါ့။ ပလက်ဝကောင်စီ ထိန်းချုပ်ဧရိယာအတွင်းဆိုရင်တော့ ပြည်သူ့ကျန်းမာအဖွဲ့ရှိပါတယ်။ ဆေးဝါးလုံလောက်မှုမရှိဘူး။ ပြီးတော့ စားနှပ်ရိက္ခာပေါ့ အဓိက ဆန် လိုအပ်တာပေါ့နော်။ မီဇိုရမ်ဘက် စစ်ဘေးရှောင်တွေဆိုရင် ကျွန်တော်အခု အဲဒီကနေ ပြန်လာတာ၊ လိုအပ်ချက်ကတော့ စားဝတ်နေရေးအဆင်မပြေဘူး။ နောက်ပြီးတော့ ဆေးဝါးအခက်အခဲကလည်းကြုံနေတယ်။ ဒီဘက်မှာဆိုရင် ကျန်းမာရေးက ကိုယ်ထူကိုယ်ထလုပ်နေရတဲ့အချိန်မှာ အလုပ်အကိုင်လဲမရှိ၊ ဝင်ငွေလဲမရှိတဲ့အခါကျတော့ တော်တော်လေး စိန်ခေါ်မှုဖြစ်နေရတဲ့ အနေအထားပေါ့နော်၊ ပြည်တွင်းရော ပြည်ပရော လိုအပ်ချက်ကအတူတူဖြစ်ပါတယ်” ဟု ဆလိုင်းစိုးသန်းက ပြောသည်။ ထို့အပြင် ဆောင်းတွင်းကာလရောက်လာတော့မည်ဖြစ်သောကြောင့် စစ်ဘေးရှောင်ပြည်သူများ၊ ကလေးငယ်များအတွက် အနွေးထည်အင်္ကျီ၊ ဘောင်းဘီ၊ စောင်၊ ခြင်ထောင် လိုအပ်ချက်များလည်းရှိနေပြီး ထောက်ပံ့ကူညီလှူဒါန်းပေးကြရန် ၎င်းက ဆက်ပြောသည်။ စစ်ဘေးရှောင်ပြည်သူအများစုမှာ ပလက်ဝမြို့နယ်အတွင်း ကျေးရွားများနှင့် ဆမီးမြို့ဘက်တွင် နေထိုင်ကြရပြီး နယ်အမြ လုံခြုံမှုမရှိခြင်း၊ တောင်ယာမလုပ်ကိုင်နိုင်ခြင်းနှင့် လမ်းပမ်းဆက်သွယ်ရေးခက်ခဲခြင်းတို့ကြောင့် နေ့စဉ်စားဝတ်နေရေး အခက်အခဲများရင်ဆိုင်နေကြရသည်။…
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားသည့် PDA – Tedim ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တီးတိန်) က အောက်တိုဘာလ ၇ ရက်နေ့မှာ ဖွဲ့စည်းလိုက်သော တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီကို လက်မခံကြောင်း ဇိုမီးဖက်ဒရယ်ယူနီယံ ZFU/ တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။ တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် တွန်းဇန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ကို ၂၀၂၁ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၏ ညွှန်ကြားချက်အရ စတင်ဖွဲ့စည်းခဲ့ပြီး၊ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC)၊ မြို့နယ်ပြည်သူလူထုနှင့် အတူလက်တွဲကာ ယနေ့အချိန်ထိ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများအား တစိုက်မတ်မတ် ဖော်ဆောင်လျက်ရှိသည်ဟု ဇိုမီးဖက်ဒရယ်ယူနီယံ ZFU/ တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်လာသည်။ People Defence Army (PDA-Tedim) က တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းသော ကြေညာချက်သည် ချင်းပြည်နယ်တစ်ခုလုံးကို စိုးမိုးခြယ်လှယ်လိုသည့် CNF/CNA ၏ ညစ်ပတ်သော နိုင်ငံရေးကစားကွက်တစ်ခုသာဖြစ်ပြီး တရားဝင်မှုမရှိကြောင်းနှင့် တီးတိန်မြို့နယ်ရှိ ပြည်သူလူထုမှလည်း လုံးဝ(လုံးဝ) လက်မခံကြောင်း အသိပေးကြေညာလိုက်သည်ဟု ဇိုမီးဖက်ဒရယ်ယူနီယံ ZFU/ တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်မှ ၂၈ ရက်အထိ PDA – Tedim ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တီးတိန်) သည် တီးတိန်မြို့နယ်အတွင်းရှိ ဒေသအသီးသီးမှ ကိုယ်စားလှယ် ၁၁၂ ဦး ပါဝင်သော အစည်းအဝေးကို ကျင်းပခဲ့ကြပြီး…
(006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားသည့် PDA – Tedim ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တီးတိန်) က တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီကို ယနေ့မှာ စတင်ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်သည်။ တီးတိန်မြို့နယ်အတွင်း ပြည်သူ့အုပ်ချုပ်ရေးယန္တရား ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တီးတိန်) PDA- Tedim ၏ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့ဖြစ်သည့် တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီကို ယနေ့ အောက်တိုဘာလ ၇ ရက်မှစတင်၍ ဖွဲ့စည်းပြီးဖြစ်ကြောင်း ထုတ်ပြန်သည်။ စက်တင်ဘာလ ၂၃ ရက်မှ ၂၈ ရက်အထိ PDA – Tedim ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တီးတိန်) သည် တီးတိန်မြို့နယ်အတွင်းရှိ ဒေသအသီးသီးမှ ကိုယ်စားလှယ် ၁၁၂ ဦးပါဝင်သော အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းအစည်းအဝေးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တီးတိန်) ၏ ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ရာ စစ်ရေးအရ ချင်းပြည်ကောင်စီနှင့် ဆက်လက်ပူပေါင်းရန်၊ အုပ်ချုပ်ရေးယန္တရား လုပ်ငန်း ဆောင်ရွက်ရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းရန် စသည့်အချက်များကို ဆွေနွေးခဲ့ရာ ကိုယ်စားလှယ်များက ဝိုင်းဝန်းထောက်ခံခဲ့ကြောင်း သိရသည်။ တီးတိန်မြို့နယ်အတွင်း မှီတင်းနေထိုင်ကြသော မိဘပြည်သူများအနေဖြင့် ပြည်သူ့အုပ်ချုပ်ရေးယန္တရားထိရောက်စွာ အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီအဖွဲ့နှင့်အတူ လက်တွဲကူညီ ဆောင်ရွက်ကြရန်လည်း ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လျှပ်စစ်မီးပုံမှန်ရရှိမှုမရှိသည့်နောက်ပိုင်း ထမင်း၊ ဟင်း ချက်ပြုတ်ရာတွင် မီးသွေးအသုံးပြုသူများလာပြီး မီးသွေးဈေးနှုန်းသည်လည်း အဆမတန် မြင့်တက်လာနေသည်ဟု