• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်သည့် ချင်းပြည်နယ်မှ ထွေအုပ်ဝန်ထမ်းတစ်ရာကျော် တာဝန်မှ ယာယီရပ်ဆိုင်းခံရ

CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်သည့် ချင်းပြည်နယ်မှ ထွေအုပ်ဝန်ထမ်းတစ်ရာကျော် တာဝန်မှ ယာယီရပ်ဆိုင်းခံရ

0
By Editor on February 24, 2021 Headline
#Unicode
By လားနွန် – တပ်မတော် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် Civil Disobedience Movement (CDM) လှုပ်ရှားမှု တွင် ပူးပေါင်းပါဝင်ကြသော ချင်းပြည်နယ် မြို့နယ်တစ်ချိူ့မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဝန်ထမ်း တစ်ရာကျော် ကို တာဝန်မှ ယာယီရပ်ဆိုင်းခံရကြောင်းသိရသည်။
လက်ရှိအချိန်ထိ ချင်းပြည်နယ်တွင် Civil Disobedience Movement – CDM ပူးပေါင်းပါဝင်ခြင်းကြောင့် အလုပ်တာဝန်မှ ယာယီရပ်ဆိုင်းထားသူ ဟားခါးမြို့နယ်တွင် ပြည်နယ်ရုံးမှ (၆၂)ဦး၊ ခရိုင်ရုံးမှ (၁၈) ဦးနှင့် မြို့နယ်ရုံးမှ (၃၆) ဦး၊ ထန်တ လန်မြို့နယ်တွင် (၁၈) ဦး၊ တီးတိန်မြို့နယ်တွင် (၄) ဦး ၊ တွန်းဇံမြို့နယ်တွင် (၁၂) ဦး ၊ မင်းတပ်မြို့နယ်တွင် (၂၂) ဦး စုစုပေါင်း (၁၇၂) ဦးရှိပြီဟု သိရပြီး ကျန်မြို့နယ်များအခြေအနေကိုမူ မသိရသေးပေ။
ချင်းပြည်နယ် မြို့နယ်အသီးသီးတွင်ရှိသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသည် CDM ပါဝင်ကာ ရုံးတက်ရောက်ခြင်းမရှှိသည့်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ (၃၈) ဖြင့် နည်းဥပဒေ ၁၆၁ (ဃ)၊ ၁၆၃ (ပ)၊ ၁၆၃ (ဖ)တို့အားဖောက်ဖျက်ကျူးလွန်သဖြင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၁၇၁ အရ တာဝန်မှယာယီရပ်ဆိုင်းလိုက်ကြောင််း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယခုကိစ္စနှင့်ပတ်သက်၍ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မိုင်သင်းယုမွန်က “စစ်တပ်ကတော့ သူ့ရဲ့ လှုပ်ရှားမှု သူ့ရဲ့လုပ်ငန်းဆောင်ရွက်ချက်တွေအသက်ဝင်လာအောင်တဖြည်းဖြည်းတော့ ဖိအားပေးလာမှာပဲ ဆိုတော့ ဒါက ပထမခြေလမ်းယူတာလို့မြင်တယ် ဒါကလည်း ဘာကိုပြလဲဆိုတော့ အခုလုပ်နေကြတဲ့ CDM မှာ ဘယ်လောက်ထိ ထိရောက်မှုရှိလဲဆိုတာကို ပြနေတာပေါ့နော် ဆိုတော့ ဘာလို့လဲဆိုတော့ သူ့လုပ်ငန်းတွေ ကောင်းကောင်းမွန်မွန်မ လည်ပတ်နိုင်တော့တဲ့ အနေအထားမျိုးတဖြည်းဖြည်းရောက်လာတယ်ဆိုတာမြင်ရတယ်’’ ဟု ပြောသည်။
