• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ZORO အဖွဲ့က မြန်မာစစ်ဘေးရှောင်များအတွက် မိုးကာများလှူဒါန်း

ZORO အဖွဲ့က မြန်မာစစ်ဘေးရှောင်များအတွက် မိုးကာများလှူဒါန်း

0
By Editor on April 19, 2023 Khonumthung

မီဇိုရမ်ပြည်နယ်ကို ခိုလုံလာကြသော မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် ယာယီတဲများတည်ဆောက်ရန် လိုအပ်နေသော မိုးကာများကို မီဇိုရမ်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော ZORO က ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်တွင် နေ့စဉ်နှင့်အမျှ မြန်မာနိုင်ငံက ညီအကိုစစ်ဘေးရှောင်ပြည်သူများ တိုးလာနေပြီး ၎င်းတို့နေထိုင်ရန် ယာယီတဲများဆောက်လုပ်ရန် မိုးကာစများလို အပ်ကြောင်း အကူအညီတောင်းခံလာသည့်အပေါ် ကူညီပံ့ပိုးနိုင်ခဲ့သည်ဟု Zo Reunification Organization (ZORO) အဖွဲ့က ဧပြီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။

ယင်းမိုးကာစများကို ကျန်ဖိုင်းခရိုင် Farkawn ကျေးရွာက စစ်ဘေးရှောင်များထံ ZORO အဖွဲ့ကိုယ်စား Tuipuiral Group YMA ဥက္ကဌ Pu Papuia က ဧပြီလ ၁၇ ရက်နေ့က ပေးအပ်ခဲ့သည်ဟု ZORO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် အိုင်ဇောလ်ခရိုင်အတွင်းရှိ မြန်မာစစ်ဘေးရှောင်များနေထိုင်ကြသော Nghalchawm, Sihhmui, YHAI, Durtlang စစ်ဘေးရှောင်စခန်းများတွင်လည်း ရူပီးငွေ ၂ သိန်းကျော်ခန့်တန်ဖိုးရှိသော ဆန်၊ အာလူး၊ ကျောင်းနေရွယ်ကလေးငယ်များ အတွက်လိုအပ်သောအသုံးအဆောင်များကိုလည်း ZORO အဖွဲ့က ပေးအပ်ခဲ့သည်ဟု သိရသည်။

ZORO အဖွဲ့အစည်းသည် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့် စသည့် ၃ နိုင်ငံတွင် နေထိုင်ကြသော ဇိုး (ချင်း) မျိုးနွယ်စုများ အုပ်ချုပ်မှုတစ်ခုအောက်တွင် တစည်းတလုံးတည်း ပြန်လည်ပေါင်းစည်းနေထိုင်နိုင်ရန်အတွက် လှုပ်ရှားနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မီဇိုရမ်ပြည်နယ်အတွင်းရှိ သြဇာရှိသော အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကောင်စီလက်အောက် ချင်းပြည်နယ် ၁၀ တန်းအောင်ချက် မကြုံစဖူး မြင့်တက်

ကလေးမြို့နယ် ထိုမာရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ပြည်သူ ၃ ဦးထိခိုက်ဟုဆို

ကလေးမြို့နယ် ရှုခင်းသာကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.