Author: Editor

(004SS) အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့ရှိ ဆာဂျီဝါးအကျဥ်းထောင်တွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများထဲမှ အမျိုးသမီးနဲ့ကလေး ၂၇ယောက် ပြန်လည်လွတ်မြောက်လာကြောင်း India for Myanmar ထံမှ သိရသည်။ ၂၀၂၂ ခုနှစ်ကတည်းက မဏိပူရ်ပြည်နယ်၊ လန်မ်ကားမြို့တွင် နိုင်ငံခြားသား၊ အထောက်အထားမဲ့ တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးအကျဉ်းချခံခဲ့ရသော အမျိုးသမီး အယောက် ၂၀ နှင့် ကလေး ၇ ယောက်တို့သည် မတ်လ ၂၁ ရက်နေ့က ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်ဟု သိရသည်။ “ကျွန်တော်တို့ တောင်းဆိုချက်ကို တုန့်ပြန်ချက်တစ်ခုလည်း ဖြစ်တယ်။ ဒါတွေမကပါဘူး၊ အခု သူတို့လွှတ်ပေးထားတဲ့ အမျိုးသမီးနဲ့ ကလေး ၂၇ ဦးက လွှတ်ပေးသင့်တာကြာပြီ။ အဲတာတောင်မှ သူတို့လွှတ်သင့်တဲ့အချိန် မလွှတ်ဘဲနဲ့ အခုမှ လွှတ်ပေးတဲ့သဘောပါ။ နောက် ထောင်ထဲမှာ သေဆူံးမှုတွေလည်း ရှိလာတဲ့အခါမှာ သူတို့ ဖမ်းဆီးခံတဲ့သူတွေအပေါ်မှာ ပိုပြီးတော့မှ အလေးထားဆောင်ရွက်တဲ့ ပုံစံမျိုးဖြစ်ပါတယ်” ဟု India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ပြောသည်။ မကြသေးခင်ရက်ပိုင်းက မဏိပူရ်အကျဉ်းထောင်အတွင်း မြန်မာအမျိုးသား ဦးအောင်မြင့်၊ ရောဂါဖြင့် သေဆုံးခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ၎င်းဖြစ်ရပ်သည် အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီဘဲ လူ့အခွင့်အရေးကို အကြီးအကျယ် ထိပါးနေခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံ မြန်မာနိုင်ငံသားများ အမြန်ဆုံးလွှတ်ပေးရန် မတ်လ ၂၀ ရက်နေ့တွင် India for Myanmar က မြန်မာအဖွဲ့အစည်းပေါင်း ၁၆၀ နှင့်အတူ အိန္ဒိယဗဟိုအစိုးရထံ တောင်းဆိုမှု ပြုလုပ်ခဲ့သည်။ လွတ်မြောက်လာသူ မြန်မာနိုင်ငံသား…

