လူမှုအထောက်အပံ့များ လွတ်လပ်စွာ ဖြန့်ဝေခွင့်ပြုရန် သက်ဆိုင်သူ အားလုံးကို ချင်းပြည်ကောင်စီ တောင်းဆို (006SV) ငလျင်ဘေးဒဏ်သင့်ဒေသက ပြည်သူများအတွက် အရေးပေါ်လိုအပ်လျက် ရှိသော ဆေးဝါးများ၊ စားနပ်ရိက္ခာများကို ကူညီထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်း ချင်းပြည် (Chinland) အစိုးရက မတ်လ ၃၀ ရက်က ကြေညာသည်။ မတ်လ ၂၈ ရက်ကလှုပ်ခတ်သွားသည့် ငလျင်သည် အပြင်းထန်ဆုံးငလျင်အမျိုးအစားဖြစ်ပြီး ငလျင်ဒဏ်ကြောင့် မြန်မာပြည် သူလူထု အသက်အိုးအိမ်စည်းစိမ်း ထိခိုက် နစ်နာဆုံးရှုံးမှု အများဆုံးဖြစ်ကြောင်း တွေ့ရှိရသည် ထုတ်ပြန်သည်။ ငလျင်ဘေးဒဏ်ကြောင့် မြန်မာပြည်သူများအတွက် အရေးပေါ်လိုအပ်လျက် ရှိသော ဆေးဝါးများ၊ စားနပ်ရိက္ခာနှင့် ပြန် လည်နေရာချထားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ချင်းပြည်အစိုးရအနေဖြင့် အတတ်နိုင်ဆုံး ကူညီ ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ချင်းပြည်(Chinland) အစိုးရအဖွဲ့က ထုတ်ပြန်သည်။ ချင်းပြည်ကောင်စီကလည်း ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် အရေးပေါ် လူမှုအကူအညီများ ပံ့ပိုးပေးကြပါရန် နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ NGO နှင့် INGO များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပရှိ မြန်မာပြည်သူများထံ မေတ္တာရပ်ခံချက်ကို မတ်လ ၃၀ ရက်က ထုတ်ပြန်သည်။ လူမှုအထောက်အပံ့များ လွတ်လပ်စွာ ဖြန့်ဝေခွင့် နှင့် နစ်နာသူများထံ အမှန်တကယ်ရောက်ရှိရေးကိုလည်း သက်ဆိုင်ရာသူအား လုံးကို ချင်းပြည်ကောင်စီက ထပ်ဆင့်မေတ္တာရပ်ခံ တောင်းဆိုသည်။ စစ်ကောင်စီကြောင့် ပြည်သူများ အသက်အိုးအိမ် စည်းစိမ်များ သေကြေဆုံးရှုံးနေချိန်တွင် သဘာဝကပ်ဘေးဆိုးကြီး ငလျင် ဒဏ်ကြောင့် တစ်ပူပေါ် နှစ်ပူဆင့် ထိခိုက်နစ်နာဆုံးရှုံးကြရသည့် မိဘပြည်သူများနှင့် ထပ်တူထပ်မျှ…
Author: Editor
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှု၊ အကြမ်းဖက်မှုတွေ၊ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာ အိမ်နီးချင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ အသက် ၆၂ အရွယ် Pi Thiampar ဟာ ကလေးမြို့နယ် ချင်းတောင်ခြေ စက္ကန့်ကျေးရွာကဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ နဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် မီဇိုရမ်ပြည်နယ်ဘက်ကို စစ်ဘေးရှောင်လာကြတာ ၃ နှစ်ကျော်ရှိသွားပြီဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အနီး Tuirial စစ်ဘေးရှောင်စခန်းမှာ ခိုလုံနေကြ တာဖြစ်ပါတယ်။ Tuirial စစ်ရှောင်စခန်းမှာ အိမ်ခြေ ၂၀ ကျော် နဲ့ စစ်ဘေးရှောင်ပြည်သူ ၁၀၀ နီးပါးရှိပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာ Pi Thiampar တို့ စက္ကန့်ကျေးရွာကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ နဲ့ အောက်တိုဘာလတို့မှာ အနည်း ဆုံး ၃ ကြိမ်ခန့် မီးရှို့ခဲ့လို့ တရွာ လုံးနီးပါးမီးလောင်ပြာကျခဲ့ရပါတယ်။ အဲဒီထဲမှာ Pi Thiampar တို့အိမ်လည်း ပါဝင်ပါ တယ်။ တိုင်းပြည်အခြေအနေ ပြန်ကောင်ပြီး နေရပ်ပြန်ရမယ်ဆိုရင်လည်း နေစရာ အိမ်မတော့ဘူးလို့ ပြောပါတယ်။ သူများနိုင်ငံမှာ စစ်ဘေးရှောင်ဘဝနဲ့လည်း ဘဝကို မကုန်ဆုံးချင်ဘူးလို့ပြောပါတယ်။ Pi Thiampar ကို ခိုနူမ်းသုန် သတင်းဌာနက တွေ့ဆုံမေးမြန်း ထားပါတယ်။ မေး ။ မီဇိုရမ်ပြည်နယ်ကို ဘယ်လိုကြောင့် ရောက်ရှိလာရတာလဲ? အဖြေ။ ၂၀၂၂ ခုနှစ်ဧပြီလ ၁၀ ရက်နေ့ မနက် ၈ နာရီလောက်မှာ ထွက်ပြေးခဲ့ကြတာပါ၊ စစ်သားတွေက ရွာထဲဝင်လာပြီး ရွာသားတွေကိုဖမ်းဆီးတာတွေလုပ်ပါတယ်။ ကျမတို့ကတော့…
(005MK) မီဇိုရမ်ပြည်နယ် Khawzawl မြို့ Dinthar ရပ်ကွက်ဧရိယာအတွင်း နေထိုင်ကြသော စစ်ဘေးရှောင်များအနေဖြင့် ပြသနာရှာသော မကောင်းသတင်းထွက်ပါက ရပ်ကွက်ထဲနေခွင့်ပြုမည်မဟုတ်ကြောင်း မီဇိုးလူငယ်အသင်း (YMA Kumpuan Committee) က သတိပေးထားကြောင်းသိရသည်။ မတ်လ ၂၉ ရက်နေ့က Khawzawl, Dinthar ရပ်ကွက်က မီဇိုးလူငယ်အသင်း (YMA Kumpuan Committee) သည် ၎င်းတို့ဒေသအတွင်းနေထိုင်ကြသော လူမျိုးခြား နှင့် နိုင်ငံခြားသား စစ်ဘေးရှောင်များကို စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ ကြသည်ဟု မီဇိုရမ်ဒေသတွင်း အခြေစိုက် Bengvarna သတင်းကဖော်ပြသည်။ ထိုကဲ့သို့ စစ်ဆေးရာတွင် အထူးသဖြင့် မြန်မာနိုင်ငံမှရောက်ရှိလာကြသော စစ်ဘေးရှောင်များ၏ နာမည်စာရင်းများ အားလုံးကို ကောက်ယူပြီး ရပ်ရွာထဲ ပြသနာရှာကာ အနှောက်အယှက်ဖြစ်စေသော လုပ်ဆောင်မှုများရှိသည်ဟု သတင်းများ ထွက်ပေါ်လာပါက ရပ်ကွက်ထဲနေထိုင်ခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးပြောကြားခဲ့ကြသည်ဟု ဖော်ပြထားသည်။ အခြားဒေသမှ Khawzawl, Dinthar ရပ်ကွက်ဧရိယာအတွင်း ပြောင်းရွှေ့လာကြမည့်သူများအနေဖြင့်လည်း သက်ဆိုင် ရာကျေးရွာကထုတ်ပေးလိုက်သော ပြောင်းရွှေ့လက်မှတ်မပါရှိပါက အိမ်ငှါးခွင့်မရှိကြောင်း၊ အိမ်ရှင်များအနေဖြင့်လည်း ပြောင်းရွှေ့လက်မှတ်မရှိသူများကို အိမ်ငှါးခွင့်မပြုကြရန် မီဇိုးလူငယ်အသင်းက အသိပေးထားသည်ဟု သိရသည်။ ယခုလက်ရှိ Khawzawl, Dinthar ရပ်ကွက်တွင် စစ်ဘေးရှောင် ၁၅ ဦး နှင့် စစ်ဘေးရှောင်မဟုတ်သူ မြန်မာနိုင်ငံသား ၅ ဦးရှိသည်ဟု သိရသည်။ ချင်းပြည်နယ်နှင့် ကပ်လျှက်ရှိနေသော မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ချင်းလူမျိုးအများစု ထွက်ပြေးခိုလုံကြရသည့် ဒေသဖြစ်သည်။ အစကနဦးပိုင်းတွင် ဒေသတွင်းအစိုးရ၊ ဘာသာရေး၊ အရပ်ဖက်အဖွဲ့အစည်းများက အားတက်သရော ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးခဲ့ကြသော်လည်း စစ်ဘေးရှောင်ကာလအချိန်ကြာမြင့်လာသည်နှင့်အမျှ…
