Author: Editor

(006SV) ချင်းပြည်နယ်၊ မတူပီမြို့အခြေစိုက် CDF- မတူပီ၊ တပ်မဟာ (၁) အဖွဲ့က တော်လှန်ရေးလမ်းစဉ် တူညီသည့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။ CDF – မတူပီ တပ်မဟာ (၁) ညီလာခံကို ဧပြီလ ၃ ရက်က အောင်မြင်စွာကျင်းပပြီးနောက် ချင်းပြည်နယ်အတွင်းရှိ တော်လှန်ရေး လမ်းစဉ်တူညီသည့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “မဟာမိတ်ရေးရာနဲ့ ပတ်သက်ပြီးတော့ အခုက တပ်ပေါင်းစုတွေ ရှိတယ်၊၊ ကျနော်တို့က တဖွဲ့ထဲ လုပ်တာထက် တပ်ပေါင်းစုတွေနဲ့ ပြန်လည်ဆက်သွယ်ပြီး လုပ်ဆောင်ဖို့ ဖြစ်တယ်။ တပ်မဟာ ၁ က ချင်းလန်းကောင်စီ၊ မူဝါဒပိုင်းဆိုင်ရာနဲ့ လမ်းစဉ်နဲ့ မတူညီမှုတွေ ရှိတဲ့အတွက် ချင်းလဲန်းကောင်စီပြင်ပ လမ်းကြောင်းနဲ့ သွားဖို့ ရှိပါတယ်” ဟု CDF – မတူပီ ၊ တပ်မဟာ (၁) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ထို့အပြင် မတူပီမြို့နယ်အတွင်းက လမ်းစဉ်တူညီသည့် အရပ်ဖက် တော်လှန်ရေးအင်အားစုများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း တပ်မဟာ (၁) ထံမှ သိရသည်။ မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင်လည်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည့် အုပ်ချုပ်ရေး အဖွဲ့နှင့် ချင်းလဲန်းကောင်စီပြင်ပလမ်းကြောင်းဖြင့် သွားချင်သည့် အုပ်ချုပ်ရေးအဖွဲ့ဖြစ်မည့် အရပ်ဖက် တော်လှန်ရေးအင်အားစု များလည်း ရှိနေကြောင်း သိရသည်။ “အုပ်ချုပ်‌ရေးအပိုင်းမှာ ချင်းလဲန်းကောင်စီကို ဝင်သွားမယ့် အုပ်ချုပ်ရေးအဖွဲ့လည်း ရှိသလို လမ်းစဉ်တူညီတဲ့ ပူးပေါင်းချင်တဲ့ အုပ်ချုပ်ရေးအဖွဲ့တွေလည်း ရှိတယ်။…

Read More

(004SS) ကလေးမြို့မြောက်ပိုင်း မော်စီကျေးရွာအနီးရှိ မူးယစ်ဆေးတိုက်ဖျက်ရေးစင်တာ Chhan Chhuahna Rûn (CCR) မှ နယ်စပ် တီအိုချောင်းသို့ စစ်ဘေးရှောင်လာကြသူများအတွက် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း သိရသည်။ ဧပြီလ ၅ ရက်နေ့က CCR ဝန်းအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ၎င်းစင်တာတွင် ဆက်လက်မနေရဲကြတော့ဘဲ ပြည်သူအယောက် ၆၀ ကျော်တို့သည် ယမန်နေ့ နေ့လည် ၁ နာရီဝန်းကျင်တွင် အိန္ဒိယ-မြန်မာနယ်စပ်၊ ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက် တီအိုချောင်းသို့ ရောက်ရှိလာကြသည်ဟု ကူညီပေးနေသူတစ်ဦးကပြောသည်။ “လက်နက်ကြီးကျရောက်ပြီးနောက် အိမ်ပြန်လို့ရတဲ့သူတွေကို အိမ်ပြန်ခေါ်သွားကြပြီး။ အခု ကျန်ခဲ့တဲ့သူက အယောက် ၁၀၀ နီးပါးပဲရှိတယ်။ မနေ့က တီအိုချောင်းကို‌ေရာက်လာတာ ၆၁ ဦးရှိတယ် အဲထဲမှာ အများစုက စိတ်မကျန်းမာတဲ့သူတွေ‌ ေပါ့‌ေနာ်။ ပြီးတော့သူတို့တွေက ပြန်ဖို့အိမ်မရှိတဲ့သူတွေရယ် အိမ်ပြန်ရင်လဲ မိသားစုက ဆက်မထိန်းနိုင်တဲ့လူတွေ ဖြစ်တယ်။ သူတို့က ဒီတိုင်းပဲလာတာဆို‌ေတာ့ ဆန်၊ ဆီ၊ ဆားတွေ အဝတ်အထည်တွေ၊ စော‌င်တွေလိုအပ်တာပေါ့၊ တောင်ပေါ်ဆိုတော့ရာသီဉတုအေးတယ်၊ မနေ့ညကဆိုရင်သူတို့ မိုးကာခင်းပြီး‌အိပ်ကြရတယ်” ဟု ၎င်းက ပြောသည်။ ၎င်း စစ်ဘေး‌ေရှာင် ၆၁ ဦးအနက် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၈ ဦးသာ ကျန်းမာသူများဖြစ်ကြကာ ကျန်အားလုံးမှာ စိတ်ရောဂါဝေဒနာ ခံစားနေရသူများဖြစ်ကြောင်း အထက်ပါ ကူညီပေးနေသူက ဆက်လက်ပြောဆိုသည်။ လက်ရှိတွင် တီအိုချောင်းလူငယ်အဖွဲ့အစည်း၏ အကူအညီဖြင့် တီအိုချောင်းရှိ ခန်းမဆောင်တွင် ခေတ္တတည်းခိုနေကြသော်လည်း…

