(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်၊ နယ်မြေ (၁၁) တွင်နေထိုင်သည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ယောက် နိုဝင်ဘာ (၁၆) ရက်နေ့ညက အရက်ဆိုင်မှာ ဓါးခုတ်ခံရပြီး ပွဲချင်းသေဆုံးခဲ့သည်ဟု သိရသည်။ကလေးမြို့ခံ တဦးက “သူက ရန်ဖြစ်တဲ့သူတွေကို ဝင်ပြောရင်းနဲ့ ဓါးထိုးသတ်ခံရတာ အုပ်ချုပ်ရေးမှူး လုပ်တာကြာပြီ ၊ဟိုးအရင်ကဆိုရင် သူတို့အိမ်ရှေ့မှာတောင် ဆန္ဒပြကြတယ်။ ပြီးခဲတဲ့နှစ်မှာတောင် နှစ်ကြိမ်အရိုက်ခံရဖူးပြီးပြီ အခုကတော့ သေအောင်လုပ်တာ” ဟု ပြောသည်။သေဆုံးသွားသည့် အောင်သစ္စာရပ်ကွက်ချုပ်ရေးမူးမှာ အသက် (၆၃) နှစ်အရွယ် ဦးသန်းဌေးဖြစ်ပြီး အောင်သစ္စာ ရပ်ကွက် နယ်မြေ (၄) ရပ်ကွက် အရက်ဆိုင်တွင် သီချင်းဖွင့်၊ ဆူညံသံများ မပြုလုပ်ရန် ဝင်ပြောရာမှ စကားများကာ အရက်ဆိုင်ထဲကလူတစ်ဦးက ဓါးဖြင့် ခုတ်သတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ဦးသန်းဌေးသည် စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းနေကာ အောင်သစ္စာရပ် ကွက်အတွင်းရှိ ပြည်သူများအား ဖမ်းဆီး ခြင်းငွေညှစ်ခြင်း၊ လူငယ်များအား စစ်မှုထမ်းရန်အတွက် နာမည်စာရင်းများ ကောက်ယူခြင်းများလည်း ပြုလုပ်နေသူ ဖြစ်သည်ဟုလည်း သိရသည်။
Author: Editor
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့တွင် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းညီနောင်စစ်ဆင်ရေးတွင် အညာညီနောင်နှစ်ဖော်ဖြစ်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့် Generation Z Army (GZA) တို့ ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။ ထင်းရှာသည့် လက်နက်ကိုင်တော်လှန်ရေးခေါင်ဆောင် ဗိုလ်နဂါး ဦးဆောင်သော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က နိုဝင်ဘာလ ၁၇ ရက်တွင် “ပုလဲမြို့သိမ်းစစ်ဆင်ရေး ထုတ်ပြန်ကြေညာချက်” တွင် ယင်းသို့ အသိပေးသည်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့သိမ်း စစ်ဆင်ရေးကိုဖော်ဆောင်ရာတွင်လည်း ချင်းညီနောင် စစ်ဆင်ရေးနှင့် ချိတ်ဆက်၍ Coordinated Movement အဖြစ် လုပ်ဆောင်ခဲ့ခြင်းကြောင့် လက်ရှိအတိုင်းအတာအထိ အောင်မြင်မှုများ ရရှိခဲ့ကြောင်း BNRA က ဆိုသည်။ ချင်းညီနောင် စစ်ဆင်ရေးတွင်လည်း အညာညီနောင် နှစ်ဖော်ဖြစ်သည့် BNRA နှင့် GZA တို့ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း ပြည်သူ လူထုကို လေးစားစွာ အသိပေးအပါသည်ဟု ထုတ်ဖော်ချက်တွင် ဖော်ပြသည်။ နိုဝင်ဘာလ ၁၁ ရက်က စတင်သည့် ပုလဲမြို့သိမ်းစစ်ဆင်ရေးတွင် ထွေအုပ်ရုံး၊ မြို့မရဲစခန်းတို့ ထိန်းချုပ်နိုင်ခဲ့ပြီး မြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၄ ရက်တွင် မြေပြင်စစ်ကူကို ဖြတ်တောက်နိုင်သော်လည်း လေကြောင်းပစ်ကူများနှင့် ဝေဟင်မှ တပ်အင်အား စစ်ကူချခြင်းတို့ကြောင့် မြို့ပေါ်မှ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ စစ်သုံ့ပန်း ၂၅ ဦးကို ထိန်းသိမ်းနိုင်ခဲ့ပြီး လက်နက်မျိုးစုံ ၂၀ ကျော်နှင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း၊ BNRA မှ ရဲဘော်…
