Author: Editor

(006SV) ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များကို တပ်သားသစ် စတင်စုဆောင်း‌တော့မည်ဖြစ်ပြီး စစ်မှုမထမ်းလိုပါက နယ်နှင်ဒဏ် ပေးမည်ဟု တွန်းဇံမြို့နယ်ကောင်စီက ကြေညာသည်။ ဖေဖော်ဝါရီလ ၂၂ ရက်မှ စတင်၍ တွန်းဇံမြို့နယ်အတွင်းရှိ လူငယ်များ၊ တွန်းဇံမြို့နယ်အတွင်းသို့ ရောက်ရှိလာသော အသက် ၁၆ နှစ်မှ အသက် ၃၅ နှစ်အကြားရှိ လူငယ်များကို CDF – တွန်းဇံဇိုတပ်ဖွဲ့နှင့် ချင်းလဲန်းကောင်စီ (CC) တပ်ပေါင်းစုအတွက် တပ်သား သစ် စုဆောင်းမည်ဖြစ်သည်။ တပ်သားသစ် စုဆောင်းရေးကိစ္စသည် ချင်းလဲန်းကာကွယ်ရေးဌာနက အတည်ပြု ပြဌာန်းထားသည့် မူဝါဒဖြစ်ပြီး လက်ရှိ CDF တွန်းဇံတပ်ဖွဲ့ တစ်ခုတည်းသာ မဟုတ်ဘဲ ချင်းလဲန်း ကာကွယ်ရေးဌာနအောက်ရှိ အဖွဲ့ဝင်တိုင်း အကျုံးဝင်ဖော်ဆောင်ရမည်ဟု ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Salai Nai John Kim က ပြောသည်။ “တပ်သားစုဆောင်းရေးကိစ္စက ချင်းပြည်ချင်းလဲန်းကာကွယ်ရေးဌာနကနေ အတည်ပြု ပြဌာန်းထားတဲ့ မူဝါဒတွေ ဖြစ်ပါတယ်။ ဒီဟာတွေက တွန်းဇံပဲ မဟုတ်ပါဘူး။ ကာကွယ်ရေးဌာနအောက်မှာ ရှိတဲ့ တပ်ဖွဲ့ဝင်အဖွဲ့တိုင်းအတွက် အသုံးဝင်ပါတယ်။ လက်ရှိမှာ ကျနော်တို့ အားလုံး လူငယ်တိုင်းမှာ တာဝန်ထမ်းဆောင်ရမယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် ဒီဟာက လူတိုင်းမှာ တာဝန်ရှိတယ်။ လက်တွေ့လုပ်ဆောင်နိုင်ဖို့က လူငယ်တိုင်းမှာ တာဝန်ရှိတယ်။ ဒီဟာတွေကို အားလုံး နားလည်ဖို့ လိုတယ်။ ချင်းပြည်ကို လွတ်မြောက်စေချင်ရင်တော့…