Read More

(006SV) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ဦးဆောင်ကျင်းပနေသည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က နောက်ဆုံး နေ့အစည်းအဝေးကို ဆက်လက်တက်ရောက်နိုင်ခြင်းမရှိဟု အကြောင်းကြားမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ပြည်သူ့ညီလာခံကို CRPH အပါအဝင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့အနေဖြင့် မူလ သတ်မှတ်ရက် ၃ ရက်နှင့် ထပ်တိုး ၁ ရက်တို့တွင် အပြည့်အဝပူးပေါင်းပါ၀င်ခဲ့ပြီး ယနေ့ ထပ်ခေါ်ယူမည့် ပဥ္စမနေ့တွင် ဆက်လက်တက်ရောက် နိုင်ခြင်းမရှိကြောင်း CRPH ၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ဧပြီလ ၄ ရက်မှ ၆ ရက်အထိ ကျင်းပရန် စီစဉ်ထားသော်လည်း ထပ်မံ၍ ၂ ရက် တိုးချဲ့ကာ ကျင်းပခဲ့ပြီး ဧပြီလ ၇ ရက်တွင် ထပ်တိုး (၁) ရက်နှင့် ယနေ့ ဧပြီလ ၉ ရက်မှာ နောက်ဆုံးနေ့ ဖြစ်ကြောင်း သိရသည်။ လက်ရှိ ကျင်းပနေသည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံတွင် CRPH အစုအဖွဲ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG လည်း ဆက်လက်မတက်ရောက်တော့ကြောင်း ခိုနူမ်းသုန်က ဆက်သွယ်မေးမြန်းသော သတင်းရင်းမြစ်များက ပြောကြသော်လည်း အသေးစိတ်ကို မသိရသေးပါ။ ဧပြီလ ၈ ရက်က NUCC သို့ ပေးပို့သည့် ဆက်လက်တက်ရောက်နိုင်ခြင်း မရှိကြောင်း CRPH ၏ အကြောင်းကြားစာတွင် အချက် (၅) ချက် ပါဝင်သည်။ (က) ညီလာခံတွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း…