သိရသည်။ စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်း လျှပ်စစ်မီး ပုံမှန်မရရှိခြင်း၊ ဂက်စ်ရှားပါးခြင်းတို့ကြောင့် ကလေးမြို့ဒေသခံအများစုသည် ထမင်း၊ ဟင်းချက်ပြုတ်ရာတွင် ထင်းနဲ့ မီးသွေးကိုသာ ပိုမိုအသုံးပြုလာကြသည်ဟု ကလေးမြို့ဒေသခံတစ်ဦးကပြောသည်။ ထင်းနဲ့ မီးသွေးအသုံးပြုမှုပိုမိုများလာသော်လည်း လုံခြုံရေးအခြေအနေကြောင့် တောင်ထဲတွင် အလွယ်တကူ ထင်းခွေရန်ခက်ခဲခြင်း၊ မီးသွေးဖိုလုပ်ငန်းလုပ်ကိုင်သူ နည်းပါးလာခြင်းနှင့် သယ်ယူပို့ဆောင်းရေးတို့တွင် ဓာတ်ဆီဈေးနှုန်းမြင့်တက်လာခြင်းကြောင့် မီးသွေးဈေးမှာလည်း မြင့်တက်လာခြင်းဖြစ်သည်ဟု ကလေးမြို့က တနိုင်တပိုင် မီးသွေးရောင်းသူ အမျိုးသမီးကပြောသည်။ “မီးသွေးဖုတ်တဲ့သူတွေလည်း ခေတ်ကောင်း တုန်းကလို မများတော့ဘူး၊ အခုက ဆီးဈေးတွေလည်း ကြီးလာတော့ မီးသွေးဈေးလည်း တဖြည်းဖြည်းနဲ့ များလာတယ်။ မီးသွေးဖုတ်တဲ့သူကို အိမ်အထိလာပို့ခိုင်းရင် ဈေးကတမျိုးပေးရတယ်၊ ပြန်ရောင်းတဲ့အခါ များသွားတဲ့သဘောဖြစ်တယ်” ဟု မီးသွေးရောင်းသည့်အမျိုးသမီးကပြောသည်။ ကလေးမြို့ပေါ်တွင် မီးသွေးအမျိုးအစားပေါ်မူတည်ပြီး မီးသွေးတအိတ်လျှင် (၂၀၀၀၀) ကျပ်အထိရှိနေကာ သာမန် နေ့စားအလုပ်သမားများ၏ လုပ်အားခထက်ပြင် မီးသွေးတစ်အိတ်ဈေးနှုန်းမှာ မြင့်တက်နေသည့်အခြေအနေ ဖြစ်နေသည်။ “လျှပ်စစ်မီးဆိုရင်လည်း အချိန်မမှန်ဘူး ကျောင်းသားတွေရှိတော့ မီးလာတာသာစောင့်ရင် ခလေးတွေ ထမင်းစားဖြစ်မှာမဟုတ်ဘူး မီးသွေးနဲ့ပဲ ချက်ပြုတ်တာများတယ်၊ အခုက ဈေးကြီးလာတော့ မီးသွေးအမှုန့်တွေကို မပစ်ပဲနဲ့ စုပြီးများလာရင် အခဲတွေပြန်လုံးတယ် အဲ့ဟာကို တခြားမီးသွေးနဲ့ တွဲသုံးတယ်၊ အဲ့တာတောင် တလ (၃) အိတ်ကုန်တယ်နော်။ တခါတတလေ ထမင်းကို မနက်ည ပေါင်းချက်တယ်၊ မီးလာမှ ဟင်းချက်တယ်” ဟု ကလေးမြို့က အိမ်ရှင်မတစ်ဦးက ပြောသည်။ ကလေးမြို့ပေါ်တွင် မီးသွေးဈေး…
ချင်းပြည်နယ် တီးတိန်မြို့တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ခံမှုတွင် တက်ကြွစွာပါဝင်သူ U Kam Lam Thang ကို PDF-Zoland တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။ တီးတိန်မြို့ မြို့မရပ်ကွက်တွင်နေထိုင်သော U Kam Lam Thang သည် PDF Zoland နှင့် Chin Brotherhood တို့၏ ထုတ်ပြန်တားမြစ်ချက်များကို မလေးစား မလိုက်နာဘဲ စစ်ကောင်စီ၏ အိမ်ထောင်စုစာရင်း ကောက်ခံခြင်းလုပ်ငန်းတွင် တက်ကြွပါဝင်သောကြောင့် ထိန်းသိမ်းလိုက်သည်ဟု PDF-Zoland က ယနေ့တွင်ထုတ်ပြန်သည်။ အခြား ပါဝင်လှုပ်ရှားသူများရှိလာပါက အလားတူ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း PDF-Zoland အသိပေး ထုတ်ပြန်ထားသည်။ စစ်ကောင်စီသည် သန်းခေါင်စာရင်းကောက်ခံမှုကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဆောင်ရွက်လျှက်ရှိသည်။
