(006SV) CDF – မတူပီ၊ တပ်မဟာ – ၂ မှ တပ်မှူး – ၂ ဦးနှင့် ရဲဘော် ၆ ဦးသည် တပ်မဟာ – ၁ တပ်ဖွဲ့ထံ ပူးပေါင်းသည်ဟု ထုတ်ပြန်ချက်သည် မှန်ကန်မှုမရှိဘဲ ၎င်းတို့သည် ခွင့်ဖြင့်အိမ်ပြန်စဉ် တပ်မဟာ – ၁ က ဖမ်းဆီးထားခြင်းဖြစ်သည်ဟု CDF – မတူပီ၊ တပ်မဟာ – ၂ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောသည်။ CDF မတူပီ၊ တပ်မဟာ – ၂ ၊ တပ်ရင်း ၆ ၏ စခန်းမှူးသည် သားဖြစ်သူ မိုင်ထိ၍ လက်ပြတ်သွားသောကြောင့် ခွင့်ယူ၍ အိမ်ပြန်စဉ် ဖမ်းဆီးခံရပြီး၊ တပ်ရင်း – ၆ စစ်ရေးဌာနမှူးသည်လည်း မိန်းမဖြစ်သူ အမွှာပူး ကလေးမွေးရန် ရှိနေ၍ ခွင့်ဖြင့် အိမ်ပြန်စဉ် တပ်မဟာ – ၁ က ဖမ်းဆီးခြင်းဖြစ်သည်ဟု သိရသည်။ တပ်မဟာ ၂ ၏ ရဲဘော် ၆ ဦးသည်လည်း ခရစ္စမတ်ကာလအပါအဝင် ၎င်းတို့၏ ဇာတိနယ်မြေကို ပြန်ရာတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ယင်းတို့အထဲက ရဲဘော် ၁ ဦးနဲ့ အမျိုးသမီး ရဲဘော် ၁ ဦးတို့မှာ ချစ်ကြိုက်၍ လက်ထပ်ရန် အိမ်ပြန်ကြခြင်းဖြစ်သည်ဟု ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောသည်။ “သူတို့က ရွာဘက်ကို ပြန်ရင်းနဲ့ သူတို့ ရွာဘက် ရောက်တဲ့အချိန်…
Author: Editor
(006SV) ချင်းပြည်နယ်တွင် တာဝန်ထမ်းဆောင်ရန် အထူးကုဆရာဝန်များအပါအဝင် ကျန်းမာရေးဝန်ထမ်း အများအပြားကို NUG အစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ချင်းပြည်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ခေါ်ယူနေပါသည်။ချင်းပြည်အစိုးရ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဆေးရုံး၊ ဆေးခန်းများတွင် တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူနေခြင်းဖြစ်သည်ဟု NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၈ ရက်မှာ ထုတ်ပြန်သည်။ အထူးကုဆရာဝန်များ၊ ဆရာဝန်များ၊ သွားနှင့်ခံတွင်း အထူးကုဆရာဝန်များ၊ သွားနှင့်ခံတွင်း ဆရာဝန်များ၊ ဆေးနှင့် ဆေးနှီးနွှယ်ဆိုင်ရာ ဘွဲ့လွန်သင်တန်းသားများ၊ အထူးပြုသူနာပြုများ၊ သူနာပြုများ၊ ဘဏ္ဍာရေးနှင့် စီမံရေးရာ အရာရှိများ၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များမှ ဒီပလိုမာ/ ဘွဲ့ ရရှိသူများ၊ ဆေးဝါးတက္ကသိုလ်များမှ ဘွဲ့ရရှိသူများ၊ ဆေးနှင့် ဆေးနှီးနွှယ်ဆိုင်ရာ ဒီပလိုမာဘွဲ့ ရရှိသူများ စသည်ရာထူးများ ပါဝင်သည့် ကျန်းမာရေး ဝန်ထမ်းများကို အလုံးအရင်းဖြင့် ခေါ်ယူနေခြင်းဖြစ်သည်။ ထို့အပြင် ကျန်းမာရေးမှူးများ ၊ အမျိုးသမီးကျန်းမာရေးဆရာမများ (LHV)၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၁ များ ၊ သားဖွားဆရာမများ ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ များ ၊ ဌာနခွဲစာရေး (BC) ၊ အကြီးတန်းစာရေး (UD) ၊ အငယ်တန်းစာရေး (LD) စသည့် ကျန်းမာရေးဝန်ထမ်းအများအပြားကိုလည်း ခေါ်ယူနေသည်။ လျှောက်ထားသူများသည် မြန်မာနိုင်ငံသားဖြစ်ရမည်၊ စစ်ကောင်စီနှင့် ပတ်သက်မှု မရှိသူဖြစ်ရမည်၊ ချင်းပြည်မှာ တာဝန်ချထားမည့် နေရာများကို သွားရောက်၍ ထမ်းဆောင်နိုင်သူ ဖြစ်ရမည်ဟု သိရသည်။ လျှောက်ထားလိုသူများသည် ဇန်နဝါရီလ ၃၁ ရက်…
