(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်တွင် ဝင်ရောက်လုပ်ကိုင် ဆောင်ရွက်ကြမည့် NGO၊ INGO နှင့် အရပ်ဖက် အဖွဲ့အစည်း များအနေဖြင့် နိုင်ငံရေးများ စွက်ဖက်ပါဝင်ပတ်သက်ခြင်း မပြုလုပ်ရန် CDF – မတူပီ၊ တပ်မဟာ – ၂ က ကြိုတင်သတိပေး တားမြစ်လိုက်သည်။ CDF – မတူပီ၊ တပ်မဟာ – ၂ နယ်မြေအတွင်း အရပ်ဖက်အဖွဲ့အစည်းများသည် ပြည်သူ့ဝန်ဆောင်မှု ပေးရာတွင် ချင်းပြည်ကောင်စီ – CC ဟူ၍ ဖြစ်စေ၊ ချင်းညီနောင်အဖွဲ့ – CB ဟူ၍ ဖြစ်စေ ပြောဆိုခြင်း၊ မိမိဆန္ဒမပါဘဲ CC ကိုဖြစ်စေ၊ CB ကိုဖြစ်စေ အတင်းအဓမ္မ ထောက်ခံစေခြင်းများ မပြုလုပ်ရန် မတ်လ ၂၀ ရက် ထုတ်ပြန်၍ တားမြစ်သည်။ ဒေသခံပြည်သူများကို အခွင့်အရေးပေး၍ စည်းရုံးစည်းဝေးခြင်း၊ စည်းလုံးနေသော ရပ်ရွာများကို အဖွဲ့ကွဲစေခြင်းများကိုလည်း မပြုလုပ်ကြရန် သတိပေးထုတ်ပြန်သည်။ အဆိုပါအချက်များကို ပြုလုပ်သော NGO၊ INGO နှင့် အခြားမည်သည့် အဖွဲ့အစည်းမဆို ၊ လူပုဂ္ဂိုလ်မဆို ကြီးလေးသော ပြစ်ဒဏ်ကို ခံရမည်ဖြစ်ကြောင်း တပ်မဟာ – ၂ က ဆိုသည်။ မတူပီမြို့နယ်အတွင်း ဝင်ရောက်ပြီး လုပ်ငန်းဆောင်ရွက်လိုသော NGO၊ INGO များ နှင့် အဖွဲ့အစည်းများအနေဖြင့် CDF – မတူပီ၊ တပ်မဟာ ၂ ၏ တပ်မဟာရုံးတွင် ကြိုတင်အကြောင်းကြားပြီး ခွင့်ပြုချက် ရယူပြီးမှသာ…
Author: Editor
ရေး – International Crisis Group (ICG) ယမန်နေ့ မတ်လ ၁၉ ရက်တွင် ဘယ်လဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့အခြေစိုက် နိုင်ငံတကာသုတေသနအဖွဲ့ အစည်းတခုဖြစ်သည့် International Crisis Group က “မြန်မာ့အနောက်စစ်မျက်နှာပြင်က ဆူညံသံများ – ညီညွတ်မှုမတည်ဆောက်နိုင်သော ချင်းပြည် နယ်က အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများ” ခေါင်းစဉ်ဖြင့် ထုတ်ပြန်လိုက်သည့် စာတမ်းကို အများပြည်သူလေ့လာဖတ်ရှုနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။ မြန်မာစစ်တပ်သည် ချင်းပြည်နယ်အတွင်း နေရာအများအပြားကို မထိန်းချုပ်နိုင်ဘဲ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ သို့သော် အာဏာရှင်စနစ်ဆန့်ကျင်ရေး တပ်ပေါင်းစုနှစ်ခုကြားက အငြင်းပွားမှုများကြောင့် ပြည်သူတို့အတွက် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများ ပေးအပ်ရေးနှင့် စစ်ဘေးရှောင်များ နေရပ်ပြန်ရေးတို့မှာ နှောင့်နှေးရသည်။ လက်နက်ကိုင်တပ်ပေါင်းစု နှစ်ခုက ၎င်းတို့အချင်းချင်း ပြေလည်အောင် ကြိုးပမ်းနေစဉ်တွင် ပြင်ပအလှူရှင်များကမူ ၎င်းတို့အား