Read More

(002MG) စစ်ရေးပြင်းထန်နေသည့် စစ်ကိုင်းတိုင်း ကလေးမြို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ဒရုန်းနှင့် တိုက်ခိုက်မှုကြောင့် တရက်အတွင်း အရပ်သား ၅ ဦးသေဆုံးပြီး ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ကလေးမြို့မြောက်ပိုင်း မော်စီကျေးရွာအနီးရှိ မူးယစ်ဆေးတိုက်ဖျက်ရေးစင်တာ Chhan Chhuahna Rûn (CCR) ဝင်း အတွင်း ဧပြီလ ၅ ရက် နေ့က စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ၅ လုံးထက်မနည်းကျ ရောက်ပေါက်ကွဲ မှုကြောင့် ထိုနေရာတွင် အမျိုးသား ၄ ဦး သေဆုံးခဲ့သည်ဟု ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းမှ တာ၀န်ရှိသူတစ်ဦးကပြောသည်။ “အဲ့ဒီမှာ ၄ ယောက်ဆုံးသွားတယ်အမျိုးသားတွေပဲ၊ ညနေမိုးမချုပ်ခင်မှာ သူတို့ရဲ့ဘုရားကျောင်းထဲမှာကျတာ ဘုရား ကျောင်းဆင်းပြီ သိမ်းပြီးမှ နည်းနည်းကျန်တဲ့သူတွေရှိသေးတယ်၊ အဲ့ဒီမှာထိပြီး ဒဏ်ရာရကြတာ၊ အဲဒီဖြစ်တဲ့နေ့ မနက် ပိုင်းမှာ ညောင်တော ရွာက တယောက် စစ်ကောင်စီကဖမ်းပြီးမှ အဖွဲ့လိုက်ထိုင်ခိုင်းနေတုန်း သူက ထွက်ပြေး ဖို့ကြိုးစား တာနဲ့ သူတို့က တခါတည်းပစ်ပြီးမှ ဆုံးသွားတယ်ပွဲချင်းပဲ အဲ့တာနဲ့ဆို (၅) ဦးဆုံးသွားတယ်” ဟု ၎င်းက ပြောသည်။ မူးယစ်ဆေးတိုက်ဖျက်ရေးစင်တာ (CCR Camp) ဝင်းအတွင်းလက်နက်ကြီးကြောင့်သေဆုံးသူများမှာ တောင်ဇလပ်ရပ်ကွက်က Sian Thawn Tuang၊ မွန်းလိုင်ရပ်ကွက်က Do Cin Lian၊ ကနန်ကျေးရွာက Biak Run Sang နှင့် မြို့လှရပ်ကွက်က Pau Sawn Gin တို့ဖြစ်ကြပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ယောက်ကျော်ထဲတွင်…

Read More

ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့က သင်ကြားပို့ချပေးသည့် ရဲလုပ်ငန်းပိုင်းဆိုင်ရာများနှင့် ခေါင်းဆောင်မှုပိုင်းဆိုင်ရာ ပညာရပ်များအထူးသင်တန်းကို ဧပြီလ ၅ ရက်နေ့က အောင်မြင်စွာပြီးဆုံးခဲ့သည်ဟု သိရသည်။ ရဲတပ်ဖွဲ့၏ မူဝါဒနှင့်ဖွဲ့စည်းပုံ၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးများ သိသင့်သိထိုက်သည့် ရဲလုပ်ငန်းပိုင်းဆိုင်ရာများနှင့် ခေါင်းဆောင်မှုပိုင်းဆိုင်ရာပညာရပ်များ သင်ကြားပို့ချသည့် အထူးသင်တန်းကို မတ်လ ၂၈ ရက်နေ့က စတင်ခဲကြပြီး မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှူးများ၊ ဒုတိယမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးများနှင့် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးရုံးများတွင် အဓိကတာ ဝန်ထမ်းဆောင်ကြသည့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း (၁၆) ဦး တက်ရောက်ခဲ့ကြပါသည်ဟု ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ အဆိုပါသင်တန်းကာလတွင် လူကိုယ်တိုင် မတက်ရောက်နိုင်သည့် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ဝင်များသည် Zoom မှတဆင့် တက်ရောက်ခဲ့ကြပြီး ဧပြီလ ၅ ရက်နေ့တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းနှင့် သင်တန်းဆင်းပွဲတွင် ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့၏ ရဲချုပ်၊ ရဲရေးချုပ်နှင့် ရဲလေ့ကျင့်ရေးချုပ်များ တက်ရောက်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့သည် ချင်းပြည်နယ်၏ မြို့နယ်အသီးသီးရှိ ဒေသ/နယ်မြေ ရဲစခန်းမှူးများ၊ အမှုစစ်များ၊ နယ်ထိန်းတပ်ဖွဲ့ဝင်များအပါအဝင် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအားလုံးတို့၏ ရဲလုပ်ငန်းပိုင်းဆိုင်ရာစွမ်းရည်မြှင့်တင်နိုင်ရေးအတွက် အထူးသင်တန်းများ ဆက်လက်ဖွင့်လှစ်သွားမည်ဟု သိရသည်။