လာမည့်မတ်လအတွင်း မတူပီတော်လှန်ရေး ရဲဘော်များအားလုံး ပူးပေါင်းပါဝင်ရန် တပ်မဟာ ၁ ထုတ်ပြန် (006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်အခြေစိုက်ပြီး နှစ်ဖွဲ့ကွဲနေသည့် CDF – မတူပီတွင် တပ်မဟာ ၂ မှ တပ်မှူး ၂ ဦးနှင့် ရဲဘော် ၆ ဦးသည် တပ်မဟာ ၁ ထံ ပူးပေါင်းဝင်ရောက်လာသည်ဟု သိရသည်။ CDF – မတူပီ၊ တပ်မဟာ ၂ အဖွဲ့မှ တပ်မဟာ စစ်ဦးစီး ၁ ဦး၊ တပ်ရင်းစခန်းမှူး ၁ ဦး၊ ရဲဘော် ၆ ဦးတို့သည် ချင်းကာကွယ် ရေးတပ်ဖွဲ့ – မတူပီ စည်းလုံးညီညွတ်ရေးအတွက် CDF – မတူပီ၊ တပ်မဟာ ၁ ထံသို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ များတွင် ပူးပေါင်းလာခြင်းဖြစ်သည်ဟု CDF – မတူပီ၊ တပ်မဟာ – ၁ ပြောရေးဆိုခွင့် ရှိသူ ကိုဘွေအုပ်ကပြောသည်။ “သူတို့ ဒီလိုလာတဲ့ အကြောင်းအရင်း အကုန်လုံး ခြုံကြည့်မယ်ဆိုရင် တပ်မဟာ – ၁ နဲ့ ပူးပေါင်းမယ်လို့ ပြောဆိုတာ ရှိတယ်။ အကုန်လုံးတော့ မတူဘူး။ သူ့အကြောင်းရင်းနဲ့ သူတော့ ရှိတယ်။ အဓိက အကြောင်းရင်းပြောရရင် တပ်မဟာ ၁ နဲ့ ပူးပေါင်းချင်လို့ ဆိုပြီး လာကြတာ။ သူတို့က စစ်ကောင်စီလည်း ကုန်ပြီးပြီ၊ ဘုံရန်သူလည်း…
(006SV) စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်နေသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့တခုမှ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တစ်ဦးသည် ရှေ့တန်းစစ်မြေပြင်တွင် တာဝန်ထမ်းဆောင်နေစဉ် ကျောက်ကပ် ၂ လုံးပျက်စီး၍ ဆေးဝါးကုသနိုင်ရန် အကူအညီ လိုအပ်နေသည်။ မတူပီမြို့နယ်၊ ဇိုတုန်ဒေသအခြေပြု CDF- Zotung တပ်ဖွဲ့မှ ရဲဘော် ၁ ဦးသည် လွတ်မြောက်နယ်မြေတွင် ကျောက်ကပ်ပျက်စီးမှုကို ကုသနေခြင်းမှာ လေးလကျော်လာပြီး ဆက်လက်ကုသနိုင်ရန် အကူအညီကို အရေးပေါ်တောင်းခံနေရခြင်းဖြစ်သည်ဟု CDF – Zotung တပ်ဖွဲ့၊ ဒုတိယအတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောသည်။ “အစတုန်းက နည်းည်းပါးပါးပဲ နာတယ် ပြောတယ်။ ရှေ့တန်းနယ်မြေမှာ တောက်လျှောက် စစ်ပွဲဆင်နွှဲတဲ့အချိန်မှာ ရှေ့တန်းမှာပဲ တာဝန်ထမ်းဆောင်ရင်းနဲ့ အခုလို အရမ်းနာလာတဲ့အခါ ဆေးရုံး ပြကြည့်တဲ့အခါမှာ ကျောက်ကပ်က အကောင်းမရှိတော့ဘူး။ အဲဒီနေ့ကနေဆိုရင် ငါးလနီးပါး ရှိပြီ” လို့ ဆလိုင်းပေါလ်က ပြောသည်။ စစ်ကောင်စီ အာဏာသိမ်းချိန်တွင် အသက် ၁၇ နှစ်ခန့်သာရှိသေးသော ရဲဘော် ဆလိုင်းဝင်းမြင့်ဦးသည် CDF – Zotung ထံ ဝင်ရောက်ပြီး ရှေ့တန်းစစ်မြေပြင်တွင် အမြဲတမ်း တာဝန်ထမ်းဆောင်သည့် ရဲဘော် ဖြစ်သည်ဟု