• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»KNU နယ်မြေတွေမှာ အဖွဲ့တွေ အစိပ်စိပ်အမွှာမွှာကွဲနေကြပြီ….. KNU ဗဟိုအနေနဲ့လည်း သူ့လက်အောက်က အဖွဲ့တွေကို မထိန်းနိုင်ကြတော့ဘူး ဆိုတဲ့သတင်းအမှား

KNU နယ်မြေတွေမှာ အဖွဲ့တွေ အစိပ်စိပ်အမွှာမွှာကွဲနေကြပြီ….. KNU ဗဟိုအနေနဲ့လည်း သူ့လက်အောက်က အဖွဲ့တွေကို မထိန်းနိုင်ကြတော့ဘူး ဆိုတဲ့သတင်းအမှား

0
By Editor on December 28, 2022 Khonumthung

FactCheck

ဒီသတင်းအမှားကို ရွှေမဲခေါင်ဆိုတဲ့အကောင့်ကနေပြီး “KNU နယ်မြေတွေမှာ အဖွဲ့တွေ အစိပ်စိပ်အမွှာမွှာကွဲနေကြပြီ….. KNU ဗဟိုအနေနဲ့လည်း သူ့လက်အောက်က အဖွဲ့တွေကို မထိန်းနိုင်ကြတော့ဘူး…. နယ်ဒါးမြ၊ တာဘော၊ စောကျော်သက်နဲ့ အယ်စေးဝါးတို့လို အဖွဲ့တွေက မွေးဖွားပေးခဲ့တဲ့ ကျားဖြူ၊ နဂါးဖြူနဲ့ ဂျပ်စတစ်ဆိုးဂျားတို့လို PDF အဖွဲ့တွေကလည်း သူတလူ ငါတမင်းနဲ့ မင်းမူနေကြပြီ…. တနေ့ထက်တနေ့ အဖျက်အမှောက်လုပ်ငန်းတွေ ပိုပိုလုပ်လာတယ် အတင့်ရဲလာတယ်….” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဆက်လက်ပြီး “ဒီဇင်ဘာ ၁၅ ရက် နေ့ က လမ်းတံတားနဲ့ လျှပ်စစ်ထရမ်စဖေါ်မာတွေ တာဝါတိုင်တွေကို KNU လက်အောက်ခံ အကြမ်းဖက်အဖွဲ့တွေက ဖေါက်ခွဲဖျက်ဆီးသွားတယ်…. အဲဒီတော့ KNU ဗဟို အနေနဲ့ ဘယ်လိုတွေတာဝန်ခံပြီး ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ အောက်ကအဖွဲ့တွေကို ထိန်းသိမ်းသွားမှာလဲ ?” လို့ ဖော်ပြထားတာဖြစ်ပါတယ်။

ဒါအပြင် “အောက်ကအဖွဲ့တွေရဲ့ လုပ်ချင်တိုင်း လုပ်နေတာတွေကို တာဝန်ခံဖို့ KNU ဗဟိုမှာ တာဝန်ရှိတယ်ဆိုတာ မေ့ထားလို့မရဘူးနော်…. အဲဒီတော့ ရှေ့လျှောက် KNU ဗဟိုက ဘယ်လိုမျိုးတွေ ကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာ စောင့်ကြည့်ရတော့မယ့် အနေအထားကို ရောက်လာပါပြီ” လို့ ဖော်ပြထားပါတယ်။

ဒီသတင်းအမှားနဲ့ပတ်သက်ပြီး ကရင်ပြည်နယ်စောင့်ကြည့်လေ့လာသူတစ်ဦက “ဒါကသတင်းအမှားပါ အစိတ်စိတ်အမွှာမွှာကွဲတယ်ဆိုတာ အဖွဲ့တွေကိုမထိန်းနိုင်ဖြစ်နေတယ်ဆိုတာတွေကမဟုတ်ပါဘူး။” လို့ ပြောပါတယ်။

သတင်းအမှားမှာဖော်ပြထားသလို “ဒီဇင်ဘာ ၁၅ ရက် နေ့ က လမ်းတံတားနဲ့ လျှပ်စစ်ထရမ်စဖေါ်မာတွေ တာဝါတိုင်တွေကို KNU လက်အောက်ခံအကြမ်းဖက်အဖွဲ့တွေက ဖေါက်ခွဲဖျက်ဆီးသွားတယ်.” ဆိုတာနဲ့ပတ်သက်ပြီး “တိုက်ပွဲတွေက နေ့တိုင်းဖြစ်နေတာ။ ဒီဇင်ဘာ ၁၉ လောက်ကစပြီး အခုထက်ထိပဲ။ ၇ တိုင်တံတားကတော့ ဒီဇင် ဘာလ ၂၃ ရက်နေ့ စစ်တပ် ဘက်က ပစ်ခတ်လို့ မိုင်းထိသွားတယ်။ ဆိုင်ကယ်နဲ့ကားလေးတွေ ဖြတ်သန်းလို့ရပေမယ့် ကားကြီးတွေ မခံနိုင်လောက်ဘူးထင်တယ်” လို့ ဒေသပြည်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၂၂ ရက်နေ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး ကော့ကရိတ်အခြေစိုက် ခလရ ၉၇ မှ ယာယီတပ်ရင်းမှူး သေဆုံးခဲ့ရာ ယခုအချိန်အထိ ယာယီတပ်ရင်းမှူးအလောင်းကို စစ်တပ်က လာမကောက်သဖြင့် ပုတ်ပွနေပြီဖြစ်ကြောင်း သိရှိရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်တွင် မြန်မာနိုင်ငံသားတစ်ဦးထံ Crystal Meth စိတ်ကြွမူးယစ်ဆေးတစ်မျိုး ဖမ်းမိ

ဂန့်ဂေါမြို့နယ်ထဲက ပျူစောထီးနှင့်စကစ စခန်းကို PDF နှင့် CDF တို့ ပူးပေါင်းတိုက်ခိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မီဇိုရမ်တွင် ချင်းစစ်ဘေးရှောင်လူငယ်တစ်ဦးသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

September 21, 2023

ချင်းပြည်နယ်က စိုးရိမ်ဖွယ်ရာ တကျော့ပြန် ငှက်ဖျားရောဂါ

September 13, 2023

တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

September 9, 2023

ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.