Read More

(005MK) အိန္ဒိယ-မြန်မာနယ်စပ် လွတ်လပ်စွာလှုပ်ရှားသွားခွင့် FMR ကိုဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်မည့် အိန္ဒိယဗဟို အစိုးရ၏အစီစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် အိန္ဒိယ-မြန်မာနယ်စပ်တနေရာမှာ ငြိမ်းချမ်းစွာ ချီတက်ပွဲ (Peacefully Rally) ပြုလုပ်မည်ဟုသိရသည်။ မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Zo Reunification Organization (ZORO) က ယမန်နေ့ ဧပြီလ ၅ ရက်နေ့တွင် အစည်းအ‌ေ၀◌းတရပ်ကျင်းပကာ FMR ကိုဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးကာရံမည့်အစီစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ငြိမ်းချမ်းစွာချီတက်ပွဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။ အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြားလွတ်လပ်စွာလှုပ်ရှားသွားလာခွင့် FMR ဖျက်သိမ်းပြီး နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုး ကာရံရန်စီစဉ်ခြင်းသည် မိမိတို့လူမျိုးတူမျိုးနွယ်စုများအား ပိုင်းခြားရန်စီစဉ်ခြင်းဖြစ်သည့်အတွက် လက်မခံကြောင်း ZORO က ပြောသည်။ ထို့ကြောင့် လာမည့် မေလ ၁၆ ရက်နေ့တွင် အိန္ဒိယ-မြန်မာ နယ်စပ်တနေရာတွင် ငြိမ်းချမ်းစွာ ချီတက်ပွဲပြုလုပ်သွားမည်ဖြစ်ပြီး မီဇိုရမ်ပြည်သူလူထုနှင့် မြန်မာဘက်ခြမ်းက ပြည်သူများအနေဖြင့် ပူးပေါင်းပါ၀◌င်ပေးကြရန် ZORO က တောင်းဆိုထားသည်။ Zo Reunification Organization (ZoRO) အဖွဲ့သည် ဗြိတိသျှအစိုးရ၏ နယ်နိမိတ်ပိုင်းခြားသတ်မှတ်မှုကြောင့် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့် စသည့် ၃ နိုင်ငံတွင် ပြန့်နှံ့နေထိုင်ခဲ့ကြသော ဇိုး (ချင်း) မျိုးနွယ်စုများ ပြန်လည်ပေါင်းစည်းနေထိုင်ရေး လိုလားသောအဖွဲ့ဖြစ်ပြီး ယင်းအတွက် လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။

Read More

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၁၃ အောက်ချိုင်ရွာကို ဧပြီလ ၃ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ရာမှာ နိုင်ငံတကာက ပိတ်ပင်ထားသည့် ဆင့်ပွား ထပ်ဆင့်ပေါက်ကွဲသည့် Cluster ဗုံးများကို စစ်ကောင်စီက အသုံးပြုကြောင်း တွေ့ရှိရသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးက သတင်းထုတ်ပြန်သည်။ စစ်ကောင်စီသည် ဧပြီလ ၃ ရက်နေ့ နေ့လည် ၂ နာရီ၀န်းကျင်တွင် အောက်ချိုင်ရွာကို ဆင့်ပွား ထပ်ဆင့်ပေါက်ကွဲသည့် Cluster ဗုံးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ (၂) နှစ်အရွယ် မိန်းကလေးတစ်ဦး၊ (၄) နှစ်အရွယ် ယောက်ျားလေးတစ်ဦး၊ (၂၈) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ (၄၇) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် (၅၃) နှစ်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်း ပြည်သူ (၅) ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အခြား အသေးစား ထိခိုက်ဒဏ်ရာရသူများလည်းရှိသည်ဟု သိရသည်။ ဆင့်ပွားထပ်ဆင့်ပေါက်ကွဲစေသည့် Cluster ဗုံးများဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကျေးရွာဝန်းကျင်ရှိ တောအုပ်များ၊ လူနေအိမ်များ မီးလောင်ပျက်စီး၍ လူနေအိမ် ၁၂ အိမ် အကြီးအကျယ်ပျက်စီးပြီး တစ်ရွာလုံးအနှံ့ လူနေအိမ်များနှင့် စာသင်ကျောင်းဆောင်များ၊ ဆရာ/မ အဆောင်များ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ် ရေး- သတင်း၊ ပြန်ကြားရေးနှင့်မှတ်တမ်းက ထုတ်ပြန်သည်။ Cluster ဗုံးများကြဲချရာတွင် မပေါက်ကွဲခဲ့သော ဗုံးငယ်များ (droplets) သည် မိုင်းအသွင် ဆက်လက်ရှိနိုင်သောကြောင့် ဒေသခံများအတွက် မိုင်းအန္တရာယ်များနှင့် ဆက်လက်ကြုံတွေ့နေရသည်ဟု ဆိုသည်။ ဒေသခံပြည်သူများအနေဖြင့် မိမိတို့ နေအိမ်၊ ကျေးရွာဝန်းကျင်၊ တောင်ယာများသို့ သွားလာရာတွင်လည်း…