သိရသည်။ ရဲဘော်သည် တပ်ဖွဲ့၏ အခြေခံစစ်သင်တန်းများအပြင် အထူးစပါရှယ်သင်တန်း (အထူးတပ်ဖွဲ့ဝင်သင်တန်း) ကို ၂ ကြိမ်တက်ရောက်၍ အောင်မြင်စွာ သင်တန်းဆင်းထားသူဖြစ်သည်ဟု သိရသည်။ ချင်းတောင်တန်းပေါ်က ရှေ့တန်းစစ်မြေပြင်တွင် တာဝန်ထမ်းဆောင်နေစဉ် မခံမရပ်နိုင်အောင် နာကျဉ်၍ ဆေးရုံးပြကြည့်ရာမှ ကျောက်ကပ် ၂ ခုစလုံး ပျက်စီးနေသည်ကို သိရခြင်းဖြစ်သည်ဟု CDF – Zotung တပ်ဖွဲ့၊…
(002MG)စစ်အာဏာရှင်စနစ်ကျရှုံးရေး၊ ဒီမိုကရေစီလူ့အခွင့်အရေး၊ အမျိုးသားတန်းတန်တူရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ရေးနှင့် အခြားကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန်အတွက် အရှို (ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီ (Asho Chin National Federal Council – Bago Region) ကို ဇန်နဝါရီလ (၄) ရက်နေ့က ဖွဲ့စည်းခဲ့ကြသည်ဟု သိရသည်။ပဲခူးတိုင်းဒေသကြီးတွင် အရှို (ချင်း) တိုင်းရင်းသားများနှင့် ဗမာတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသား (၇) မျိုးခန့် အတူတကွ စုပေါင်းနေထိုင်ကြပြီး စစ်အာဏာရှင်စနစ်အပြီးတိုင် ကျရှုံးရေး နှင့် ပဲခူးပြည်နယ် (နာမည်ယာယီ) ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် အမြန်ရေးဆွဲနိုင်ရေးတို့သည် ပဲခူးဖက်ဒရယ်ယူနစ်လွှတ်တော်၊ သက်ဆိုင်ရာတော်လှန်ရေး အဖွဲ့ အစည်းများ၊ သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့ အစည်းများ စုပေါင်းကာ ပဲခူးပြည်နယ် (နာမည်ယာယီ) ဖွဲ့စည်းပုံမူကြမ်း အား ရေးဆွဲကြရမည်ဟု အရှို (ချင်း) အမျိုးသား ဖက်ဒရယ်ကောင်စီ – ပဲခူးက ဇန်နဝါရီလ ၇ ရက်နေ့က ထုတ်ပြန်သည်။ခေတ်အဆက်ဆက်ကြုံတွေ့လာရသော နိုင်ငံရေးအကျပ်အတည်းအား ဖြေရှင်းနိုင်ရန်၊ ဖက်ဒ ရယ်ဒီမိုကရေစီစနစ်ကို အခြေခံသော ပြည်ထောင်စုကြီးတစ်ရပ် ပေါ်ပေါက်လာရန်နှင့် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် အမြန်ပေါ် ပေါက်လာရန် အရေးကြီးသောကြောင့် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြခံဥပဒေတစ်ရပ်အမြန်ရေးဆွဲပြဌာန်းနိုင်ရေးအား ချဉ်းကပ်ရာတွင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပထမဦးစားပေးရေးဆွဲကာ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ အား ဒုတိယဦးစားပေးရေး ဆွဲရေးမူဖြင့် ချဥ်းကပ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အရှို(ချင်း)အမျိုးသားဖက်ဒရယ်ကောင်စီ(ဗဟို)၏ မူဝါဒအရ တိုင်းဒေသကြီး(၅)ခု၊ ပြည်နယ်(၁)ခု စုစုပေါင်း(၆)ခုတို့တွင် ပြန့်နှံ့နေထိုင်ကြသော အရှို(ချင်း)တိုင်းရင်းသားများအနေဖြင့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆောလျင်စွာ ပေါ်ပေါက် လာနိုင်ရန်အတွက် ကြိုးပမ်းအားထုတ်လျက်ရှိသည်ဟုဆိုပါသည်။…