ရေး – သြသနီရယ်လ် တင်မ်ပို (၁) ၈၊ စက်တင်ဘာ ၂၀၂၂ တွင် ချင်းအမျိုးသားတပ်ဦး (CNF) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတွင် ချင်းတော်လှန်ရေးအဖွဲ့များက ချင်းပြည်နယ်၏ နယ်မြေ ၇၀% ကျော်ကို ထိန်းချုပ်ထားပြီဖြစ်ကြောင်း ဖြေကြားထားသည်။ ထို့အတူ Center for Strategic and International Studies (CSIS) တွင် သုံးသပ်သူ Martin Michael က Burma News International နှင့် Myanmar Peace Monitor တို့ကပြုစုသည့်The Chin State’s Military-Political Dynamics: Challenges and Opportunities (Bi-weekly News Review, Issue 138, 31 Jan. – 13 Feb. 2024) ကို ကိုးကား၍ ၂၀၂၄ နှစ်စပိုင်းတွင် ချင်းခုခံတော်လှန်သူများက ချင်းပြည်နယ်၏ နယ်မြေ ၈၀% ကျော်ကို ထိန်းချုပ်ထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ အမှန်တွင် ချင်းပြည်နယ်၏ နယ်မြေများကို ထိန်းချုပ်သူများတွင် ချင်းတပ်ဖွဲ့များသာမက၊ ULA/AA တပ်ဖွဲ့များလည်း ပါဝင်ပါသည်။ ဤနေရာတွင် ထိန်းချုပ်နယ်မြေ ၇၀% ကျော် သို့မဟုတ် ၈၀% ကျော် ရှိခြင်း၊ မရှိခြင်းကို မဆွေးနွေးလိုပါ။ ယင်းထက် ပို၍အရေးကြီးသည်ဟုထင်မြင်မိသောအချက်မှာ ထိန်းချုပ်နယ်မြေများအတွင်း နေထိုင်သူပြည်သူများအတွက် အများပြည်သူဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက် စီမံနေမှုအခြေအနေဖြစ်သည်။\ ဤဆောင်းပါးတွင် ချင်းပြည်နယ်အတွင်းရှိ…
(005MK) အမေရိကန်အခြေစိုက် Chin Baptist Churches (CBCUSA) အမျိုးသမီးဌာနက မူးယစ်ဆေး၀ါးတိုက်ဖျက်ရေးတွင် အသုံးပြုရန် မီဇိုရမ်ပြည်နယ်က ဗဟိုမီဇိုးလူငယ်အသင်း (Central Young Mizo Association) ထံသို့ ရူပီးငွေ ၁၀ သိန်း ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။ CBCUSA နှင့် အမျိုးသမီးဌာနမှ တာဝန်ရှိသူတချို့သည့် မီဇိုရမ်ပြည်နယ်သို့ရောက်ရှိလာပြီး ယမန်နေ့နိုဝင်ဘာလ ၁၄ ရက်က အိုင်ဇောလ်မြို့ Hotel Emerald မှာ CYMA, Mizo Hmeichhia Insuihkhawm Pawl (MHIP) နှင့် All Mizoram Women’s Federation (AMWF) ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ကြကြောင်းသိရသည်။ အဆိုပါတွေ့ဆုံပွဲတွင် မူးယစ်ဆေးဝါးဖျက်ရေးအတွက် ရူပီးငွေ ၁၀ သိန်းကို ပေးအပ်ခဲ့ပြီး CYMA ဥက္ကဌ Pu Lalhmachhuana က လက်ခံခဲ့သည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေး၀ါးတိုက်ဖျက်ရေး ဆောင်ရွက်နေသော CYMA အဖွဲ့ကို Chin Baptist Churches အမျိုးသမီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ်ကစ၍ နှစ်စဉ်နှစ်တိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် အလှူငွေများ ပေးအပ်လေ့ရှိပြီး ယခုတစ်ကြိမ်ပေးအပ်မှုသည် ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်အတွက်ဖြစ်သည်ဟု သိရသည်။ ယခုကဲ့သို့ အမေရိကန်အခြေစိုက် Chin Baptist Churches အမျိုးသမီးဌာနက ၎င်းတို့ဆောင်ရွက်နေသော မူးယစ် ဆေး၀ါးတိုက်ဖျက်ရေးအတွက် အထောက်အကူဖြစ်စေမည့် ငွေကြေးများ ပေးအပ်လှူဒါန်းသည့် အပေါ်အထူးကျေးဇူး တင်ကြောင်း CYMA က ပြောဆိုသည်။ CYMA သည် မီဇိုရမ်ပြည်နယ်တွင်…
စစ်ကောင်စီနှင့် ချင်းညီနောင်တို့ နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ (006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ဖလမ်းမြို့ရှိ စစ်ကောင်စီစစ်စခန်းများကို တပြိုက်နက် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စစ်ရေးသတင်းများနှင့်ပတ်သက်၍ မဟုတ်မမှန်ရေးသားဖြန့်ဝေခြင်း မပြုလုပ်ရန် ချင်းညီနောင်အဖွဲ့က သတင်းထုတ်ပြန်သည်။ နိုဝင်ဘာလ ၉ ရက်မှစတင်၍ မင်းတပ်မြို့နှင့် ဖလမ်းမြို့ပေါ်တို့က စစ်ကောင်စီအခြေပြု စစ်စခန်းများကို ချင်းညီနောင် စစ်ဆင်ရေးအဖြစ် တပြိုက်နက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ လက်ရှိအချိန်အထိ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်ဟု ချင်းညီနောင်အဖွဲ့က ယနေ့နိုဝင်ဘာလ ၁၃ ရက်က ထုတ်ပြန်သည်။ လက်ရှိအချိန်တွင် ချင်းညီနောင် စစ်ဆင်ရေးသတင်း၊ တိုက်ပွဲသတင်းများနှင် ပတ်သက်၍ မဟုတ်မမှန် ရေးသားဖော်ပြခြင်း၊ သတင်းမှား/တုများ ရေးသားဖြန့်ဝေနေခြင်းတို့ တွေ့ရှိနေရပြီး ယင်းသို့ ရေးသားဖြန့်ဝေခြင်း မပြုလုပ်ကြရန် ချင်းညီနောင်အဖွဲ့က မေတ္တာရပ်ခံချက် ထုတ်ပြန်သည်။ “အဓိကက ပြည်သူတွေပေါ့လေ။ စစ်ကောင်စီဘက်က သတင်းကြေညာတဲ့ဟာတွေကို ကိုးကားပြီးမှ ဒါမှမဟုတ်၊ ထင်ရာမြင်ရာ သိရာကို သတင်းမမှန်တဲ့ဟာတွေ ရေးသားဖော်ပြတာတွေ၊ ကိုယ်ပိုင်အကောင့်မှာ၊ မီဒီယာတွေမှာပေါ့။ ပြီးတော့ ချင်းမှာလည်း CC (ချင်းလန်းကောင်စီ) နဲ့ CB (ချင်းညီနောင်) ကွဲနေတဲ့အခါကြတော့ အတုအယောင်၊ အမှားတွေ မဖော်ပြပေးဖို့ပါပဲ” ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။ တိကျမှန်ကန်သော သတင်းများနှင့် အောင်ပွဲရသတင်းများကို အချိန်နှင့်တပြေးညီ ဆက်လက် ထုတ်ပြန်သွားမည်ဟု သိရသည်။ မင်းတပ်နှင့် ဖလမ်းမြို့တို့က စစ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မှုများတွင် ချင်းညီနောင်အဖွဲ့၏ အကူအညီတောင်းခံမှုကြောင့် မဟာမိတ်အဖွဲ့အစည်းတချို့သည် မိတ်ဖက်အဖွဲ့အစည်း အိမ်နီးချင်းကောင်းပီသစွာဖြင့် ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိကြောင်း သိရသည်။…