(004SS) ကြားကာလမရာနယ်ကောင်စီ- IMC/ CDF-Mara အနေဖြင့် မကြာမီကျင်းပမည့် တတိယအကြိမ် မရာပြည်သူ့ညီလာခံ အတိုင်မီအတွင်း ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်တွင် အမြန်ဆုံးပြန်လည်ပူပေါင်း ဆောင်ရွက်ရန် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ MTC/MDF က ဖိတ်ခေါ်သည်။ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီသည် မရာမျိုးနွယ်စုများအကြား ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးကို အစဉ်အမြဲ ဦးထိပ်ထားလာခဲ့သည်နှင့်အညီ မရာအချင်းချင်းကြား ပြန်လည်သင့်မြတ်ရေးကို ၂ နှစ်နီးပါး ကြိုးပမ်းလာခဲ့သည့်အပြင် မရာနယ် ဘာသာရေးခေါင်းဆောင်များ၏ စေ့စပ်ညှိနှိုင်းမှုဖြင့် ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေးသဘောတူ စာချုပ် ကို လက်မှတ်ရေးထိုးခဲ့ကာ MEC ငြိမ်းချမ်းရေးကော်မရှင်၏ သဘောတူထုတ်ပြန်ကို အပြည့်အဝလေးစားလိုက်သည်ဟု MTC/MDF က အောက်တိုဘာလ ၃ ရက်နေ့က ထုတ်ပြန်သည်။ သို့သော် IMC/CDF-Mara အနေဖြင့် အဆိုပါသဘောတူစာချုပ်ကို ပျက်ပြယ်စေရန် ရည်ရွယ်ချက်ဖြင့် အွန်လိုင်းမှ တစ်ဆင့် အကြိမ်ကြိမ်စွပ်စွဲခြင်း၊ မဟုတ်မမှန်ထုတ်ပြန်ခြင်း၊ အကြောင်းအမျိုးမျိုးပြ၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့ ဇောင်းလိန် ကျေးရွာတွင်တစ်ကြိမ်၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၁၅) ရက်နေ့ တွီပန်းမြို့တွင် တစ်ကြိမ် Reunification Implementing Committee – RIC အစည်းအဝေးကို (၂)ကြိမ်တိုင်တိုင် တက်ရောက်ရန်ပျက်ကွက်ခြင်းတို့ကြောင့် ပြန်လည်ပေါင်းစည်းရေး ဖြစ်စဉ်မှာ ရပ်တန့် နေခဲ့သည်ဟု မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ၏ တတိယအကြိမ် ပုံမှန်အစည်းအဝေးထုတ်ပြန်ကြေညာ ချက်တွင် ဖော်ပြသည်။ ထို့ကြောင့် မကြာမီကျင်းပမည့် တတိယအကြိမ် မရာပြည်သူ့ညီလာခံမတိုင်မီအတွင်း ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်း ရေး လုပ်ငန်းစဉ်တွင် အမြန်ဆုံးပူးပေါင်းဆောင်ရွက် ကြပါရန်နှင့် CDF-Mara…