ယခုကဲ့သို့ CDM တွင် ပူးပေါင်းပါဝင်ကြသောဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်သည့်အနေဖြင့် အလုပ်တာဝန်မှ ယာယီရပ်ဆိုင်းမှုများလုပ်ဆောင်နေသော်လည်း ဝန်ထမ်းများအနေဖြင့် ကြောက်ရွံ့ကာ ရုံးပြန်တက်မည့်အနေအထား မတွေ့ရကြောင်း အဆုံးထိတိုက်ပွဲဝင်မယ့်သူများလာကြောင်း မိုင်သင်းယုမွန်ကပြောသည်။
“စစ်တပ်ကတော့ ဝန်ထမ်းတွေကို ဖိအားပေးတဲ့အနေနဲ့ တဆင့်ခြင်းသူလုပ်လို့ရသလောက်တော့ လုပ်သွားမှာပဲ ဒါပေမဲ့ သူ့စိတ်ကြိုက်ချက်ခြင်းထုတ်ပယ်လို့ရတာမျိုးက နည်းဥပဒေမှာရှိမနေဘူး ဒါကိုလည်း ဝန်ထမ်းအများစုကလည်း နားလည်ထားကြပါတယ် ဒီဟာကြောင့်အတိုင်းတာတစ်ခုထိ တချို့လည်း စိတ်ဓာတ်ကျသွားတာမျိုး ပြန်ပြီးတော့မှ ကြောက်သွားတာမျိုးလည်းရှိနိုင်သလို တချို့ဆို့ရှိရင်လည်း ဒီလိုမျိုးစာတွေထုတ်တဲ့အတွက်ကြောင့်မို့လို့ လုံးဝေ အာင်မြင်အောင် အပြီးထိ တိုက်ပွဲဝင်မယ်ဆိုတဲ့ဝန်ထမ်းတွေလည်းအများကြီးတွေ့ရတယ်ဆိုတော့ သူတို့ထင်တဲ့ အားလုံးက ကြောက်ပြီးရုံးပြန်တက်မယ်ဆိုတဲ့အနေအထားတော့မရောက်ဘူး ပြောင်းပြန်တောင်ဖြစ်သွားတယ် ” ဟု မိုင်သင်းယုမွန်ကပြောသည်။
CDM ပါဝင်နေသည့် ဝန်ထမ်းများကိုလည်း ပြည်သူလူထုတရပ်လုံးကထောက်ခံအားပေးမှုရှိနေပြီး အကူအညီအထောက်ပံ့ များလည်း ပေးအပ်ရန်စီစဉ်နေကြကြောင်းသိရသည်။
မကြာသေးခင်ရက်ပိုင်းကလည်း အမေရိကန်အခြေစိုက် ချင်းနှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ CDM လှုပ်ရှားမှုအတွက် အမေရိကန်ဒေါ်လာတစ်သိန်းပေးပို့လှူဒါန်း ထားပြီးဖြစ်ကြောင်း သိရသည်။
#Zawgyi
By လားႏြန္ – တပ္မေတာ္ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္သည့္အေနျဖင့္ Civil Disobedience Movement (CDM) လႈပ္ရွားမႈ တြင္ ပူးေပါင္းပါ၀င္ၾကေသာ ခ်င္းျပည္နယ္ ၿမိဳ႕နယ္တစ္ခ်ဴိ႕မွ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရံုးမွ ၀န္ထမ္း တစ္ရာေက်ာ္ ကို တာ၀န္မွ ယာယီရပ္ဆိုင္းခံရေၾကာင္းသိရသည္။
လက္ရွိအခ်ိန္ထိ ခ်င္းျပည္နယ္တြင္ Civil Disobedience Movement – CDM ပူးေပါင္းပါ၀င္ျခင္းေၾကာင့္ အလုပ္တာ၀န္မွ ယာယီရပ္ဆိုင္းထားသူ ဟားခါးၿမိဳ႕နယ္တြင္ ျပည္နယ္ရံုးမွ (၆၂)ဦး၊ ခ႐ိုင္ရံုးမွ (၁၈) ဦးႏွင့္ ၿမိဳ႕နယ္ရံုးမွ (၃၆) ဦး၊ ထန္တ လန္ၿမိဳ႕နယ္တြင္ (၁၈) ဦး၊ တီးတိန္ၿမိဳ႕နယ္တြင္ (၄) ဦး ၊ တြန္းဇံၿမိဳ႕နယ္တြင္ (၁၂) ဦး ၊ မင္းတပ္ၿမိဳ႕နယ္တြင္ (၂၂) ဦး စုစုေပါင္း (၁၇၂) ဦးရွိၿပီဟု သိရၿပီး က်န္ၿမိဳ႕နယ္မ်ားအေျခအေနကိုမူ မသိရေသးေပ။
