• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»NCA လမ်းကြောင်းအတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု CNF ပြော

NCA လမ်းကြောင်းအတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု CNF ပြော

0
By Editor on November 29, 2018 Khonumthung

By Moe Kyaw – မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) နှင့်ပတ်သက်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချူပ် (NCA) လမ်းကြောင်းအတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု ချင်းအမျိုးသားတပ်ဦးမှ သဘောတူဆုံးဖြတ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၄) မှ (၁၈) ရက်နေ့က CNF ဗဟိုဌာနချူပ် ဝီတိုရိယစခန်းတွင် ကျင်းပသော (၁၀) ကြိမ်မြောက် ချင်းအမျိုးသားတပ်ဦး ဗဟိုအလုပ်မှုဆောင်အစည်းအဝေးတွင် ယခုကဲ့သို့ သဘောတူဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး အထွေထွေအတွင်းရေးမှူး (၃) ပူးထက်နီကို ခိုနူမ်းသုန်သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ယနေ့အထိ NCA လမ်းကြောင်းကလွဲပြီး တခြားနည်းလမ်းမရှိသေးဘူးဟု ပြောသည်။

“နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးက CNF ရဲ့ ရပ်တည်ချက်ဖြစ်သလို NCA လမ်းကြောင်းက တွေ့ဆုံဆွေးနွေးရေးဖြစ်တဲ့အတွက် အဲဒီအပေါ် ဆက်လက်ရပ်တည်မယ်၊ ဒါက NCA လက်မှတ်ရေးထိုးတဲ့ ညီနောင် EAO တွေအားလုံးရဲ့ သဘောထားလည်း ဖြစ်တယ်၊ ယနေ့အထိ NCA လမ်းကြောင်းက လွဲလို့ တခြားနည်းလမ်းမရှိသေးပါဘူး” ဟု ပူးထက်နီက ပြောသည်။

ချင်းအမျိုးသားတပ်ဦးအနေနှင့် NCA လက်မှတ်ရေးထိုးသော EAO များနှင့်သော်လည်းကောင်း၊ NCA လက်မှတ်မရေးထိုးသော EAO များနှင့် သော်လည်းကောင်း ဘုံသဘောထားရပ်တည်ချက်ရရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သူကဆက်ပြောသည်။

“NCA ရှေ့ဆက်သွားနိုင်ဖို့က Fomal နဲ့ သွားပြီး Informal ဖြစ်အောင် လုပ်နည်းလုပ်ဟန်တွေတော့ လိုအပ်သလို ဆောင်ရွက် ရမှာပေါ့၊ ပြီးတော့ လက်ရေးထိုးတဲ့ EAO တွေ၊ NCA လက်မှတ်မရေးထိုးတဲ့ EAO တွေနဲ့ ဘုံသဘောထား ရပ်တည်ချက် ရရှိနိုင်ရေးလည်း လိုအပ်တယ်။” ဟု ပူးထက်နီကပြောသည်။

“ခွဲထွက်ပိုင်ခွင့် မရှိစေရ” နှင့်ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများထံ အဆိုပြုတင်ပြပြီး သဘောတူညီမှုရယူပြီးနောက် ချင်းပြည်သူလူထု၏ ဆန္ဒခံယူပြီး ဆုံးဖြတ်သွားမည်ဟုလည်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။

“ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက်အပြည့်အ၀ရှိတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်အခြေခံမူတွေကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့ထံ အဆိုပြုတင်ပြပြီး သဘောတူညီမှုရယူပြီးနောက် “ခွင့်ထွက်ပိုင်ခွင့် မရှိစေရ” ကိစ္စကို ချင်းပြည်သူလူထု၏ ဆန္ဒခံယူပြီး ဆုံးဖြတ်သွားမယ်” ဟု ပူးထက်နီကပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.