(006SV) မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၀ ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး ၇.၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲ ငလျင် ၃ ခုကြောင့် တိုင်းနှင့် ပြည်နယ် ၆ ခုကို အရေးပေါ် အခြေအနေအဖြစ် စစ်ကောင်စီက ကြေညာလိုက်သည်။ ယနေ့ မတ်လ ၂၈ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၁ မီနစ်ခန့်တွင် မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြု လှုပ်ခတ်သော အင်အားအလွန်ပြင်းထန်သော မြေငလျင်များကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ နှင့် နေပြည်တော် ကောင်စီနယ်မြေတို့ကို အရေးပေါ် အခြေအနေအဖြစ် ကြေညာလိုက်ခြင်းဖြစ်သည်။ ယင်းဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန် စုံစမ်းစစ်ဆေးခြင်း၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောလျင်စွာ လုပ်ဆောင်ရမည်ဖြစ်ကဲ့သို့ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနှင့် လူသားချင်း စာနာမှု အကူအညီများ ရရှိရေး ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။ မန္တလေး၊ စစ်ကိုင်းနှင့် နေပြည်တော်မြို့များရှိ ဆေးရုံးများတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရ လူနာများ အများအပြား ရောက်ရှိလာသည်ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ်နှင့် နီးစပ်ရာ သတင်းဌာနတချို့တွင် ဖြေကြားထားသည်။ ပြည်သူလူထုအနေဖြင့် ဖြစ်ပေါ်လာနိုင်သော ကောလဟလများအပေါ် သတိထား ဆင်ခြင်းနိုင်ပါရန်နှင့် မြေငလျင်နှင့် ပတ်သက်သော သတင်းများကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီက အချိန်နှင့်တပြေးညီ ထုတ်ပြန်သွားမည်ဟု သိရသည်။ စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်သည့်…
“ကျွန်မလိုချင်တာက သင်တန်းကိုလည်း အတူတူတက်ရတာဖြစ်လို့ ပြီးသွားရင်လဲ ယောက်ျားလေးမို့ ရှေ့တန်းပို့မယ်၊ မိန်းကလေးမို့ စားဖိုဆောင်မှာ ထမင်းချက်ခိုင်းမယ်၊ အဝတ်လျှော်ခိုင်းမယ်ဆိုတာမျိုး မဟုတ်ရင်ကောင်းမယ်” ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းမှုကို ပြည်သူလူထုက ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ကြသော်လည်း စစ်တပ်က လက်နက်မဲ့ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းလာခဲ့သည့်နောက်ပိုင်းမှာ တနိုင်ငံလုံးမှာရှိသော