Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းလဲန်းကောင်စီဖြစ်မြောက်ရေး ညီလာခံတက်ရောက်မည်မဟုတ်ဟု ချင်းတော်လှန်ရေး ၃ ဖွဲ့က ပူးတွဲကြေညာ

ချင်းလဲန်းကောင်စီဖြစ်မြောက်ရေး ညီလာခံတက်ရောက်မည်မဟုတ်ဟု ချင်းတော်လှန်ရေး ၃ ဖွဲ့က ပူးတွဲကြေညာ

0
By Editor on December 5, 2023 Khonumthung

မကြာခင်ရက်ပိုင်းအတွင်း ကျင်းပပြုလုပ်မည့် ချင်းလဲန်းကောင်စီဖြစ်မြောက်ရေး ညီလာခံမှာ ချင်းလက်နက်ကိုင်တော် လှန်ရေး ၃ ဖွဲ့က တက်ရောက်မည်မဟုတ်ကြောင်း ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့စွဲဖြင့် ပူးတွဲထုတ်ပြန်ကြေညာလိုက်သည်။

ချင်းအမျိုးသားတပ်ဦး CNF/CNA နှင့် အချို့သော ချင်းလွှတ်တော်ကိုယ်စားလှယ်များမှ ဦးဆောင်ကာ လာမည့် ဒီဇင်ဘာလ ၇ ရက်မှ ၉ ရက်နေ့အထိ ချင်းလဲန်းကောင်စီဖြစ်မြောက်ရေး ညီလာခံတစ်ရပ် ခေါ်ယူကျင်းပရန် စီစဉ်နေသည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO), ချင်းအမျိုးသားကောင်စီ (မင်းတပ်) နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး စသည့် ၃ ဖွဲ့၏ ယနေ့ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းညီလာခံသည် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့်အပြင် တန်းတူညီမျှရေးမရှိသောကြောင့် ချင်းအမျိုးသားတစ်ရပ်လုံး၏ စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်နိုင်မည်မဟုတ်ကြောင်း သုံးသပ်တွေ့ရှိရသည်ဟု အဆိုပါ ၃ ဖွဲ့ကဆိုသည်။

ထို့ကြောင့် အဆိုပါ ချင်းလဲန်းကောင်စီဖြစ်မြောက်ရေးညီလာခံတွင် မင်းတပ်မြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့အား ကိုယ်စားပြုသည့် နိုင်ငံရေးနှင့် တော်လှန်ရေးအဖွဲ့အစည်းများဖြစ်ကြသော ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC-Mindat/CDF-Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland) တို့မှ တက်ရောက်မည်မဟုတ်ကြောင်း ပူးတွဲထုတ်ပြန်ကြေညာထားသည်။

ချင်းတော်လှန်ရေးအင်အားစုများအနေဖြင့် ချင်းပြည်နယ်အစိုးရ ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေးအတွက် ဖြစ်မြောက်ရေး ကော်မတီများ ဖွဲ့စည်းကာ ဆောင်ရွက်လျှက်ရှိပြီး ယခင်ကလည်း ညီလာခံတစ်ရပ်ခေါ်ယူချင်းပခဲ့ပြီးဖြစ်သည်။

ထိုညီလာခံတွင် ချင်းတော်လှန်ရေးအင်အားစုထဲက CNO/CNDF နှင့် ZFU/PDF-Zoland တို့သာ တက်ရောက်ခြင်းမရှိခဲ့ပေ။

ယခု ပြန်လည်ကျင်းပမည့် ညီလာခံတွင်မူ CNO/CNDF နှင့် ZFU/PDF-Zoland အပြင် ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC-Mindat/CDF-Mindat) လည်း မတက်ရောက်မည့်အဖွဲ့တွင် ပါ၀င်လာခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.