Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပလက္၀ၿမိဳ႕တြင္ လူေနအိမ္တစ္လံုး လက္နက္ႀကီးက်ည္ထိမွန္

ပလက္၀ၿမိဳ႕တြင္ လူေနအိမ္တစ္လံုး လက္နက္ႀကီးက်ည္ထိမွန္

0
By Editor on May 25, 2020 Khonumthung

#Zawgyi

By ႏွင္းႏွင္း – ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕ ရိကၡာရပ္ကြက္ရွိ ဦးေထာင္ကိန္း၏ေနအိမ္သည္ ယေန႔နံနက္ပိုင္း ၁၁ နာရီခြဲ၀န္းက်င္ခန္႔က လက္နက္ႀကီးက်ည္ထိမွန္ကာ မီးဖိုေဆာင္ပ်က္စီးသြားၿပီး လူအေသအေပ်ာက္ေတာ့ မရွိေၾကာင္း ပလက္၀ၿမိဳ႕ေဒသခံမ်ားထံမွသိရသည္။ 

ပလက္၀ၿမိဳ႕ေဒသခံတစ္ဦးက “ဟုတ္ပါတယ္ ၁၁း၂၀ ေလာက္မွာ အိမ္ရဲ့အေနာက္ဖက္ျခမ္း မီးဖုိေဆာင္မွာထိတာ    မီးဖုိေဆာင္ေတာ႔ ပ်က္စီးသြားတာေပါ့ဗ်ာ တျခားအသုံးေဆာင္ေတြလည္း ပ်က္ဆီးသြားတာေပါ့ လူေတြေတာ့ အဲ့ေနာက္ဖက္ျခမ္းမွာမရွိေတာ့ အေရွ႕ဖက္ အကာအကြယ္ရွိတဲ့ဖက္ျခမ္းမွာ ထုိင္ေနၾကေတာ့ လူေတြေတာ့ ဘာမွမျဖစ္ဘူး အဲ့ဒီအသံေၾကာင့္ နားအူတာေတြေတာ့ ရွိတာေပါ့ ဗ်ာ ” ဟု ေျပာသည္။ 

ပလက္၀ၿမိဳ႕နယ္သည္ ျမန္မာ့တပ္မေတာ္ႏွင့္ ရကိၡဳင့္တပ္ေတာ္(AA) တို႔တိုက္ပြဲျဖစ္ပြားရာေဒသျဖစ္ၿပီး ပလက္၀ၿမိဳ႕ႏွင့္ မလွမ္းမကမ္းေတာင္ကုန္းေပၚတြင္ AA တပ္ဖဲြ႔မ်ား တပ္စြဲလာသည့္ေနာက္ပိုင္း တပ္မေတာ္ႏွင့္ လက္နက္ႀကီးမ်ားျဖင့္ အျပန္ အလွန္ပစ္ခတ္မႈ မၾကာခဏျဖစ္ပြားေလ့ရွိကာ ၿမိဳ႕ေပၚသို႔ လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲမႈမ်ားျဖစ္ပြားေလ့ရွိသည္။ 

ၿပီးခဲ့သည့္ ဧၿပီလ ၂၂ ရက္ေန႔ကလည္း ပလက္၀ၿမိဳ႕ေပၚ ျမန္မာ့စီးပြားေရးဘဏ္ ၀န္ထမ္းအိမ္ရာ၀န္းသုိ႔ လက္နက္ႀကီးက်ေရာက္ေပါက္ကြဲမႈေၾကာင့္ ကေလးႏွစ္ဦးအပါအ၀င္ အသက္ ၂၆ ႏွစ္အရြယ္ ဘဏ္၀န္ထမ္းအမ်ဴိးသမီးတစ္ဦးပြဲခ်င္းၿပီးေသဆံုးခဲ့သည္။ 

ယခုလက္ရွိတြင္ ျမန္မာ့တပ္မေတာ္သည္ ပလက္ဝ၏ အေရွ႕ဘက္ျခမ္းတြင္ရွိၿပီး AA အဖြဲ႕ သည္ ပလက္ဝ ျမဳိ႕၏ အေနာက္ဘက္ ေတာင္ကုန္းမ်ားတြင္ ေနရာယူထားကာ တိုက္ပြဲမ်ားပိုမိုျပင္းထန္လာမည္ကို စိုးရိမ္ပူပန္ေနၾကသည္။