(006SV) ချင်းပြည်နယ်မြောက်ပိုင်းက မြို့သိမ်းစစ်ဆင်ရေးဆောင်ရွက်နေသော ဖလမ်းမြို့တွင် မြို့ရှောင်ကွင်းလမ်းများ အားလုံးကို ဇန်နဝါရီလ ၇ ရက်မှ စတင်၍ ပိတ်ထားသည်ဟု သိရသည်။ ဖလမ်းမြို့ရှောင်ကွင်းလမ်းအားလုံးကို ခရီးသွားပြည်သူများအနေဖြင့် Skat နှင့်Forland ကားများ၊ ၆ ဘီးကား၊ ၁၀ ဘီးကား၊ ၁၂ ဘီးကားအပါအဝင် ကားများကို အသုံးပြု၍ ဖြတ်သန်းသွားလာခြင်းကိုပါ ယမန်နေ့ ဇန်နဝါရီလ ၇ ရက်မှစတင်၍ ကန့်သတ်တားမြစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ “ဖလမ်းစစ်ဆင်ရေးလုပ်နေတဲ့ ကာလမို့ ကျနော်တို့လည်း လုံခြုံရေးအရ အကုန်လုံးတားမြစ်ထားပါတယ်။ ကျနော်တို့ ထုတ်ပြန် ထားတဲ့အတိုင်း ပြည်သူတွေလည်း မထိခိုက်အောင် ၊ တချို့ လုံခြုံရေးအရ ကျနော်တို့ရဲ့ သတင်းတွေလည်း ရန်သူ့ လက်ထဲ မရောက်အောင် တားမြစ်လိုက်တာဖြစ်ပါတယ်။ ဖလမ်းအဝင်အကုန်ပါ ပါဝင်ပါတယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။ ပြည်သူလူထု၏ လုံခြုံရေးအတွက်လည်း ဖလမ်းမြို့ခရီးသွားပြည်သူများကို အသိပေး နှိုးဆော်ရခြင်းဖြစ်သည်ဟု သိရသည်။ ခရီးသွားပြည်သူများအနေဖြင့် စည်းကမ်းဖောက်ဖျက်မှုများ ရှိလာလျှင် ကြပ်ကြပ်မတ်မတ်နှင့် အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။ လက်ရှိတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် CNDF ၊ ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်များသည် ဖလမ်းမြို့ အခြေစိုက် ခလရ – ၂၆၈ တပ်ရင်းကို အပြီးသတ် သိမ်းနိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေ ကြောင်း သိရသည်။ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ နိုဝင်ဘာလ ၉ ရက်မှစတင်၍ ဖော်ဆောင်နေခြင်းဖြစ်ပြီး ခလရ – ၂၆၈ တပ်ရင်းမှအပ စစ်စခန်းအားလုံးကို…
(004SS) ချင်းပြည်နယ် ဟားခါးမြို့တွင် တာဝန်ကျနေသော စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၃ ဦးသည် လက်နက်များနှင့်အတူ Chinland Defense Force – Hakha ထံ အလင်းဝင်ရောက်လာကြောင်း သိရသည်။ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၃ ဦးသည် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိကြတော့ဘဲ ပြည်သူများနှင့် ပူးပေါင်းပါဝင်လိုခြင်းကြောင့် ဇန်နဝါရီလ ၃ ရက်၊ ၆ ရက်နှင့် ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့တွင် ၎င်းတို့ထံ အလင်းဝင်ရောက်လာကြသည်ဟု CDF-Hakha က ထုတ်ပြန်သည်။ လက်နက်များနှင့်အတူ အလင်းဝင်လာကြသော ပြည်သူ့စစ် ၃ ဦးကို ဆုငွေ ချီးမြှင့်ပြီးနောက် လွတ်မြောက်နယ်မြေရောက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း CDF-Hakah က ထုတ်ပြန်ထားသည်။ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ ပြည်သူများနှင့် ပူပေါင်းကာ တော်လှန်ရေးတွင် ပါဝင်လိုသူများကို အမြဲကြိုဆိုပြီး အချိန်မရွေး ဆက်သွယ်လာနိုင်ကြောင်း၊ လွတ်မြောက်နယ်မြေရောက်သည်အထိ တာဝန်ယူပေးမည်ဖြစ်ကြောင်းလည်း CDF-Hakah က အသိပေးချက် ဖော်ပြထားသည်။
