Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF-Thantlang က အခြေခံစစ်သင်တန်းတက်ရောက်ရန် ဖိတ်ခေါ်

CDF-Thantlang က အခြေခံစစ်သင်တန်းတက်ရောက်ရန် ဖိတ်ခေါ်

0
By Editor on February 27, 2025 Khonumthung

(004SS)

ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့နယ်မှာ အခြေစိုက်လှုပ်ရှားနေသော CDF-Thantlang က အခြေခံ စစ်ပညာ သင်တန်း အပါတ်စဉ် (၁၁) ကို မကြာခင်ဖွင့်လှစ်မှာဖြစ်ပြီး တက်ရောက်မည့်သူများကို ဖိတ်ခေါ်နေသည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေး၊ ချင်းပြည်သူများ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးအတွက် လက်တွဲပါဝင်လိုသူများ ပါဝင်နိုင်ရန် အခြေခံစစ်သင်တန်းကို ဖွင့်လှစ်မည်ဟု ဖေဖော်ဝါရီလ ၂၄ ရက်နေ့က CDF-Thantlang က ထုတ်ပြန်သည်။

“အခု Basic Military training က အပါတ်စဉ် ၁၁ အတွက် ခေါ်ယူနေတာဖြစ်တယ်။ လက်ရှိမှာ သင်တန်းအ‌ေကြာင်း မေးမြန်းတဲ့သူတွေ ရှိနေပါပြီ။ သင်တန်းမှာ အမျိုးသား/အမျိုးသမီး၊ လူမျိုး/ဘာသာမရွေး အသက် ၁၈ နှစ် ပြည့်ပြီးသူ၊ ကျန်းမာတဲ့သူ၊ စစ်ဉပဒေ လိုက်နာနိုင်မဲ့သူ၊ CDF-Thantlang မှာ အနည်းဆုံး တစ်နှစ် ပါဝင်နိုင်တဲ့သူ၊ ကျရာတာဝန် ထမ်းဆောင်ဖို့ ကတိပြုနိုင်တဲ့ ဘယ်သူမဆို ဒီသင်တန်းမှာ တက်လို့ရပါတယ်။ အမျိုးသမီးအတွက်လဲ ပါဝင်မှုအလိုက် အစီအစဉ်တွေရှိပါမယ်” ဟု CDF-Thantlang အခြေခံစစ်ပညာသင်တန်းမှ တာဝန်ရှိသူက ပြောသည်။

သင်တန်းတွင် အ‌ေခြခံစစ်ပညာများ ပို့ချပေးသွားမည့်အပြင် ချင်းအမျိုးသား တည်ဆောက်ရေး၊ နိုင်ငံရေးဆိုင်ရာ အသိပညာရပ်နှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဉပဒေများကိုလည်း ပို့ချပေးသွားမည်ဟု တာဝန်ရှိသူထံမှ သိရသည်။

CDF-Thantlang အနေဖြင့် အခြေခံပညာစစ်သင်တန်းအပြင် မွမ်းမံသင်တန်းကိုလည်း ၆ ကြိမ်အထိ ပို့ချပေးနိုင်ခဲ့ပြီဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.