Read More

စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို (006SV) အာရက္ခဒေသ၊ အိမ်နီးနားချင်းနှင့် မြန်မာနိုင်ငံအနှံ့မှ ချင်းညီအစ်ကိုများအနေဖြင့် မိမိတို့အချင်းချင်းအကြားတွင် “ချင်း” နှင့် “ရက္ခိုင်” လူမျိုးနှစ်မျိုးအကြား သမိုင်းသစ်တစ်ခု ရေးထိုးကြရန် ချင်းအမျိုးသားနေ့မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က တိုက်တွန်းသည်။ ဖေဖော်ဝါရီလ ၂၀ ရက်မှာ ကျရောက်သည့် ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA) က ပေးပို့အပ်သော သဝဏ်လွှာတွင် ယင်းကဲ့သို့ ထည့်သွင်း တိုက်တွန်းထားခြင်းဖြစ်သည်။ ယမန်နေ့က ကျရောက်သော ချင်းအမျိုးသားနေ့မှသည့် ချင်းလူမျိုး၊ ချင်းမျိုးနွယ်စုများအနေဖြင့် အမျိုးသား တန်းတူရေးနှင့်အတူ အာရက္ခတိုင်းပြည် တည်ဆောက်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကဏ္ဍများတွင် အတူတကွ ပါဝင် တည်ဆောက်သွားကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က တိုက်တွန်းထားသည်။ အာရက္ခဒေသ၊ အိမ်နီးနားချင်းနှင့် မြန်မာနိုင်ငံအနှံ့မှ ချင်းညီအစ်ကိုများအနေဖြင့် မိမိတို့ အချင်းချင်းအကြား ရရှိပြီးသား ချစ်ခင်မှု၊ နားလည်မှု၊ ယုံကြည်မှု၊ စည်လုံးညီညွတ်မှုများကို တန်ဖိုးထားပြီး ချင်းနဲ့ ရက္ခိုင်လူမျိုး နှစ်မျိုးအကြား သမိုင်းသစ်တစ်ခု ရေးထိုးကြရန်လည်း တိုက်တွန်းကြောင်း ULA က ထုတ်ပြန်သည်။ အာရက္ခဒေသအတွင်းနှင့် အပြင်ဖက်တွင် နေထိုင်ကြသော ချင်းလူမျိုးအပါအဝင် အခြားသော မျိုးနွယ်စု၊ လူမျိုးများသည် နှစ်ပေါင်းများစွာကပင် ဤဒေသနှင့်အတူ ရှည်လျားသော သမိုင်းကြောင်း၊ ပြောင်းလဲ၍ မရသော ပထဝီကြော တည်ရှိမှုအနေအထားအောက်တွင် အတူတကွ မှီတင်းနေထိုင်ခဲ့ကြသော “အာရက္ခညီအစ်ကို မောင်နှမရင်းချာများ” နှင့် “အိမ်နီးနားချင်း ညီအစ်ကိုမောင်နှမများ” ပင်ဖြစ်သည်ဟု ထုတ်ပြန်သည်။ သို့သော် မိမိတို့ လူမျိုးနှစ်မျိုးအပါအဝင်…

Read More

ညီညွှတ်မှုရှိရင် အာဏာရှင်များ မရပ်တည်နိုင်ဘူးဆိုတာ နှလုံးသွင်းကြရန် ချင်းလဲန်းကောင်စီ ဥက္ကဌပြော (006SV) လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ ကဏ္ဍအသီးသီးမှာ ချင်းပြည်ကာကွယ်ရေးနှင့် ချင်းပြည်ရှင်သန် ရပ်တည်ရေးအတွက် ပါဝင်ဆောင်ရွက်ကြရန် ချင်းလဲန်းကောင်စီ (CC) က ကြေညာသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကျရောက်သော ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့နှင့်ပတ်သက်၍ ချင်းပြည်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ယင်းကဲ့သို့ တိုက်တွန်းနှိုးဆော်ထားသည်။ စစ်အာဏာရှင်တော်လှန်ရေးကာလတွင် မိမိတို့ ဌာနေဒေသကို စွန့်ခွာ၍ ရေကြည်ရာ မြက်နုရာ ရှာဖွေခြင်းသည် လွယ်ကူသော ရွေးချယ်မှု ဖြစ်နိုင်သော်လည်း မိမိတို့၏ အမျိုးသားတော်လှန်ရေးအတွက် မှန်ကန်သော ရွေးချယ်မှု မဟုတ်ကြောင်း ချင်းလဲန်း ကောင်စီက ထုတ်ပြန်သည်။ ချင်းပြည်ကို ချင်းအမျိုးသားပြည်သူများ၏ အသက်၊ သမိုင်းနှင့် အနာဂါတ်တို့ဖြင့် ရင်းနှီးပြီး တည်ဆောက် ထားခြင်းဖြစ်ကြောင်း၊ ယင်းကြောင်း ယခုကာလမှာ အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ ကဏ္ဍအသီးသီးမှ ချင်းပြည် ကာကွယ်ရေးနှင့် ချင်းပြည် ရှင်သန်ရပ်တည်ရေးအတွက် ပါဝင်ကြရမည်ဟု ချင်းလဲန်းကောင်စီက အသိပေးနှိုးဆော်သည်။ မြန်မာမှာ စစ်တပ်ကြီးစိုးသော စနစ်သည် ချင်းအမျိုးသားများ၏ နိုင်ငံရေးစနစ်နှင့်ဆန့်ကျင့်သည့်အတွက် ပြည်သူ့ဆီမှာ အာဏာရှိသော ဒီမိုကရေစီ ရရှိသည့်အထိ တိုက်ပွဲဝင်သွားရမည်ဟု ချင်းလဲန်းကောင်စီဥက္ကဌ ပူးဇင်ကျုံးက ချင်းအမျိုးသားနေ့ မိန့်ခွန်းမှာလည်း ထည့်သွင်းပြောကြားသည်။ “၇၉ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုတဲ့နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘာတည်သရွေ့ စစ်တပ် တည်ရှိနေမှာဖြစ်ပြီး ၊ စစ်တပ်တည်ရှိသရွေ့ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရမယ်…