Read More

(002MG) မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်ရှိ နှမ်းခါးကျေးရွာဆေးခန်းအား စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဆေးကုသမှုဆောင်ရွက်နေသော ဒေါက်တာမြစိုးအောင်မိသားစုအပါအဝင် ပြည်သူ (၁၁) ဦး သေဆုံးခဲ့မှုအပေါ် ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ (၂၃) ရက်နေ့တွင် ထုတ်ပြန်ထားသည်။ အဆိုပါ ထုတ်ပြန်ချက်ထဲတွင် နှမ်းခါးကျေးရွာရှိ ဆေးခန်းတွင် ဒေါက်တာမြစိုးအောင်သည် ဆေးခန်းလာ လူနာများအား ဆေးကုသမှုဆောင်ရွက်နေစဉ် စစ်ကောင်စီသည် လေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် (၄၀) နှစ်အရွယ် ဒေါက်တာမြစိုးအောင်၊ ၄ လသားအရွယ် ကိုယ်ဝန်လွယ်ထားသော ဇနီးဖြစ်သူ အသက် (၃၉) နှစ်အရွယ် အထက်တန်းသူနာပြု ဒေါ်ခိုင်နှင်းဝေနှင့် အသက် (၅) နှစ်အရွယ်ရှိသော သားဖြစ်သူအပါအဝင် အသက်မပြည့်သေးသည့် ကလေးငယ် (၅) ဦး၊ လူနာ၊ လူနာစောင့်နှင့် ပြည်သူ (၈) ဦး စုစုပေါင်း (၁၁) ဦး သေဆုံးခဲ့ရကာ (၆) ဦး ဒဏ်ရာရရှိခဲ့သည်။ ၎င်းအပြင် နှမ်းခါးဆေးခန်း မီးလောင်ပျက်စီးခဲ့ရသည့်အပြင် အနီးအနားရှိ ပြည်သူနေအိမ်များလည်း ပြိုကျပျက်စီးခဲ့သည်ဟု သိရသည်။ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးခဲ့ရသည့် ဒေါက်တာမြစိုးအောင်နှင့် ဇနီးဖြစ်သူသည် ကလေးမြို့နယ်၊ တင်သားတိုက်နယ်ဆေးရုံတွင် တိုက်နယ်ဆရာဝန်နှင့် အထက်တန်းသူနာပြုများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့ပြီးနောက် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများအတွင်း လိုက်လံဆေးကုသမှုပေးနေသူ ဖြစ်ကြသည်။ ထို့ကြောင့်…

Read More

(006SV) ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ခလရ – ၂၆၈ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ သေဆုံးကြောင်း စစ်ကောင်စီ တပ်တွင်းသတင်းရင်းမြစ်များကို ကိုးကားပြီး CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။ “ခလရ ၂၆၈ က တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဝေလင်းထွန်းနဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူး အောင်သီဟတို့ ကျဆုံးသွားတာ ဖြစ်ပါတယ်။ ဒုတပ်ရင်းမှူးက တပ်ရင်းမှူးထက်အရင် ကျဆုံးတယ်လို့ သုံးသပ်ရပါတယ်။ တပ်ရင်းမှူးက ၁၇ ရက်နေ့မှာ ကျတယ်။ တိုက်ပွဲဖြစ်စဉ်ကိုတော့ အသေးစိတ် မသိပါဘူး။ တပ်ရင်းမှူးနဲ့အတူ အယောက် ၂၀ လောက်ကျတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ခိုနူမ်းသုန်သတင်းဌာနကို ပြောသည်။ မတ်လ ၁၇ ရက်က ဖလမ်းမြို့တိုက်ပွဲမှာ ခလရ – ၂၆၈ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဝေလင်းထွန်း သေဆုံးပြီး တပ်ရင်းမှူး မကျဆုံးမှီ ဒုတပ်ရင်းမှူး အောင်သီဟ သေဆုံးကြောင်း၊ လတ်တလောတွင် စစ်ကောင်စီတပ်သား ၈ ဦးခန့်လည်း ပျောက်ဆုံးနေသည်ဟု သိရသည်။ ခလရ – ၂၆၈ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ သေဆုံးမှုနှင့် ပတ်သက်၍ CNDF ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ်မေးမြန်းသော်လည်း တစုံတရာ ဖြေဆိုအတည်ပြုခြင်း မပြုပါ။ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဝေလင်းထွန်း၏ ဇနီးသည် ဖလမ်းမြို့တပ်တွင် လိုက်ပါနေထိုင်ခြင်းမရှိဘဲ မော်လမြိုင်မှာ နေထိုင်ကြောင်း၊ လက်ရှိတွင် နာရေးရက်လည်ကို မော်လမြိုင်တွင် ပြုလုပ်ရန် ပြင်ဆင်နေသည်ဟု သိရသည်။ ဖလမ်းမြို့တိုက်ပွဲတွင် စစ်ကောင်စီမှ ဗျူဟာမှူး သို့မဟုတ် စစ်ဦးစီး ပထမတန်းအဆင့်…

