• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်ရှိ မြန်မာ့တပ်မတော် ရှေ့တန်းစစ်ဗျူဟာကုန်းတစ်ခုကို AA ကသိမ်းပိုက်ပြီး တပ်သား (၁၁) ဦး ဖမ်းဆီးရမိဟုဆို

ပလက်ဝမြို့နယ်ရှိ မြန်မာ့တပ်မတော် ရှေ့တန်းစစ်ဗျူဟာကုန်းတစ်ခုကို AA ကသိမ်းပိုက်ပြီး တပ်သား (၁၁) ဦး ဖမ်းဆီးရမိဟုဆို

0
By Editor on March 12, 2019 Headline

By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ပီချောင်းဒေသ၊ ပြင်စိုကျေးရွာအနီးတွင် မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တို့အကြား မတ်လ (၉) ရက်နေ့က တိုက်ပွဲဖြစ်ပွားကာ မြန်မာ့တပ်မတော်၏ ရှေ့တန်းစစ်ဗျူဟာကုန်းကိုသိမ်းပိုက်ပြီး တပ်သား (၁၁) ဦးကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားကြောင်း (AA) ၏ ထုတ်ပြန်ချက်အရသိရသည်။

ယခုမတ်လဆန်းပိုင်းကစ၍ AA နှင့်တပ်မတော်အကြား တိုက်ပွဲများထပ်မံဖြစ်ပွားလာနေပြီး မတ်လ (၉) ရက်နေ့၊ နေ့လည် (၁) နာရီအချိန်ကစ၍ ညနေ (၄) နာရီခွဲအထိ ပြင်စိုကျေးရွာတောင်ဖက် (၅.၅) ကီလိုမီတာအကွာတွင် စကခ (၅) လက်အောက်ခံ၊ ဂွအခြေစိုက် ခမရ (၅၆၃) နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

မတ်လ (၉) ရက်နေ့တိုက်ပွဲသည် ယခုလအတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲများထဲတွင် အပြင်းထန်ဆုံးတိုက်ပွဲဖြစ်သည်ဟု AA က ထုတ်ပြန်ထားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ (AA) ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခကို ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

အဆိုပါတိုက်ပွဲတွင် (AA) တပ်ဖွဲ့က မြန်မာ့တပ်မတော်ထံမှ စစ်လက်နက်နှင့် စစ်အထောက်အကူပြုကိရိယာ စက်ပစ္စည်း (၄၀) ခန့်ကိုလည်း သိမ်းဆည်းရမိသည်ဟု ၎င်းတို့ထုတ်ပြန်ချက်ကဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်ကတော့ တစ်စုံတစ်ရာထုတ်ပြန်ခြင်းမျိုးမရှိသေးပေ။

ယင်းလက်နက်များမှာ ၈၁ မမပြောင်းရှည် (၁) လက်၊ ၈၁ မမဗုံးသီး (၁၄)လုံး၊ ၆၀ မမပြောင်းရှည် ချိန်ခွင်ပါ အစုံ (၂) လက်၊ ၆၀ မမဗုံးသီး (၂၀) လုံး၊ ၆၀ မမပို့ယမ်းထုပ် (၂၃၁) ထုပ်၊ RPG-7ဗုံးသီး (၂၇) လုံး၊ RPG-7ပို့ကျည် (၁၃) ခု၊ BA-100 ဗုံးသီး (၁၆) လုံး၊ MA-1 (၃) လက်၊ MA-2 (၂) လက်၊ MA-3 (၃) လက်၊ MA-4 (၁) လက်၊ MA Series ကျည်ဘောက် (၁၆) ဘောက်၊ လက်နက်ငယ်ကျည် (၂၂၈၅) တောင့်၊ MG-42 ကျည် (၂၂၃) တောင့်၊ ၉ မမကျည် (၁၈) တောင့်၊ ပစ္စတိုကျည်ဘောက် (၁) ခု၊ ဘောက်ဝိုင်း (၃) ခု၊ မိုင်းငယ် (၉) လုံး၊ EY (၁၂) လုံး၊ ကွန်ထရိုးရမုတ် Remote Control (၃) ခု၊ သံလိုက်အိမ်မြှောင် (၁) ခု၊ မြေပုံကြီး (၁) ချပ်၊ PHANTOM အမျိုးအစား Drone ဒရုန်းအဖြူ (၂) စီး၊ GPS (၂) လုံး၊ မိုင်းရှာစက် (၃) ခု၊ ကွန်ပြူတာလက်တော့ (၃) လုံး၊မှန်ပြောင်း (၁) ခု၊ အထိုင်စက်ကြီး (၃) လုံး၊အထိုင်စက်အသေး (၁) ခု၊ဆက်သွယ်ရေးနားကြပ် (၁) ခု၊တိုင်(၃) ချောင်းထောက်စကားပြောစက်(၁) လုံး၊အထိုင်ဖုန်း (၁) လုံး၊ Motorola စကားပြောစက် (၃) လုံး၊ စကားပြောစက် (RT) စက် (၄) လုံး၊ ဘထ္ထရီအိုးအသေး (၃) လုံး၊ ဗဟိုအင်ဗာတာ (၁) လုံး၊ Backhoe မြေတူးကား (၁၆) စီး၊ Toyota ကား (၁) စီး၊ ကျောက်တင်ကား (၁) စီး၊ စာရွက်စာတမ်း (၁) အိတ် တို့ဖြစ်ပြီး စစ်သုံ့ပန်းအဖြစ်အဖမ်းခံရသည့် မြန်မာ့တပ်မတော်တပ်သား (၁၁) ဦးကို စစ်ဆေးနေဆဲဖြစ်သည်ဟု AA က ထုတ်ပြန်ထားသည်။

(Photos- AA website)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.