Read More

(002MG) ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့ပေါ်တွင် ကုန်စည်ပြတ်လပ်မှုကြောင့် မြို့တွင်းနေပြည်သူများ စားနပ်ရိက္ခာနှင့် မီးဖိုဆောင်သုံးပစ္စည်းများမှအစ ပြတ်လပ်နေကြသည်ဟု ကန်ပက်လက်မြို့ဒေသခံများထံမှ သိရသည်။ “ကန်ပက်လက်မြို့ပေါ်မှာ စျေးလည်းမရောင်းကြတော့ဘူး၊ အခုရှိတဲ့ဟာလည်း လက်ကျန် ပစ္စည်းလေးတွေပဲ ရောင်းကြ‌ တော့တာ။ ဆောဖက်ကို ဆင်းပြီးမှပဲစျေးဝယ်ရတယ်။ ကန်ပက်လက်မှာက စျေးလဲမရှိတော့ဘူးဆိုတော့ ဟင်းသီး ဟင်း ရွက်နဲ့ အသားငါးသယ်လို့မရဘူး ကုန်းစိမ်းတွေရောင်း လို့ဝယ် လို့မရတော့ဘူး ဒုက္ခရောက်ကုန်တာ” ကန်ပက်လက် ဒေသခံတစ်ဦးကပြောသည်။ ယခုလက်ရှိ ကန်ပက်လက်မြို့ပေါ်တွင်နေထိုင်သူ လူဦးရေ ၂၀၀ ကျော်ခန့်ရှိသည်ဟုသိရပြီး ကုန်ပစ္စည်းများ အဓိက သယ်ယူရာလမ်းကြောင်းဖြစ်သည့် ကန်ပက်လက်-ဆော လမ်းကြောင်း အသုံးပြု၍မရသောကြောင့် စားနပ်ရိက္ခာများ ပြတ်လပ်မှုကြုံနေကြရခြင်းဖြစ်သည်။ ကန်ပက်လက်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များ အထိုင်ချတပ်စွဲထားဆဲဖြစ်သောကြောင့် ၎င်းတို့အား ရိက္ခာ ဖြတ် တောက်နိုင်ရန်အတွက် CDF-Kanpetlet က မြို့တွင်းရှိ ပြည်သူများ ဆန်အပါအဝင် ရိက္ခာများကို မိသားစုအရေအတွက် ပေါ်မူတည်ကာ အကန့်အသတ်ဖြင့် ဝယ်ယူခွင့်ပြုထားသည်ဟုသိရသည်။ ထို့ကြောင့် လက်ရှိ ကန်ပက်လက်မြို့ခံပြည်သူများသည် (၁၂) မိုင်ခန့်ကွာဝေး မကွေးတိုင်း ဆောမြို့တွင် ရိက္ခာ ဆန်များ ကို တလတကြိမ်နှင့် ဆိုင်ကယ်ဖြင့်သော်လည်းကောင်း၊ ခြေလျှင်ဖြင့်သော်လည်းကောင်း ဝယ်ယူ ားသုံးနေကြရသည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။ “ဆောဖက်ကိုဆင်းရင်းနဲ့ လူငယ်ဖက်ကို မိသားစုအတွက် ဆန် (၁) အိတ်လောက် မိသားစု အတွက် ဝယ်ချင်တယ်လို့ အကြောင်းကြားပြီးမှပဲ ဝယ်ရတယ်။ (၂) အိတ်လောက်ပဲအများကြီးလဲ သယ်လို့ မရဘူး။ဆေးဝါးတွေလည်းပဲ မရှိ သလောက်ဖြစ်တယ်။ သက်ကြီးရွယ်အိုတွေအတွက်ဆိုရင် မြို့ထဲကနေတဲ့ ပြည်သူတွေက နီးစပ်ရာဆွေမျိုးတွေကပဲ ဝယ်ခြမ်းပေးတာ၊ကူညီပေးရတာ။မြို့ထဲမှာ…