Read More

စစ်ကောင်စီရုံးစိုက်ရာ ဟားခါးမြို့တွင်း စစ်ဆင်ရေး ၁၅၀ ဖော်ဆောင်ခဲ့ဟုဆို (006SV) ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ကိုယ်ပိုင်ဌာန်းခွင့်ရရှိရေးအတွက် CDF – ဟားခါး၏ စစ်အာဏာရှင်တော်လှန်ရေး ၄ နှစ်အတွင်း ရဲဘော် ၅၀ ဦးကျော် ကျဆုံးခဲ့ပြီး ရဲဘော် ၁၈၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု သိရသည်။ စစ်အာဏာသိမ်းအပြီး ၂၀၂၁ မတ်လ ၂၁ ရက်တွင် CDF ဟားခါးကို စတင်ဖွဲ့စည်းခဲ့ပြီး နွေဦးတော်လှန်ရေးတွင် ပါဝင်လာခဲ့ရာ စစ်ကောင်စီနှင့် တိုက်ပွဲပေါင်း ၃၂၆ ကြိမ် ဖြစ်ပွားခဲ့သည်ဟု CDF – ဟားခါးက ယနေ့ မတ်လ ၂၁ ရက် တော်လှန်ရေး ၄ နှစ်ပြည့် ထုတ်ပြန်လိုက်သည်။ တိုက်ပွဲများတွင် နိုင်ငံနှင့် လူမျိုးအတွက် CDF – ဟားခါး ရဲဘော် ၅၂ ဦး ကျဆုံးခဲ့ရပြီး ၁၈၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။ စစ်ကောင်စီ ပြည်နယ်အစိုးရ ရုံးစိုက်ရာ ဟားခါးမြို့တွင်း စစ်ဆင်ရေးကို အကြိမ်ပေါင်း ၁၅၀ တိုက်ပွဲဖော်ဆောင်နိုင်ခဲ့ပြီး ဟားခါးမြို့နယ်အတွင်း စစ်ကောင်စီ ထိုးစစ်ဆင်လာမှုအနေဖြင့် ၁၉ ကြိမ် ရှိခဲ့ရာ ၁၇ ကြိမ်မှာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွား ခဲ့သည်ဟု သိရသည်။ အခြားသော မြို့နယ်များတွင် စစ်ကောင်စီ၏ စခန်းနှင့် မြို့သိမ်းစစ်ဆင်ရေးများတွင်လည်း တော်လှန်ရေးအင်အားစုများနှင့်အတူ ၁၂ ကြိမ် ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ပစ်ခတ်မှုတွင် ၈ ကြိမ်…

Read More

(004SS) ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေသည့် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက ဂျက်လေယာဉ်အပါအဝင် လေယာဉ်မျိုးစုံဖြင့် အကြီးအကျယ် ဗုံးကြဲ တိုက်ခိုက်နေပြီး တစ်ရက်တည်းတွင်ပင် လေကြောင်းဗုံးကြဲ မှု ၁၆၀ နီးပါး ပြုလုပ်ကြောင်း သိရသည်။ မတ်လ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့က အွန်လိုင်းမှတစ်ဆင့် ဖလမ်းလူငယ်များဦးဆောင်ကာ ကျင်းပပြုလုပ်သော ဖလမ်းမြို့အတွက် ရန်ပုံငွေရှာဖွေပွဲတွင် CNO/CNDF Defense Secretary, Mai Olivia Thawng Luai က ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက နေ့စဉ်နှင့်အမျှ ဂျက်ဖိုက်တာအပါအဝင် Y12 လေယာဉ်နှင့် Mi 35 စသည့် လေယာဉ် များဖြင့် အကြီးအကျယ် ဗုံးကြဲမှုများ ပြုလုပ်နေသည်ဟု သူမကပြောသည်။ “ စကစက လေကြောင်းကနေ ဒီလောက် တိုက်ခိုက်ရအောင် ဖလမ်းမှာ ဘာအဖိုးတန်ပစ္စည်းများ ထွက်လို့လဲလို့တောင် တွေးနေရတယ်။ တစ်ခါတစ်လေဆို ဂျက်လေယာဉ် ၂ စင်းက လှည့်ပါတ်ပြီးပျံသန်းနေတယ် နောက် Y-12 ၂ စင်းကလာကူ ပစ်ပေးသေးတာ။ အဲလို လေယာဉ် ၄၊၅ စင်းလောက်က လှည့်ပါတ်ပျံသန်းပြီးတိုက်ခိုက်တယ်၊ တစ်ခါတစ်လေဆို ဖလမ်းမြို့ ပေါ်မှာ သူတို့လေယာဉ်တွေ အသွားအပြန်လုပ်တာများလွန်းလို့ သူတို့ဟာသူတို့များ တိုက်မိကြတော့မလားလို့တောင် ထင်ရတယ်။ ဒီတစ်ခေါက်တော့ လေကြောင်းနဲ့ အတော်ကို ချတာ” ဟု CNO/CNDF Defense Secretary က ပြောသည်။ မတ်လ ဒုတိယပတ်တွင် စစ်ကောင်စီတပ်သည် ခလရ – ၂၆၈…

