Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»Mizoram University တွင် မြန်မာကျောင်းသားများ Master Program တက်ရောက်နိုင်ရေး ICA နှင့် ၅ နှစ်သက်တမ်း MoU စာချုပ်ချုပ်ဆို

Mizoram University တွင် မြန်မာကျောင်းသားများ Master Program တက်ရောက်နိုင်ရေး ICA နှင့် ၅ နှစ်သက်တမ်း MoU စာချုပ်ချုပ်ဆို

0
By Editor on December 10, 2025 Khonumthung

Mizoram University တွင် Burmese Diploma Course ဖွင့်လှစ်မည်

(004SS)

မြန်မာနိုင်ငံမှ ကျောင်းသား/သူများအတွက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ မီဇိုရမ်တက္ကသိုလ် (Mizoram University) တွင် ပညာသင်ကြားခွင့်ရရှိရန် ချင်းရေးရာအဖွဲ့ချုပ် ( ICA) နှင့် မီဇိုရမ်တက္ကသိုလ်တို့အကြား နားလည်မှုစာချွန်လွှာ (MoU) စာချုပ် သက်တမ်းတိုး လက်မှတ်ရေးထိုးလိုက်ကြောင်း မီဇိုရမ်တက္ကသိုလ်က ဒီဇင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ်တွင် ၂ နှစ်သက်တမ်းချုပ်ဆိုခဲ့သော MoU ကို သက်တမ်းတိုးသည့်အနေဖြင့် ယခုတစ်ကြိမ်တွင် ၅ နှစ်သက် တမ်းအတွက် ချုပ်ဆိုလိုက်ခြင်းဖြစ်ပြီး၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

MoU သက်တမ်းတိုးစာချုပ်ကို မီဇိုရမ်တက္ကသိုလ် ဒုတိယပါမောက္ခ Prof. Dibakar Chandra Deka နှင့် ICA မှ လက် ထောက်အမှုဆောင် ဒါရိုက်တာ Pi Mai Lucy Mawi တို့မှ ရေးထိုးခဲ့ကြပြီး အဆိုပါလက်မှတ်ရေးထိုးခြင်း အခမ်းအနား တွင် မီဇိုရမ်တက္ကသိုလ်မှ Burmese Language Course ညှိနှိုင်းရေးမှူး Dr.Lalzarliana နဲ့ ICA ဘက်က လူသားချင်း စာနာထောက်ထားမှု ညှိနှိုင်းရေးမှူး Salai Za Lian Pum တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

MoU စာချုပ်တွင် Mizoram University တွင် မြန်မာစကားပြော ဒီပလိုမာသင်တန်း (Burmese Diploma Course) ပို့ချခြင်း၊ မြန်မာကျောင်းသား/သူများအား မီဇိုရမ်တက္ကသိုလ်တွင် Master Program၊ ဘွဲ့လွန်ပညာရပ်များ ဝင်ခွင့် ရရှိရေး ဆောင်ရွက်ပေးခြင်းနှင့် သုတေသနလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပါဝင်သည်။

ICA ၏ စီမံခန့်ခွဲရေးနှင့် သတင်းပြန်ကြားရေးအရာရှိ ဆလိုင်းဗန်ဆွီဆန်က ” အရင် ၂၀၂၃ ခုနှစ်မှာ ၂ နှစ်သက်တမ်း စာချုပ်ချုပ်ဆိုခဲ့တာပါ။ အခုသက်တမ်းကုန်သွားတဲ့အတွက် အခုတစ်ခေါက်မှာ သက်တမ်းတိုးပြီး ချုပ်တဲ့ စာချုပ်ပါ။ အဓိကရည်ရွယ်တာကတော့ ကျွန်တော်တို့ ချင်းလူငယ်တွေ Higher Education ဆက်တက်နိုင်ဖို့ပေါ့နော်။ ကျွန်တော်တို့ဘက်က Master program အတွက်တောင်းဆိုတာပေါ့နော်။ နောက်အခုသက်တမ်းတိုးတဲ့အခါကျတော့ အရင်က Burmese Courses ၁ နှစ်သင်တန်းကို အခု Diploma course အဖြစ်သင်ပေးဖို့ အဲဒီအတွက် သူတို့ကလဲ တောင်းဆိုလာတာပါ။ ” ဟု ပြောသည်။