Read More

(002MG)“ချင်းတမျိုးသား လုံး စုစည်းညီညွှတ်မှုဖြင့် ချင်းကြမ္မာချင်းဖန်တီးရမည်” ဟူသည့်အချက်ကို နှလုံးသွင်းကာ ချင်းအမျိုး သားနေ့ကို အနှစ်သာရရှိရှိဖြင့် ကျင်းပကြရန် ယနေ့ ဖေဖော်ဝါရီလ (၂၀) ရက်မှာ ကျရောက်သော (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့မှာ ချင်းအမျိုး သားတပ်ဦး( CNF) က တိုက်တွန်း သည်။ယနေ့တွင် ကျရောက်သော ချင်းအမျိုးသားနေ့သည် ချင်းလူမျိုးတို့မှ အမျိုးသားတရပ်အဖြစ် စုစည်းမှု ထုတ်ဖော်ပြသကာ နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအပါအဝင် မျိုးနွယ်စု အကြီးအကဲများ၏ မိမိမျိုးနွယ်စုနှင့် ဒေသအလိုက်ကျင့်သုံးခဲ့သည့် အမွေဆက်ခံ အုပ်ချုပ်ရေးစနစ်ဟောင်းအား စွန့်ပယ်ကာ ချင်းအမျိုးသားအားလုံး ကိုယ်ပိုင် စုပေါင်းအုပ်ချုပ်ရေးဆုံးဖြတ်ပိုင်ခွင့်ရှိသော ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ကျင့်သုံးရန်အတွက် သမိုင်းဝင် နိုင်ငံရေးဆုံး ဖြတ်ချက်ချမှတ်ခဲ့သော (၇၈) နှစ်ပြည့် ချင်းအမျိုးသားနေ့ဖြစ်သည်ဟုဖော်ပြသည်။ချင်းလူမျိုးတို့ကိုယ်တိုင် ရွေးချယ်ခဲ့သော ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်အား ခေတ်အဆက်ဆက် စနစ်တ ကျ တည်ဆောက်လာခဲ့သော်လည်း ပြင်ပရန်ဖြစ်သည့် လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်တို့ကြောင့် ယနေ့အချိန်ထိ အပြည့်အဝ လက်တွေ့မကျင့်သုံးနိုင်သေးကြောင်း CNF ကဆိုသည်။အောက်ချင်းဌက်အား သင်္ကေတပြုကာ သစ္စာတရား လက်ကိုင်ထားသော ချင်းလူမျိုး ဘိုးဘွားများ မျှော်မှန်းထားသည့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ရှိသည့် ချင်းလဲန်တည်ဆောက်ရေးအတွက် နိုင်ငံရေး၊ စစ်ရေး၊ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းလာခဲ့ကြသည့်အပြင် ယခုကာလသည်လည်း ချင်းလဲန်ပြည်သူ တရပ်လုံး စုပေါင်းပါဝင်မှုဖြင့် ပြည်သူ့ တော်လှန် ရေးကြီး ဆင်နွှဲနေသည့်ကာလဖြစ်သည်ဟု ချင်းအမျိုး သား တပ်ဦး (CNF) ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။လက်ရှိတွင် တော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်၊ ခန္ဓာ နှင့် ဘဝပေးလှူသွားကြသော ရဲဘော်၊…

