Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF-Matupi တပ်မဟာ-၁ ကို AA က လက်နက်ခဲယမ်းအချို့ထောက်ပံ့

CDF-Matupi တပ်မဟာ-၁ ကို AA က လက်နက်ခဲယမ်းအချို့ထောက်ပံ့

0
By Editor on September 30, 2024 Khonumthung

ချင်းညီနောင်အဖွဲ့ဝင် CDF-Matupi တပ်မဟာ- ၁ ကို အာရက္ခတပ်တော် AA က လက်နက်ခဲယမ်းအချို့ ကူညီထောက်ပံ့ခဲ့သည်ဟု သိရသည်။

အာရက္ခတပ်တော် AA မှ CDF-Matupi တပ်မဟာ -၁ ထံ လက်နက်ခဲယမ်းအချို့ ထောက်ပံ့မှုအခမ်းအနားကို စက်တင်ဘာလ ၂၇ ရက်နေ့က ကျင်းပခဲ့ကြကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့က CDF-Matupi တပ်မဟာ-၁ က ထုတ်ပြန်သည်။

အခမ်းအနားတွင် အာရက္ခတပ်တော် AA တပ်မှူးများ၊ CDF-Matupi တပ်မဟာ – ၁ တပ်မှူးများ၊ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အဖွဲ့အစည်းနှစ်ခုအကြား အားကောင်းလာသည့် မဟာမိတ်ဆက်ဆံရေးကို ဆက်လက်အားကောင်းစေရေး၊ စစ်ရေးပူးပေါင်းမှုယခုထက်ပိုမိုအားကောင်းစေရေး၊ အိမ်နီးနားချင်း အတူနေထိုင်လာကြသော လူမျိုးအချင်းချင်းအကြား ချစ်ချင်ရင်းနှီးမှုများ ပိုမိုတိုးပွားလာစေရေးကို နှစ်ဖက်တပ်မှူးများက ထည့်သွင်းပြောကြားခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် ချင်းပြည်နယ်အတွင်းရှိ စစ်ကောင်စီကင်းစင်ရေးတိုက်ပွဲတွင် အိမ်နီးနားချင်းမဟာမိတ်ပိသစွာဖြင့် ပူးပေါင်းတိုက်ပွဲဝင်ပေးခဲ့ခြင်း၊ လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခဲ့ခြင်းတို့အပေါ် အာရက္ခတပ်တော်အပေါ် လေးနက်စွာ အထူးကျေးဇူးတင်ရှိကြောင်း CDF-Matupi တပ်မဟာ-၁ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းပြည်နယ် မတူပီမြို့ကို အာရက္ခတပ်တော် AA ၏ စစ်ရေးအကူအညီဖြင့် CDF-Matupi တပ်မဟာ-၁ နှင့် ချင်းညီနောင်တပ်ဖွဲ့က ဇွန်လ ၂၉ ရက်နေ့မှာ သိမ်းပိုက်ခဲ့ကြခြင်းဖြစ်သည်။

မတူပီမြို့တွင် စစ်ကောင်စီကင်းစင်သွားပြီဖြစ်သော်လည်း စစ်ဘေးတိမ်းရှောင်ကြသော ဒေသခံပြည်သူအများစုမှာ ယနေ့ချိန်ထိ နေရပ်မပြန်ရဲကြသေးဘူးဟု သိရသည်။

အာရက္ခတပ်တော် AA သည်လည်း ယနေ့ချိန်ထိ မတူပီမြို့ပေါ်တွင် ဆက်လက်တပ်စွဲထားဆဲဖြစ်သည်ဟု သိရသည်။

CDF-Matupi တပ်ဖွဲ့သည် တပ်မဟာ ၁ နှင့် တပ်မဟာ – ၂ အဖြစ် နှစ်ခြမ်းကွဲခဲ့ပြီးနောက် တပ်မဟာ – ၁ သည် ချင်းညီနောင်နှင့် ပူးပေါင်းပြီး၊ တပ်မဟာ – ၂ မှာ ချင်းလဲန်းကောင်စီနှင့် ပူးပေါင်းခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီအခြေစိုက် ချင်းတပ်ဖွဲ့ အချင်းချင်းကြား စစ်ကြောင်းထိုး ဖမ်းဆီးမှု ဖြစ်ပွား

လက်ရှိဖြစ်ပွားနေသော စစ်ရေးပဋိပက္ခကို ချက်ချင်းရပ်ပြီး နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းကြရန် ချင်းလွှတ်တော် ကိုယ်စားလှယ်များတောင်းဆို

CDF-Hakha က ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ အဖွဲ့အစည်းနဲ့သက်ဆိုင်မှုမရှိဘဲ စုံစမ်းစစ်ဆေးမှုဆောင်ရွက်နေကြောင်း ယင်းမာပင်တပ်ရင်း ၁၅ က ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.