(004SS) အိန္ဒိယနိုင်ငံ၊ နယူးဒေလီရောက် မြန်မာနိုင်ငံသား ဒုက္ခသည်များ၏ လုံခြုံရေးလိုအပ်ချက်ကြောင့် ဒုက္ခသည် အသိအမှတ် ပြုကဒ်(UN card)ကို အမြန်ဆုံးထုတ်ပေးနိုင်ရန် UNHCR – protection unit ထံ CRC-New Delhi က တင်ပြတောင်းဆို ထားကြောင်းသိရသည်။ ချင်းဒုက္ခသည် ကော်မတီ CRC ဥက္ကဌ ဦးဆောင်သော ကွန်မြူနတီ အသီးသီးမှ ဥက္ကဌများသည် ဧပြီလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် UNHCR – protection unit မှ တာဝန်ရှိသူများထံ ဒုက္ခသည်များ၏ အရေးကိစ္စများကို ၃ နာရီကြာ တင်ပြဆွေးနွေးခဲ့ကြသည်ဟု CRC က ထုတ်ပြန်သည်။ နယူဒေလီရှိ မြန်မာနိုင်ငံသား ဒုက္ခသည်များ၏ ၉၀ရာခိုင်နှုန်းသည် ယာယီကဒ်ကိုင်ဆောင်သူ များဖြစ်ပြီး ၎င်းတို့အတွက် လုံခြုံရေး ၊ ကျန်းမာရေး စသည့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများ အထူးလိုအပ်နေသောကြောင့် ဒုက္ခသည် အသိအမှတ်ပြု ကဒ်များ အမြန်ဆုံးထုတ်ပေးနိုင်ရန် တောင်းဆိုခဲ့ခြင်းဟု သိရသည်။ “အထူးသဖြင့် လုံခြုံရေးပိုင်းမှာ အခက်အခဲ အများကြီးရှိတာပေါ့နော်။ လုပ်ငန်းခွင်မှာဆိုလို့ရှိရင် job securityမရှိဘူး၊ သူတို့ကြိုက်တဲ့ချိန် အလုပ်ထုတ်တာ၊ ပြန်ခိုင်းတာမျိုး၊ နောက် ပညာရေးဆိုရင်လဲပဲ ကျောင်းတော့ တက်ကြပါရဲ့ ရှေ့ဆက် ပညာရေး အာမခံချက်မရှိဘူး၊ ကျောင်းမှာ ခွဲခြားဆက်ဆံမှုတွေ၊ ယဉ်ကျေးမှု ဓလေ့မတူညီလို့ ဘာသာစကား အခက်အခဲ ရှိလို့၊ ငွေကြေးအခက်အခဲရှိလို့ ပညာဆက်မသင်ရတော့ဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ကြရတာတွေ၊ ဆိုတော့ ပညာရေး၊ ကျန်းမာရေး၊…
Author: Editor
(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်ကို ယမန်နေ့ ညနေပိုင်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွား ရာ အရပ်သားနေအိမ် ၇ လုံးခန့် ထိခိုက်ပျက်စီးသွားကြောင်း မင်းတပ်မြို့ ဒေသခံများထံမှ သိရသည်။ ဧပြီလ ၁၆ ရက် ညနေ ၅ နာရီ ၂၀ ခန့်တွင် မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီသည် ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၂၅၀ ဗုံးဟု ယူဆရသော ဗုံး ၂ လုံးကို ကြဲချတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း မင်းတပ်မြို့ခံတဦးက ပြောသည်။ “အရပ်သားပြည်သူ နေအိမ် ၇ လုံးဝန်းကျင်တော့ ထိခိုက်ပျက်စီးသွားတယ်။ အရပ်သားပြည်သူတွေ ထိခိုက်ပျက်စီးမှုက မရှိဘူး။ မင်းတပ်မြို့ထဲဘက်က လူတွေက မရှိကြဘူး။ စစ်ဘေးရှောင်ကနေပြန်မလာကြသေးဘူး။ မင်းတပ်မြို့ပေါ် အသွားအလာက တိတ်ဆိတ်နေတယ်။ စစ်ကောင်စီက ခဏ, ခဏ ဗုံးလာကြဲတော့ (ပြည်သူ) ကြောက်ကြလို့လေ” ဟု မင်းတပ်မြို့ခံတဦးက ပြောသည်။ မင်းတပ်မြို့ပေါ်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ နေအိမ် ၇ လုံးခန့် ထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။ ယခုရက်ပိုင်းများတွင် စစ်ကောင်စီသည် မင်းတပ်မြို့ပေါ်ကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများ ခတ်စိပ်စိပ် ပြုလုပ်နေကြောင်း သိရသည်။ ဧပြီလ ၁၃ ရက်ကလည်း မင်းတပ်မြို့ပေါ်ရှိ မြို့မနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း (MBC) ကို ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်သွားရာ ပမာဏ ကြီးမားစွာ ထိခိုက်ပျက်စီး၊ ပြိုကျသွားကြောင်း၊ ဘုရားကျောင်းဝန်းအတွင်းက အဆောက်အဦးများလည်း ထိခိုက်ပျက်စီးသွားကြောင်းဟု သိရသည်။ ဧပြီလ ၉…
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက် နယ်မြေ (၉) တွင် ယနေ့ဧပြီလ (၁၆) ရက်နေ့မနက်ပိုင်းက စစ်ကောင်စီထောင်ထားသော မိုင်းပေါက်ကွဲပြီး အသက် ၅ နှစ် နှင့် ၃ နှစ်အရွယ် ကလေးငယ် ၂ ဦး ပွဲချင်းသေဆုံး ခဲ့သည်ဟု သိရသည်။ ကလေးမြို့ဒေသခံတဦးက “နေပြည်တော်လို့ပြောတဲ့ ဝန်ထမ်းအိမ်ရာဖက်မှာ စကစထောင်ထားတဲ့မိုင်းကို ကလေးတွေယူဆော့ရင်းနဲ့ ပေါက်တာ ကလေးငယ် နှစ်ဦး ပွဲချင်း သေဆုံးတယ်။ဗုံးကွဲပြီးတဲ့နောက်ပိုင်း အဲ့ဖက်ကို စကစတွေ ခြေရှုတ် နေတာ” ဟုပြောသည်။ ကလေးမြို့၊ အနောက်ဖက် တောင်ဖီလာရပ်ကွက်တွင် နေပြည်တော်ဝန်ထမ်းအိမ်ရာတန်းလျားရှိပြီး စစ်တပ်အာ ဏာသိမ်းပြီးနောက်ပိုင်း ယင်းနေရာတွင် စစ်ကောင်စီတပ်ဖွဲ့သည် တပ်စွဲနေရာယူထားပြီး အနီးနားပတ်ဝန်းကျင်မှာ မိုင်းထောင်ထားလေ့ရှိသည်ဟု သိရသည်။ မိုင်းပေါက်ကွဲမှုကြောင့်သေဆုံးသွားသည့် ကလေးငယ် ၂ ဦးမှာ ညီအကိုတော်စပ်သူများဖြစ်ကြသည်ဟုသိရသည်။ ကလေးမြို့ပေါ်တွင် စစ်ကောင်စီသည် ဗိုလ်ချုပ်လမ်း၊ ကလေး-တီးတိန်-ဖလမ်းကားလမ်း၊ သူနာပြုကျောင်း၊ ကလေး-ကလေးဝလမ်း၊ ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် နေ့စဉ် သံလုံကားဖြင့် ကင်းလှည့်စစ်ဆေးမှုများပြု လုပ်ကာ တင်းကြပ်စွာ စစ်ဆေးမှုများပြုလုပ်လေ့ရှိသည်ဟု သိရသည်။ ကလေးမြို့ပေါ်တွင် စစ်ကောင်စီသည် ဧပြီလ (၁၁) နေ့ကစတင်ကာ ဆက်သွယ်ရေးဖုန်းလိုင်း၊ အင်တာနက် Wifi လိုင်းများကို လေးရက်အကြာ ဖြတ်တောက်ခဲ့ရာ ယမန်နေ့ ဧပြီလ (၁၅) နေ့တွင် ပြန်လည်ဖွင့်ပေးခဲ့သည်ဟု ဒေသခံများ ထံမှသိရသည်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကျေးရွာများကို လေကြောင်းဗုံးကြဲ မှု ၁,၀၀၀ ကျော် ပြုလုပ်ခဲ့ (004SS/002MG) CDF-KKG Major Operation အဖြစ် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက စတင်ဖော်ဆောင်ခဲ့သော ကလေးနှင့် ဂန့်ဂေါအကြားရှိ စစ်ကောင်စီ အခြေစိုက်စခန်း ၄ ခုကို ၂ လတာအတွင်း ဘုရားကျေးဇူးတော်ကြောင့် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု CDF-KKG က ယနေ့တွင် ထုတ်ပြန်ကြေညာသည်။ အဆိုပါ စစ်ဆင်ရေးအတွက် စုဖွဲ့လေ့ကျင့်မှုကို ၂၀၂၄ ခုနှစ်အတွင်း စတင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖော် ဆောင်ခဲ့ကာ ကလေး-ဂန်ဂေါအကြား စစ်ကောင်စီအခြေစိုက်စခန်းများဖြစ်ကြသော ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ (အရှေ့ ၊ အနောက်) ၊ ပျူစောထီး စိုးမိုးသည့် ကြံသာရွာများကို သိမ်းပိုင်နိုင်ခဲ့ခြင်းဟု သိရသည်။ CDF-KKG Major Operation စစ်ဆင်ရေးတစ်ခုလုံးကို ချင်းအမျိုးသား တပ်မတော် (CNA) မှ စစ်ရေးကွပ်ကဲခဲ့ကြောင်း ဖော်ပြထားသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကလေးနှင့် ဂန့်ဂေါအကြားရှိ စစ်ကောင်စီ အခြေစိုက်စခန်းများအနက် အခိုင်မာဆုံးနှင့် အတောင့်တင်းဆုံး စခန်းတစ်ခုဖြစ်သော ကမ်းပါးနီစခန်းကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၁၅ မတိုင်မီတွင် မှန်တောရွာနှင့် အောင်သာယာရွာ (အနောက်) ရှိ စစ်ကောင်စီ ခြေကုပ်စခန်းများကိုလည်းကောင်း၊ ဧပြီလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ပျူစောထီးစိုးမိုးသည့် ကြံသာရွာကိုလည်းကောင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း CDF-KKG က ထုတ်ပြန်သည်။ ကလေးနှင့် ဂန့်ဂေါအကြားရှိ…
(004SS) ၅ လကြာဆင်နွှဲခဲ့ရသော ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်၊ရဲမေ ၈၉ ဦး ကျဆုံးပြီး ထက်ဝက်နီးပါးမှာ အိမ်ရှင်တပ်ဖွဲ့ဖြစ်သော CNO/CNDF မှ ရဲဘော်များဖြစ်ကြောင်း CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။ “ဒီ ၈၉ ဦး ကျဆုံးတဲ့အထဲမှာ ကျွန်တော်တို့အိမ်ရှင် CNO/CNDF အနေဖြင့် ကျဆုံးသူ အယောက် ၄၀ ပါဝင်ပါတယ်။ ဒီ ထဲမှာမှ ကျန်းမာရေးဘက် တာဝန်ထမ်းဆောင်တဲ့ သူနာပြု ဆရာမ ၁ ဦး၊ သူနာပြု ဆရာ ၁ ဦး၊ ၂ ဦးလဲ ပါဝင်ပါတယ်” ဟု CNO/CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။ ထို့အပြင် ကိုယ်လက်အင်္ဂါဆုံးရှုံးသူ ရဲဘော် အယောက် ၃၀ ဝန်းကျင်ရှိပြီး