Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF CDM Siyin တပ်ဖွဲ့အမည်ကို အလွဲသုံးကာ ‌ငွေကောက်ခံသူ ၂ ဦး ဖမ်းမိ

CDF CDM Siyin တပ်ဖွဲ့အမည်ကို အလွဲသုံးကာ ‌ငွေကောက်ခံသူ ၂ ဦး ဖမ်းမိ

0
By Editor on April 25, 2025 Khonumthung

(004SS)

ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော CDF CDM- Siyin တပ်ဖွဲ့အမည်ကို အလွဲသုံးကာ ပြည်သူထံ ငွေကြေးကောက်ခံ နေသော အမျိုးသား ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း CDF CDM- Siyin က ထုတ်ပြန်သည်။

တပ်ဖွဲ့အမည် အလွဲသုံးကာ ငွေကြေးကောက်ခံသူ ၂ ဦးမှာ အသက် ၃၄ နှစ်ရှိ မင်ပုမ်းကိမ်းနှင့် အသက် ၃၃ နှစ်ရှိ ပုမ်းငင့် တို့ဖြစ်ပါတယ်။

ဧပြီလ ၂၀ ရက်နေ့တွင် တီးတိန်မြို့ထဲသို့ ဝင်ရောက်ပြီး အဖွဲ့အစည်းနာမည်ကို အလွဲသုံးစားလုပ်တောင်းရမ်းသည့်အပြင် ဧပြီလ ၂၁ ရက်နေ့တွင်လည်း Akluai ကျေးရွာအတွင်း ခရီးသွားပြည်သူများကို တားဆီး တောင်းရမ်းခြင်းများ ထပ်မံပြုလုပ်ခဲ့သည်ဟု CDF CDM- Siyin က ဖော်ပြထားသည်။

ထို့အပြင် ၎င်းတို့ ၂ ဦးက သိုင်းငင်းတိုက်ပွဲအပြီးတွင် အဖွဲ့ပိုင်ပစ္စည်းအချို့အား ခိုးယူရောင်းစားခဲ့သောကြောင့် ပထမအကြိမ် ဖမ်းဆီးထိန်းသိမ်းကာ သတိပေးခဲ့ပြီး ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် ၎င်းတို့၂ ဦး၏ ဒေသခံ ကျေးရွာလူကြီးများနှင့် ဆွေးနွေးညှိနှိုင်းပြီးနောက် နောက်ဆုံးကြိမ်အဖြစ် သတိပေး ဖမ်းဆီးထိန်းသိမ်းခဲ့ရခြင်းဟု CDF CDM-Siyin က ဆိုသည်။

နောက်နောင်တွင်လည်း ထိုကဲ့သို့သော အဖွဲ့အစည်းနှင့် တော်လှန်ရေးအား ထိခိုက်စေမည့် ပြုမှုဆောင်ရွက်ချက်များ ရှိလာပါက မိဘပြည်သူများနှင့် ပူးပေါင်းကာ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း CDF CDM-Siyin က သတိပေးထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.