Author: Editor

ချင်းပြည်မြောက်ပိုင်း တွန်းဇံမြို့ကို ထိုးစစ်ဆင်လာသော Zomi Revolutionary Army (ZRA) တပ်ဖွဲ့ကို ပြန်လည်တိုက်ခိုက်သွားမည်ဟု CDF-Hualngoram က အသိပေးထုတ်ပြန်သည်။ တွန်းဇံမြို့အတွင်း မိဘပြည်သူများသည် အေးချမ်းစွာ နေထိုင်ခဲ့ကြသော်လည်း ဧပြီလ (၃) ရက်နေ့ မနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် Zomi Revolutionary Army (ZRA)တပ်ဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သောကြောင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု CDF-Hualngoram က ဧပြီလ ၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။ ထို့ကြောင့် ချင်းပြည်(Chinland) ကိုကာကွယ်ရန်နှင့် မိမိကိုယ်ကိုယ်ခုခံကာကွယ် နိုင်ရန်အတွက် အကြမ်းဖက် စစ်ကောင်စီနှင့် ၎င်း၏ လက်ကိုင်တုတ်ဖြစ်သော ZRA တပ်ဖွဲ့အား ပြန်လည်တိုက်ခိုက်သွားမည်ဟု ယင်းထုတ်ပြန်ချက် တွင်ဖော်ပြာထားသည်။ ဧပြီလ ၃ ရက် နံနက်ပိုင်းက စတင်၍ ချင်းပြည်အစိုးရ ပူးပေါင်းတပ်များက ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရာ ဖော်ဆောင်နေသည့် တွန်းဇံမြို့ကို ZRA က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။ ဧပြီလ ၄ ရက်အထိ တွန်းဇံမြို့ပေါ်က တိုက်ပွဲများတွင် ZRA တပ်ဖွဲ့သည် စစ်ကောင်စီပေးထားသည့် ဒရုန်းနှင့် လက်နက်ခဲယမ်းများကို အသုံးပြု တိုက်ခိုက်နေသည်ကို တွေ့ရှိရသည်ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ယမန်နေ့က ခိုနူမ်းသုန်ကိုပြောဆိုထားသည်။

Read More

(004SS) မြန်မာနိုင်ငံက ငလျင်ဘေးသင့်ပြည်သူများအတွက် အိန္ဒိယအစိုးရ၏ ငလျင်ကူညီကယ်ဆယ်ရေးပစ္စည်းများသည် CDF-Hualngoram ထိန်းချုပ်နယ်မြေ ချင်းပြည် ရိခေါဒါရ်မြို့သို့ ရောက်ရှိနေပြီဟု သိရသည်။ ကုန်တင်ကား ၁၂ စီးစာရှိသော အဆိုပါငလျင်ကယ်ဆယ်ရေးပစ္စည်းများကို မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ကတဆင့် အာသံရိုင်ဖယ်တပ်ဖွဲ့က ကုန်ကားများဖြင့်သယ်လာပြီး အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့သို့ ဧပြီလ ၃ ရက်နေ့က ဘေးကင်းလုံခြုံစွာရောက်ရှိလာပြီဟု CDF-Hualngoram တာဝန်ရှိသူတစ်ဦးကပြောသည်။ “အဲဒီကူညီရေးပစ္စည်းတွေ ဒီဘက်ခြမ်း (မြန်မာ) ဘက်ကို ရောက်ပါပြီ။ မနေ့က ကားတွေရောက်တာ တစ်စီးနဲ့တစ်စီးက ရောက်ချိန် မတူကြဘူး၊ ညနေပိုင်းအထိရောက်တာကတော့ အားလုံးပေါင်း ကုန်ကား ၁၂ စီးရောက်ပါတယ်။ အဓိက ဆန်၊ ဆီ၊ ဆားနဲ့ ဆေးဝါးပစ္စည်းတွေပေါ့” ဟု ၎င်းကပြောသည်။ လက်ရှိတွင် ယင်းကူညီရေးပစ္စည်းများသည် မြန်မာဘက်ခြမ်းတစ်နေရာတွင် ခေတ္တထားရှိပြီး ငလျင်ဘေးသင့်ဒေသ ဖြစ်သော စစ်ကိုင်း၊ မန္တလေးနှင့် လို‌အပ်သော နေရာများသို့ ကုန်းလမ်းဖြင့် ဆက်လက် ပို့ဆောင်သွားမည်ဟု သိရသည်။သို့သော် ကူညီရေးပစ္စည်းများကို ဘယ်အချိန်တွင် မည်သည့် လမ်းကြောင်းဖြင့် ပို့ဆောင်သွားမည်ကိုမူ မသိရသေးကြောင်း ကူညီရေးပစ္စည်းများ ထိန်းသိမ်းရေး၊ သယ်ယူပို့ဆောင်ရေးစသည့်အပိုင်းများတွင် တတ်နိုင်သည့်ဘက်မှ လိုအပ်သလို ကူညီမှုပေးနေကြောင်း CDF-Hualngoram တာဝန်ရှိသူကပြောသည်။ “ကျွန်တော်တို့အနနဲ့ ကူညီပေးတဲ့ အခြေအနေပဲရှိတော့ ဘယ်လို လမ်းကြောင်းကနေ ဆက်သွားမလဲ ဆို‌တာ‌က ကျွန်တော် တို့နဲ့ တိုက်ရိုက် မသက်ဆိုင်တော့ ပြောရခက်တယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ကုန်ထမ်းဖို့ အလုပ်သမားတွေရှာပေးထား တာပေါ့၊ နောက် သယ်ဖို့ ကားတွေတတ်နိုင်သလောက် စီစဉ်ပေးထားတယ်။ ခဏတစ်ဖြုတ် ပစ္စည်းထားဖို့ နေရာတွေ…

Read More

အိန္ဒိယနှင့် ချင်းပြည်အစိုးရတို့ ငလျင်ကယ်ဆယ်ရေးအတွက် နယ်မြေဖြတ်သန်းသွားလာခွင့်ညှိနှိုင်းမှု အဆင်ပြေချိန်တွင် ထိုးစစ်ဆင်ခြင်းဖြစ် (006SV) အိန္ဒိယအစိုးရက ငလျင်ဒဏ်သင့်မြန်မာပြည်သူများကို ကူညီထောက်ပံ့နိုင်ရေး ချင်းပြည်ကို ဖြတ်သန်းသွားလာခွင့်ကိစ္စ ဆောင်ရွက်နေချိန်တွင် ZRA – EC တပ်များသည် အင်အားအလုံးအရင်းဖြင့် တွန်းဇံမြို့ကို ရုတ်တရက် ထိုးစစ်ဆင် တိုက်ခိုက်လိုက်ရာ မြို့ပေါ် ၄ နေရာတွင် တိုက်ပွဲများ ပြင်းထန်နေသည်။ “တွန်းဇံမြို့ထဲ ၄ နေရာမှာ မနေ့က စ ဖြစ်တာပါ။ ကျနော်တို့ ယူထားတဲ့ မီးသတ်ကုန်း၊ ကိုဗစ်စင်တာတို့ စတဲ့ ၄ နေရာမှာပါ။ တိုက်ပွဲက အခုထိ ဆက်လက်ပြင်းထန်နေတယ်။ သူတို့က တွန်းဇံမြို့ကို ပြန်ယူဖို့ ဆိုပြီးတော့မှ မြို့ထဲကို ဝင်လာတာ ဖြစ်တယ်။ အခုတလောမှာ ငလျင်ဒဏ်ကြောင့် ကျနော်တို့ စစ်ကောင်စီနဲ့ ပစ်ခတ်မှုကို ရပ်တာကို ဆုံးဖြတ်လုပ်တဲ့အချိန်မှာ သူတို့က အခွင့်ကောင်းယူပြီးတော့ အဲဒီလိုနဲ့ အခု ကျနော်တို့ကို စပြီးတော့ ဝင်တိုက်တာ ဖြစ်တယ်” ဟု ချင်းလဲန်းကောင်စီပူးပေါင်းတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ ဧပြီလ ၃ ရက် နံနက်ပိုင်းမှာ စတင်၍ ချင်းပြည်အစိုးရ ပူးပေါင်းတပ်များက ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရာ ဖော်ဆောင်နေသည့် တွန်းဇံမြို့ကို ဇိုမီးတော်လှန်ရေးတပ် – အရှေ့ပိုင်း (ZRA – EC) တို့က အင်အားအလုံးအရင်းဖြင့် အိန္ဒိယ၊ မဏိပူရ်ပြည်နယ်ဘက်မှ ကျီခါးမြို့ကို ဖြတ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။ ယမန်နေ့မှ ယနေ့ ဧပြီလ ၄ ရက်အထိ တွန်းဇံမြို့ပေါ်က…

Read More

အကျင့်ပျက်ခြစားမှု ကင်းစင်သော အရပ်သားအုပ်ချုပ်ရေး ဖော်ဆောင်မည်ဟုဆို (006SV) စစ်အာဏာရှင်တော်လှန်ရေးကာလ မင်းတပ်မြို့တွင် ဒေသန္တရအရပ်သားအုပ်ချုပ်ရေး ယန္တရားတစ်ရပ် ဖော်ဆောင်လည်ပတ်နိုင် ရေးအတွက် မင်းတပ်ပအဖ၏ ရုံးအဖွဲ့မှူးအပါအဝင် ဝန်ထမ်းပေါင်း ၃၆ နေရာကို မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ခေါ်ယူနေသည်။ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးက ရာထူးနေရာများအတွက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများသည် မင်းတပ် မြို့နယ်ပအဖနှင့် မြို့/တိုက်နယ်အုပ်ချုပ်ရေးမှူးများထံမှ တဆင့် လျှောက်ထားနိုင်သည်ဟု မင်းတပ် ပအဖ က မတ်လ ၁၇ ရက်နေ့စွဲဖြင့် ယမန်နေ့က တရားဝင်ထုတ်ပြန်သည်။ ရုံးအဖွဲ့မှူး၊ လက်ထောက်ရုံးအဖွဲ့မှူးနှင့် ရုံးအုပ်ရာထူးအတွက် ၁ နေရာစီ၊ ဌာနခွဲမှူး၊ အကြီးတန်းဝန်ထမ်း နှင့် သန့်ရှင်းရေး/ လုံခြုံရေးဝန်ထမ်း ရာထူးအတွက် ၃ နေရာစီ၊ အငယ်တန်းဝန်ထမ်းများဖြစ်သော စာရင်းကိုင်/ လက်ထောက်ဘဏ္ဍာရေးမှူး/ ကွန်ပျူတာလုပ်ဆောင်ရေးမှူး။ အမှုတွဲထိန်းရာထူးတို့အတွက် ၁၆ နေရာ၊ အခွန်ကောက်ဝန်ထမ်း ၁၆ နေရာနှင့် ယာဉ်မောင်း ၂ နေရာတို့အတွက် ခေါ်ယူနေခြင်းဖြစ်သည်။ သက်ဆိုင်ရာရာထူးအလိုက် ပညာအရည်အချင်းပြည့်မီသူများ၊ ဒေသခံများ၊ စကစနှင့် မပူးပေါင်းသူများ၊ Non- CDM မိသားစုဝင် မဟုတ်ခြင်းနှင့် CDM ဝန်ထမ်းများကို ဦးစားပေးရွေးချယ်သွားမည်၊ အနည်းဆုံး ၅ နှစ်ခန့် တာဝန်ထမ်းဆောင်နိုင်ရမည်ဟု သိရသည်။ ဝန်ထမ်းခန့်အပ်ခံရသူများသည် တော်လှန်ရေးကာလဖြစ်၍ လစာ၊ အကျိုးစီးပွား၊ အထူးခံစားခွင့် ရရှိမည် မဟုတ်ဘဲ ဒေသတည်ငြိမ် တိုးတက်လာစေရန်၊ ပြည်သူ ယုံကြည်အားကိုးသော ဒေသန္တရအစိုးရတစ်ရပ် ဖြစ်လာရန်အတွက် ဆောင်ရွက်ရန် စိတ်အားထန် သန်သူများသာ ဖြစ်ရမည်ဟု ဆိုသည်။ မင်းတပ်ဒေသတွင် အကျင့်ပျက်ခြစား၊ ဘက်လိုက်မှု…