Read More

(002MG) ချင်းအမျိုးသားရေး ဦးဆောင်ဦးရွက်ပြုသူများအနေဖြင့် အစုအဖွဲ့လွှမ်းမိုးရေး၊ ပုဂ္ဂိုလ်ရေး ပြဿနာများအား မျိုးနွယ်စုပြဿနာအသွင် လက်ဆင့် မကမ်း ရန် အလေးနက်တိုက် တွန်းကြောင်း အရှိုချင်း ကာကွယ်ရေးတပ်ဖွဲ့ ၂ ခုက ပူးတွဲထုတ်ပြန်သည်။ နွေဦးတော်လှန်ရေးကာလ ၅ နှစ်တာ ကျော်လွန်ပြီးချိန်မှာ ပြည်သူများ၏ အခြေခံလိုအပ်ချက်များ အဖက်ဖက်မှ ဆုတ် ယုတ်လျှက်ရှိသည်ကို ချင်းအမျိုးသးတစ်ရပ်လုံးအနေဖြင့် သတိချပ်စေလိုပြီး ပုဂ္ဂိုလ်ရေး၊ အစုအဖွဲ့လွှမ်းမိုးရေး၊ မျိုးဆက် သစ် များနှင့် သက်ဆိုင်မှုမရှိသော အတိတ်မှ ပုဂ္ဂိုလ်ရေး ပြဿနာများ အား မျိုးနွယ်စုပြဿနာအသွင် လက်ဆင့်မကမ်း ရန်နှင့် အမျိုးသားရေးအား ရှေးရှုကာ ပြည်သူကို အမြဲ တမ်းမျက်နှာမှုလျက် ကောင်းမွန်မျှတပြေ လည်စွာ ဖြေရှင်းကြရန် ချင်းကာကွယ်ရေးတပ်အရှို(CDF-Asho) နှင့် အရှိုချင်းကာကွယ်ရေးတပ် (ACDF) တို့က ယနေ့ ၇၈ နှစ်မြောက် ချင်းအမျိုး သားနေ့မှာ ပူးတွဲထုတ်ပြန်ကြေညာခြင်းဖြစ်သည်။ယနေ့ကျရောက်သော (၇၈) ကြိမ်မြောက် ချင်းအမျိုးသားနေ့သည် ချင်းလူမျိုးများ၏ သူ့ကျွန်မခံ လိုသော စိတ်ဓာတ်၊ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်နှင့် လူထုဆန္ဒအရ ဒီမို ကရေစီ စနစ်ဖြင့် အုပ်ချုပ်သော စနစ် အား မြတ်နိုးသည့် စိတ်ဓာတ်တို့အပေါ် အခြေခံကာ သီးခြား နယ်နိ မိတ်၊ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် သမိုင်းရှိခြင်း တို့အား ထင်ရှားစေသည့် နေ့ထူးနေ့ မြတ်ဖြစ်သည်ဟုဖော်ပြသည်။ထို့အပြင် ချင်းလူမျိုးများသည် ပင်လုံကတိကဝတ်ဖြင့် အခြေခံသော ပြည် ထောင်စုအား တည်ဆောက်ရာ တွင် ကျရာအခန်းကဏ္ဍတွင် ပါဝင်ခဲ့သော လူမျိုးများဖြစ်ကြသည့်အပြင် ချင်းပြည်နယ်ပြင်ပရှိ…