လက်ရှိအချိန်အထိ မီဇိုရမ်တက္ကသိုလ်တွင် မြန်မာနိုင်ငံမှ ကျောင်းသားများအတွက် Master Program သာ ရရှိသေးပြီး ICA နှင့် ပူးပေါင်းကာ Chin Research Centre ကိုလည်း လုပ်ဆောင်ခဲ့ရာ Research Fellow ၅ ဦး မွေးထုတ်ပေးနိုင် ခဲ့ပြီ ဟု ၎င်းက ဆက်လက်ပြောသည်။

အလားတူ စာသင်နှစ်ဝက် ( Semester) လေးခု သင်ကြားရသော Master Course တက်ရောက်နေသူ လေးဦးရှိနေပြီး လက်ရှိတွင် တတိယ စာသင်နှစ်ဝက် တက်ရောက်နေကြကြောင်းလည်း သိရသည်။

Master Course တက်ရောက်လိုသူများအနေဖြင့် မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့် ဘွဲ့လက်မှတ် များ လိုအပ်မည်ဖြစ်ပြီး ကျောင်းဝင်ခွင့်ကိစ္စရပ်နှင့် Student Visa အတွက် ICA မှ တာဝန်ယူဆောင်ရွက်ပေး မည်ဖြစ်သည်။

ICA က Master တက်ရောက်မည့် ကျောင်းသား/သူ ၁၄ ဦးကို Full Scholarship ပေးနေကြောင်းလည်း ICA ထံမှ သိရသည်။

လာမည့်ပညာသက်နှစ်အတွက် ဘွဲ့လွန်တက်ရောက်ရန်ကြိုတင်စာရင်းပေးသူ နည်းပါးနေကြောင်းသိရပြီး ချင်းလူငယ် များအနေဖြင့် ပညာဆက်လက်သင်ယူရသော အခွင့်အရေးကိုအမိအရဆုပ်ကိုင်ကာ သင်ယူကြရန် ICA ၏ စီမံခန့်ခွဲရေးနှင့် သတင်းပြန်ကြားရေးအရာရှိက တိုက်တွန်းသည်။

“ကျွန်တော်တို့ လူငယ်တွေ တော်လှန်ရေးလုပ်တဲ့နေရာမှာ လက်နက်ကိုင်ဖို့ အရေးကြီးသလိုပဲ ပညာရေးပိုင်းဆိုင်ရာ မှာလဲ Revolution လုပ်ဖို့အတွက် တော်တော်လေး အရေးပါပါတယ်။ အခုလို အခွင့်အရေးက ဘယ်ချိန်ထိရမယ်ဆိုတာ ကလဲ ပြောလို့မရဘူး။ ဒါကြောင့် ICA ရဲ့ MOU ရှိနေတဲ့ ချိန် ပညာဆက်တက်ခွင့်ရနေတဲ့ သက်တမ်းကာလမှာ အတတ် နိုင်ဆုံးဝင်ခွင့်ရအောင်ကြိုးစားဖို့ တိုက်တွန်းချင်တယ်။ နိုင်ငံရေးပြန်ကောင်းလာလို့ Nation building ပြန်တည်ဆောက် တဲ့အချိန်မှာ ပညာရှင်တွေ လိုကို လိုအပ်တယ်။ အဲဒီအခါကျတော့ ကျွန်တော်တို့ဘက်ကလဲ ပညာရေးအဆက်မပြတ် သင်ကြားဖို့ရယ် ဘွဲ့လွန်ပညာတတ်တွေ၊ ပါရဂူပညာတတ်တွေ အများကြီး အဆင်သင့်ရှိဖို့ လိုအပ်တယ်ဆိုတာ တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက တိုက်တွန်းထားသည်။

မီဇိုရမ်တက္ကသိုလ် အနေဖြင့် တက္ကသိုလ်တက်ရောက်ခွင့်အတွက် လာရောက်ချဉ်းကပ်သူတိုင်းကို လက်ခံမည်မဟုတ်ဘဲ ICA မှ အသိအမှတ်ပြုထားသူများကိုသာ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.