ခ်င္းျပည္နယ္ ၿမိဳ႕နယ္အသီးသီးတြင္ရွိေသာ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ၀န္ထမ္းမ်ားသည္ CDM ပါ၀င္ကာ ရံုးတက္ေရာက္ျခင္းမရွွိသည့္အတြက္ ႏိုင္ငံ့၀န္ထမ္းဥပေဒပုဒ္မ (၃၈) ျဖင့္ နည္းဥပေဒ ၁၆၁ (ဃ)၊ ၁၆၃ (ပ)၊ ၁၆၃ (ဖ)တို႔အားေဖာက္ဖ်က္က်ဴးလြန္သျဖင့္ ႏိုင္ငံ့၀န္ထမ္းနည္းဥပေဒ ၁၇၁ အရ တာ၀န္မွယာယီရပ္ဆိုင္းလိုက္ေၾကာင္္း အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရံုးမွ အမိန္႔ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
ယခုကိစၥႏွင့္ပတ္သက္၍ လူ႔အခြင့္အေရးတက္ႂကြလႈပ္ရွားသူ မိုင္သင္းယုမြန္က “စစ္တပ္ကေတာ့ သူ႔ရဲ႕ လႈပ္ရွားမႈ သူ႔ရဲ႕လုပ္ငန္းေဆာင္ရြက္ခ်က္ေတြအသက္၀င္လာေအာင္တျဖည္းျဖည္းေတာ့ ဖိအားေပးလာမွာပဲ ဆိုေတာ့ ဒါက ပထမေျခလမ္းယူတာလို႔ျမင္တယ္ ဒါကလည္း ဘာကိုျပလဲဆိုေတာ့ အခုလုပ္ေနၾကတဲ့ CDM မွာ ဘယ္ေလာက္ထိ ထိေရာက္မႈရွိလဲဆိုတာကို ျပေနတာေပါ့ေနာ္ ဆိုေတာ့ ဘာလို႔လဲဆိုေတာ့ သူ႔လုပ္ငန္းေတြ ေကာင္းေကာင္းမြန္မြန္မ လည္ပတ္ႏိုင္ေတာ့တဲ့ အေနအထားမ်ိဳးတျဖည္းျဖည္းေရာက္လာတယ္ဆိုတာျမင္ရတယ္’’ ဟု ေျပာသည္။
ယခုကဲ့သို႔ CDM တြင္ ပူးေပါင္းပါ၀င္ၾကေသာ၀န္ထမ္းမ်ားအား ဖိအားေပးၿခိမ္းေျခာက္သည့္အေနျဖင့္ အလုပ္တာ၀န္မွ ယာယီရပ္ဆိုင္းမႈမ်ားလုပ္ေဆာင္ေနေသာ္လည္း ၀န္ထမ္းမ်ားအေနျဖင့္ ေၾကာက္ရြံ႕ကာ ရံုးျပန္တက္မည့္အေနအထား မေတြ႕ရေၾကာင္း အဆံုးထိတိုက္ပြဲ၀င္မယ့္သူမ်ားလာေၾကာင္း မိုင္သင္းယုမြန္ကေျပာသည္။
“စစ္တပ္ကေတာ့ ၀န္ထမ္းေတြကို ဖိအားေပးတဲ့အေနနဲ႔ တဆင့္ျခင္းသူလုပ္လို႔ရသေလာက္ေတာ့ လုပ္သြားမွာပဲ ဒါေပမဲ့ သူ႔စိတ္ႀကိဳက္ခ်က္ျခင္းထုတ္ပယ္လို႔ရတာမ်ိဳးက နည္းဥပေဒမွာရွိမေနဘူး ဒါကိုလည္း ၀န္ထမ္းအမ်ားစုကလည္း နားလည္ထားၾကပါတယ္ ဒီဟာေၾကာင့္အတိုင္းတာတစ္ခုထိ တခ်ိဳ႕လည္း စိတ္ဓာတ္က်သြားတာမ်ိဳး ျပန္ၿပီးေတာ့မွ ေၾကာက္သြားတာမ်ိဳးလည္းရွိႏိုင္သလို တခ်ိဳ႕ဆို႔ရွိရင္လည္း ဒီလိုမ်ိဳးစာေတြထုတ္တဲ့အတြက္ေၾကာင့္မို႔လို႔ လံုး၀ေ အာင္ျမင္ေအာင္ အၿပီးထိ တိုက္ပြဲ၀င္မယ္ဆိုတဲ့၀န္ထမ္းေတြလည္းအမ်ားႀကီးေတြ႕ရတယ္ဆိုေတာ့ သူတို႔ထင္တဲ့ အားလံုးက ေၾကာက္ၿပီးရံုးျပန္တက္မယ္ဆိုတဲ့အေနအထားေတာ့မေရာက္ဘူး ေျပာင္းျပန္ေတာင္ျဖစ္သြားတယ္ ” ဟု မိုင္သင္းယုမြန္ကေျပာသည္။
CDM ပါ၀င္ေနသည့္ ၀န္ထမ္းမ်ားကိုလည္း ျပည္သူလူထုတရပ္လံုးကေထာက္ခံအားေပးမႈရွိေနၿပီး အကူအညီအေထာက္ပံ့ မ်ားလည္း ေပးအပ္ရန္စီစဥ္ေနၾကေၾကာင္းသိရသည္။
မၾကာေသးခင္ရက္ပိုင္းကလည္း အေမရိကန္အေျခစိုက္ ခ်င္းႏွစ္ျခင္း ခရစ္ယာန္အသင္းေတာ္မွ CDM လႈပ္ရွားမႈအတြက္ အေမရိကန္ေဒၚလာတစ္သိန္းေပးပို႔လွဴဒါန္း ထားၿပီးျဖစ္ေၾကာင္း သိရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

January 13, 2023

“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.