Read More

(006SV) ချင်းတစ်မျိုးသားလုံး၏ အနာဂါတ်နိုင်ငံရေး လမ်းကြောင်းသည် လက်ရှိအချိန်က လွန်စွာအရေးကြီးပြီး တသီးပုဂ္ဂလ ခံစားချက်၊ အဖွဲ့အစည်းစွဲ၊ လူမျိုးစွဲများကို ကျော်လွှားပြီး ချင်းပြည်ကို အတူတကွ ဘက်ပေါင်းစုံမှ တည်ဆောက်ကြရန် လိုအပ်နေကြောင်း ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA) က ထုတ်ပြန်သည်။ ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်မှာ ကျရောက်သည့် ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့သို့ ချင်းပြည်သူ့အစည်းအရုံး / ချင်းပြည်သူ့ တပ်မတော် (CPU/ CPA) မှ ချင်းပြည်သူလူထုသို့ ပေးပို့သော သဝဏ်လွှာတွင် အသိပေးထားသည်။ လက်ရှိကာလသည် ချင်းအမျိုးသားတို့၏ အနာဂါတ်နိုင်ငံရေး လမ်းကြောင်းကို ချင်းတော်လှန်ရေးအဖွဲ့များကြား၊ အခြားတော် လှန်‌ရေး မဟာမိတ်များနှင့်အတူ အပြန်အလှန် အကျိုးပြုပြီး ချင်းပြည်သူလူထု၏ အကျိုးစီးပွားကို ရှေးရှု၍ ရွေးချယ် လျှောက် လှမ်းရမည့်အချိန်အခါ ဖြစ်ကြောင်း CPU/ CPA က ကြေညာသည်။ ချင်းတစ်မျိုးသားလုံး၏ အနာဂါတ် နိုင်ငံရေးလမ်းကြောင်းသည် ယခုအချိန်ထက် ပို၍အရေးကြီးသော အချိန်ရှိလိမ့်မည်မဟုတ်ကြောင်း ချင်းပြည်အစည်းအရုံးက သတိပေးထားသည်။ ယနေ့၏ သမိုင်းအချိုးအကွေ့တွင် မိမိတို့၏ တသီးပုဂ္ဂလ ခံစားချက်၊ အဖွဲ့အစည်းအစွဲ၊ ဝါဒအစွဲ၊ လူမျိုးအစွဲ၊ လူမျိုးရေး မုန်းတီးမှု များကို ကျော်လွှာပြီး ရေရှည် လုံခြုံမှုနှင့် အကျိုးစီးပွားကို အာမခံချက် ပေးနိုင်မည့် ချင်းပြည်ကို အတူတကွ ဘက်ပေါင်းစုံမှ တည်ဆောက်ကြရန် လိုအပ်လှပေးသည်ဟု ထုတ်ပြန်သည်။ ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ချင်းတစ်မျိုးသားလုံး၏ အနာဂါတ်ကို မည်သို့စုစည်း တည်ဆောက်ကြ မည်ဆိုသည်မှာ…

Read More

(002MG) ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကော်မရှင်တပ်ဖွဲ့က ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးကို အကြောင်းမဲ့ သေနတ် ဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေရာတွင် ပွဲချင်းသေဆုံးခဲ့ရသည်ဟု သိရသည်။ဟားခါးမြို့ဒေသခံတစ်ဦးက “လျှပ်စစ်ရုံးမှာ ကျုတီကျနေတဲ့သူတွေထဲက ၁ ယောက်ကို ပစ်သတ်တယ်။ ၂ ယောက်ကို လိုက်ဖမ်းနေတယ်လို့ ပြောကြတယ်။ သူတို့ကို သံသယရှိလို့ထင်တယ် အဓိကတော့ ဒီနေ့က ချင်းအမျိုးသားနေ့ အခမ်း အနားကို စုပေါင်းရုံးမှာလုပ်တာ၊ အခမ်းအနားမှာ လူငယ်တွေလားမသိဘူး ဒရုန်းနဲ့ ဗုံး (၂) လုံးချတာ ပေါက်တော့ မပေါက်ဘူး အဲ့နောက်ပိုင်းမှာ သူတို့က တွေ့သမျှကို လိုက်ပစ်တာ၊ လိုက်ဖမ်းတာမျိုးထင်တယ်။” ဟု ပြောသည်။ဟားခါးမြို့၊ ချင်းဦးစီးရပ်ကွက် လျှပ်စစ်ရုံးတွင် တာဝန်ကျကာ နေအိမ်သို့ဆိုင်ကယ်ဖြင့် ပြန်လာသည့် လျှပ်စစ်ဝန်ထမ်း ၃ ဦးအား လုံခြုံရေးယူထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် စစ်ဆေးမေး မြန်းခြင်းမရှိဘဲ သေနတ်ဖြင့်ပစ်ခတ်ခြင်း ဖြစ်သည်ဟု သိရပြီး အမျိုးသားတစ်ဦးမှာ ဦးခေါင်း ကျည်ဆံထိမှန် ကာ သေဆုံးသွားခြင်းဖြစ်သည်။အဆိုပါ သေဆုံးသူအမျိုးသားမှာ လျှပ်စစ်ဝန်ထမ်းဖြစ်သည်ဟု သိရသော်လည်း ဘယ်သူဘယ်ဝါဖြစ်ကြောင်းကိုမူ အတိအကျမသိရသေးပေ။ဖေဖော်ဝါရီ ၂၀ ရက်နေ့သည် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ဖြစ်ပြီး ဟားခါးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် စုပေါင်းရုံးတွင် အခမ်းအနားကျင်းပခြင်းများရှိခဲ့သော်လည်း ဟားခါးမြို့ခံပြည်သူအများစုသည် ချင်းအမျိုးသားနေ့အား ပါဝင်တက်ရောက်ခြင်းမရှိကြကြောင်း ဟားခါးမြို့ထံမှ သိရသည်။Photo credit

