Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တောထဲကို စစ်ဘေးရှောင်သော ခမ်းပတ်မြို့ဒေသခံ ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီး

တောထဲကို စစ်ဘေးရှောင်သော ခမ်းပတ်မြို့ဒေသခံ ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီး

0
By Editor on December 6, 2023 Khonumthung

(002MG)

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့အမှတ် ၁ ရပ်ကွက်က ပြည်သူများ တောထဲတွင် စစ်ဘေးတိမ်းရှောင်ရင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့်တိုးမိပြီး ၇ ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားသည်ဟု ခမ်းပတ်မြို့ခံများထံမှ သိရသည်။

ခမ်းပတ်မြို့ အမှတ် ၁ ရက်ကွက်တွင်နေထိုင်သူတစ်ဦးက “သူတို့က လယ်တောမှာအိပ်ကြတာလေ၊ ခုနှစ်ယောက်ဆွဲ ခံရတာ စစ်သားတွေကတောလမ်းပဲသွားတာဆိုတော့ တောထဲမှာအိပ်တဲ့သူတွေ့တာတွေကို ပေါ်တာဆွဲသွားတာ” ဟု ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်မှုအောက်တွင်ရှိသော ခမ်းပတ်မြို့ကို စစ်ကောင်စီတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်ရန်အတွက် အင်အား ၂၀၀ ၀◌န်းကျင်ခန့်ဖြင့် စစ်ကြောင်းထိုးလာခဲ့ရာမှာ ကလေး-တမူးလမ်းမပေါ်က  နန်းခေါက် ခေါက်ကျေးရွာအနီးတ၀◌ိုက်သို့ ရောက်ရှိလာကြပြီဟု သိရသည်။

အဆိုပါအခြေအနေကြောင့် ခမ်းပတ်မြိုခံပြည်သူများအကြား စိုးရိမ်မှုမြင့်တက်နေပြီး စစ်ဘေးတိမ်းရှောင်ထွက်ပြေးသူ ပိုမိုများလာကြောင်း သိရသည်။

“အခုကလည်း တအားပြေးကြတယ် တောင်ပေါ်ဖက်၊ တခြားရွာဘက်တွေကို ကလေးငယ်ရှိတဲ့သူတွေ၊ သက်ကြီးရွယ်အိုရှိတဲ့သူတွေ ပိုများတယ်” ဟု ခမ်းပတ်မြို့ခံက ပြောသည်။

ခမ်းပတ်မြို့ ပြည်သူများသည် ယခင်ကလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများကြောင့် မြို့လုံးကျွတ်နီးပါး စစ်ဘေးတိမ်းရှောင်ခဲ့သည်မှာ ၃ ကြိမ်ခန့်ရှိသွားပြီဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.