Read More

(005MK) အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေး ရိ-ဇိုခေါထာရ်ကတဆင့် မီဇိုရမ်ပြည်နယ်ထဲ တရားမဝင်သယ်ဆောင်လာသော တိရိစ္ဆာန်အကောင် ၃၀ ကျော်ကို ဒေသတွင်းအာဏာများကဖမ်းဆီးခဲ့ကြောင်းသိရသည်။ Assam Rifles နှင့် Environment Forest & Climate Change department ပူးပေါင်းအဖွဲ့မှ ကျန်ဖိုင်းခရိုင် ဇိုခေါ ထာရ်ကျေးရွာတွင် တရားမဝင်သယ်ဆောင်လာသော တိရိစ္ဆာန်အကောင်ရေ ၃၁ ကောင်ကို ဧပြီလ ၃ ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။ ဖမ်းဆီးရမိသော တိရိစ္ဆာန်မျိုးစိတ်များမှာ (Albino Burmese Python) မြန်မာ့စပါးအုံးမြွေ၊ (African Spurred tortoise) အာဖရိက လိပ် အမျိုးအစား ၂၇ ကောင် နှင့် (Patagonian mara) အမျိုးအစား ယုန် ၃ ကောင်တို့ ဖမ်းဆီးရမိတယ်လို့ Vanglaini သတင်းစာတွင် ဖော်ပြသည်။ အဆိုပါ တိရိစ္ဆာန်အကောင်ရေ ၃၁ ကောင်မှာ လက်ရှိကာလပေါက်စျေးအရ ရူပီး သိန်း ၁၃၀ ခန့် တန်ဖိုးရှိကြောင်း သိရသည်။ တရားမဝင် တိရိစ္ဆာန်သယ်ဆောင်လာသူ မြန်မာနိုင်ငံသားတစ်ဦးအပါအဝင် ဒေသခံလူမျိုး ၅ ဦးတို့ကို ဖမ်းဆီးကာ ကျန်ဖိုင်းထောင်မှာ ထိန်းသိမ်းထားသည်ဟု သိရသည်။ ဖမ်းဆီးခံရသူများမှာ ချင်းပြည်နယ် Khawmawi ကျေးရွာက Thawnsuangmuang နှင့်အတူ ဇိုခေါထာရ်ကျေးရွာနေ Jessie Lalnunmawia, Biakzapianga, Lalzuitluangi, Denga နှင့် Lalhmangaihthanga တို့ဖြစ်သည်။