Read More

(006SV/ 004SS) ချင်းပြည်နယ်မြောက်ပိုင်း၊ ဟားခါးမြို့နယ်နှင့် ဖလမ်းမြို့နယ်တို့ရှိ ကျေးရွာ ၃ ရွာကို စစ်ကော်မရှင်က ယနေ့ မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၁ နာရီခန့်က ဟားခါးမြို့နယ် ချင်ခွာ (Cin Khua ) နှင့် ဇိုခွာ (Zokhua) တို့ကို စစ်ကော်မရှင်တပ်က Y – 12 လေယာဉ် အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ကြောင်း၊ ချင်ခွာရွာတွင် ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ၂ ဦးမှာ ဒဏ်ရာ အပြင်းအထန် ရရှိသည်ဟု သိရသည်။ “Y- 12 နဲ့ ဗုံးအများကြီး လာကြဲချတယ်ဆိုတာလောက်ပဲ သိတယ်။ ဇိုခွာမှာတော့ လူဒဏ်ရာ ရတာမျိုး မရှိဘူးလို့ သိရပါတယ်။ အိမ်တွေ နည်းနည်းစီပျက်စီးတာ များတယ်။ ဇိုခွာမှာ မိသားစု တစ်စုရဲ့ အိမ်ပေါ်ကို ကျတာ ၊ ဒါပေမယ့် သူတို့က အမျိုးတွေ အိမ်မှာ အိပ်တဲ့ ညဆိုတော့ လွတ်သွားတယ်တဲ့။ ချင်ခွာမှာက ၃ ဦးလောက် ဒဏ်ရာ ရတယ်။ ၂ ဦးကတော့ နည်းနည်း ဒဏ်ရာ ပြင်းထန်တယ်” ဟု CDF ဟားခါးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ဇိုခွာရွာတွင်…