အခြား မစိုးရိမ်ရ ဒဏ်ရာရရှိသူ ရဲဘော် အယောက် ၅၀၀ ခန့်ရှိသည်ဟု ၎င်းကပြောသည်။ စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့ရသော ရဲဘော်တချို့၏ ရုပ်အလောင်းများကို ၎င်းတို့နေရပ်အသီးသီးသို့ ပို့ဆောင်ပေးနိုင်ခြင်းရှိသလို အချို့မှာမူ မြေပြင်အခြေ အနေအရ ပို့ဆောင်ပေးနိုင်ခြင်းမရှိဘဲ ဖလမ်းမြို့တစ်နေရာတွင် ခေတ္တမြေမြုပ်ပေးထားကြောင်း သိရသည်။ “ကျွန်တော်တို့ တစ်ချို့က ခရီးဝေးပြီးတော့ ပို့ဖို့ရန် အဆင်မပြေတဲ့သူတွေပေါ့လေ၊ နောက်ပြီတော့ တစ်ချို့ကျွန်တော်တို့ CNO/ CNDF ဆိုရင် အိမ်ရှင်ဖြစ်တဲ့အတွက်ကြောင့် သူတို့ရွာတွေမှာ ပို့လို့ရတယ်၊ မိဘဆီ ပို့လို့ရတယ် ဆိုရင် အကုန်လုံး ပို့ပေးပါတယ်။ ပြီးတော့ နယ်ဝေးကနေလာပြီး ပို့ဖို့အဆင်မပြေတဲ့သူ နောက် မီးသဂြိုလ်လို့မရတဲ့သူတွေကိုတော့…
၄ နှစ်အတွင်း CNO/CNDF တပ်ဖွဲ့ဝင် ၉၁ ဦးကျဆုံး (004SS) ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF တည်ထောင်ခြင်း ၄ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ဖလမ်းမြို့သိမ်းစစ်ဆင်ရေး မစမီက ဖမ်းဆီးရမိထားသော စစ်သုံ့ပန်း ၁၀ ယောက်ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည်ဟု သိရသည်။ ဖလမ်းမြို့နယ်တွင် အခြေပြုလှုပ်ရှားနေသော ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF သည် စစ်အာဏာရှင်စနစ်ဆန့်ကျင် တော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ၂၀၂၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြပြီး ယမန်နေ့က ၄ နှစ်တင်းတင်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ဧပြီလသည် CNO/CNDF တည်ထောင်သည့် လဖြစ်သည့်အပြင် ဖလမ်းမြို့အပါအဝင် စစ်ကောင်စီစခန်းများသိမ်းပိုက်နိုင် သည့် လဖြစ်ပြီး ၎င်းတို့အတွက် မဂ်လာရှိသော လဖြစ်သောကြောင့် မြို့သိမ်းတိုက်ပွဲမတိုင်မီ ဖမ်းဆီးရမိသော စစ်သားနှင့် ရဲ ၁၅ ယောက်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်ဟု CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။ “ကျွန်တော်တို့အတွက် ဒီလ (ဧပြီ) ဟာဆိုလို့ရှိရင် တကယ့်ကို မဂ်လာရှိတဲ့ လပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ အဖွဲ့အစည်းတည်ထောင်တာကလဲ ဧပြီ ၁၃ ရက်နေ့ဖြစ်တယ်။ ပြီးတော့ ကျွန်တော်တို့ ပထမအကြိမ် ဗာရ်းစခန်း သိမ်း ပိုက်ရရှိတာကလဲ ဧပြီ ၁၀ ရက်နေ့ ၂၀၂၃ ခုနှစ်မှာ ဖြစ်တယ်။ အခုတခါ ခလရ ၂၆၈ သိမ်းပိုက်ရရှိတာကလည်း ဧပြီလ ၉ ရက်နေ့ဆိုတော့ တကယ်ကို မဂ်လာရှိတဲ့လ ဖြစ်ပါတယ်။ ကျွန်တော်တို့ ထုတ်ပြန်ချက်မှာ ရှိသလိုပဲ ကျွန်တော်တို့ လွှတ်ပေးတာက…