တတ်နိုင်သည့်ဘက်က ကူညီထောက်ပံ့ရန် လိုအပ်ပါသည်။ #အကြောင်းအရာသစ်ကဘာလဲ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံ အနောက်ဘက်ဒေသရှိ ချင်းပြည်နယ်အတွင်းက အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင် အင်အားစုများသည် စစ်တပ်ကို ပြည်နယ်တစ်ဝန်း နေရာအတော်များများမှ တိုက်ထုတ်နိုင်ခဲ့သည်။ သို့သော် နက်ရှိုင်းသော အကွဲအပြဲကြောင့် ပြည်နယ်အတွင်း အဓိက တော်လှန်ရေးအင်အားစု နှစ်ခုအကြား လူသေဆုံးသည်အထိ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုတိုက်ပွဲများကြောင့်ပင် ပြည်နယ်တစ်ဝန်း နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍတို့တွင် ရှုပ်ထွေးမှုများ ပေါ်ပေါက်လျက်ရှိသည်။ #ဘာကြောင့် ဒီအကြောင်းအရာက အရေးကြီးတာလဲ အာဏာသိမ်းမှုအလွန် စစ်ပွဲများကြောင့် ချင်းပြည်နယ်လူဦးရေ၏ သုံးပုံတစ်ပုံကျော် ပမာဏဖြစ်သော လူဦးရေ ၁၆၀,၀၀၀ ခန့်သည် ပြည်တွင်းရှိ အခြားအရပ်များသို့လည်းကောင်း၊ အိန္ဒိယနိုင်ငံအတွင်းသို့…
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ဟားခါးလေးကျေးရွာကို စစ်ကောင်စီက မတ်လ (၁၉) ရက် ယမန်နေ့ ညပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဗုံကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁) ဦးနှင့် အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဟားခါးလေးဒေသခံတဦးက “မနေ့ညကဖြစ်တာပါ။ အိမ်နှစ်လုံးပျက်တယ်၊ အခြားသုံးအိမ်ကျော်ထိခိုက်ပျက်စီးတယ်၊ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်” ဟု ပြောသည်။ စစ်ကောင်စီသည် MiG-29 Fighter Jet တိုက်လေယာဉ်အမျိုးစားဖြင့် ဟားခါးလေးကျေးရွာရှိ Wesleyan ခရစ်ယာန်ဘုရားကျောင်းအနီးတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ယမန်နေ့တွင် စစ်ကောင်စီသည် ကလေးမြို့နယ်မြောက်ပိုင်းရှိ လက်ပံချောင်းကျေးရွာ၊ စမိတ်ကွင်း ကျေးရွာ နှင့် ပြည်တော်သာကျေးရွာတို့အား Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်အသုံးပြုကာ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် နွားသုံးကောင်နှင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။ ကလေးမြို့ဒေသခံ တဦးက “မနေ့က လက်ပံချောင်းဆိုရင် ဘယ်သူမှတောင်ထင်မှတ်ထားမှာမဟုတ်ဘူး၊ ဘာမှမရှိဘူး ရုတ်တရက်ဘာမှမရှိပဲနဲ့ကို သွားပစ်တာ၊ အခုလည်း စစ်ဖြစ် ဖြစ် မဖြစ်ဖြစ် သူတို့ဗုံးကြဲတာက ဒီကလေးပဲ မဟုတ်ဘူး၊ တခြားမြို့တွေမှာလည်း အဲ့လိုပဲ အကြောင်းမဲ့သက်သက် ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတာဆိုတော့” ဟု ပြောသည်။ ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ တစ်သောင်းကျော်တို့သည် ဘေးလွတ်ရာနေရာများတွင် စစ်ဘေးတိမ်းရှောင်နေကြဆဲဖြစ်ပြီး လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများသည် စားနပ်ရိက္ခာ၊ ဆေးဝါးအကူအညီများ လိုအပ်နေဆဲဖြစ်သည်။
အကျဉ်းထောင်ထဲတွင် ထောင်တွင်းမွေးဖွားသော ကလေးများ အပါအဝင် ကလေးငယ် ၅၀ ထက်မနည်းရှိနေ (006SV) အိန္ဒိယနိုင်ငံ၊ မဏိပူရ်နှင့် အာသံပြည်နယ်များတွင် ဖမ်းဆီးထောင်ချခံ မြန်မာစစ်ဘေးဒုက္ခသည် ၁၅၀ နီးပါးကို ပြန်လွှတ်ပေးရန်အပါအဝင် ထောင်တွင်းသေဆုံမှုများ တရားမျှမှု ရရှိရေးအတွက် အိန္ဒိယဗဟိုအစိုးရထံ အရပ်ဖက်အဖွဲ့အစည်းပေါင်း ၂၀၀ နီးပါး တောင်းဆိုသည်။ ယနေ့ မတ်လ ၂၀ ရက်တွင် အိန္ဒိယနိုင်ငံ ဗဟိုအစိုးရထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ကာ မြန်မာနိုင်ငံနှင့် အိန္ဒိယနယ်စပ်တလျှောက်ရှိ လူမှုအဖွဲ့အစည်းပေါင်း ၁၉၆ ဖွဲ့က တောင်းဆိုနေခြင်းဖြစ်သည်။ “လက်ရှိကြုံတွေ့နေတဲ့ အခြေအနေက တော်တော်စိုးရိမ်ရတဲ့ အခြေအနေကို ရောက်နေပြီးမို့ အမြန်ဆုံး ဖြေရှင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဝိုင်းလုပ်ကြတာပါ။ ဒီလို အိန္ဒိယနိုင်ငံအတွင်းမှာ ဆက်လက်ထိန်းထားလို့ ဆယ်စုနှစ်ချီနဲ့ ထောင်ထဲမှာ ရှိနေတဲ့ လူတွေ အများကြီးရှိနေတယ်။ မြန်မာနိုင်ငံသားတွေလည်း အဲဒီလို အခြေအနေ မရောက်အောင် အကောင်းဆုံး နည်းလမ်းလေးနဲ့ ဖြေရှင်းပေးစေလိုတဲ့ ရည်ရွယ်ချက်ပါ” ဟု India for Myanmar တည်ထောင်သူ ဆလိုင်းဒိုရ်ခါက ပြောသည်။ အိတ်ဖွင့်ပေးစာတွင် အိန္ဒိယနိုင်ငံထဲ စစ်ဘေးတိမ်းရှောင်သော မြန်မာပြည်သူများကို ဖမ်းဆီးထောင်ချမှုများ ရပ်တန့်ပြီး စစ်ဘေး ဒုက္ခသည်များကို လူ့ဂုဏ်သိက္ခာနှင့်အညီ အသက်ရှင်သန် နေထိုင်ခွင့်ပြုရန်၊ ဖမ်းဆီးထောင်ချထားသူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုသည်။ မဏိပူရပြည်နယ်နှင့် အာသံပြည်နယ်ရှိ ထောင်များတွင် မြန်မာစစ်ဘေးရှောင်ဒုက္ခသည် ၁၄၇ ဦး ထက်မနည်း ဖမ်းဆီးအကျဉ်း ချခံထားရပြီး ယင်းတို့ထဲ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ထောင်တွင်း မွေးဖွားသော ကလေးငယ်များ၊ ကျောင်းနေအရွယ်…