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်တွင် ဝင်ရောက်လုပ်ကိုင် ဆောင်ရွက်ကြမည့် NGO၊ INGO နှင့် အရပ်ဖက် အဖွဲ့အစည်း များအနေဖြင့် နိုင်ငံရေးများ စွက်ဖက်ပါဝင်ပတ်သက်ခြင်း မပြုလုပ်ရန် CDF – မတူပီ၊ တပ်မဟာ – ၂ က ကြိုတင်သတိပေး တားမြစ်လိုက်သည်။ CDF – မတူပီ၊ တပ်မဟာ – ၂ နယ်မြေအတွင်း အရပ်ဖက်အဖွဲ့အစည်းများသည် ပြည်သူ့ဝန်ဆောင်မှု ပေးရာတွင် ချင်းပြည်ကောင်စီ – CC ဟူ၍ ဖြစ်စေ၊ ချင်းညီနောင်အဖွဲ့ – CB ဟူ၍ ဖြစ်စေ ပြောဆိုခြင်း၊ မိမိဆန္ဒမပါဘဲ CC ကိုဖြစ်စေ၊ CB ကိုဖြစ်စေ အတင်းအဓမ္မ ထောက်ခံစေခြင်းများ မပြုလုပ်ရန် မတ်လ ၂၀ ရက် ထုတ်ပြန်၍ တားမြစ်သည်။ ဒေသခံပြည်သူများကို အခွင့်အရေးပေး၍ စည်းရုံးစည်းဝေးခြင်း၊ စည်းလုံးနေသော ရပ်ရွာများကို အဖွဲ့ကွဲစေခြင်းများကိုလည်း မပြုလုပ်ကြရန် သတိပေးထုတ်ပြန်သည်။ အဆိုပါအချက်များကို ပြုလုပ်သော NGO၊ INGO နှင့် အခြားမည်သည့် အဖွဲ့အစည်းမဆို ၊ လူပုဂ္ဂိုလ်မဆို ကြီးလေးသော ပြစ်ဒဏ်ကို ခံရမည်ဖြစ်ကြောင်း တပ်မဟာ – ၂ က ဆိုသည်။ မတူပီမြို့နယ်အတွင်း ဝင်ရောက်ပြီး လုပ်ငန်းဆောင်ရွက်လိုသော NGO၊ INGO များ နှင့် အဖွဲ့အစည်းများအနေဖြင့် CDF – မတူပီ၊ တပ်မဟာ ၂ ၏ တပ်မဟာရုံးတွင် ကြိုတင်အကြောင်းကြားပြီး ခွင့်ပြုချက် ရယူပြီးမှသာ…