Read More

(005MK) မြန်မာနိုင်ငံက ငလျင်ဘေးသင့်ပြည်သူများ ကူညီထောက်ပံ့ရန်အတွက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာရောက်ရှိနေ ကြသော မြန်မာအရပ်ဖက်အဖွဲ့အစည်းများက အလှူငွေများစတင်ကောက်ခံနေကြောင်းသိရသည်။ မီဇိုရမ်ပြည်နယ်က မြန်မာ့လူမှုရေးအသင်း နှင့် Youth for Myanmar အဖွဲ့တို့ဦးဆောင်မှုဖြင့် ဧပြီလ ၂ ရက်နှင့် ၃ ရက်နေ့တို့မှာ အိုင်ဇောလ်မြို့က မြန်မာယက္ကန်းအလုပ်သမားများထံ အလှူငွေများကောက်ခံခဲ့ကြပြီး ရူပီးငွေ ၇ သောင်း ကျော်ရရှိခဲ့ကြောင်း မြန်မာ့လူမှုရေးအသင်းဦးဆောင်သူတစ်ဦးကပြောသည်။ “မနေ့က ကျနော်တို့ စပြီး တစ်အိမ်တက်တစ်အိမ်ဆင်း ငလျင်းဘေးသင့် အလှူငွေကောက်ခံခဲ့ပါတယ်။ မြန်မာယက္ကန်း သမားအများစုနေထိုင်တဲ့ ဇောင်းသွီရပ်ကွက်မှာ ၂ ရက်ကောက်ခံတာ အိန္ဒိယငွေ ရူပီး ၇၇၈၈၀ ရရှိနေပြီဖြစ်တယ်။ လာမည့်အပတ်မှာ အိုက်ဇောလ်မြို့ထဲမှာနေတဲ့ မြန်မာယက္ကန်းသမားများထံမှာလည်း ဆက်လက်ပြီး အလှူငွေ ကောက်ခံသွားဖို့ရှိပါတယ် အားလုံးထည့်ဝင်လှူဒါန်းကြဖို့လည်း ဖိတ်ခေါ်ပါတယ်” ဟု ၎င်းကပြောသည်။ ကောက်ခံရရှိသော အလှူငွေများကို မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်ဆိုးရွားစွာခံစားနေရသော ပြည်သူများထံ ပေးလှူသွားမည်ဟု မြန်မာ့လူမှုရေးအသင်း ဦးဆောင်သူကပြောသည်။ “ဘယ်နေရာကို ပေးလှူသွားမယ်ဆိုတာတော့ တိတိကျကျ ဆုံးဖြတ်ချက်တော့မရှိသေးဘူး။ စိတ်ထဲမှာတော့ စစ်ကိုင်း ဘက်ကိုတော့ ရည်ရွယ်ထားတယ်။ အကူအညီအရောက်ပေါက်နည်းတဲ့ နေရာဒေသကို စုံစမ်းပြီး ပေးလှူသွား မှာဖြစ်တယ်” ဟု သူကပြောသည်။ မြန်မာ့လူမှုရေးအသင်းသည် မီဇိုရမ်ပြည်နယ်တွင်ရောက်ရှိနေကြသော မြန်မာ နိုင်ငံသားများ၏ သာရေး၊ နာရေး ကိစ္စ များတွင် ကူညီဆောင်ရွက်ပေးရန်ဖွဲ့စည်းထားခြင်းဖြစ်ပြီး လွန်ခဲ့သော ၂၀၁၅ ခုနှစ်ကလည်း ကလေးမြို့ ရေးဘေးသင့် ပြည်သူများထံ အလှူငွေများ ကူညီထောက်ပံ့ခဲ့ဖူးကြောင်းသိရသည်။

Read More

(002MG) ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့ပေါ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ်အပါအဝင် အစိုးရအဆောက်အဦး (၂၀) ခန့် ပျက်စီးထိခိုက်ပျက် စီးသွားသည်ဟု ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဧပြီလ (၂) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။စစ်ကောင်စီသည် ဧပြီလ (၂) ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ကန်ပက်လက်မြို့အတွင်းရှိ ပြည်သူ့နေအိမ် (၅) လုံး၊ အစိုးရအဆောက်အဦးများဖြစ်သည့် ထွေအုပ်ရုံး (၈) လုံး၊ ခေါ်နူးစုမ်ရိပ်သာ (၁) လုံး၊ ကျေးလက်ဦးစီးမှူးရုံး (၂) လုံး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး (၁) လုံး၊ မြို့နယ် (စစစ) ရုံး (၁) လုံး၊ မြို့နယ်စီမံကိန်းရုံး (၂) လုံး စုစုပေါင်း (၂၀) လုံး ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်သည်။အဆိုပါ ဂျက်ဖိုက်တာ ဗုံးကြဲမှုတွင် ပြည်သူထိခိုက်မှု အနည်းငယ်ရှိခဲ့သောကြောင့် ကန်ပက်လက်မြို့နယ်၊ မြို့ပေါ် ရပ်ကွက်နေ ပြည်သူများအနေဖြင့် လေကြောင်းရန် အထူးဂရုပြုနေထိုင်ကြပါရန် အသိပေးဖော်ပြထားသည်။စစ်ကောင်စီသည် ကန်ပက်လက်မြို့အပြင် မင်းတပ်မြို့ပေါ်တနေရာကိုလည်း ဧပြီလ (၂) ရက် ယနေ့မွန်းလွဲပိုင်း ၁ နာ ရီခွဲခန့်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀) ဗုံး နှစ်လုံးဖြင့် နှစ်ကြိမ် ဝဲပျံကာ တိုက်ခိုက်မှု ပြုလုပ်ခဲ့ သောကြောင့် အဆောက်အဦး (၅) လုံးအကြီးအကျယ်ပျက်စီးကာ အဆောက်အဦး (၅) လုံးမှာ အနည်းငယ် ပျက်စီးမှုရှိခဲ့သည်။၎င်းအပြင် ဧပြီလ (၁) ရက်နေ့တွင်လည်း မင်းတပ်မြို့ပေါ်တွင် ပေါင် (၅၀၀) ဗုံး…