Photo Crd: Khumi Media Group

#Unicode

By နှင်းနှင်း – ချင်းပြည်နယ်၊ ပလက်ဝမြို့ ရိက္ခာရပ်ကွက်ရှိ ဦးထောင်ကိန်း၏နေအိမ်သည် ယနေ့နံနက်ပိုင်း ၁၁ နာရီခွဲဝန်းကျင်ခန့်က လက်နက်ကြီးကျည်ထိမှန်ကာ မီးဖိုဆောင်ပျက်စီးသွားပြီး လူအသေအပျောက်တော့ မရှိကြောင်း ပလက်ဝမြို့ဒေသခံများထံမှသိရသည်။

ပလက်ဝမြို့ဒေသခံတစ်ဦးက “ဟုတ်ပါတယ် ၁၁း၂၀ လောက်မှာ အိမ်ရဲ့အနောက်ဖက်ခြမ်း မီးဖိုဆောင်မှာထိတာ မီးဖိုဆောင်တော့ ပျက်စီးသွားတာပေါ့ဗျာ တခြားအသုံးဆောင်တွေလည်း ပျက်ဆီးသွားတာပေါ့ လူတွေတော့ အဲ့နောက်ဖက်ခြမ်းမှာမရှိတော့ အရှေ့ဖက် အကာအကွယ်ရှိတဲ့ဖက်ခြမ်းမှာ ထိုင်နေကြတော့ လူတွေတော့ ဘာမှမဖြစ်ဘူး အဲ့ဒီအသံကြောင့် နားအူတာတွေတော့ ရှိတာပေါ့ ဗျာ ” ဟု ပြောသည်။

ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့တိုက်ပွဲဖြစ်ပွားရာဒေသဖြစ်ပြီး ပလက်ဝမြို့နှင့် မလှမ်းမကမ်းတောင်ကုန်းပေါ်တွင် AA တပ်ဖွဲ့များ တပ်စွဲလာသည့်နောက်ပိုင်း တပ်မတော်နှင့် လက်နက်ကြီးများဖြင့် အပြန် အလှန်ပစ်ခတ်မှု မကြာခဏဖြစ်ပွားလေ့ရှိကာ မြို့ပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုများဖြစ်ပွားလေ့ရှိသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့ကလည်း ပလက်ဝမြို့ပေါ် မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းအိမ်ရာဝန်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦးအပါအဝင် အသက် ၂၆ နှစ်အရွယ် ဘဏ်ဝန်ထမ်းအမျိူးသမီးတစ်ဦးပွဲချင်းပြီးသေဆုံးခဲ့သည်။

ယခုလက်ရှိတွင် မြန်မာ့တပ်မတော်သည် ပလက်ဝ၏ အရှေ့ဘက်ခြမ်းတွင်ရှိပြီး AA အဖွဲ့ သည် ပလက်ဝ မြို့၏ အနောက်ဘက် တောင်ကုန်းများတွင် နေရာယူထားကာ တိုက်ပွဲများပိုမိုပြင်းထန်လာမည်ကို စိုးရိမ်ပူပန်နေကြသည်။

Photo Crd: Khumi Media Group

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားတွင် ချင်းအမျိုးသားတစ်ဦး ၃ ထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

နယူးဒေလီမြို့က အဆင့်မြင့်တက္ကသိုလ် ၁၀ ခုနဲ့ ပူးပေါင်းဆောင်ရွက်ရေးသဘောတူလက်မှတ်ရေးထိုးပြီး တက်ရောက်ချင်သော မြန်မာကျောင်းသားများကို ကူညီပေးမည်ဟု CSU ပြော

အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးထိန်းသိမ်းစဉ်မှာ ညှင်းပမ်းနှိပ်စက်မှုကြောင့် သေဆုံးဟု စွပ်စွဲပြောဆိုချက် မဟုတ်မှန်ကြောင်း CNF ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.