Read More

ရေး – International Crisis Group (ICG) ယမန်နေ့ မတ်လ ၁၉ ရက်တွင် ဘယ်လဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့အခြေစိုက် နိုင်ငံတကာသုတေသနအဖွဲ့ အစည်းတခုဖြစ်သည့် International Crisis Group က “မြန်မာ့အနောက်စစ်မျက်နှာပြင်က ဆူညံသံများ – ညီညွတ်မှုမတည်ဆောက်နိုင်သော ချင်းပြည် နယ်က အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများ” ခေါင်းစဉ်ဖြင့် ထုတ်ပြန်လိုက်သည့် စာတမ်းကို အများပြည်သူလေ့လာဖတ်ရှုနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။ မြန်မာစစ်တပ်သည် ချင်းပြည်နယ်အတွင်း နေရာအများအပြားကို မထိန်းချုပ်နိုင်ဘဲ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ သို့သော် အာဏာရှင်စနစ်ဆန့်ကျင်ရေး တပ်ပေါင်းစုနှစ်ခုကြားက အငြင်းပွားမှုများကြောင့် ပြည်သူတို့အတွက် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများ ပေးအပ်ရေးနှင့် စစ်ဘေးရှောင်များ နေရပ်ပြန်ရေးတို့မှာ နှောင့်နှေးရသည်။ လက်နက်ကိုင်တပ်ပေါင်းစု နှစ်ခုက ၎င်းတို့အချင်းချင်း ပြေလည်အောင် ကြိုးပမ်းနေစဉ်တွင် ပြင်ပအလှူရှင်များကမူ ၎င်းတို့အား တတ်နိုင်သည့်ဘက်က ကူညီထောက်ပံ့ရန် လိုအပ်ပါသည်။ #အကြောင်းအရာသစ်ကဘာလဲ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံ အနောက်ဘက်ဒေသရှိ ချင်းပြည်နယ်အတွင်းက အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင် အင်အားစုများသည် စစ်တပ်ကို ပြည်နယ်တစ်ဝန်း နေရာအတော်များများမှ တိုက်ထုတ်နိုင်ခဲ့သည်။ သို့သော် နက်ရှိုင်းသော အကွဲအပြဲကြောင့် ပြည်နယ်အတွင်း အဓိက တော်လှန်ရေးအင်အားစု နှစ်ခုအကြား လူသေဆုံးသည်အထိ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုတိုက်ပွဲများကြောင့်ပင် ပြည်နယ်တစ်ဝန်း နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍတို့တွင် ရှုပ်ထွေးမှုများ ပေါ်ပေါက်လျက်ရှိသည်။ #ဘာကြောင့် ဒီအကြောင်းအရာက အရေးကြီးတာလဲ အာဏာသိမ်းမှုအလွန် စစ်ပွဲများကြောင့် ချင်းပြည်နယ်လူဦးရေ၏ သုံးပုံတစ်ပုံကျော် ပမာဏဖြစ်သော လူဦးရေ ၁၆၀,၀၀၀ ခန့်သည် ပြည်တွင်းရှိ အခြားအရပ်များသို့လည်းကောင်း၊ အိန္ဒိယနိုင်ငံအတွင်းသို့…