လူငယ်များသည် ရွေးချယ်စရာနည်းလမ်းမရှိတော့သည့်အတွက် လက်နက်ကိုင်တော်လှန်ရေးထဲကို ဝင်ရောက်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရန်အတွက် ယနေ့ချိန်ထိ တိုက်ပွဲဝင်လာကြသည်မှာ ၄ နှစ်ကျော်ရှိလာပြီဖြစ်သည်။ ယင်းလူငယ်များစွာထဲမှာ အသက် ၂၀ အရွယ် ၁၀ တန်းကျောင်းသူ GiGi လည်းပါဝင်ပါတယ်။ GiGi ဟာ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်ထဲမှာ စစ်ရေးလှုပ်ရှားသော PDF-Zoland မှာ ၂၀၂၂ ခုနှစ်က ဝင်ရောက်ကာ ရှားရှားပါးပါး အမျိုးသမီး လက်ဖြောင့်တပ်သား (Sniper) တစ်ဦးဖြစ်ပြီး တပ်စိတ်မှူးတစ်ဦးလည်းဖြစ်သည်။ GiGi ကို ခိုနူမ်းသုန်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါသည်။ မေး။ ။ ဒီတော်လှန်ရေးထဲမဝင်ခင်မှာ ညီမ ဘာတွေလုပ်လဲ။ ဖြေ။ ။ တော်လှန်ရေး မဝင်ခင်ကတော့ ကျွန်မ ၁၀ တန်းတက်နေခဲ့တာပေါ့နော်၊ ကိုဗစ်ရောဂါကြောင့် ကျောင်းပိတ်လိုက်၊ တက်လိုက်ဖြစ်နေချိန်၊ အာဏာသိမ်းတာဆက်ဖြစ်တော့ ၁၀ တန်းမဖြေလိုက်ရဘူး။ အဲချိန်တုန်းက ကျွန်မအသက် ၁၇ နှစ်ပေါ့နော် အခုတော့ ၂၀ ရှိပါပြီ။ မေး။ ။ လက်နက်ကိုင်တော်လှန်ရေးမှာ ဘယ်လိုကြောင့် ပါဝင်ဖြစ်ခဲ့တာလဲ၊ ဘယ်တုန်းကစပြီး ပါဝင်ဖြစ်ခဲ့တာလဲ? ဖြေ။ ။ ပထမဦးဆုံးအချက်ကတော့ စစ်အာဏာရှင်ကို မလိုလားလို့ပါ။ နောက်…
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်ရှိ နှမ်းခါးရွာဆေးပေးခန်း ဗုံးကြဲခံရမှုမှာ ဆေးခိုးကုနေတဲ့သူတွေ ဒါဏ်ရာရရှိပြီး PDF အနည်းဆုံး ၁၁ ဦးသေဆုံးတယ်လို့ စစ်တပ်လော်ဘီများက သတင်းအမှား ဖြန့်ချိနေပါတယ်။ ဒါ့အပြင် နှမ်းခါးရွာဆေးပေးခန်းဟာ CDM ဆရာ၀န် ၃ ဦးက ဦးဆောင်ဖွင့်လှစ်ထားတဲ့ NUG ဆေးပေးခန်းဖြစ်လို့ လေကြောင်း ဗုံးကြဲရှင်းလင်းလိုက်ခြင်းဖြစ်တယ်လို့လည်း ဗုံးကြဲမှုကြောင့် ပျက်ဆီးသွားတဲ့ နှမ်းခါးရွာရှိ နေအိမ်ဓါတ်ပုံတွေနဲ့တကွ ရေးသားဖော်ပြထားပါသေးတယ်။ ဒီအကြောင်းကို စစ်ကောင်စီ ဝါဒဖြန့် ဝေဖြိုးဆိုသူက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ မတ်လ ၂၃ ရက်နေ့က ရေးသားဖော်ပြခဲ့တာဖြစ်ပြီး ၂၉ ယောက်က နှစ်သက်ကြောင်း reaction ပေးခဲ့သလို ၂ ယောက်ကလည်း ထပ်ဆင့် ပြန်လည်မျှဝေထားပါတယ်။ သတင်းအမှားလင့်ခ် – https://www.facebook.com/share/p/15YViogXNf/ ဒီအကြောင်းအရာကို ခိုနူမ်းသုန်မီဒီယာ သတင်းမှား စိစစ်ရေးအဖွဲ့က ပြန်လည်စိစစ်ရာမှာ စစ်ကောင်စီဝါဒဖြန့်လော်ဘီ ဝေဖြိုးဆိုသူက ၎င်း၏ လိုရာဆွဲ ရေးသားဖော်ပြခြင်းသာဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။ ဖြစ်စဉ်က မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်ရှိ နှမ်းခါးကျေးရွာဆေးပေးခန်းကို စစ်ကောင်စီက မတ် ၂၂ ရက်နေ့ မနက်ပိုင်း ၉ နာရီခန့်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဆေးကုသပေးနေတဲ့ အသက် (၄၀) နှစ်အရွယ် ဒေါက်တာမြစိုးအောင်၊ ၄ လသားအရွယ် ကိုယ်ဝန်လွယ်ထားတဲ့ အသက် (၃၉) နှစ်အရွယ် ဇနီးဖြစ်သူ အထက်တန်းသူနာပြု ဒေါ်ခိုင်နှင်းဝေနှင့် အသက် (၅) နှစ်အရွယ်ရှိ သားဖြစ်သူအပါအဝင် အသက်မပြည့်သေးတဲ့ ကလေးငယ်…
