Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့ အကျဥ်းထောင်ထဲက နိုင်ငံရေး အကျဥ်းသားများ ဆေးကုသခွင့်မရသည့်အပြင် လူ့အခွင့်ရေး ချိုးဖောက်မှုခံနေကြရ
ပုံစာ - ကလေးမြို့ အကျဥ်းထောင်

ကလေးမြို့ အကျဥ်းထောင်ထဲက နိုင်ငံရေး အကျဥ်းသားများ ဆေးကုသခွင့်မရသည့်အပြင် လူ့အခွင့်ရေး ချိုးဖောက်မှုခံနေကြရ

0
By Editor on October 2, 2023 Headline

(003PT)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် မော်လိုက်ကလေးအကျဥ်းထောင်တွင် အကျဉ်းချခံရသည့် နိုင်ငံရေးအကျဥ်းသား များမှာ ဆေးကုသခွင့် မရရှိကြသည့်အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများ ခံနေကြရသည်ဟု ကလေးမြို့ ပင်မသပိတ် အင်အားစု (Kalay Township Strike Committee) အဖွဲ့က ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။

ယခုနှစ် ဧပြီလ ၁၆ ရက်နေ့က ကလေးမြို့တွင် တော်လှန်သကြန်ဆင်နွှဲကာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့သော ကလေးမြို့နယ် သပိတ်ကော်မတီ အဖွဲ့ဝင် ကိုသန်းစိုးဦး (ခ) ကိုဂွတို၊ ကိုမျိုးကိုဝင်း (ခ) ကိုမျိုးကို၊ မနှင်းစံ (ခ) အိစံ နှင့်၊ မကျန်ဒိတ်ကိမ်တို့ ၄ ဦးသည် စစ်ကြောရေးတွင် ညှင်းပန်းနှိပ်စက်ခံခဲ့ရသော ဒဏ်ကြောင့် အရေးပေါ် ဆေးကုသမှုများ လိုအပ်သော်လည်း စစ်ကောင်စီက ဆေးကုသခွင့်မပေးခဲ့ကြောင်း ကလေးမြို့ ပင်မသပိတ် အင်အားစုက ဆိုသည်။

၎င်းတို့ ၄ ဦးသည် ဆေးကုသခွင့်မရရှိကြသည့်အပြင် ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် ၂ နှစ်စီ၊ ပုဒ်မ ၅၀(ည)၊ ၅၀(စျ) နှင့် ၅၂(က) စသည့် ပုဒ်မ တို့ဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ အသီးသီးပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ကြရသည်။

ယခုလက်ရှိတွင်လည်း မော်လိုက်ကလေးအကျဉ်းထောင်ထဲတွင် မျက်စိနှာကူးစက်ရောဂါ ပျံ့ပွားလျက်ရှိပြီး အကျဉ်းသားများအနေဖြင့် ဆေးကုသခွင့်လည်း မရရှိကြကြောင်း ကလေးမြို့ ပင်မသပိတ်အင်အားစုက ဆိုပါသည်။

ထို့အပြင် မော်လိုက်ကလေး အကျဥ်းထောင်သို့ အခြားဒေသမှ အဓမ္မဖမ်းဆီးခံရ၍ ရောက်ရှိလာကြသော နိုင်ငံရေးအကျဉ်း သားများမှာ အဟာရလုံလောက်စွာ စားသောက်ခွင့်မရှိဘဲ (ငါးပိဘူး) များသာ စားသောက်နေကြရပြီး ထောင်၀င်စာတွေ့ခွင့်ရရန် အရေးပေါ်လိုအပ်နေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ အကျဥ်းထောင်အသီးသီးတွင် မတရားဖမ်းဆီးကာ ပြစ်ဒဏ်ချမှတ်ခံရသည့် နိုင်ငံရေး အကျဥ်းသူ၊ အကျဥ်းသားများ၏ အသက်အန္တရာယ် လုံခြုံရေးအတွက်  ညှင်းပန်းနှိပ်စက်ခံရမှုများ ပပျောက်စေရေးနှင့် အလျင်အမြန် လွတ်မြောက်ရေးအတွက် စစ်ကောင်စီအား ဖိအားပေး ဆန့်ကျင် ကန့်ကွက်ရုံမျှနှင့် မလုံလောက်တော့ဘဲ နိုင်ငံတကာ အစိုးရနှင့် အဖွဲ့စည်းများအနေဖြင့် သက်ဆိုင်ရာ အစုအဖွဲ့အသီးသီးနှင့် ချိတ်ဆက်၍ အကျိုးထိရောက်မှုရှိသည့် ပံ့ပိုးကူညီမှု များ ပြုလုပ်ကြရန် ကလေးမြို့ပင်မသပိတ်အင်အားစုအဖွဲ့က အလေးနက် တိုက်တွန်း တောင်းဆိုထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.