Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ZORO ဦးဆောင်မှုဖြင့် CNF နှင့် ZRO တို့ တွေ့ဆုံမည်

ZORO ဦးဆောင်မှုဖြင့် CNF နှင့် ZRO တို့ တွေ့ဆုံမည်

0
By Editor on July 26, 2024 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော Zo Reunification Organization (ZORO) ၏ ဦးဆောင်စီစဉ်မှုဖြင့် ချင်းအမျိုးသားတပ်ဦး CNF/CNA နှင့် ဇိုမီးပြန်လည်ပေါင်းစည်းညီညွတ်ရေးအဖွဲ့ (ZRO/ZRA) တို့ တွေ့ဆုံဆွေးနွေး ကြမည်ဟု မီဇိုရမ်အခြေစိုက်သတင်းဌာန Bengvarna က ဖော်ပြသည်။

Zo Reunification Organization (ZORO) အဖွဲ့သည် CNF/CNA နှင့် ZRO/ ZRA တို့အကြားဖြစ်ပွားနေသော စစ်‌ရေး ပဋိပက္ခများအား အဖြေရှာရန် ငြိမ်းချမ်းရေးအကျိုးဆောင်ကိုယ်စားလှယ်ဖြစ်ဆောင်ရွက်ကာ နှစ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူများကိုပြီးခဲ့သည့်လက တွေ့ဆုံခဲ့ကြသည်။

ထိုကဲ့သို့ တွေ့ဆုံပြီးနောက် နှစ်ဖက်အဖွဲ့အစည်းမှတာဝန်ရှိသူများကလည်း အချင်းချင်းကြားဖြစ်ပွားနေသော စစ်ရေး ပဋိပက္ခကို ငြိမ်းချမ်းစွာအဖြေရှာကြရန် ဆန္ဒရှိကြသည့်အတွက် ZORO အဖွဲ့၏ ကမကထပြု ဦးဆောင်စီစဉ်မှုဖြင့် ဇူလိုင်လ ၂၇ ရက်နေ့တွင် အိုင်ဇောလ်မြို့တနေရာ၌ တွေ့ဆုံဆွေးနွေးကြမည်ဟု သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ZORO အဖွဲ့ဝင်တစ်ဦးကိုဆက်သွယ်မေးမြန်းကြည့်ရာမှာ ယင်းဖြစ်စဉ်မှာ မှန်ကန်ကြောင်းနှင့် အသေးစိတ်ပြောဆိုခြင်းမရှိပေ။

ဇိုမီးတော်လှန်ရေးတပ်မတော် ZRO/ZRA တပ်ဖွဲ့သည် အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မဏိပူရ်ပြည်နယ်မှာ ဖြစ်ပွားသော လူမျိူးရေးပဋိပက္ခများကြောင့် ၁၉၉၃ ခုနှစ်နောက်ပိုင်းမှာပေါ်ပေါက်လာသော ချင်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

၂၀၀၅ ခုနှစ်နောက်ပိုင်းမှာ ZRO/ZRA တပ်ဖွဲ့သည် အိန္ဒိယအစိုးရနှင့် သဘောတူစာချုပ်ချုပ်ဆိုပြီး နယ်ခြားစောင့် တပ်ပုံစံ ဖြင့် မဏိပူရ်ပြည်နယ် ချူရချမ်ပူရ်ဒေသမှာအခြေစိုက်ကာ မြန်မာ့နိုင်ငံရေးမှာ ယခင်ကတည်းက ထဲထဲဝင်ဝင်ပါဝင်ခြင်း မရှိခဲ့ပေ။

သို့သော်လည် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်းမှာ ZRO/ ZRA လက်အောက်ခံ အရှေ့ပိုင်းတိုင်းစစ်ဌာန ZRA-Eastern Command တပ်ဖွဲ့က ချင်းပြည်နယ်က စစ်ကောင်စီတပ် ဖွဲ့ကို ဆန့်ကျင်တော်လှန်တိုက်ခိုက်ကြသော ချင်းတော်လှန်ရေးတပ်ဖွဲ့ CDFs များကို စတင်တိုက်ခိုက်လာခဲ့သည်။

တီးတိန်၊ တွန်းဇံ နှင့် ကျီခါးမြို့နယ်တို့မှာ အခြေစိုက်တပ်စွဲထားကြသော ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ စခန်းများကို ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည့်အပြင် ချင်းအမျိုးသားတပ်မတော် CNF/CNA နှင့်လည်း အကြိမ်ကြိမ်ထိ တွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် မေလတုန်းက ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပထမဦးဆုံးအကြိမ်ဖော်ဆောင်သော တွန်းဇံမြို့ သိမ်းစစ်ဆင်ရေးမှာလည်း ZRA-EC တပ်ဖွဲ့သည် စစ်ကောင်စီနှင့်ပူးပေါင်း၍ စစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ချင်းမျိုးနွယ်စုညီအကိုများအကြား စစ်ရေးပဋိပက္ခဖြစ်ပေါ်နေသည့်အပေါ် ZORO အဖွဲ့အနေဖြင့် စိတ်မကောင်း ဖြစ်ရပြီး ပြန်လည်စည်းလုံးညီညွတ်ရေးအတွက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖြစ် ခြေလှမ်းစတင်လှမ်းလာခဲ့ကြခြင်း ဖြစ်သည်။

Zo Reunification Organization (ZORO) အဖွဲ့သည် ဗြိတိသျှအစိုးရ၏ နယ်နိမိတ်ပိုင်းခြားသတ်မှတ်မှုကြောင့် အိန္ဒိယ-မြန်မာ-ဘဂ်လား ဒေရှ့် စသည့် ၃ နိုင်ငံတွင် ပြန့်နှံ့နေထိုင်ခဲ့ကြသော ချင်း-လူရှိုင်း-ကူကီး မျိုးနွယ်စုများအားလုံး အုပ်ချုပ်မှု တစ်ခုအောက် တွင်ပြန်လည်ပေါင်းစည်းနေထိုင်နိုင်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားသွားရာလမ်း၌ ကွယ်လွန်ခဲ့သူ Tg. Pau Lam Kim ၏ သူငယ်ချင်း ၃ ဦး ကလေးမြို့သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိ

ချင်းပြည်နယ်တွင် စစ်အစိုးရလက်အောက်ခံအခြေခံကျောင်းများဖွင့်လှစ်၊ ကျောင်းတက်ရောက်သူ လူဦးရေ နှစ်သောင်းကျော်ရှိဟု ဆို

မင်းတပ်နှင့် ကန်ပက်လက်ကို စစ်တပ်က အင်အား ၂၀၀၀ ခန့်ဖြင့် ထိုးစစ်ဆင်နေဟု CPU ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.