Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF-Hakha က ကယ်ထုတ်ခဲ့သော အကျဉ်းသား ၆၂ ဦးအနက် ထောင်ဒဏ်တစ်သက် ချမှတ်ခံရသူ ၇ ဦးပါဝင်ဟု CHRO ပြော

CDF-Hakha က ကယ်ထုတ်ခဲ့သော အကျဉ်းသား ၆၂ ဦးအနက် ထောင်ဒဏ်တစ်သက် ချမှတ်ခံရသူ ၇ ဦးပါဝင်ဟု CHRO ပြော

0
By Editor on July 31, 2024 Khonumthung

(004SS)

ချင်းပြည်နယ်၊ ဟားခါးမြို့မ ရဲစခန်းအချုပ်ထောင်မှ CDF-Hakha တပ်ဖွဲ့က ကယ်ထုတ်ခဲ့သော အကျဉ်းသူ/သား ၆၂ ဦးအနက် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရသူ ၇ ဦးပါဝင်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ယမန်နေ့ ဇူလိုင် ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။

ဇူလိုင်လ ၂၀ ရက်နေ့တွင် Operation Rung အမည်နဲ့ CDF – Hakhaမှ ဟားခါးမြို့မရဲစခန်းအား တိုက်ခိုက်ခဲ့ပြီး အကျဉ်းချခံရသူ အမျိုးသား ၄၉ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၆၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကယ်ထုတ်ခံရသူများအနက် စစ်ခုံရုံးက ထောင်ဒဏ်တစ်သက် တစ်ကျွန်း ချမှတ်ခဲ့သည့် အရပ်သား ၇ ဦးပါဝင်ပြီး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရသူ ၁၅ ဦး၊ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရသူ ၁၅ ဦး၊ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရသူ ၉ ဦးနှင့် ထောင်ဒဏ် ၆ နှစ်၊ ၈ နှစ်၊ ၁၃ နှစ် ချမှတ်ခံရသူ ၃ ဦး ပါဝင်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဟားခါးမြို့မရဲစခန်းတိုက်ခိုက်မှုတွင် ရဲတပ်သား ၃ ဦးသေဆုံးခဲ့သည်နည်းတူ ဒါဏ်ရာရရှိသူများပြားခဲ့ပြီး လက်နက်ခဲယမ်း များကိုလည်း CDF – Hakha မှ သိမ်းဆည်းရရှိခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့တုန်းကလည်း မတူပီမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က ဖမ်းဆီးချုပ်နှောင်ထားသော ထောင်ဒဏ်တစ်သက်ကျခံသူ ၂ ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကိုကယ်ထုတ်နိုင်ခဲ့သည်ဟု CDF-Matupi တပ်မဟာ ၁ က ထုတ်ပြန်ခဲ့သည်။

အလားတူ မေလ ၂၂ ရက်နေ့တုန်းကလည်း တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့သော CDM အမျိုးသမီးတစ်ဦးအပါဝင် ၃ ဦးကို ချင်းလဲန်းကောင်စီပူးပေါင်းတပ်က ကယ်ထုတ်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.