(004SS) ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် ဖြစ်ပွားခဲ့သော သားအဖ ၃ ဦး သတ်ဖြတ်ခံရခြင်းနှင့်ပါတ်သက်၍ အမှုမှန် ပေါ်ပေါက်နိုင်ရေးနှင့် တရားမျှတရေးအတွက် ကြိုးစားသွားမည်ဟု ကြားကာလခူမီး(ချင်း)လူမျိုးများရေးရာ အတိုင်ပင်ခံ ကောင်စီ (IKACC) က ယနေ့ အောက်တိုဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။ ပလက်ဝမြို့နယ်၊ မောင်နှမကျေးရွာနေ အသက် ၆၁ နှစ်အရွယ် ဦးဆန်းအောင်၊ သားဖြစ်သူ အသက် ၂၆ နှစ်အရွယ် ဦး အိုက်မြင့်နှင့် မြေးဖြစ်သူ အသက် ၁၃ နှစ်အရွယ် မောင်ပီစီထွန်းတို့ ၃ ဦးသည် စက်တင်ဘာလ ပထမပတ်မှာ ပလက်ဝမှ ရခိုင်ပြည်နယ်၊ ကျောက်တော်သို့ ရေယာဉ်ဖြင့် ကုပစ္စည်းပို့သွားရောက်စဉ် အမည်မသိလူတစ်စု၏ သတ်ဖြတ်မှုခံခဲ့ခြင်းဖြစ်သည်။ ထို့နောက် ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ၎င်းတို့သားအဖ ၃ ဦးကို သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြပြီး မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းရကြောင်း ကြားကာလခူမီး (ချင်း) လူမျိုးများရေးရာ အတိုင်ပင်ခံကောင်စီ IKACC က ထုတ်ပြန်သည်။ ယခုဖြစ်စဉ်မှာ လူသားမဆန်သော အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး အပြင်းအထန်ရှုံ့ချကြောင်း၊ အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတရေးအတွက် ကျူးလွန်သူများအား ထိုက်သင့်သော ပစ်ဒါဏ်ပေးနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားသွားမည်ဖြစ်ကြောင်း IKACC ကပြောသည်။ “သူတို့ ၃ ဦးကို ကျောက်တော်နဲ့ ပလက်ဝမြို့နယ်အကြားမှာ အလောင်းပဲတွေ့ရှိရတာပေါ့နော်။ စက်တင်ဘာလ ၁၅ ရက်မှာပေါ့။ ဆိုတော့ ဒီကိစ္စက ရခိုင်ပြည်နယ်နဲ့ ပလက်ဝအကြားမှာ ဖြစ်သွားတဲ့ကိစ္စဖြစ်လို့ ပလက်ဝနဲ့ပါတ်သက်တဲ့ ULA /AA ဒေသရဲ့…
(005MK) အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက မြန်မာစစ်ဘေးရှောင် ၇၀၀ နီးပါး ထပ်မံဝင်ရောက်လာသည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ်အစိုးရ၏ မှတ်တမ်းအရ ပြီးခဲ့သည့်အပတ် စက်တင်ဘာလကုန်ပိုင်းတွင် မြန်မာစစ်ဘေးရှောင် ၆၇၉ ယောက်သည် ဆိုင်းသွာလ်းခရိုင်ထဲ ဝင်ရောက်လာခဲ့ကြသည်ဟု All india Radio News Aizawl က ဖော်ပြသည်။ ဆိုင်းသွာလ်းခရိုင်တွင် ယခင်က စစ်ရှောင်စခန်း (Relief Camp) မရှိဘဲ ယခုအခါ စစ်ရှောင်စခန်း ၃ ခုဆောက်လုပ်ပြီး လူဦးရေ ၈၉ ယောက်နေထိုင်ကြသည်ဟု သိရသည်။ မြန်မာစစ်ဘေးရှောင်များအနက် စစ်ရှောင်စခန်းတွင်မနေဘဲ စခန်းပြင်ပ အသိဆွေမျိုးများထံနှင့် အိမ်ငှားဖြင့်နေထိုင်သူ ယခင်က ၂၂၇ ယောက်ရှိခဲ့ရာမှ ယခုအခါ စစ်ရှောင် ၅၈၇ ယောက် ထပ်တိုးလာသည့်အတွက် စခန်းပြင်ပတွင်နေထိုင်သူ စစ်ရှောင် ၈၁၄ ယောက်ရှိသွားပြီဟု သိရသည်။ ယခုအသစ်ရောက်ရှိလာသည့် စစ်ဘေးရှောင်များအနက် ၂၁၀ မှာ အမျိုးသားများဖြစ်ကြပြီး ၂၄၇ မှာ အမျိုးသမီးနှင့် ၂၂၂ ယောက်မှာ ကလေးငယ်များဖြစ်ကြသည်ဟု ဆိုသည်။ လက်ရှိတွင် ဆိုင်းသွာလ်းခရိုင်တစ်ခုလုံးမှာ မြန်မာစစ်ဘေးရှောင် ၉၀၆ ယောက်ရှိပြီး အမျိုးသား ၂၇၄၊ အမျိုးသမီး ၃၀၆ နှင့် ကလေးငယ် ၃၂၆ တို့ဖြစ်သည်။ ယခု ဆိုင်းသွာလ်းခရိုင်ထဲ ထပ်မံဝင်ရောက်လာကြသည့် မြန်မာစစ်ဘေးရှောင်များမှာ ဘယ်ဒေသကရောက်လာကြသည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။ ယခု မြန်မာစစ်ဘေးရှောင်အသစ်များ မဝင်လာခင်မှာ မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှာဟာခရိုင်ထဲက မြန်မာစစ်ဘေးရှောင် ၉၂၁ ယောက်နှင့် မာမစ်ခရိုင်ထဲက ၇ ယောက်…
(004SS) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ပေါ်ရှိ ပလက်ဝဆေးရုံအုပ် (ခေတ္တ) ဒေါက်တာအေးကျော်နှင့်အတူ ဒေသခံအမျိုးသား ၂ ဦးကို စက်တင်ဘာလ ၂၉ ရက်နေ့က အရက္ခတပ်တော် ULA/ AA က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ “ဒေါက်တာအေးကျော်အပါအဝင် ၃ ယောက်ကို ULA/ AA က ဖမ်းထားတာဟုတ်တယ်။ ဘာကြာင့်ဖမ်းတာလဲဆိုတော့ သာမန်ရာဇဝတ်မှုတော့မဟုတ်ဘူး၊ ကြီးမားတဲ့ ရာဇဝတ်မှုဖြစ်တဲ့အတွက်ကြောင့် ခဏထိန်းသိမ်းပြီးမှ စစ်ဆေးတာမျိုးပဲရှိတယ်။ ဘယ်ချိန်ပြန်လွှတ်ပေးမလဲဆိုတာတော့ လက်ရှိအနေအထားနဲ့ ပြောလို့မရသေးဘူးလို့ပြောတယ်” ဟု ပလက်ဝ လူငယ်တစ်ဦးက ပြောသည်။ ၎င်းတို့ကို ပလက်ဝမြို့ ULA/ AA စခန်းရှိ အကျဉ်းထောင်တွင် ပြီးခဲ့သည့်စက်တင်ဘာလ ၁၇ ရက်နေ့က CDF-Paletwa ကိုထောက်ပံ့သည်ဟူသော စွက်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူ ပြည်သူ ၁၀ ဦးတို့နှင့်အတူ ထိန်းသိမ်းထားကြောင်း သိရသည်။ ဒေါက်တာအေးကျော်သည် သွားဆရာဝန်တစ်ဦးဖြစ်ပြီး ယခင်က ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်သော်လည်း ပလက်ဝမြို့ကို AA က အုပ်ချုပ်ပြီးသည့်နောက်ပိုင်း ပလက်ဝဆေးရုံတွင် ဆေးရုံအုပ်တာဝန်ခံအဖြစ် ULA/AA က ထမ်းဆောင်စေခဲ့ခြင်းဟု သိရသည်။ “သူက သွားဆရာဝန်ခေတ်ကောင်းတုန်းက သူ့ဟာနဲ့သူ ကိုယ်စီးပွားရေးလုပ်နေတဲ့သူ AA က ဆေးရုံအုပ်တာဝန်ခံအနေနဲ့ထားပြီးမှ AA ရဲ့ ကျန်းမာရေးနဲ့ပါတ်သက်ပြီး တာဝန်ပေးထားတာဖြစ်တယ်။ တခြား ၂ ယောက်ကတော့ သူ့ရဲ့အသိတွေပေါ့နော်” ဟု ပလက်ဝ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။ ပလက်ဝမြို့ပေါ်နှင့် ကျေးရွာများတွင် ULA/AA က ပြည်သူများကို ဖမ်းဆီးခြင်းများ ပိုမိုလုပ်လာတာကြောင့် စက်တင်ဘာလ အတွင်း ဒေသခံအချို့…