(006SV) ချင်းပြည်နယ်၊ ဇိုတုန်ဒေသတွင် ပြည်သူများအနေဖြင့် ပစ္စတိုသေနတ်အပါအဝင် ချေမှုန်းရေးရိုင်ဖယ်များနှင့် ဖောက်ခွဲရေး ပစ္စည်း များမတ်လ ၂၅ ရက် စတင်၍ ကိုင်ဆောင်ခွင့် မပြုတော့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) – ဇိုတုန်ထံမှ သိရသည်။ ဇိုတုန်ဒေသတွင်းက ပြည်သူများသည် ချင်းထုံးစံအမဲလိုက်ရာတွင် အသုံးပြုသော ရိုးရာတူမီးသေနတ်၊ နှစ်လုံးပြူးသေနတ်၊ ခါးချိုးသေနတ် နှင့် လေသေနတ်တို့ကိုသာ ကိုင်ဆောင်ခွင့်ရှိသည်ဟု CDF – ဇိုတုန်က မတ်လ ၂၅ ရက်က ထုတ်ပြန်သည်။ ချေမှုန်းရေးရိုင်ဖယ်၊ ပစ္စတိုကဲ့သို့သော သေနတ်များ၊ တခြားမောင်းပြန်သေနတ်များ၊ ဖောက်ခွဲရေးပစ္စည်းများကို တော်လှန် ရေးတပ်ဖွဲ့ဝင်များသာ ကိုင်ဆောင်ခွင့်ရှိသည်ဟု ဆိုသည်။ CDF – ဇိုတုန်အနေဖြင့် လိုအပ်သည့်အလျောက် စစ်ဆေးတော့မည်ဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် ကိုင်ဆောင်ခွင့်မရှိသည် လက်နက်အမျိုးအစားများကို ကိုင်ဆောင်ခြင်း လုံးဝမပြုကြရန် တားမြစ်လိုက်သည်။ စစ်ကောင်စီကို တော်လှန်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဇိုတုန်းဒေသကို ဖြတ်သန်းသွားလာလိုပါက ကြိုတင် သတင်းပေးပို့ကြရန် သို့မဟုတ် ခိုင်လုံသော အထောက်အထားများ ယူဆောင်လာကြရန် အသိပေးထုတ်ပြန်သည်။ ချင်းလဲန်းအတွင်းရှိ ဇိုတုန်ဒေသည် စစ်ကောင်စီ ကင်းစင်ပြီးသော ဒေသတခုဖြစ်ပြီး ပြည်သူ့လုံခြုံရေးနှင့် ပတ်သက်၍ CDF – ဇိုတုန်က ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော တပ်ဖွဲ့ဝင်များ၏ လက်နက်ကိုင်ဆောင်ခြင်းနှင့် ပတ်သက်၍လည်း လိုအပ်သော စည်းကမ်းသတ်မှတ်ချက်များကို CDF – ဇိုတုန်က ပြဌာန်းချမှတ်ထားသည်ဟု သိရသည်။ မင်းတပ်မြို့နယ်တွင်လည်း ပြည်သူများအနေဖြင့် ပုံစံမျိုးစုံဖြင့် ရရှိထားသော တိုက်ခိုက်ရေးမောင်းပြန်ရိုင်ဖယ်နှင့် အခြား လက်နက်ခဲယမ်းများကို နီးစပ်ရာ…
(006SV) ချင်းပြည်ကောင်စီ၊ ချင်းပြည်လွှတ်တော်သည် ချင်းပြည် ဒေသန္တရအုပ်ချုပ်ရေးဥပဒေကို ယခု မတ်လ ၁၃ ရက်က အတည်ပြု ပြဌာန်းနိုင်ပြီဖြစ်ကြောင်း ချင်းပြည်လွှတ်တော်ထံမှ သိရသည်။ ၂၀၂၅ ခုနှစ် မတ်လ ၁၃ ရက်က ကျင်းပသော ပထမကြိမ်၊ ချင်းပြည်လွှတ်တော်၊ ပဥ္စမပုံမှန်အစည်းအဝေးတွင် ချင်းပြည် ဒေသန္တရအုပ်ချုပ်ရေး ဥပဒေ နှင့် အခွန်အကောက်ဥပဒေ (၂၀၂၅) တို့ကိုအတည်ပြု ပြဌာန်းနိုင်ခဲ့ခြင်းဖြစ်သည်။ “ချင်းပြည် ဒေသန္တရ အုပ်ချုပ်ရေး