(004SS) ချင်းချာတာမူကြမ်းကို မကြာမီအချိန်ကာလအတွင်း ညီလာခံခေါ်ယူကာ အတည်ပြုဆောင်ရွက်သွားမည်ဟု ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ထုတ်ပြန်သည်။ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြပြီး ယမန်နေ့က ၄ နှစ်ပြည့်သည့် အထိမ်းအမှတ်နေ့ထုတ်ပြန်ကြေညာချက်တွင် ထိုကဲ့သို့အသိပေးလာခြင်းဖြစ်သည်။ ICNCC သည် ချင်းညီနောင် (Chin Brotherhood) နှင့် နိုင်ငံရေး၊ စစ်ရေးတွင်အတူ ပူးပေါင်းဆောင်ရွက်နေပြီး ICNCC ကို အစုအဖွဲ့ ၇ ဖွဲ့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ချင်းချာတာမူကြမ်းကိုလည်း ရွေးဆွဲခဲ့ပြီး မကြာသောကာလအတွင်း ညီလာခံခေါ်ယူကာ အတည်ပြုဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ချင်းညီနောင် (Chin Brotherhood) အနေဖြင့် ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း စသည့် မြို့များကို သိမ်းပိုက်နိုင်ခဲ့ပြီး မဟာမိတ်များနှင့်ပူးပေါင်းကာ မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ICNCC က ဆိုသည်။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ဘုံရန်သူ ဖြစ်သော စစ်အာဏာရှင် တိုက်ထုတ်ရာတွင် ချင်းပြည်အတွင်းရှိ လက်နက်ကိုင်အဖွဲ့များသည် အငြင်းပွားဖွယ်သမိုင်းကြောင်းနှင့် အမုန်းစကားများကို ရှောင်ကြဉ်ကြရန်လည်း ICNCC က တိုက်တွန်းသည်။အကြမ်းဖက်စစ်ကောင်စီမှ အတင်းအဓမ္မဖြင့် ကျင်းပရန်ကြိုးစားနေသော ရွေးကောက်ပွဲသည်လည်း ချင်းပြည်အတွင်း လုံးဝဆောင်ရွက်ကျင်းပနိုင်မည်မဟုတ်သလို ချင်းပြည်သူများအနေဖြင့်လည်း ပါဝင်ခြင်း၊ ထောက်ခံ ပံ့ပိုးခြင်းများ မလုပ်ကြရန် ICNCC က ကြိုတင်သတိပေးထားသည်။ ချင်းပြည်နယ်အတွင်းရှိ ကျန်ရှိနေသေးသော မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဆောင်ရွက်နိုင်ရေး၊ ကိုယ်ပိုင်ပြဌာန်းမှု အပြည့်အဝရရှိရေး၊ အမျိုသားအကျိုးစီးပွား ကာကွယ်ရေးနှင့်…
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်ရှိ မြို့မနှစ်ခြင်းဘုရားကျောင်း (MBC) ကို စစ်ကောင်စီက ယမန်နေ့ညနေမှာ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ ဘုရားကျောင်းတစ်ခုလုံး ပျက်စီးသွားသည်ဟု သိရသည်။ ဧပြီလ ၁၃ ရက် သံလွင်ခက်တနင်္ဂနွေနေ့ (Palm Sunday) ညနေပိုင်း ၄ နာရီဝန်းကျင်ခန့်တွင် နေပြည်တော် အေလာလေတပ်မှတက်လာသော