(006SV) ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး စီးနှင်းလာသည့် ကားကို ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF – ဟားခါးက တိုက်ခိုက်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် ရဲ ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု သိရသည်။ စစ်ကောင်စီ၏ ချင်းပြည်နယ်အစိုးရအဖွဲ့ ရုံးစိုက်ရာ ဟားခါးမြို့ပေါ်တွင် ဇန်နဝါရီလ ၄ ရက်က လွတ်လပ်ရေးနေ့အခမ်းအနား တက်ရောက်ရန် လာသော ဟားခါး မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ကားကို မြို့ပေါ်တနေရာမှာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CDF – ဟားခါးမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “တိုက်ပွဲကတော့ ခဏလေးပါ။ သူတို့ကားလာတဲ့အချိန်ကို ပစ်ပြီးတော့ ကိုယ့်လူတွေကို ပြန်ဆုတ်ခိုင်းတာပါ။ မြို့တွင်းဆိုတော့ အကြာကြီးပစ်လို့လည်း အဆင်မပြေဘူးဆိုတော့။ သူတို့ကားက မှောက်သေးတယ်။ ပလက်ဖောင်းပေါ်ကတက်ပြီးတော့ ဆိုင်ခန်း ၂ ခန်းကို ဝင်တိုက်ပြီးတော့ ကားလည်း တော်တော်လေး ပျက်စီးသွားတယ်။ သေသွားပြီထင်ပြီးတော့ ကိုယ့်လူတွေ ပြန်ဆုတ်ခိုင်းတာပါ” ဟု CDF – ဟားခါးမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ချင်းပြည်နယ်အစိုးရရုံးတွင် လွတ်လပ်ရေးနေ့အခမ်းအနားကို ၄ နာရီ မီနစ် ၂၀ မှာ ကျင်းပရန် စီစဉ်ထားမှုကို သိရှိပြီး မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင် ၄ ဦးခန့် စီးနှင်းလာသောကားကို စောင့်ကြိုပစ်ခတ်နိုင်ခြင်းဖြစ်သည်ဟု သိရသည်။ ဟားခါး မြို့နယ်ရဲတပ်ဖွဲ့မှူးသည် မျက်စိ ထိခိုက်ပျက်စီးသွားပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦးသည် ကျည်ထိဒဏ်ရာများနှင့် ကားမှန် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ၎င်းတို့စီးနင်းလာသော ကားသည် လမ်းဘေးဆိုင်ခန်းများကို ဝင်တိုက်ပြီး ပျက်စီးသွားသည်ဟု…
(005MK) အိန္ဒိယဗဟိုအစိုးရက အိန္ဒိယ-မြန်မာ နယ်စပ်အကြား လွတ်လပ်စွာြဖတ်သန်းသွားလာခွင့် FMR စနစ်ဖျက်သိမ်းမှုကြောင့် နယ်စပ်ဖြတ်ကျော်ဝင်ထွက်သွားလာမှု ကန့်သတ်တင်းကြပ်လိုက်သည့်အပေါ် ပြန်လည်သုံးသပ်ပေးရန် ZORO အဖွဲ့က တောင်းဆိုလိုက်သည်။ မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ZO RE-UNIFICATION ORGANISATION (ZORO) အဖွဲ့က အိန္ဒိယ-မြန်မာနယ်စပ်အရေးနှင့်ပတ်သက်၍ ယမန်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး အိန္ဒိယဗဟို အစိုးရအနေဖြင့် ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် ဌာနတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ် သည်ဟု ဖော်ပြထားသည်။ “အိန္ဒိယဗဟိုးအစိုးရက FMR ကိုဖျက်သိမ်းပြီး နယ်စပ်ဖြတ်ကျော်ဖို့ ခွင့်ပြုချက်ယူဖို့လိုအပ်လာတဲ့အပေါ် မိမိတို့အနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်၊ ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကြေညာစာတမ်း (UNDRIP) ကြေညာ စာတမ်း အပုဒ် ၃၆ ပုဒ်မ ၁ နဲ့ ၂ မှာဖော်ပြထားတဲ့ မိမိတို့ရဲ့ အခွင့်အရေး ရပိုင်တွေ ချိုးဖောက်ခံ ရတာ ဖြစ်ပါတယ်၊ ဒါကြောင့် FRM ကိုပြန်လည်ခွင့်ပြုပေးဖို့တောင်းဆိုပါတယ်၊ မိမိတို့ရဲ့အခွင့်အရေး ရပိုင်ခွင့်တွေ ပြန်လည်ရရှိ ဖို့အတွက် နောက်ဆုံးအထိဆက်လက်တိုက်ပွဲဝင်သွားမယ်’’ ဟု ZORO ၏ ထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။ အိန္ဒိယသည် ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကြေညာစာတမ်း ကို လက်မှတ်ထိုး ထားသောနိုင်ငံဖြစ်ပြီး ယင်းကြေညာ စာတမ်း အပုဒ် ၃၆ တွင် ဌာနေတိုင်းရင်းသားလူမျိုးများ အထူးသဖြင့် နိုင်ငံတကာ နယ်စပ်များဖြင့် ပိုင်းခြားခြင်း ခံရသော လူမျိုးများသည် ၎င်းတို့အချင်းချင်းအပြင် နယ်စပ်တဘက်ခြားရှိ အခြားလူမျိုးများ နှင့်ပါ ဝိညာဉ်ရေးရာ၊ ယဉ်ကျေးမှု ဆိုင်ရာ၊ နိုင်ငံရေး၊ စီးပွားရေးနှင့်…
(SV006) ချင်းပြည်နယ် ဖလမ်းမြို့နယ် Khuanglung ကျေးရွာတွင် စစ်သုံ့ပန်းများထားရှိသည့်နေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ပြီး အစောင့်တပ်သားတစ်ဦးအပါအဝင် စစ်သုံ့ပန်း ၇ ဦးသေဆုံးခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက် ညပိုင်း ၁၁ နာရီဝန်းကျင်ခန့်တွင် ဖလမ်းမြို့နယ် Khuanglung ကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ ပန်း ရဲ ၇ ယောက် နဲ့ CNDF ရဲဘော်တစ်ဦး သေဆုံးခဲ့သည်ဟု CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။ “ည ၁၁ နာရီနဲ့ ၁၂ ကြားမှာပေါ့လေ MI 29 ဖိုက်တာဂျက်က အဲဒီ Khuanglung ရွာကို ၂ ကြိမ်ပစ်ပါတယ် အဲဒီနေရာက စစ်သုံ့ပန်းတွေကို ယာယီထားတဲ့နေရာဖြစ်တယ် စစ်သုံ့ပန်းတွေ ရှိတဲ့နေရာကို ပစ်တာပေါ့လေ၊ ကျောင်းနဲ့ ဆေးရုံကို ပစ်မှတ်ထားပြီးမှ ပစ်တယ် ကျနော်တို့ CNDF ရဲဘော်တစ်ဦး ဆုံးသွားတယ် စစ်သုံ့ပန်းဖမ်းထားတဲ့ဟာ ရဲ ၇ ယောက် ဆုံးသွားတယ် ရဲ ၃ ယောက်လောက်က ဒဏ်ရာရတယ်” ဟု ဆလိုင်းတီမီကပြောသည်။ ချင်းညီနောင်တပ်ဖွဲ့အနေဖြင့် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က စတင်ခဲ့ကြပြီး စစ်ဆင်ရေးကာလအတွင်း ရဲတပ်ဖွဲ့ဝင် ၄၅ ယောက်ကို ဖမ်းဆီးရမိခဲ့ကြသည်။ ယင်းအထဲက စစ်သုံ့ပန်းတချို့ကို Khuanglung ကျေးရွာထဲက အဆောက်အဦးတစ်ခုမှာ ဖမ်းဆီးထိန်းသိမ်းထားစဉ် စစ်ကောင်စီက…