ဥပဒေကို မတ်လ ၁၃ ရက်နေ့မှာ လွှတ်တော်နေ အတည်ပြုခဲ့ပြီ” ဟု ချင်းပြည်လွှတ်တော်မှ တာဝန်ရှိသူက အတည်ပြု ပြောဆိုသည်။ သို့ရာတွင် ဥပဒေပြဌာန်းချက်များ၏ အသေးစိတ်အခြေအနေကို ပြောဆိုခြင်း မရှိသေးပါ။ မတ်လ ၁၇ ရက်မှ ၂၁ ရက်အထိ မတူပီမြို့နယ်၊ လလွီကျေးရွာ၊ လွီဗန်းကျေးရွာ၊ ဇိုတုန်ဒေသက ရေဇွာမြို့ကို ချင်းပြည်အစိုးရ ဝန်ကြီးချုပ် ဦးဆောင်သော အဖွဲ့က သွားရောက်ခဲ့ရာတွင်လည်း ဒေသန္တရအစိုးရအဖွဲ့၊ ဒေသခံလူထုနှင့် တွေ့ဆုံရာမှာ ဒေသန္တရ အုပ်ချုပ်ရေး ဥပဒေအကြောင်း ရှင်းလင်းတင်ပြသည်ဟု သိရသည်။ ချင်းပြည်အစိုးရ ဝန်ကြီးချုပ် ပူးပါထန်း ဦးဆောင်သော အစိုးရအဖွဲ့တွင် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးတို့လည်း ပါဝင်သည်ဟု သိရသည်။ မတ်လ ၁၄ ရက်မှ ၁၈ ရက်အထိ ဇိုဖေရမ်ဒေသ လေတပ်ရွာ၊ မရာဒေသ ငဖိုင်းသဲရွာ၊ လုံကျွေးပီးရွာ၊ လုံကျွေးသေးရွာ၊ လောက်တူဒေသ ဖန်ထဲန်ရွာတို့ကို ချင်းပြည်ကောင်စီ ဒုဥက္ကဌ -…
(002MG) စစ်ကိုင်းဖိုရမ် (စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း)အတွင်း နိုင်ငံရေးကဏ္ဍအရ ပူးပေါင်းပါဝင်မှုကို လက်ရှိကာလတွင် ရပ်နားထားကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက အသိပေးထုတ်ပြန်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တိုးတက်ဖြစ်ထွန်းနေသော ကြားကာလဆိုင်ရာ ပြင်ဆင်မှုများဖြစ်သည့်(က) စစ်ကိုင်းဖက်ဒရယ်ယူနစ်လွတ်တော်၏ ကြားကာလဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းပြင်ဆင်မှု၊(ခ) စစ်ကိုင်းဖိုရမ်၏ တတိယအကြိမ်ဖိုရမ်ပြုလုပ်ရန်ပြင်ဆင်မှု၊(ဂ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သပိတ်အင်အားစုများ၏ “တိုင်းအဆင့် သပိတ်အင်အားစု” အဖြစ်ဖွဲ့စည်းရန် ပြင်ဆင်မှုတို့အပေါ် “မူ” အားဖြင့် ကြိုဆိုသည်ဟု ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက မတ်လ ၂၄ ရက်နေ့က ထုတ်ပြန်သည်။ သို့သော်လည်း စစ်ကိုင်းဖိုရမ် (စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း) အတွင်း နိုင်ငံရေးကဏ္ဍအရ ပူးပေါင်းပါဝင်မှုကို လက်ရှိကာလတွင် ရပ်နားထားသည်ဟု ဆိုသည်။“တိုင်းတွင်းနိုင်ငံရေးအခင်းအကျင်းအပေါ် မျက်ခြေမပျက် လေ့လာနိုင်ဖို့ ဆွေးနွေးချက်တွေအရ ကော်မတီရဲ့ သဘောထားပါ။ ကျွန်တော်တို့က သီးခြားရပ်တည်သွားမှာတော့ မဟုတ်ဘူး၊ ကျွန်တော်တို့ ဒီ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး Process ကို မှုအားဖြင့် ကြိုဆိုမယ်၊ ပူးပေါင်းလို့ရတဲ့ ပြည်သူလူထုရဲ့ အသံ၊ အမြင်သဘောထားနဲ့ တိုးတက်ပြောင်းလဲလိုတဲ့ဆန္ဒနဲ့ ကိုက်ညီတဲ့ ကျွန်တော်တို့နိုင်ငံရေး Process အတိုင်းကို ဒေသအတွင်းမှာ မိတ်ဖက်ညီနောင်တွေနဲ့ ကျွန်တော်တို့ ပြုလုပ်သွားမယ်ဆိုတဲ့ ပုံစံဖြစ်ပါတယ်” ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီအနေဖြင့် အရပ်သားပြည်သူပါဝင်နိုင်သော ဖက်ဒရယ်ဒီမိုကရေစီ အရေးတော်ပုံ၏ ကာလကြီး (၃) ရပ် အတွင်း၊ ဒေသခံပြည်သူလူထု၏ “အသံ၊ အမြင်သဘောထား၊ ပြုပြင်ပြောင်းလဲတိုးတက်လိုသောဆန္ဒ” တို့ကို ရှေးရှုကာ၊ ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ “ညီနောင်” အဖြစ် လက်တွဲလျက် ဆက်လက်ချီတတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှ ာဖော်ပြထားသည်။ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီသည် ယခင် ကလေးမြို့ပြည်သူလူထုသပိတ်ကော်မတီ စတင်ဖွဲ့စည်းခဲ့စဉ်က အတည်ပြုခဲ့သော၊…
(006SV) အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၏ CDF – ထန်တလန် ထိန်းချုပ်နယ်မြေထဲက ပိုင်ဆိုင်မှုအားလုံးကို အပြီးပိုင် သိမ်းဆည်းလိုက်ပြီဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – ထန်တလန် (CDF – TT) က အမိန့်ပြန်တမ်း ထုတ်လိုက်သည်။ ထန်တလန်မြို့နယ် ဒေသခံတဦးဖြစ်သော ဒေါက်တာမှုထန်သည် မတရားအာဏာသိမ်းထားသည်သာမက ထန်တလန်မြို့တခုလုံးကို မီးရှို့ဖျက်စီးနေသော စစ်ကောင်စီကို အာပေးသူဖြစ်ပြီး စစ်တပ်၏ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တဦးအဖြစ် ဆောင်ရွက်နေသောကြောင့် သိမ်းဆည်းခြင်းဖြစ်သည်ဟု မတ်လ ၂၄ ရက်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။ “ဒီလို သူ့ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရတာက အာဏာမသိမ်းခင်က ဒေါက်တာမှုထန်ဟာ ချင်းပြည်နယ်အတွက် နိုင်ငံရေးသမားအဖြစ် လုပ်ခဲ့တာတွေ ရှိပါတယ်။ ချင်းပြည်နယ်အတွက် သူ ကြိုးစားဆောင်ရွက်ခဲ့တာတွေ အများအပြား ရှိခဲ့ပါတယ်။ သူက ဆရာဝန်တဦးလည်းဖြစ်တော့ ထန်တလန်ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် အားကိုးရတဲ့သူတဦးဖြစ်ပါတယ်။ သို့သော်ငြားလည်း မင်းအောင်လှိုင် အာဏာသိမ်းပြီးတော့ သူက စစ်ကောင်စီမှာ ထဲထဲဝင်ဝင်လုပ်တာတွေ ထင်ရှားတော့ သူရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကို ကန့်ကွက်တဲ့အနေနဲ့ သိမ်းဆည်းတာဖြစ်ပါတယ်။ ဒီလိုသိမ်းဆည်းလိုက်ရတာက သူကို မုန်းလို့လည်း ဆောင်ရွက်ရတာ မဟုတ်ပါဘူး။ သူရဲ့ လှုပ်ရှားလုပ်ဆောင်တာတွေကို ဆန့်ကျင်တာဖြစ်ပါတယ်” ဟု CDF – ထန်တလန်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ဒေါက်တာမှုထန်သည် ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်စွာ အကောင်အထည်ဖော်ရွက်သော လုပ်ငန်းများတွင် တက်ကြွကြွ ပါဝင်သူဖြစ်သည်ဟု CDF – ထန်တလန်က ထုတ်ပြန်သည်။ CDF – ထန်တလန်တပ်ဖွဲ့၏ ထိန်းချုပ်နယ်မြေအတွင်းရှိ ဒေါက်တာမှုထန်၏ အိမ်၊ ခြံ၊ မြေ…