ဂျက်ဖိုက်တာတစ်စီး က MBC ဘုရားကျောင်းကို ပြင်းအား ပေါင် ၅၀၀ ဗုံးဖြင့် အကြောင်းမဲ့ တိုက်ခိုက်သွားခြင်းဖြစ်သည်ဟု မင်းတပ်ဒေသခံ တစ်ဦးကပြောသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကံကောင်းထောက်မစွာဖြင့် အရပ်သားသေဆုံးမှုမရှိသော်လည်း ဘုရားကျောင်းတစ်ခုလုံး ကြေမွပျက်စီးသွားသည်ဟု သိရသည်။ “ကျနော်တို့ တန်ဖိုးထားမြတ်နိုးရတဲ့ အသင်းတော်၊ ကျနော်တို့ဘုရား၌မွေ့လျော်ခဲ့ရတဲ့အသင်းတော် ကျနော်တို့ဘုရား ဂုဏ်တော်ချီးမွမ်းခဲ့တဲ့အသင်းတော်၊ ကျနော်တို့တွေအတူတူဆုတောင်းခဲ့တဲ့ အသင်းတော်၊ ကျနော်တို့တွေရပ်နီးရပ်ဝေးကတစ်ခါမှမသိမမြင်ဖူးတဲ့သူတွေနဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ရတဲ့အသင်းတော်၊ အမှတ်တရတွေနဲ့ပြည့်နေတဲ့ အသင်းတော်လေး၊ တစ်နေ့အားလုံးအတူတူ ပြန်ဆုံတွေ့မယ်လို့အားခဲထားရတဲ့နေရာလေး၊ ပျက်စီးသွားပြီ၊ နှလုံးသားတွေကြေကွဲရတယ်ဝမ်းနည်းမျက်ရည်တွေလည်းကျခဲ့ရတယ်” ဟု Mindat Baptist Church က လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြထားသည်။ စစ်ကောင်စီကင်းစင်ပြီဖြစ်သော မင်းတပ်မြို့တွင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ် လျှက်ရှိပြီး ဧပြီလ ၉ ရက်နေ့ကလည်း မင်းတပ်မြို့အနီး ဖွီကျေးရွာကို လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ကလေးငယ်နှင့် ဘာသာရေးဆရာအပါအဝင် အရပ်သား ၆ ဦးသေဆုံးခဲ့ရသည်။ ထို့အပြင် AG ဘုရားကျောင်းအပါအဝင် လူနေအိမ် ၁၀ လုံးကျော်ပျက်စီးခဲ့သည်ဟုသိရသည်။ အလားတူ မင်းတပ်မြို့အနီး ကန်ပက်လက်မြို့ကိုလည်း ဧပြီလ ၁၂ ရက်နေ့က စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးမှုရှိခဲ့သည်ဟု သိရသည်။ စစ်ကောင်စီကင်းစင်ပြီဖြစ်သော ကန်ပက်လက်မြို့ကို ဧပြီလ…
(005MK) အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးတိမ်းရှောင်နေကြသည့် ချင်းလူငယ်များအနေဖြင့် နေရပ်ပြန်ပြီး တိုက်ပွဲဝင်ကြရန် မီဇိုရမ်ပြည်နယ် အထက် လွှတ်တော်အမတ် Pu K.Vanlalvena ကပြောသည်။ မီဇိုရမ်ပြည်နယ် ၊ အိုင်ဇောလ်မြို့ရှိ မီဇိုးအမျိုးသားတပ်ဦးပါတီ(MNF) ရုံးခန်းတွင် ဧပြီလ ၁၁ရက်နေ့ က ကျင်းပပြုလုပ် သည့် ပါတီအစည်းအဝေးတွင် လွှတ်တော်အမတ်က ထိုကဲ့သို့တိုက်တွန်းပြောဆိုသွားခြင်းဖြစ်သည်။ “ချင်းပြည်နယ်က ငါတို့ပြည်နယ်ဖြစ်တယ်လို့ ခံယူတယ်ဆိုရင် တော်လှန်ရေးမှာပါဝင်ပြီး စစ်ကောင်စီကိုတိုက်ခိုက်ဖို့ နေရပ်ပြန်ဖို့လိုပါတယ်၊ လိုအပ်တဲ့အကူအညီတွေကို