Read More

(006SV) စစ်အာဏာသိမ်းမှု ၅ နှစ်ရှိလာချိန် လက်နက်ကိုင်တော်လှန်ရေး အားကောင်းတဲ့ ချင်းပြည်နယ်မှာ ချင်းတော်လှန်ရေးအင်အားစု တွေဟာ ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ ဖွဲ့စည်းပြီး စစ်ရေးနဲ့ နိုင်ငံရေးကို တပြိုက်နက် တည်ဆောက်၊ အကောင်အထည်ဖော်နေပါတယ်။ ချင်းလဲန်းကောင်စီနဲ့ ချင်းပြည်အစိုးရအဖွဲ့ရဲ့ ပထမသက်တမ်း ပြီးဆုံးသွားပြီးနောက် အခုလပိုင်းတွေထဲ ၂၀၂၃ ချင်းလဲန်းဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ချင်းလဲန်းကောင်စီ၊ လွှတ်တော်၊ အစိုးရ၊ တရားရေး၊ စာရင်းစစ်ချုပ်တို့ကို ပြန်ပြီး ရွေးချယ်ခန့်အပ်မှုတွေ ပြုလုပ်ထားပြီဖြစ်ပါတယ်။ ချင်းပြည်အစိုးရအဖွဲ့ကို ဒုတိယသက်တမ်းအတွက် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးဌာနတွေကို ကျစ်ကျစ်လစ်လစ်နဲ့ ပြန်လည်ရွေး ချယ်တင်မြောက်ပြီး အစိုးရအဖွဲ့ကို ၈ ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။ လက်ရှိ ချင်းလဲန်းကောင်စီနဲ့ အစိုးရသက်တမ်းကာလအတွင်း ချင်းနိုင်ငံရေးနဲ့ စစ်ရေး အလားအလာတွေ၊ အခင်းအကျင်းတွေနဲ့ပတ်သက်လို့ ချင်းလဲန်းကောင်စီ ဒုတိယဥက္ကဌ ၂ ဒုဥက္ကဋ္ဌ Salai Bawi Kung ကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေး – ချင်းပြည်အစိုးရအဖွဲ့သစ်ကို ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားတာ တွေ့ပါတယ်။ ဘယ်လိုပြင်ဆင်ဖွဲ့စည်းသလဲဆိုတာ သိချင်ပါတယ်။ ဖြေ – ဒါက ပြင်ဆင်ဖွဲ့စည်းတာ မဟုတ်ပဲနဲ့ ကောင်စီ၊ လွှတ်တော်၊ အစိုးရ၊ တရားရေးနဲ့ စာရင်းစစ်ချုပ်တို့ရဲ့ သက်တမ်းက ၂ နှစ်စီပဲ ရှိတာပေါ့နော်။ ၂ နှစ်ဆိုတော့ သက်တမ်းက ကောင်စီက ၂၀၂၅ ဒီဇင်ဘာလ ၆ ရက်မှာ သက်တမ်းတိုး ဖွဲ့စည်းပြီးပြီ။ ပြီးတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၁…

Read More

(004SS) အာဏာသိမ်းစစ်အုပ်စုက ၎င်းတို့၏ နိုင်ငံရေးအမြတ်ထုတ်မှုအတွက် အသုံးချကျင်းပရန် ပြင်ဆင်နေသည့် “ချင်းအမျိုး သားနေ့” အခမ်းအနားသို့ ချင်းပြည်သူများအနေဖြင့် မည်သည့်ပုံစံနှင့်မျှ ပူးပေါင်းပါဝင်ခြင်းမပြုရန် CDF – Hakha က ယမန်နေ့ညက အသိပေးချက် ထုတ်ပြန်သည်။ ချင်းအမျိုးသားနေ့သည် ချင်းလူမျိုးတို့၏ စည်းလုံးညီညွတ်မှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အထိမ်းအမှတ်ပြုသည့် သမိုင်းဝင်နေ့ရက် ဖြစ်သော်လည်း၊ အကြမ်းဖက်စစ်အုပ်စုက ၎င်းတို့၏ တရားဝင်မှုရရှိရေးအတွက် အသုံးချ နေခြင်းသာဖြစ်ကြောင်း CDF-Hakha က ဆိုသည်။ CDF-Hakha က “ပြည်သူလူထု၏ သမိုင်းဂုဏ်သိက္ခာနှင့် ကိုယ်ပိုင်အခွင့်အရေးများကို ကာကွယ်သွားမည်ဖြစ်ပြီး၊ အကြမ်းဖက်အာဏာရူးတို့၏ လုပ်ရပ်များကို မည်သည့်အခါမျှ လက်ခံမည်မဟုတ်” ဟု ရေးသားဖော်ပြထားသည်။ ဟားခါးမြို့နေဒေသခံပြည်သူများအနေဖြင့် ပြည်သူအားလုံး၏ လုံခြုံရေးကို ဦးစားပေးကာ တစ်ညီတစ်ညွတ်ရပ်တည်ကြရန် CDF-Hakha က တိုက်တွန်းထားသည်။ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင်ကျရောက်မည့် ၇၈ နှစ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနားကို စစ်ကော်မရှင်က ဟားခါးမြို့ စုပေါင်းရုံးတွင် ကျင်းပပြုလုပ်ရန်စီစဉ်နေသည်ဟုသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) ကလည်း ဟားခါးမြို့တွင် စစ်ကောင်စီ၏ အခမ်းအနားမှ ပြန်လာသည့် ရဲတပ်ဖွဲ့ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Read More