Read More

(006SV) မကွေးတိုင်းအနောက်ခြမ်းတွင် စစ်ကောင်စီကို တော်လှန်နေသည့် အရှိုချင်းကာကွယ်ရေးတပ် ACDF ၏ အပတ်စဉ် ၆ စစ်သင်တန်းတွင် ရဲဘော်အရေအတွက်သည် အခြားအပတ်စဉ်သင်တန်းများထက် သုံးဆနီးပါး များပြား၍ ရိက္ခာပိုင်းဆိုင်ရာ မပြည့်စုံခြင်းများ ကြုံတွေ့နေရသည်။ လက်ရှိ အပတ်စဉ် ၆ အခြေခံစစ်ပညာသင်တန်းတွင် ရဲဘော်၊ စစ်မေများသည် စစ်ပညာသင်တန်း၏ ခက်ခဲကြမ်းတမ်းသော လေ့ကျင်မှုများအပြင် အစားအသောက်နှင့် ရိက္ခာပိုင်းဆိုင်ရာ မပြည့်စုံခြင်း စသည့် အခက်အခဲများ ရှိနေသည်ဟု ACDF က ဧပြီလ ၁ ရက်မှာ ထုတ်ပြန်သည်။ “အရင်အပတ်စဉ်တွေထက် အများကြီးပိုများတယ်။ အရင်အပတ်စဉ်တွေ အဲလောက်လူဦးရေ မများပါဘူး။ အပတ်စဉ် ၆ က အများတကာ အများဆုံးပေါ့၊၊ အပတ်စဉ်ငါးထက် အများကြီး ပိုများတယ်။ နွေရာသီလည်း ဖြစ်တဲ့အတွက် ဒီအာဟာရဓါတ် လေးတွေ သူတို့ကို ပြည့်ပြည့်ဝဝနဲ့ ကျွေးချင်လို့ စားနပ်ရိက္ခာအတွက် လိုအပ်နေတာပါ။ စားနပ်ရိက္ခာပိုင်းဆိုတဲ့ နေရာမှာ နဂိုထင်ထားတာထက် သုံးဆနီးပါး လူဦးရေ များလာတာရယ်၊ စစ်ပညာပေး တယ်ဆိုတာက ထင်ထားတာထက် အများကြီး ခက်ခဲတယ်ပေါ့”ဟု ACDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခနီလေဗွေက ပြောသည်။ အပတ်စဉ် ၆ စစ်သင်တန်းတွင် အမျိုးသမီးရဲဘော်သည် ၂၀ ရာခိုင်နှုန်း ပါဝင်ပြီး ရဲဘော်များသည် အရှိုချင်းလူငယ်၊ လူရွယ်များ အများစု ဖြစ်ကြသည်ဟု သိရသည်။ နွေရာသီကာလ စစ်သင်တန်းတွင် ရဲဘော်နှင့် စစ်မေများသည် ချွေးထွက် အလွန်များပြားပြီး အာဟာရဓါတ်၊ အသားဓါတ်များ လည်း လိုအပ်နေသည်ဟု သိရသည်။ အခြားသော…