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ဟားခါးလေးကျေးရွာကို စစ်ကောင်စီက မတ်လ (၁၉) ရက် ယမန်နေ့ ညပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဗုံကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁) ဦးနှင့် အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဟားခါးလေးဒေသခံတဦးက “မနေ့ညကဖြစ်တာပါ။ အိမ်နှစ်လုံးပျက်တယ်၊ အခြားသုံးအိမ်ကျော်ထိခိုက်ပျက်စီးတယ်၊ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်” ဟု ပြောသည်။ စစ်ကောင်စီသည် MiG-29 Fighter Jet တိုက်လေယာဉ်အမျိုးစားဖြင့် ဟားခါးလေးကျေးရွာရှိ Wesleyan ခရစ်ယာန်ဘုရားကျောင်းအနီးတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ယမန်နေ့တွင် စစ်ကောင်စီသည် ကလေးမြို့နယ်မြောက်ပိုင်းရှိ လက်ပံချောင်းကျေးရွာ၊ စမိတ်ကွင်း ကျေးရွာ နှင့် ပြည်တော်သာကျေးရွာတို့အား Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်အသုံးပြုကာ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် နွားသုံးကောင်နှင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။ ကလေးမြို့ဒေသခံ တဦးက “မနေ့က လက်ပံချောင်းဆိုရင် ဘယ်သူမှတောင်ထင်မှတ်ထားမှာမဟုတ်ဘူး၊ ဘာမှမရှိဘူး ရုတ်တရက်ဘာမှမရှိပဲနဲ့ကို သွားပစ်တာ၊ အခုလည်း စစ်ဖြစ် ဖြစ် မဖြစ်ဖြစ် သူတို့ဗုံးကြဲတာက ဒီကလေးပဲ မဟုတ်ဘူး၊ တခြားမြို့တွေမှာလည်း အဲ့လိုပဲ အကြောင်းမဲ့သက်သက် ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတာဆိုတော့” ဟု ပြောသည်။ ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ တစ်သောင်းကျော်တို့သည် ဘေးလွတ်ရာနေရာများတွင် စစ်ဘေးတိမ်းရှောင်နေကြဆဲဖြစ်ပြီး လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများသည် စားနပ်ရိက္ခာ၊ ဆေးဝါးအကူအညီများ လိုအပ်နေဆဲဖြစ်သည်။

Read More

အကျဉ်းထောင်ထဲတွင် ထောင်တွင်းမွေးဖွားသော ကလေးများ အပါအဝင် ကလေးငယ် ၅၀ ထက်မနည်းရှိနေ (006SV) အိန္ဒိယနိုင်ငံ၊ မဏိပူရ်နှင့် အာသံပြည်နယ်များတွင် ဖမ်းဆီးထောင်ချခံ မြန်မာစစ်ဘေးဒုက္ခသည် ၁၅၀ နီးပါးကို ပြန်လွှတ်ပေးရန်အပါအဝင် ထောင်တွင်းသေဆုံမှုများ တရားမျှမှု ရရှိရေးအတွက် အိန္ဒိယဗဟိုအစိုးရထံ အရပ်ဖက်အဖွဲ့အစည်းပေါင်း ၂၀၀ နီးပါး တောင်းဆိုသည်။ ယနေ့ မတ်လ ၂၀ ရက်တွင် အိန္ဒိယနိုင်ငံ ဗဟိုအစိုးရထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ကာ မြန်မာနိုင်ငံနှင့် အိန္ဒိယနယ်စပ်တလျှောက်ရှိ လူမှုအဖွဲ့အစည်းပေါင်း ၁၉၆ ဖွဲ့က တောင်းဆိုနေခြင်းဖြစ်သည်။ “လက်ရှိကြုံတွေ့နေတဲ့ အခြေအနေက တော်တော်စိုးရိမ်ရတဲ့ အခြေအနေကို ရောက်နေပြီးမို့ အမြန်ဆုံး ဖြေရှင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဝိုင်းလုပ်ကြတာပါ။ ဒီလို အိန္ဒိယနိုင်ငံအတွင်းမှာ ဆက်လက်ထိန်းထားလို့ ဆယ်စုနှစ်ချီနဲ့ ထောင်ထဲမှာ ရှိနေတဲ့ လူတွေ အများကြီးရှိနေတယ်။ မြန်မာနိုင်ငံသားတွေလည်း အဲဒီလို အခြေအနေ မရောက်အောင် အကောင်းဆုံး နည်းလမ်းလေးနဲ့ ဖြေရှင်းပေးစေလိုတဲ့ ရည်ရွယ်ချက်ပါ” ဟု India for Myanmar တည်ထောင်သူ ဆလိုင်းဒိုရ်ခါက ပြောသည်။ အိတ်ဖွင့်ပေးစာတွင် အိန္ဒိယနိုင်ငံထဲ စစ်ဘေးတိမ်းရှောင်သော မြန်မာပြည်သူများကို ဖမ်းဆီးထောင်ချမှုများ ရပ်တန့်ပြီး စစ်ဘေး ဒုက္ခသည်များကို လူ့ဂုဏ်သိက္ခာနှင့်အညီ အသက်ရှင်သန် နေထိုင်ခွင့်ပြုရန်၊ ဖမ်းဆီးထောင်ချထားသူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုသည်။ မဏိပူရပြည်နယ်နှင့် အာသံပြည်နယ်ရှိ ထောင်များတွင် မြန်မာစစ်ဘေးရှောင်ဒုက္ခသည် ၁၄၇ ဦး ထက်မနည်း ဖမ်းဆီးအကျဉ်း ချခံထားရပြီး ယင်းတို့ထဲ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ထောင်တွင်း မွေးဖွားသော ကလေးငယ်များ၊ ကျောင်းနေအရွယ်…