(004SS) အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ချင်းဒုက္ခသည်ကော်မတီ CRC ဦးဆောင်မှုဖြင့် ချင်းစစ်ဘေးရှောင်များအားလုံးပါဝင်သော ဆောင်းရာသီအားကစားပွဲကို နယူးဒေလီမြို့ Raghubir Singh sports complex အားကစားကွင်းတွင် ၅ ရက်ကြာ ကျင်းပနေကြောင်း သိရသည်။ ယင်းဆောင်းရာသီအားကစားပြိုင်ပွဲကို နိုဝင်ဘာ ၁၁ ရက်မှ ၁၅ ရက်နေ့အထိ ၅ ရက်ကြာကျင်းပပြုလုပ်လျှက်ရှိကြပြီး ချင်းမျိုးနွယ်စုအချင်းချင်းကြား ချစ်ကြည်ရေးကို တည်ဆောက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပနေခြင်းဖြစ်ကြောင်း CRC မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကျွန်တော်တို့ CRC အောက်မှာ ကော်မတီ ၁၂ ခု ရှိတယ်။ ဒီ ၁၂ ခုက လူတွေဆိုရင် တစ်ယောက်နဲ့ တစ်ယောက် မတွေ့ဖူး ကြဘူး၊ တကွဲတပြားနေကြတယ်၊ ပြီးတော့ အများစုက အလုပ်လုပ်ကြတယ်၊ ဘုရားကြောင်းလဲမတူကြဘူး၊ ဘာသာ စကားလဲမတူကြဘူးဆိုတော့ ကျွန်တော်တို့ ချင်းလူမျိုးတွေ အချင်းချင်း မိတ်ဆွေဖွဲ့လို့ရအောင် အဓိက ချစ်ကြည်ရေးတည်ဆောက်ဖို့ကို ရည်ရွယ်ပြီးတော့ ကျင်းပတာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။ အားကစားပွဲတွင် အမျိုးသားနှင့် အမျိုးသမီး ဘောလုံး၊ ဘော်လီဘော၊ ချင်းလုံးခတ်ပြိုင်ပွဲများပါဝင်ပြီး CRC အနေဖြင့် ယခုကဲ့သို့ ဆောင်းရာသီအားကစားပွဲများကို နှစ်စဉ်နှစ်တိုင်း စည်စည်ကားကား ကျင်းပလေ့ရှိကြောင်း သိရသည်။ Chin Refugee Committee (CRC) အောက်တွင် ချင်းမျိုးနွယ်စုအသီးသီး၏ ဒုက္ခသည်ကော်မတီပေါင်း ၁၂ ခု ရှိသည်ဟု သိရသည်။ အိန္ဒိယနိုင်ငံ၊ ဒေလီးမြို့တွင် ချင်းပြည်နယ်မှ နှစ်စဉ် ဒုက္ခသည်များ ထပ်မံရောက်ရှိလာနေပြီး လက်ရှိတွင် စာရင်းအတိအကျ…
|| လေးလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး အလင်းဝင်ခဲ့ပြီး ၅၀ ကျော် သေဆုံး (006SV) ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် စစ်ကောင်စီနှင့် CDF – ဟားခါးတို့ကြားက တိုက်ပွဲ ၄ လအတွင်း စစ်ရဟတ်ယာဉ် ၁ စင်းကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးခဲ့ကြောင်း CDF – ဟားခါးထံမှ သိရသည်။ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၂ ရက်မှ နိုဝင်ဘာလ ၁၂ ရက်အထိ ၄ လအတွင်း ဟားခါးမြို့နယ်မှာ စစ်ရေးလှုပ်ရှားမှု များနှင့် ပတ်သက်၍ CDF – ဟားခါးက ယမန်နေ့က ထုတ်ပြန်ရာတွင် အသိပေးလာခြင်းဖြစ်သည်။ အောက်တိုဘာလ ၁၀ ရက် မနက်ပိုင်းတွင် ဟားခါးမြို့မှ အပြန် ကလေးမြို့ဘက်အဆင်းတွင် Mi – 17 ရဟတ်ယာဉ်အမြီးပိုင်းကို ပျက်စီးသည်အထိ ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း CDF – ဟားခါးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “ကျနော်တို့ ပစ်ခတ်တာတော့ ကလေးနဲ့ ဟားခါးကြားမှာပါ။ ဟားခါးဘက်မှာ ရဟတ်ယာဉ်စောင့်တဲ့ ကျနော်တို့အဖွဲ့တွေ ရှိတယ်။ စစ်မှူးထမ်းကိစ္စနဲ့ လာတော့မယ်လို့ သတင်းကြားပြီးတော့ ကျနော်တို့ တပ်ဖွဲ့တွေ ၃ ပတ်လုံးလုံး ရဟတ်ယာဉ် စောင့်ထားတာရှိ တယ်။ အဲဒီ ၁၀ လပိုင်း ၁၀ ရက် မနက်ပိုင်းကတော့ ကျနော်တို့ ပစ်တုန်းက ထိခိုက်တာ ဖုန်းနဲ့ မှတ်တမ်းရိုက်ထားတာတွေ ရှိတယ်”…