Read More

(005MK) မြန်မာနိုင်ငံက ငလျင်ဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများကို အိန္ဒိယအစိုးရက ချင်းပြည်နယ်ကိုဖြတ်၍ ပို့ဆောင်ရန်စီစဉ်နေသည်ဟု သိရသည်။ အိန္ဒိယအစိုးရသည် ‘Operation Brahma’ အစီအစဉ်ဖြင့် မတ်လ ၂၉ ရက်နေ့ကတည်းက မြန်မာနိုင်ငံက ငလျင်ဘေး သင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများကို လေကြောင်း နှင့် ရေလမ်းဖြင့် ပို့ဆောင်ပေးလျှက်ရှိပြီး ယခုအခါ ကုန်းလမ်းကနေလည်း ချင်းပြည်နယ်ကိုဖြတ်၍ ပေးအပ်သွားမည်ဖြစ်သည်။ ငလျင်ဘေးသင့်ပြည်သူများအတွက် တန်ချိန် ၆၅ အလေးချိန်ရှိသော ကူညီကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသော အိန္ဒိယစစ်တပ်သုံးလေယာဉ် C-17 Globemaster သည် ဧပြီလ ၁ ရက်နေ့က မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ လဲန်းပွီလေဆပ်သို့ ဆိုက်ရောက်လာခဲ့သည်ဟု All India Radio News ကဖော်ပြသည်။ သောက်ရေသန့်၊ ဆန်၊ ဆေးဝါး၊ အိပ်ယာလိပ်များ နှင့် အခြေခံလူသုံးကုန် ပစ္စည်းများပါဝင်သော ယင်းပစ္စည်းများကို အာသံရိုင်ဖယ်တပ်ဖွဲ့က အိန္ဒိယ-မြန်မာနယ်စပ် Zokhawthar ကျေးရွာအထိ ကုန်ကားများဖြင့်သယ်ဆောင်ကြပြီးနောက် ထိုမှတဆင့် ချင်းပြည်နယ်ကိုဖြတ်ကာ ငလျင် ဘေးသင့်ပြည်သူများဆီသို့ ပို့ဆောင်ကြမည်ဟု သိရသည်။ ယခုကိစ္စနှင့်ပတ်သက်၍ ချင်းပြည် (Chinland) အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာရွှေခါရ်းကလည်း အိန္ဒိယအစိုးရ အပါအဝင် အလှူရှင်များအနေဖြင့် နယ်စပ်ကတဆင့် ငလျင်ဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးဆောင်ရွက်ရာမှာ ချင်းပြည် (Chinland) အစိုးရထိန်းချုပ်နယ်မြေထဲဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးလည်း ယူပေးမည်ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောဆိုထားသည်။ အိန္ဒိယနိုင်ငံသည် ငလျင်ဘေးဒဏ်သင့် မြန်မာလူထုကို ကူညီကယ်ဆယ်ထောက်ပံ့နိုင်ရန် “Operation Brahma” အမည်ဖြင့် မတ်လ ၂၉ ရက်မှ ဧပြီလ ၁ ရက်အထိ…

Read More

အစိုးရရုံးအဆောက်အဦးနှင့် နေအိမ်များ ပျက်စီး (006SV) ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့ပေါ်ကို ယနေ့ နေ့လည်ပိုင်းက စစ်ကောင်စီသည် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်သွားပြီး အစိုးရရုံးအဆောက်အဦးနှင့် နေအိမ်များ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။ ဧပြီလ ၂ရက် နေ့လည် ၁ နာရီခွဲခန့်တွင် စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် မင်းတပ်မြို့ပေါ် တနေရာကို ပေါင် ၅၀၀ ဗုံး၊ ၂ လုံးဖြင့် ၂ ကြိမ် ဝဲပျံပြီး တိုက်ခိုက်သွားသည်ဟု မင်းတပ်ဒေသခံနှင့် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။ “မြို့ထဲကို ကြဲတာပါပဲ။ ၂ ကြိမ် ကြဲပါတယ်။ နေအိမ်ပျက်စီးတာတွေ ရှိပါတယ်၊ အဆောက်အဦတွေ ထိပါတယ်။ အရပ်သား ပြည်သူတော့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမာန်က ပြောသည်။ မင်းတပ်မြို့ပေါ်လေကြောင်းတိုက်ခိုက်မှုတွင် အဆောက်အဦး ၅ လုံးခန့် အကြီးအကျယ် ပျက်စီးသွားပြီး တခြားအဆောက်အဦး ၅ ခုမှာ အနည်းငယ်ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။ ဧပြီလ ၁ ရက်ကလည်း မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီသည် ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ နေအိမ် ၃ လုံး ပျက်စီးခဲ့ သည်ဟု သိရသည်။ ယနေ့ ဧပြီလ ၂ ရက်မှာလည်း ကန်ပက်လက်မြို့ပေါ်ကို စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ကန်ပက်လက်ဒေသခံများက ပြောသည်။ စစ်ကောင်စီသည် ကန်ပက်လက်မြို့ပေါ်ကို ယနေ့ နေ့လည် ၁…

Read More