(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ထဲက ကျွဲ၊ နွား၊ နွားနောက် အားလုံးကို ယနေ့ မတ်လ ၁၉ ရက်မှ စတင်၍ ဒေါင့်သန်းရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံနိုင်ရေး ဆောင်ရွက်နေပြီးဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူးရေးနှင့် ကုသရေးဌာနထံမှ သိရသည်။ “စာထုတ်ပြန်တဲ့ ရက်ကနေစပြီး လာထုတ်လို့ရပါပြီ။ တမြို့နယ်လုံး အမြန်ဆုံး ထိုးရမှာပါ။ ဒေါင့်သန်းက ကူးစက်ခံရတဲ့ ကျွဲ၊ နွား၊ နွားနောက်တွေ သေသွားတာများတယ်။ပြီးတော့ ဒီရောဂါက လူကိုတောင် ကူးစက်နိုင်တဲ့ ရောဂါလည်း ဖြစ်တာကြောင့်ပါ” ဟု မွေးမြူးရေးနှင့် ကုသရေးဌာန၊ မြို့နယ်တာဝန်ခံ ဒေါက်တာ ဟုန်းမနားက ပြောသည်။ မြို့နယ်အတွင်း ဒေါင့်သန်းရောဂါဖြစ်ပွားနေသော ကျွဲ၊ နွား၊ နွားနောက်များ၏ ပိုင်ရှင်များကို ဒေါင့်သန်းရောဂါ ကာကွယ်ဆေး (Anthrax Vaccine) အခမဲ့ထောက်ပံ့ပေးမည်ဖြစ်သောကြောင့် မိမိတို့ ကျေးရွာအုပ်စု၊ ရပ်ကွက် အုပ်ချုပ်မှု နယ်မြေအတွင်းရှိ အကောင်ရေစာရင်းများ ပြုစုပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဌာနသို့ ချိတ်ဆက်သွားရောက် ထုတ်ယူရမည်ဟု သိရသည်။ ဒေသခံပြည်သူများက မွေးမြူးထားသည့် နွားနောက်၊ နွား၊ ကျွဲ၊ ဆိတ်၊ ဝက်၊ ကြက် စသည်တို့ကို မင်းတပ်မြို့ သိမ်းတိုက်ပွဲအတွင်း ရဲဘော်များအတွက် ပါဝင်လှူဒါန်းပေးသောကြောင့် ကျေးဇူးတင်သည့်အနေဖြင့် အခမဲ့ထောက်ပံ့ပေးခြင်းဖြစ်သည်ဟု သိရသည်။ မင်းတပ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်အထိ ကျွဲ၊ နွား၊ နွားနောက် အကောင်ရေ ၂၅၀၀၀ ဝန်းကျင်အထိ ရှိခဲ့ပြီး တောကောင် များက ဝင်ဆွဲစားသောက်ခြင်း၊ ခွာနာလျှာနာဖြစ်ခြင်း၊ ရောဂါများ တမျိုးပြီး…
(002MG) ချင်းပြည်နယ် ဟားခါးမြို့မှာ ကုန်တင်ကားများပုံမှန်ဝင်ရောက်နိုင်ခြင်းမရှိသည့်အတွက် အခြေခံစားကုန်များ ဈေးမြင့်တက်နေပြီး ဆန်တအိတ် ကျပ် ၂ သိန်းကျော်အထိ ဈေးတက်သွားသည်ဟု သိရသည်။ “ကုန်ဈေးနှုန်းကတော့ အကျပိုင်းတော့မရှိဘူး၊ အကုန်လုံးတက်နေတာပဲ။ အခု ဆန်က အများသုံးက ကာနန်ဧရာမင်းက တအိတ်ကို နှစ်သိန်း၊ တချို့တွေလည်း နှစ်သိန်းခွဲအဲ့လိုအမျိုးအစားပေါ်မူတည်တယ်။ လမ်းဖွင့်တဲ့ လမ်းတွေက ကားသေးတွေပဲ အများအားဖြင့်ထွက်တယ်။ ဆန်တွေက ကားကြီး တွေပဲတင်တာလေ အဲ့တာ ကြောင့် အဲလောက်ထိ ဈေးတက်တာ ပုံမှန်လမ်းအတိုင်း မမောင်းတော့ဘူးလေ ကားကြီးတွေက ပတ်ပြီးတော့ မောင်းရတာ ဆီဈေးတက်တာ၊ ပြီးရင် လမ်းတွေကလည်း အရင်က ဟားခါးနဲ့ ကလေးကို နေ့ချင်း ရောက်ရင်တောင် အခု နှစ်ည၊ သုံးည ကြာတဲ့သူတွေ လည်းရှိတယ် အဲဒါတောင် ပုံမှန်မဟုတ်တော့ဘူး ဖလမ်းမြို့ပေါ်မှာလဲ ပတ်ရသေးတယ်၊ ဟားခါးမြို့အဝင်မှာလဲ ပတ်ရသေးတာကိုး” ဟု ဟားခါးမြို့ပေါ်က ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ ယခင်က တရက်ခရီးသာရှိသော ကလေး-ဟားခါး ကာလမ်းသည် ဖလမ်းမြို့တိုက်ပွဲကြောင့် ပုံမှန်ပြေးဆွဲ၍မရတော့ဘဲ ရှောင်ကွင်းလမ်းမှ ကွေ့ပတ်သွားနေရသည့်အတွက် လမ်းခရီးတွင် အချိန်ကြာမြင့်လေ့ရှိပြီး ဟားခါးမြို့ တွင် ကုန်တင် ကားမျာပုံမှန်ဝင်ရောက်နိုင်ခြင်းမရှိကြောင်း ဒေသခံကပြောသည်။ ထို့ကြောင့် ဆန်အပါအဝင် အခြားစားကုန်များလည်း ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်သည်ဟု သိရသည်။ လက်ရှိ ဟားခါးမြို့ပေါ်တွင် ပေါ်ဆန်းမွှေးဆန် တအိတ်လျှင် နှစ်သိန်းငါးသောင်းကျပ်၊ လုံးသွယ်မွှေးဆန် တအိတ် လျှင် နှစ်သိန်း သုံးသောင်းကျပ်၊ ကာနန်ဧရာမင်းတအိတ်လျှင် ၂ သိန်းကျပ်၊ ARB ဆန်တအိတ်လျှင် တစ်သိန်းရှစ်သောင်းကျပ်၊ ပဲဆီ တပုံးလျှင် နှစ်သိန်း…
ချင်းတော်လှန်ရေးနေ့မှာ အကျဉ်းသား ၇၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေး (006SV) ချင်းအမျိုးသားတပ်မတော်နှင့် ဒေသန္တာရကာကွယ်ရေးတပ်ဖွဲ့တို့က ၂၀၂၅ ခုနှစ် ၂ လတာအတွင်း စစ်ကောင်စီစခန်းတချို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့် သေဆုံးပြီး စစ်သုံ့ပန်း ၂၀ ဦးကို ဖမ်းဆီးရမိသည်ဟု ချင်းအမျိုးသားတပ်ဦး CNF ကပြောသည်။ မတ် ၂၀ ရက်တွင် ကျရောက်မည့် ၃၇ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်တွင် ၂၀၂၅ ခုနှစ်အတွင်း စစ်ရေးအောင်မှုများကို ချင်းအမျိုးသားတပ်ဦး CNF က အသိပေးလာခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်း ၈၀ ခန့်ကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး၏ မတ်လ ၁၈ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၃၇ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့တွင် အကျဉ်းသား ၇၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည်ဟု သိရသည်။ လွတ်ငြိမ်းခွင့် ရရှိသူ ၇၀ ကျော်နှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ဆက်သွယ်သော်လည်း မရသေးပါ။ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံရေးတမန်ရေး လှုပ်ရှားမှုအရှိန်ကို တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ချင်းအမျိုးသားတပ်ဦးက ထုတ်ပြန်သည်။ ချင်းပြည်အတွင်း စစ်ကောင်စီကင်းစင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဩဇာအာဏာ သက်ရောက်မှု မှန်သမျှ အဆုံးသတ်ရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ညီနောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် လက်တွဲပြီး အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဟု CNF ကပြောသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်မှုကြောင့် ပြည်သူများ ဆုံးရှုံးခဲ့ရသော လူမှုဘဝပြန်လည်…