(006SV) ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစုအားလုံး စုစည်းညီညွတ်ရေးအပါအဝင် အချက် ၃ ချက်ကို ဆွေးနွေးခဲ့ကြောင်း ချင်းပြည်ကောင်စီ ဦးဆောင်အဖွဲ့ အတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောသည်။ ၈ ကြိမ်မြောက်အစည်းအဝေးကို အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၁ ရက်အထိ ချင်းလုံမြို့တွင် ကျင်းပခဲ့ပြီး အစုအဖွဲ့ ၃ ခုမှ ကိုယ်စားလှယ်စုစုပေါင်း ၂၂ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။ ပထမအချက်မှာ ချင်းပြည်နယ်အတွင်း တိုက်ပွဲဖော်ဆောင်နေသည့် စစ်ရေးနှင့်ပတ်သက်ပြီး လက်ရှိထက် ပို၍ စုစုစည်းစည်းနှင့် စစ်ရေးအောင်နိုင်ရေးကို ဆွေးနွေးခဲ့ကြကြောင်း ဆလိုင်းပေါလ်က ပြောသည်။ ဒုတိယအချက်မှာ ချင်းပြည်နယ်အတွင်း တရားဥပဒေစိုမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍ ပိုမိုကောင်းမွန်စွာ လည်ပတ်နိုင်ရေးကို လိုအပ်သည့် မူဝါဒများချမှတ်ကာ ဆက်လက်အကောင်အထည်ဖော်ရန် တာဝန်အသီးသီးခွဲဝေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ တတိယအချက်မှာ ချင်းပြည်တည်ဆောက်ရေးတွင် ချင်းတော်လှန်ရေးအင်အားစုများ အားလုံး စုစုစည်းစည်း သွားနိုင်ရေး၊ စစ်ကောင်စီကို ချင်းအင်အားစုတွေ တစုတစည်းထဲ တော်လှန်နိုင်ရေး စသည့် ချင်းအင်အားစု စုစည်းညီညွတ်ရေးကို ဆွေးနွေးခဲ့ကြောင်း ဆလိုင်းပေါလ်ကပြောသည်။ “၈ ကြိမ်မြောက်အစည်းအဝေးမှာ ဒီအချက်တွေကို ဆက်လက်အကောင် အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာ မဏ္ဍိုင် အသီးသီးကနေ တာဝန်ခွဲဝေမှုတွေ လုပ်ပြီးတော့ ဒီဟာတွေကို ဆက်ပြီးတော့မှ ချင်းပြည်အရေး၊ ချင်းအမျိုးသားရေးကို အလေးထားဆက်လက်ဆောင်ရွက်သွားဖို့ပဲ သွားနေတာဖြစ်ပါတယ်” ဟု ချင်းပြည်ကောင်စီ ဦးဆောင်အဖွဲ့ အတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောသည်။ ယင်းအစည်းအဝေးတွင် ၂၀၂၃ ချင်းပြည်ဖွဲ့စည်းပုံကို လေ့လာသုံးသပ်နိုင်ရေးကို အကောင်အထည်ဖော်နိုင်ရန်…
ရေး – သြသနီရယ်လ် တင်မ်ပို (၁) ၁၊ ဖေဖော်ဝါရီ ၂၀၂၄ တွင် ချင်းပြည်ကောင်စီ (CC) သည် ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) အရ ချင်းပြည်အစိုးရ (Chinland Government) ကို ဖွဲ့စည်းခဲ့ပြီး၊ ယင်းထက်စော၍ ၂၇၊ ဇန်နဝါရီ ၂၀၂၄ တွင် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) သည် NUCC ကထုတ်ပြန်သော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ် (Federal Democracy Charter) အစိတ်အပိုင်း (၂)၊ အခန်း (၈)၊ အပိုဒ် (၅၂) ပါ ပြဌာန်းချက်ကို ကိုးကား၍ ချင်းပြည်သူ့အုပ်ချုပ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး၊ ချင်းပဋိညာဥ် (Chin Charter) ပြင်ဆင်ပြီးစီးလျှင် ချင်းပြည်အစိုးရကိုဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယခုအခါ ချင်းပြည်နယ်အဆင့် ယင်းအုပ်ချုပ်မှုအဖွဲ့အစည်းနှစ်ခုစလုံးသည် ဖွဲ့စည်းတည်ရှိမှု ၁၀ လ တာကာလထဲသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ICNCC ဘက်က ၎င်းတို့ထုတ်ပြန်ထားသည့်အတိုင်း ဆောင်ရွက်မှု မည်မျှပြီးစီးကြောင်း မသိရှိရသော်လည်း ချင်းပြည်ကောင်စီ၊ ချင်းပြည်လွှတ်တော်ကမူ ချင်းပြည် ဒေသန္တရအုပ်ချုပ်ရေးဥပဒေကို ယခုလအတွင်းပြဌာန်းမည်ဟုသိရသည်။ ဤဆောင်းပါးတွင် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များ၏ တော်လှန်ရေးကာလ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ ဖွဲ့စည်းဖြစ်ပေါ်မှုနှင့် စိန်ခေါ်မှုများကို အကျဥ်းတင်ပြသွားပါမည်။ (၂) ၂၂၊ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအစီအစဥ်ကို ထုတ်ပြန်ခဲ့သည်။ ရည်ရွယ်ချက်မှာ စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားကို အစားထိုးဆောင်ရွက်ဖို့ဖြစ်သည်။ ယင်းထုတ်ပြန်ချက်ကို ကိုးကား၍…
(005MK) မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်အတွင်း ဝင်ရောက်ခိုလုံနေကြသော စစ်ဘေးရှောင်များအတွက် ဆန်ထောက်ပံ့ရေး အစီစဉ်ကို ယနေ့စတင်လိုက်ပြီး လောင်တလိုင်မြို့က ကာနန်စစ်ဘေးရှောင်စခန်းတွင် စတင်ပေးအပ်ခဲ့သည်ဟု သိရသည်။ လောင်တလိုင်မြို့ Chandmary ရပ်ကွက် ကာနန်စစ်ဘေးရှောင်စခန်းတွင် ယနေ့ ကျင်းပပြုလုပ်သော ဆန်ထောက်ပံ့ရေး အစီအစဉ်အခမ်းအနားကို လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူး Pu Cheemala Siva Gopal Reddy က ဖွင့်လှစ်အပ်နှံခဲ့သည်ဟု The Lawngtlai Post က ဖော်ပြသည်။ ယခုလက်ရှိလောင်တလိုင်ခရိုင်ထဲတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မဏိပူရ်ပြည်နယ်တို့မှ စစ်ဘေးရှောင်ပြည်သူ ၈၀၂၀ ဦးရှိနေပြီး အများစုမှာ လောင်တလိုင်မြို့ပေါ်မှာနေထိုင်ကြသည်ဟု သိရသည်။ စစ်ဘေးရှောင်အားလုံးအတွက် ရူပီးငွေ ၁၅ သိန်းတန်ဖိုးရှိသော ဆန်တန်ချိန် ၁၅၂၀.၂၂ ကို ဖြန့်ဝေသွားမည်ဟု သိရသည်။ အဆိုပါဆန်များကို စစ်ဘေးရှောင်စခန်းများအားလုံးတွင် စောလျင်စွာ ရောက်ရှိနိုင်ရေးအတွက် အစီအစဉ်များ ချမှတ်ထားပြီးဖြစ်သည်ဟုလည်း သိရသည်။ ယခုအစီစဉ်သည် အိန္ဒိယဗဟိုအစိုးရနှင့် မီဇိုရမ်ပြည်နယ်အစိုးရတို့မှ ပူးပေါင်း ဆောင်ရွက်သည့်အစီစဉ်ဖြစ်သည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ်ထဲတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မဏိပူရ်ပြည်နယ်တို့မှ စစ်ဘေးရှောင် ၄၅၀၀၀ ခန့်ရှိပြီး ယင်းအနက် မြန်မာစစ်ဘေးရှောင်များသည် လူဦးရေအများဆုံးဖြစ်ကာ ၃၅၀၀၀ ဝန်းကျင်ခန့်ရှိသည်ဟု သိရသည်။
