Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF- KKG ၃ နှစ်တာ တော်လှန်ရေးတွင် ရဲဘော်၊ ရဲမေ ၄၀ ကျော် ကျဆုံး၊ မြို့သိမ်းတိုက်ပွဲနှင့် အခြားစစ်စခန်းများ ထိုးစစ်ဆင်ရန် အဆင်သင့်ဟု CDF- KKG ဥက္ကဌ ပြော

CDF- KKG ၃ နှစ်တာ တော်လှန်ရေးတွင် ရဲဘော်၊ ရဲမေ ၄၀ ကျော် ကျဆုံး၊ မြို့သိမ်းတိုက်ပွဲနှင့် အခြားစစ်စခန်းများ ထိုးစစ်ဆင်ရန် အဆင်သင့်ဟု CDF- KKG ဥက္ကဌ ပြော

0
By Editor on July 2, 2024 Khonumthung

(006SV)

ချင်း၊ မကွေးနှင့် စစ်ကိုင်းတို့အတွင်း စစ်ရေးလှုပ်ရှားနေသော ချင်းလက်နက်ကိုင်တပ်ဖွဲ့ CDF- KKG သည် စစ်အာဏာရှင်တော်လှန်ရေး ၃ နှစ်တာအတွင်း ရဲဘော်၊ ရဲမေ ၄၀ ကျော် အသက်ပေး ကျဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

ဇူလိုင်လ ၁ ရက်က ကလေး-ကဘော်-ဂန့်ဂေါ အခြေစိုက် ချင်းတော်လှန်ရေးတပ်ဖွဲ့သည် တပ်ဖွဲ့တည်ထောင်မှု ၃ နှစ်ပြည့်ခဲ့ပြီး စစ်အာဏာရှင်တော်လှန်ရေးကာလအတွင်း ရဲဘော် ၄၁ ဦး ကျဆုံးခဲ့ရကာ တိုက်ပွဲများကြောင့် ကိုယ်လက်အင်္ဂါမပြည့်စုံသော ရဲဘော် အများအပြား ရှိခဲ့သည်ဟု CDF- KKG ဥက္ကဌ၏ ၃ နှစ်ပြည့်မိန့်ခွန်းမှ သိရသည်။

CDF – KKG ၏ ၃ နှစ်ပြည့် နေ့ထူးနေ့မြတ်သည် ကျဆုံးသွားသော ရဲဘော်/ ရဲမေများကို ဆက်လက်တိုက်ပွဲဝင်နေသည့် ကျန်ရှိ တပ်ဖွဲ့ဝင်များမှ အောက်မေ့တမ်းတသည့်နေဖြစ်ကြောင်းလည်း ယင်းအဖွဲ့ ဥက္ကဌက ပြောသည်။

CDF – KKG သည် ကလေး၊ ကဘော်၊ ဂန့်ဂေါဒေသအတွင်းက လူမျိုး၊ ဘာသာ မတူညီကွဲပြားကြသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများထံမှ ပေါက်ဖွားလာသော တော်လှန်ရေးအဖွဲ့အစည်းဖြစ်ပြီး စစ်ကောင်စီ ကျဆုံးရေးကို ရှေးရှူ၍ နေရာဒေသ မရွေး စစ်ရေးဖော်ဆောင်လျက်ရှိ ကြောင်း သိရသည်။

ရည်မှန်းချက် တူညီသော တော်လှန်ရေးအဖွဲ့များနှင့်လည်း အတူလက်တွဲကာ စစ်ကောင်စီကို တိုက်ထုတ်လျက်ရှိကြောင်း CDF- KKG ထံမှ သိရသည်။

စစ်ကောင်စီကို တိုက်ခိုက်နေရင်းက အင်အားထပ်မံဖြည့်တင်းခြင်း၊ လက်နက်ခဲယမ်းများ ပိုမို တပ်ဆင်ခြင်း၊ စွမ်းဆောင်ရည် မြှင့်တင်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်နေပြီး မြို့သိမ်းတိုက်ပွဲနှင့် အခြားစစ်ကောင်စီစခန်းများ ထိုးစစ်ဆင်တိုက်ဖျက်ရန် အဆင်သင့်ဖြစ်ကြောင်း CDF- KKG ဥက္ကဌက ပြောသည်။

CDF – KKG သည် စစ်အာဏာရှင်တော်လှန်ရေးကာလအတွင်း CNF/ CNA ၏ လမ်းညွှန်ကွပ်ကဲမှု အောက်တွင် စစ်ရေးလှုပ်ရှားပြီး စစ်ဒေသ – ၁ ၏ ကလေးခရိုင်နှင့် ဂန့်ဂေါခရိုင် တပ်ဖွဲ့များနှင့်လည်း တိုက်ပွဲများ ဆင်နွှဲနေကြောင်း၊ ယခု လက်ရှိတွင်လည်း တိုက်ပွဲများ ဆင်နွှဲနေဆဲဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီနှင့် ပျူစောထီးတပ်များက လူထုအပေါ် မတရားနည်းလမ်းများဖြင့် အသက်အိုးအိမ်စည်စိမ်းများကို ပစ်မှတ်ထား၍ လေကြောင်းဖြင့် တိုက်ခိုက်ခြင်း၊ နေအိမ်နှင့် ဘာသာရေးအဆောက်အဦးများကို မီးရှို့ဖျက်စီးခြင်း၊ လူထုကို မတရားသတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ မတရားစစ်ဆေးခြင်း ကျူးလွန်မှုများကို ရှုတ်ချပြီး လူထုနှင့်အတူ အပြည့်အဝ ရပ်တည်ပေးနေကြောင်း CDF-KKG ကထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီ၏ အဓိက လမ်းမကြီးများမှာ စစ်ရေးလှုပ်ရှားသည့် ကိုင်ဆီးတပ်ရင်း ၄ နှစ်ပြည့်ပြီ

ဟားခါးမြို့မှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့် CDF–Hakha ထံ အလင်းဝင်

MRO/ CDF- မတူပီနှင့် မဟာမိတ်များ မိမိထိန်းချုပ်ဒေသမှာ တပ်စခန်းချခြင်းကို ရုတ်သိမ်းပေးရန် Chinland Defense Force – မတူပီ တောင်းဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.