(004SS) ချင်းပြည်နယ်တွင် ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယမန်နေ့ မတ်လ ၁၇ ရက်နေ့တွင် မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုကြပြီး စာမေးပွဲဖြေဆိုရန်စာရင်းသွင်းသူ ၅၅၆ အနက် ၄၀၈ ဦးကသာ ဖြေဆို ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာစာစစ်ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဟားခါးစာစစ်ဌာနတွင် ဖြေဆိုခွင့်လျှောက်ထားသူ ၃၉၈ အနက် ၂၆၀ ဦးနှင့် တီးတိန်စာစစ်ဌာနတွင် ဖြေဆိုခွင့်လျှောက်ထား သူ ၁၅၈ ဦးအနက် ၁၄၈ ဦး စုစုပေါင်း၄၀၈ ဦးကသာ ဖြေဆိုကြသည်ဟု သိရသည်။ ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ချင်းပြည်နယ်မှ ဟားခါးစာစစ်ဌာန၊ တီးတိန်စာစစ် ဌာနနှင့် ခိုင်ကမ်းစာစစ်ဌာနဟူ၍ စာစစ်ဌာန ၃ ခုဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း ဟားခါးနှင့် တီးတိန် စာစစ်ဌာန ၂ ခုမှာသာ ဖွင့်လှစ်ဖြေဆိုနိုင်ခဲ့ကြကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်မှ မတ်လ ၂၂ ရက်နေ့အထိ ဖြေဆိုကြမည်ဖြစ်သည်။ မြန်မာတနိုင်ငံလုံးတွင် ယမန်နေ့က တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ကျောင်းသူ/ကျောင်းသား ၂၀၈၈၈၉ ဦးရှိခဲ့သည်ဟု သိရသည်။
(006SV) ချင်းပြည်နယ်မြောက်ပိုင်းက ဇိုမီးလူမျိုးများ နေထိုင်ရာဒေသအတွင်း CNA ၊ ZRA အပါအဝင် ချင်းလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှု ဆက်လက်ကျူးလွန်လာပါက အရေးယူဆောင်ရွက်သွားမည်ဟု ZFU/ PDF – Zoland ကပြောသည်။ ဇိုမီးလူမျိုးများ နေထိုင်ရာဒေသအတွင်း လက်နက်မဲ့ပြည်သူများအပေါ် မတရားဖမ်းဆီး ထိန်းသိမ်းခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ် ခြင်းများကို CNF/ CNA ၊ ZRA – EC ၊ CDF – Tonzang နှင့် CDF – Hualngoram တပ်ဖွဲ့တို့က ဆက်တိုက်ကျူးလွန်လာသည်ကို တွေ့ရှိရသည်ဟု ZFU/ PDF – Zoland က မတ်လ ၁၆ ရက်က ထုတ်ပြန်သည်။ လက်နက်မဲ့၊ အပြစ်မဲ့ပြည်သူများအပေါ် ကျူးလွန်သော ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်း လုပ်ရပ်များအားလုံးကို ZFU/ PDF- Zoland အနေဖြင့် အပြင်းအထန်ရှုတ်ချသည်ဟု ဆိုသည်။ “အဲဒါက အဖွဲ့အစည်း ၂ ခုပေါ့နော။ ZRA နဲ့ CNF ဆိုရင်လည်း ဇိုးလန်းနယ်မြေမှာ အဲဒီလို ကျူးလွန်လာတော့ အဲဒီမတိုင်ခင်က လည်း သတင်းထုတ်ပြန်ထားတာ ရှိတယ်။ လက်နက်မဲ့ ပြည်သူတွေ၊ အပြစ်မရှိတဲ့ လူတွေကို အဲဒီလို ညှင်းပန်းနှိပ်စက်တာတွေ ရှိလာတော့ ပြည်သူတွေရဲ့ တောင်းဆိုမှု အရပဲဖြစ်ဖြစ်၊ သူတို့ရဲ့ လုပ်ရပ်တွေကြောင့်လည်း တော်လှန်ရေးမှာ တဖက်က ပြည်သူ တွေရဲ့ ထောက်ခံမှုကို အားနည်းစေတယ်ပေါ့နော်။ အဲဒါကြောင့် ဒီလိုကန့်ကွက်ရှုတ်ချတာပါ”…
(005MK) မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Farkawn ကျေးရွာတွင် မြန်မာစစ်ဘေးရှောင်များဖွင့်လှစ်ထားသော ဆိုင်ခန်းများကို ကျေးရွာအာဏာပိုင်များက ပိတ်ခိုင်းလိုက်သည်ဟု သိရသည်။ Farkawn ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ Village Council (VC) နှင့် အရပ်ဖက်အဖွဲ့အစည်းများအားလုံး(All NGO) တို့က မတ်လ ၁၅ ရက်နေ့မှာ အစည်းအဝေးကျင်းပပြုလုပ်ပြီးနောက် စစ်ဘေးရှောင်များ၏ ဆိုင်ခန်းများပိတ်ခိုင်းရန် သဘောတူဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။ Farkawn ကျေးရွာတွင် စစ်ဘေးရှောင်များကို မည်သည့်ဆိုင်ခန်းမှ ဖွင့်လှစ်ခွင့်မပြုတော့ဘဲ လက်ရှိ ဆိုင်ခန်း ဖွင့်သူများ ကိုလည်း မေလ ၃၁ ရက်နောက်ဆုံးထားပိတ်သိမ်းကြရန်ညွန်ကြားထားသည်ဟု သိရသည်။ ဆိုင်ဖွင့်ထားသူများအနေဖြင့် ယင်းသတ်မှတ်ရက် မကုန်ဆုံးခင် အတောအတွင်း ဆိုင်က ပစ္စည်းတွေကို အကုန်အစင် ရောင်းချရမှာဖြစ်သည်ဟု ဆိုသည်။ ရွာသားများအနေဖြင့်လည်း စစ်ရှောင်များ ဖွင့်လှစ်ထားသော ဆိုင်လုပ်ငန်းများကို လက်လွှဲယူတာ၊ ကုန်စည်များကို လက်ပြောင်းဝယ်ယူခွင့်မရှိဘဲ မြန်မာစစ်ရှောင်များကသာ ကိုယ်တိုင်ကိုယ်ကျ ရောင်းချကြရမည်ဟုလည်း အစည်းအဝေး ဆုံးဖြတ်ချက်မှာဖော်ပြထားသည်။ Farkawn ကျေးရွာတွင် ကုန်စုံဆိုင်၊ လဘ္ကရည်ဆိုင် ၊ ဆိုင်ကယ်ပြင်ဆိုင်များအပါအဝင် စစ်ဘေးရှောင်ဆိုင်ခန်းပေါင်း ၁၀ ခုကျော်ရှိသည်ဟု သိရသည်။ “ဘာကြောင့် ခုလိုလုပ်ရတာလဲတော့အတိအကျမသိရဘူး၊ ဒါပေမယ့်တစ်ခုရှိတာက စစ်ဘေးရှောင်တွေက ရွာထဲမှာ ဆိုင်ခန်းဖွင့်သူများလာတယ် ဈေးဝယ်ရင်လည်း အချင်းချင်းပဲအားပေးနေကြတယ် ဒါကို ဒေသခံတွေက မလိုလားကြ တာလည်းဖြစ်နိုင်တယ်” ဟု Farkawn ကျေးရွာမှာနေထိုင်သူတစ်ဦးကပြောသည်။ ထို့အပြင် စစ်ဘေးရှောင်များ ကျေးရွာအတွင်း ဝင်ထွက်သွားလာမှုကိုလည်း ကန့်သတ်လိုက်ပြီး ဝင်ထွက်သွားလာမည် ဆိုပါက Village Level Committee on Myanmar Refugee အဖွဲ့ထံ…