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ထဲက ကျွဲ၊ နွား၊ နွားနောက် အားလုံးကို ယနေ့ မတ်လ ၁၉ ရက်မှ စတင်၍ ဒေါင့်သန်းရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံနိုင်ရေး ဆောင်ရွက်နေပြီးဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူးရေးနှင့် ကုသရေးဌာနထံမှ သိရသည်။ “စာထုတ်ပြန်တဲ့ ရက်ကနေစပြီး လာထုတ်လို့ရပါပြီ။ တမြို့နယ်လုံး အမြန်ဆုံး ထိုးရမှာပါ။ ဒေါင့်သန်းက ကူးစက်ခံရတဲ့ ကျွဲ၊ နွား၊ နွားနောက်တွေ သေသွားတာများတယ်။ပြီးတော့ ဒီရောဂါက လူကိုတောင် ကူးစက်နိုင်တဲ့ ရောဂါလည်း ဖြစ်တာကြောင့်ပါ” ဟု မွေးမြူးရေးနှင့် ကုသရေးဌာန၊ မြို့နယ်တာဝန်ခံ ဒေါက်တာ ဟုန်းမနားက ပြောသည်။ မြို့နယ်အတွင်း ဒေါင့်သန်းရောဂါဖြစ်ပွားနေသော ကျွဲ၊ နွား၊ နွားနောက်များ၏ ပိုင်ရှင်များကို ဒေါင့်သန်းရောဂါ ကာကွယ်ဆေး (Anthrax Vaccine) အခမဲ့ထောက်ပံ့ပေးမည်ဖြစ်သောကြောင့် မိမိတို့ ကျေးရွာအုပ်စု၊ ရပ်ကွက် အုပ်ချုပ်မှု နယ်မြေအတွင်းရှိ အကောင်ရေစာရင်းများ ပြုစုပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဌာနသို့ ချိတ်ဆက်သွားရောက် ထုတ်ယူရမည်ဟု သိရသည်။ ဒေသခံပြည်သူများက မွေးမြူးထားသည့် နွားနောက်၊ နွား၊ ကျွဲ၊ ဆိတ်၊ ဝက်၊ ကြက် စသည်တို့ကို မင်းတပ်မြို့ သိမ်းတိုက်ပွဲအတွင်း ရဲဘော်များအတွက် ပါဝင်လှူဒါန်းပေးသောကြောင့် ကျေးဇူးတင်သည့်အနေဖြင့် အခမဲ့ထောက်ပံ့ပေးခြင်းဖြစ်သည်ဟု သိရသည်။ မင်းတပ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်အထိ ကျွဲ၊ နွား၊ နွားနောက် အကောင်ရေ ၂၅၀၀၀ ဝန်းကျင်အထိ ရှိခဲ့ပြီး တောကောင် များက ဝင်ဆွဲစားသောက်ခြင်း၊ ခွာနာလျှာနာဖြစ်ခြင်း၊ ရောဂါများ တမျိုးပြီး…

Read More