ထောက်ပံ့ပေးဖို့ ကျနော်တို့ အဆင်သင့် ရှိပါတယ်” ဟု မီဇိုရမ် အထက်လွှတ်တော်အမတ်က ပြောသည်။ မီဇိုရမ်ပြည်နယ်ထက် သုံးဆခန့်ကျယ်ဝန်းသော ချင်းပြည်နယ်တွင် လူဦးရေ ၅၀၀,၀၀၀ (ငါးသိန်း) ခန့်သာရှိပြီး စစ်ရေး ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရှောင်တိမ်းနေကြရကာ မီဇိုရမ်ပြည်နယ်မြို့ကြီးများတွင် ချင်းလူငယ်အများအပြားကို တွေ့မြင်နေရသည်ဟု ၎င်းက ဆိုသည်။ ထို့ကြောင့် မီဇိုရမ်တွင်ရောက်ရှိနေကြသည့် ချင်းလူငယ်အများအနေဖြင့် စစ်ကောင်စီကို တိုက်ထုတ်ရန် နေရပ်ပြန်ပြီး တိုက်ပွဲဝင်ရန်လိုအပ်သည်ဟု ပြောသည်။ ၂၀၂၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်လာသည့် စစ်ဘေးရှောင်များကို ပြည်နယ်အစိုးရအနေဖြင့် တတ်နိုင်သမျှ ကူညီစောင့်ရှောက်ခဲ့ကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဆက်လက်အကူအညီပေးရေးများတွင် အခက်အခဲရှိလာသည်ဟုလည်း ၎င်းကပြောသည်။ ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၃ သောင်းကျော်နေထိုင်ကြသည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ် အထက်လွှတ်တော်အမတ် Pu K.Vanlalvena သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ် Chinlung မြို့ကို သွားရောက်ပြီး ချင်းပြည်ကောင်စီ၊…
(006SV) Chinland Defense Force -မတူပီ၊ တပ်မဟာ – ၁ သည် ချင်းပြည်နှင့် ချင်းလူမျိုးကို ကိုယ်စားပြုနိုင်ရန်ဟုဆိုကာ Chin Defense Force – မတူပီ အဖြစ် အမည်ပြောင်းလဲလိုက်ပြီး နိုင်ငံရေးနှင့် စစ်ရေးကဏ္ဍ စုဖွဲ့မှုများကိုလည်း ပုံစံသစ်ပြောင်းလဲလိုက်သည်။ ဧပြီလ ၂ ရက်၊ ၃ ရက်တို့တွင် ကျင်းပပြုလုပ်သော Chinland Defense Force – မတူပီ၊ တပ်မဟာ – ၁ ၏ အထွေထွေ အစည်းအဝေး ဆုံးဖြတ်ချက်အရ စုဖွဲ့မှု ပြောင်းလဲလိုက်ခြင်းများကို ဧပြီလ ၁၀ ရက်မှာ ထုတ်ပြန်သည်။ CDF – မတူပီ၊ တပ်မဟာ – ၁ အမည်နာမကို ချင်းပြည်နှင့် ချင်းလူမျိုး ၂ ရပ်လုံးအား ကိုယ်စားပြုသည့် Chin Defense Force – Matupi (ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ) အဖြစ် ပြောင်းလဲလိုက်သည်ဟု CDF – မတူပီ ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုတ်က ပြောသည်။ “အဓိကက တပ်မဟာ – ၁ ၊ ၂ ဆိုတာမျိုးထက် အဲမှာ Chinland Defence Force – မတူပီ ဆိုတဲ့အချိန်မှာ Land ဆိုတာက ပြည်နယ်၊ ဒေသ တခုကိုပဲ ကိုယ်စားပြုတယ်။ ချင်းဆိုရင် ချင်းလူမျိုး အားလုံးကိုသော်လည်းကောင်း၊ ချင်းတွေနေထိုင်တဲ့ နေရာဒေသအားလုံး…