Read More

(006SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ဖျန်ချောင်းကျေးရွာတွင် စစ်ကောင်စီက ဒေသခံ သက်ကြီးရွယ်အိုတစ်ဦးကို ပစ်သတ်လိုက်ပြီး နောက်ထပ် သက်ကြီးရွယ်အို ၂ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကန်ပက်လက်မြို့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းရရှိသည်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေရာ ရဟတ်ယာဉ်များဖြင့် လွန်ခဲ့သော တစ်ပတ်ခန့်က တောတွင်းတစ်နေရာမှာ ချခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧပြီ ၄ ရက်တွင် ဖျန်ချောင်းကျေးရွာကို ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ထို့နောက် ဖျန်ချောင်းကျေးရွာတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကျေးရွာအတွင်းကျန်ရစ်ခဲ့သော ၆၅ နှစ်အရွယ် သက်ကြီးအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ပစ်သတ်ထားကြောင်း သိရသည်။ သက်ကြီးရွယ်အိုပြည်သူ ၂ ဦးမှာလည်း ဧပြီ ၄ ရက်မှ ယနေ့ ဧပြီ ၅ ရက်အထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီမှ လေကြောင်း ပစ်ခတ်မှုများ၊ နေအိမ်များကို မီးရှို့မှုများကြောင့် ကျေးရွာအတွင်းမှ နေအိမ်တချို့ မီးလောင်ပျက်စီးနေပြီး ကျေးရွာနေပြည်သူ ၁၅၀ ကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရဿည်။ ယနေ့အထိလည်း ဖျန်ချောင်းကျေးရွာတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားဆဲဖြစ်ပြီး ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဖြင့် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ ယင်းစစ်ဘေးရှောင်ပြည်သူများကို ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေပြီး ပြည်တွင်း/ပြည်ပ ပြည်သူများအနေဖြင့်လည်း တတ်စွမ်းသမျှ ပံ့ပိုးကူညီပေးကြရန် ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

Read More

(004SS) အမေရိကန်အခြေစိုက် Angel Group မှ CNF/ CNA ရဲမေများအတွက် မော်တော်ဆိုင်ကယ် ၉ စီးနှင့် အခြားလိုအပ်သော အမျိုးသမီး အသုံးအဆောင်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ဧပြီလ ၂ ရက်နေ့တွင် Angel Group မှ Scooter အမျိုးအစား မော်တော်ဆိုင်ကယ် ၃ စီးအား လှူဒါန်းခဲ့ခြင်းဖြစ်ရာ လွန်ခဲ့သော မတ်လ ၈ ရက်နေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင်လည်း Kenbo ဆိုင်ကယ်များ လှူဒါန်းခဲ့ပြီးဖြစ်ကာ စုစုပေါင်း ဆိုင်ကယ် ၉ စီး လှူဒါန်းခဲ့ကြောင်း ၎င်းအဖွဲ့အစည်း၏ ဖော်ပြချက်အရ သိရသည်။ ထို့အပြင် အကျီများ၊ ဖိနပ်များ၊ အဝတ်အထည်များ၊ အမျိုးသမီးများ၏ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ၊ အစားအစာများ၊ အတွင်းခံများနှင့် လိမ်းဆေးများလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။ “ဤရဲရင့်သော၊ ကိုယ်ကျိုးမဖက်သော အမျိုးသမီးများသည် အရာရာကို စတေးခဲ့ပြီး၊ သူတို့၏ စွန့်လွှတ်အနစ်နာခံမှုများကို ဂုဏ်ပြုလေးစားပါတယ်” ဟု Angel Group က ၎င်းတို့စာမျက်နာတွင် ဖော်ပြသည်။ ထိုသို့ တိုင်းပြည်နှင့် လူမျိုးများအတွက် တဖက်တလှမ်းမှ ပါဝင်ချင်သူများအနေဖြင့် Angel Group သို့ လစဉ် အမေရိကန် \ဒေါ်လာ 20$ လှူဒါန်းခြင်းအားဖြင့် ၎င်းတို့၏လှုပ်ရှားမှုများတွင် ပါဝင်နိုင်ကြောင်းကိုလည်း ဖော်ပြထားသည်။ Angel Group သည် ၂၀၂၂ ခုနှစ်တွင် တည်ထောင်ခဲ့သော ချင်းအမျိုးသမီးအဖွဲ့ငယ်တစ်ဖွဲ့ဖြစ်ပြီး ချင်းအမျိုးသားတပ်ဦး ရဲမေများကို ထောက်ပံ့ရန်အတွက် ဖွဲ့စည်းသည့် ကူညီ‌ေရးအဖွဲ့ဖြစ်သည်။

Read More