Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF CDM Siyin တပ်ဖွဲ့အမည်ကို အလွဲသုံးကာ ‌ငွေကောက်ခံသူ ၂ ဦး ဖမ်းမိ

CDF CDM Siyin တပ်ဖွဲ့အမည်ကို အလွဲသုံးကာ ‌ငွေကောက်ခံသူ ၂ ဦး ဖမ်းမိ

0
By Editor on April 25, 2025 Khonumthung

(004SS)

ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော CDF CDM- Siyin တပ်ဖွဲ့အမည်ကို အလွဲသုံးကာ ပြည်သူထံ ငွေကြေးကောက်ခံ နေသော အမျိုးသား ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း CDF CDM- Siyin က ထုတ်ပြန်သည်။

တပ်ဖွဲ့အမည် အလွဲသုံးကာ ငွေကြေးကောက်ခံသူ ၂ ဦးမှာ အသက် ၃၄ နှစ်ရှိ မင်ပုမ်းကိမ်းနှင့် အသက် ၃၃ နှစ်ရှိ ပုမ်းငင့် တို့ဖြစ်ပါတယ်။

ဧပြီလ ၂၀ ရက်နေ့တွင် တီးတိန်မြို့ထဲသို့ ဝင်ရောက်ပြီး အဖွဲ့အစည်းနာမည်ကို အလွဲသုံးစားလုပ်တောင်းရမ်းသည့်အပြင် ဧပြီလ ၂၁ ရက်နေ့တွင်လည်း Akluai ကျေးရွာအတွင်း ခရီးသွားပြည်သူများကို တားဆီး တောင်းရမ်းခြင်းများ ထပ်မံပြုလုပ်ခဲ့သည်ဟု CDF CDM- Siyin က ဖော်ပြထားသည်။

ထို့အပြင် ၎င်းတို့ ၂ ဦးက သိုင်းငင်းတိုက်ပွဲအပြီးတွင် အဖွဲ့ပိုင်ပစ္စည်းအချို့အား ခိုးယူရောင်းစားခဲ့သောကြောင့် ပထမအကြိမ် ဖမ်းဆီးထိန်းသိမ်းကာ သတိပေးခဲ့ပြီး ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် ၎င်းတို့၂ ဦး၏ ဒေသခံ ကျေးရွာလူကြီးများနှင့် ဆွေးနွေးညှိနှိုင်းပြီးနောက် နောက်ဆုံးကြိမ်အဖြစ် သတိပေး ဖမ်းဆီးထိန်းသိမ်းခဲ့ရခြင်းဟု CDF CDM-Siyin က ဆိုသည်။

နောက်နောင်တွင်လည်း ထိုကဲ့သို့သော အဖွဲ့အစည်းနှင့် တော်လှန်ရေးအား ထိခိုက်စေမည့် ပြုမှုဆောင်ရွက်ချက်များ ရှိလာပါက မိဘပြည်သူများနှင့် ပူးပေါင်းကာ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း CDF CDM-Siyin က သတိပေးထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.